အီတလီနိုင်ငံတွင် မြေပြိုကျမှုများဖြစ်ပွားပြီးနောက် အရေးပေါ်အခြေအနေကြေညာ

 446

Pika (NP News) - နိုဝင်ဘာ ၂၈

အီတလီနိုင်ငံတောင်ပိုင်းရှိ အစ်ချီယာကျွန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြေပြိုကျမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၇)ဦး သေဆုံးကာ လူအများအပြားပျောက်ဆုံးနေပြီးနောက် နိုဝင်ဘာ(၂၇)ရက်တွင် အရေးပေါ်အခြေအနေကြေညာခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အစ်ချီယာကျွန်းရှိ Casamicciola Terme မြို့တွင် နိုဝင်ဘာ(၂၆)ရက်က မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြေပြိုကျမှုများဖြစ်ပွားခဲ့ကာ ရွှံ့နွံများနှင့် ပိတ်နေခဲ့ပြီး အနည်းဆုံးအိမ်တစ်လုံးအပါအဝင် ကားများ ပင်လယ်ထဲသို့မျောပါသွားခဲ့ကြောင်း ဒေသတွင်းမီဒီယာများနှင့်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားခဲ့သည်။

နေပယ်မြို့အုပ်ချုပ်ရေးမှူး ကလောဒီအိုပလွန်ဘာ က "Casamicciola Terme မြို့မှာ မြေပြိုကျမှုတွေကြောင့် သေဆုံးသူ(၇)ဦးထိ မြင့်တက်လာပြီး (၅)ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်" ဟု ပြောဆိုခဲ့သည်။

အဆိုပါကျွန်းတွင် အရေးပေါ်အခြေအနေကိုကြေညာခဲ့သည့် အစည်းအဝေးပွဲအပြီးတွင် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေ ယူရို(၂)သန်းကို ထုတ်ပေးခဲ့ကြောင်း အရပ်သားများ ဘေးကင်းလုံခြုံရေးအဖွဲ့အကြီးအကဲ Nello Musumeci က ပြောဆိုခဲ့သည်။

အဆိုပါ မြေပြိကျမှုများဖြစ်ပွားပြီးနောက် လူ(၄)ဦးရဲ့ ရုပ်အလောင်းများကို နိုဝင်ဘာ(၂၇) ရက် မွန်းလွဲပိုင်းတွင် တွေ့ရှိခဲ့ကြောင်း အီတလီနိုင်ငံပိုင် သတင်းစာများက အစောပိုင်းတွင် ဖော်ပြခဲ့သည်။

ကယ်ဆယ်ရေးသမား(၂ဝဝ)ကျော်သည် ပျောက်ဆုံးနေသောသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ရာနှင့်ချီသော စေတနာ့ဝန်ထမ်းများသည် မြို့ထဲရှိလမ်းများပေါ်တွင် ရွှံ့များကိုသန့်ရှင်းရေးလုပ်ရန်အတွက် အလုပ်ရှုပ်နေကြကြောင်းလည်းသိရသည်။

အဆိုပါကျွန်းတွင် မိုးရွာခြင်းနှင့် လေတိုက်ခြင်းတို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရပြီး နောက်ထပ် ကယ်ဆယ်ရေးသမားများ သယ်ဆောင်လာသည့် ကူးတို့သင်္ဘောများကိုလည်း နှောင့်နှေးစေခဲ့ကြောင်းလည်း သိရသည်။ အသက်(၄၅)နှစ်အရွယ်ရှိ ဒေသခံတစ်ဦးဖြစ်သူ ဆယ်လ်ဗာတိုးလိုရီနီက "မြေပြိုကျမှုကြောင့် တောင်အောက်မှာပျောက်ကွယ်သွားတဲ့ လူတွေနဲ့ပတ်သက်ပြီး တကယ်ကို ဝမ်းနည်းမိပါတယ်" ဟု ပြောဆိုခဲ့သည်။

အဆိုပါ မြေပြိုကျမှုများဖြစ်ပွားပြီးနောက် ရွှံ့နွံထဲတွင် ပိတ်မိနေသူများရှိနေသေးကြောင်း ပြည်ထဲရေးဝန်ကြီး Matteo Piantedosi က အစောပိုင်းတွင် သတိပေးပြောဆိုခဲ့ပြီး အလွန်ဆိုးရွားသော အခြေအနေဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

Zawgyi Version;
အီတလီႏိုင္ငံတြင္ ေျမၿပိဳက်မႈမ်ားျဖစ္ပြားၿပီးေနာက္ အေရးေပၚအေျခအေနေၾကညာ
Pika (NP News) - ႏိုဝင္ဘာ ၂၈

အီတလီႏိုင္ငံေတာင္ပိုင္းရွိ အစ္ခ်ီယာကြၽန္းတြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားေၾကာင့္ ေျမၿပိဳက်မႈမ်ားျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၇)ဦး ေသဆုံးကာ လူအမ်ားအျပားေပ်ာက္ဆုံးေနၿပီးေနာက္ ႏိုဝင္ဘာ(၂၇)ရက္တြင္ အေရးေပၚအေျခအေနေၾကညာခဲ့ရေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။

အစ္ခ်ီယာကြၽန္းရွိ Casamicciola Terme ၿမိဳ႕တြင္ ႏိုဝင္ဘာ(၂၆)ရက္က မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားေၾကာင့္ ေျမၿပိဳက်မႈမ်ားျဖစ္ပြားခဲ့ကာ ႐ႊံ႕ႏြံမ်ားႏွင့္ ပိတ္ေနခဲ့ၿပီး အနည္းဆုံးအိမ္တစ္လုံးအပါအဝင္ ကားမ်ား ပင္လယ္ထဲသို႔ေမ်ာပါသြားခဲ့ေၾကာင္း ေဒသတြင္းမီဒီယာမ်ားႏွင့္အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မ်ားက ေျပာၾကားခဲ့သည္။

ေနပယ္ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး ကေလာဒီအိုပလြန္ဘာ က "Casamicciola Terme ၿမိဳ႕မွာ ေျမၿပိဳက်မႈေတြေၾကာင့္ ေသဆုံးသူ(၇)ဦးထိ ျမင့္တက္လာၿပီး (၅)ဦးမွာ ေပ်ာက္ဆုံးေနဆဲျဖစ္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

အဆိုပါကြၽန္းတြင္ အေရးေပၚအေျခအေနကိုေၾကညာခဲ့သည့္ အစည္းအေဝးပြဲအၿပီးတြင္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားအတြက္ ရန္ပုံေငြ ယူ႐ို(၂)သန္းကို ထုတ္ေပးခဲ့ေၾကာင္း အရပ္သားမ်ား ေဘးကင္းလုံၿခဳံေရးအဖြဲ႕အႀကီးအကဲ Nello Musumeci က ေျပာဆိုခဲ့သည္။

အဆိုပါ ေျမၿပိက်မႈမ်ားျဖစ္ပြားၿပီးေနာက္ လူ(၄)ဦးရဲ႕ ႐ုပ္အေလာင္းမ်ားကို ႏိုဝင္ဘာ(၂၇) ရက္ မြန္းလြဲပိုင္းတြင္ ေတြ႕ရွိခဲ့ေၾကာင္း အီတလီႏိုင္ငံပိုင္ သတင္းစာမ်ားက အေစာပိုင္းတြင္ ေဖာ္ျပခဲ့သည္။

ကယ္ဆယ္ေရးသမား(၂ဝဝ)ေက်ာ္သည္ ေပ်ာက္ဆုံးေနေသာသူမ်ားကို ဆက္လက္ရွာေဖြေနဆဲျဖစ္ၿပီး ရာႏွင့္ခ်ီေသာ ေစတနာ့ဝန္ထမ္းမ်ားသည္ ၿမိဳ႕ထဲရွိလမ္းမ်ားေပၚတြင္ ႐ႊံ႕မ်ားကိုသန႔္ရွင္းေရးလုပ္ရန္အတြက္ အလုပ္ရႈပ္ေနၾကေၾကာင္းလည္းသိရသည္။

အဆိုပါကြၽန္းတြင္ မိုး႐ြာျခင္းႏွင့္ ေလတိုက္ျခင္းတို႔ေၾကာင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေႏွာင့္ေႏွးခဲ့ရၿပီး ေနာက္ထပ္ ကယ္ဆယ္ေရးသမားမ်ား သယ္ေဆာင္လာသည့္ ကူးတို႔သေဘၤာမ်ားကိုလည္း ေႏွာင့္ေႏွးေစခဲ့ေၾကာင္းလည္း သိရသည္။ အသက္(၄၅)ႏွစ္အ႐ြယ္ရွိ ေဒသခံတစ္ဦးျဖစ္သူ ဆယ္လ္ဗာတိုးလိုရီနီက "ေျမၿပိဳက်မႈေၾကာင့္ ေတာင္ေအာက္မွာေပ်ာက္ကြယ္သြားတဲ့ လူေတြနဲ႔ပတ္သက္ၿပီး တကယ္ကို ဝမ္းနည္းမိပါတယ္" ဟု ေျပာဆိုခဲ့သည္။

အဆိုပါ ေျမၿပိဳက်မႈမ်ားျဖစ္ပြားၿပီးေနာက္ ႐ႊံ႕ႏြံထဲတြင္ ပိတ္မိေနသူမ်ားရွိေနေသးေၾကာင္း ျပည္ထဲေရးဝန္ႀကီး Matteo Piantedosi က အေစာပိုင္းတြင္ သတိေပးေျပာဆိုခဲ့ၿပီး အလြန္ဆိုး႐ြားေသာ အေျခအေနျဖစ္ေၾကာင္း ထပ္မံေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.