ဖားကန့်မြို့ရှိ ဖုန်းအရောင်းဆိုင်အား လူနှစ်ဦးမှ ရိုင်ဖယ်သေနတ်ကိုင်ဆောင်ပြီး ပစ်သတ်မည်ဟုခြိမ်းခြောက်ကာ ဓါးပြတိုက်

633

NP News - ဒီဇင်ဘာ ၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ဖုန်းအရောင်းဆိုင်တစ်ခုအား လူနှစ်ဦးမှ ရိုင်ဖယ်သေနတ်ကိုင်ဆောင်ပြီး ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ ဆိုင်းအတွင်းဝင်ရောက် ဓါးပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ ဒီဇင်ဘာ ၂ ရက်၊ နံနက် ၉ နာရီအချိန်ခန့်တွင် ဖားကန့်မြို့၊ လုံးခင်ရပ်ကွက် ၌ရှိသော JM မိုဘိုင်းဖုန်းအ ရောင်းဆိုင်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ဆိုသည်။
လက်ရှိ JM မိုဘိုင်းဖုန်းအရောင်းဆိုင် ဓါးပြတိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ CCTV ဗီဒီယိုမှတ်တမ်းတစ်ခုမှာလည်း လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိနေသည်။
အမျိုးသားနှစ်ဦးသည် ရိုင်ဖက်သေနတ်တစ်လက်စီကိုင်ဆောင်ကာ ဆိုင်အတွင်းဝင်ရောက် လာပြီး ဆိုင်အတွင်းရှိ ဝန်ထမ်းများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ ဓါးပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။
ထို့ပြင် ဖုန်းဆိုင်အတွင်းရှိ ငွေသားများထုတ်ပေးရန် ပြောဆိုမှုများရှိခဲ့ပြီး ဖုန်းများနှင့်ဆက်စပ်ပစ္စည်းများကို သေနတ်ဖြင့်ခြိမ်းခြောက်ကာ ယူဆောင်သွားခဲ့ကြောင်း သိရသည်။
အဆိုပါဓါးပြတိုက်မှုဖြစ်စဉ်အတွင်း ငွေသားကျပ်(၁၀)သိန်းနှင့် ဖုန်း(၇)လုံး အပါအဝင် ဆက်စပ်ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ဆိုသည်။
အလားတူ ပြီးခဲ့သောရက်ပိုင်းအတွင်းကလည်း မန္တလေးမြို့ရှိ PRO 7 ဖုန်းအရောင်းဆိုင်တစ်ခုတွင်လည်း ပစ္စတိုသေနတ်ဖြင့် ခြိမ်းခြောက်ကာ ဓါးပြတိုက်မှုတစ်ခု ဖြစ်ပွားထားသေးသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ သေနတ်ဖြင့် ခြိမ်းခြောက်ဓါးပြတိုက်မှုများမှာ ပိုမိုဖြစ်ပွားလာသည်ကို တွေ့ရှိရပြီး ငြိမ်း ချမ်းစွာနေထိုင်လိုသည့် ပြည်သူလူထုကြားတွင် စိုးရိမ်မှုများဖြစ်ရကြောင်း ထုတ်ဖော်ပြောဆိုမှုများလည်း ရှိနေသည်။

Zawgyi Version;
ဖားကန႔္ၿမိဳ႕ရွိ ဖုန္းအေရာင္းဆိုင္အား လူႏွစ္ဦးမွ ႐ိုင္ဖယ္ေသနတ္ကိုင္ေဆာင္ၿပီး ပစ္သတ္မည္ဟုၿခိမ္းေျခာက္ကာ ဓါးျပတိုက္
NP News - ဒီဇင္ဘာ ၂
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕ရွိ ဖုန္းအေရာင္းဆိုင္တစ္ခုအား လူႏွစ္ဦးမွ ႐ိုင္ဖယ္ေသနတ္ကိုင္ေဆာင္ၿပီး ပစ္သတ္မည္ဟု ၿခိမ္းေျခာက္ေျပာဆိုကာ ဆိုင္းအတြင္းဝင္ေရာက္ ဓါးျပတိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ ဒီဇင္ဘာ ၂ ရက္၊ နံနက္ ၉ နာရီအခ်ိန္ခန႔္တြင္ ဖားကန႔္ၿမိဳ႕၊ လုံးခင္ရပ္ကြက္ ၌ရွိေသာ JM မိုဘိုင္းဖုန္းအ ေရာင္းဆိုင္တြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံသတင္းအရင္းအျမစ္မ်ားက ဆိုသည္။
လက္ရွိ JM မိုဘိုင္းဖုန္းအေရာင္းဆိုင္ ဓါးျပတိုက္ခံရမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ CCTV ဗီဒီယိုမွတ္တမ္းတစ္ခုမွာလည္း လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံ႔လ်က္ရွိေနသည္။
အမ်ိဳးသားႏွစ္ဦးသည္ ႐ိုင္ဖက္ေသနတ္တစ္လက္စီကိုင္ေဆာင္ကာ ဆိုင္အတြင္းဝင္ေရာက္ လာၿပီး ဆိုင္အတြင္းရွိ ဝန္ထမ္းမ်ားကို ပစ္သတ္မည္ဟု ၿခိမ္းေျခာက္ေျပာဆိုကာ ဓါးျပတိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ေတြ႕ရသည္။
ထို႔ျပင္ ဖုန္းဆိုင္အတြင္းရွိ ေငြသားမ်ားထုတ္ေပးရန္ ေျပာဆိုမႈမ်ားရွိခဲ့ၿပီး ဖုန္းမ်ားႏွင့္ဆက္စပ္ပစၥည္းမ်ားကို ေသနတ္ျဖင့္ၿခိမ္းေျခာက္ကာ ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။
အဆိုပါဓါးျပတိုက္မႈျဖစ္စဥ္အတြင္း ေငြသားက်ပ္(၁၀)သိန္းႏွင့္ ဖုန္း(၇)လုံး အပါအဝင္ ဆက္စပ္ပစၥည္းမ်ားကို ယူေဆာင္သြားခဲ့ေၾကာင္း ေဒသခံသတင္းအရင္းအျမစ္မ်ားက ဆိုသည္။
အလားတူ ၿပီးခဲ့ေသာရက္ပိုင္းအတြင္းကလည္း မႏၲေလးၿမိဳ႕ရွိ PRO 7 ဖုန္းအေရာင္းဆိုင္တစ္ခုတြင္လည္း ပစၥတိုေသနတ္ျဖင့္ ၿခိမ္းေျခာက္ကာ ဓါးျပတိုက္မႈတစ္ခု ျဖစ္ပြားထားေသးသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္း၌ ေသနတ္ျဖင့္ ၿခိမ္းေျခာက္ဓါးျပတိုက္မႈမ်ားမွာ ပိုမိုျဖစ္ပြားလာသည္ကို ေတြ႕ရွိရၿပီး ၿငိမ္း ခ်မ္းစြာေနထိုင္လိုသည့္ ျပည္သူလူထုၾကားတြင္ စိုးရိမ္မႈမ်ားျဖစ္ရေၾကာင္း ထုတ္ေဖာ္ေျပာဆိုမႈမ်ားလည္း ရွိေနသည္။