"ခိုးယူခံခဲ့ရတဲ့ သမီးကို (၅၁) နှစ်ကြာမှ ပြန်ရှာတွေ့သွားတဲ့ မိအိုဖအို" (ထူးခြားသုတဆောင်းပါး)

 950

ဝတီ (NP News) - ဒီဇင်ဘာ ၄

အမေရိကန်ပြည်ထောင်စု တက္ကဆက်စ်ပြည်နယ်မှာ နေထိုင်တဲ့ ဇနီးမောင်နှံဟာ သမီးဖြစ်သူ ပျောက်ဆုံးသွားအပြီး (၅၁)နှစ်အကြာမှာမှ အဲဒီသမီးကို ပြန်ရှာတွေ့သွားပါတယ်။ ဒီအန်အေချင်း ကိုက်/ မကိုက် တိုက်ဆိုင်စစ်ဆေးပေးတဲ့ ဝန်ဆောင်မှု
တစ်ခုကြောင့်သာ သူတို့မိသားစုဟာ နှစ်ပေါင်း ၅ဝ ကျော်ကြာအပြီးမှာ ပြန်ဆုံခွင့်ရသွားကြတာပါ။ မယ်လစ်ဆာဟိုက်စမစ်သ် (Melissa Highsmith) ဟာ ၁၉၇၁ ခုနှစ်မှာ အခိုးခံလိုက်ရပြီး အဲဒီအချိန်တုန်းကဆိုရင် သူဟာ ၂၂ လသမီးပဲ ရှိသေးတာပါ။ သူ့ကိုထိန်းဖို့ခေါ်ထားတဲ့ ကလေးထိန်းအမျိုးသမီးက သူ့ကို ခိုးသွားတာဖြစ်ပြီး အဲဒီ အမျိုးသမီးက သူ့ကို မယ်လာနီ (Melanie) ဆိုတဲ့နာမည်ပေးလိုက်ပါတယ်။ မယ်လစ်ဆာတစ်ဖြစ်လဲ မယ်လာနီဟာ တက္ကဆက်စ်ပြည်နယ်ထဲမှာပဲ တစ်ဘဝလုံးနီးပါး နေထိုင်ခဲ့ပေမယ့် သူ့ကိုယ်သူ အခိုးခံထားရမှန်း လုံးဝမသိပါဘူး။ ဒါကြောင့် သူ့မိဘရင်းတွေက သူ့ကို နှစ်ပေါင်း ၅ဝ ကျော်လုံးလုံး လိုက်ရှာနေမှန်းလည်း မသိဘူးပေါ့။

နောက်ဆုံး သူ့မိဘရင်းတွေက သူ့ကို ဖေ့စ်ဘွတ်ခ်ကနေ ဆက်သွယ်လာမှပဲ သူ ဒီအကြောင်းကို သိသွားတာပါ။ ဒါတောင် သူက အစတုန်းကဆိုရင် ဒါလိမ်တာပဲဖြစ်မယ်လို့တောင် ထင်ခဲ့ပါသေးတယ်။ "သမီးပျောက်နေလို့ လိုက်ရှာနေတာ ၅၁ နှစ် ရှိပြီလို့ အဖေကမက်ဆင်ဂျာကနေ စာပို့လာတာ"လို့ မယ်လစ်ဆာက ဆိုပါတယ်။
မယ်လစ်ဆာဟာ ကလေးတွေတောင် ရနေပြီဖြစ်ပြီး သူ့ကလေးတစ်ယောက်ရဲ့ ဒီအန်အေဟာ သူတို့နဲ့ ကိုက်ညီနေတာကို မယ်လစ်ဆာရဲ့ မိဘတွေ သိသွားတာပါ။ ဒါကြောင့် အဲဒီကနေတစ်ဆင့်မယ်လစ်ဆာကို ခြေရာခံကြတာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာရှာကြည့်တော့မှ မယ်လာနီဆိုသူဟာ ပျောက်နေတဲ့ သူတို့သမီးနဲ့နာမည်ချင်းရော၊ မွေးနှစ်၊ မွေးလချင်းပါ အတော်လေးဆင်နေတာကို သိလိုက်ရတာပါ။

"ကျွန်မ အစကမယုံနိုင်ဘူး။ ဒါကြောင့် ကျွန်မကို ပြုစုပျိုးထောင်ခဲ့တဲ့အမျိုးသမီးကို
ရှင် ကျွန်မကို ဖုံးကွယ်ထားတာ ရှိတယ်မဟုတ်လားလို့ တည့်ပဲသွားမေးလိုက်တယ်။ သူကလည်း ဝန်ခံတယ်။ အဲဒီကျမှပဲ ကျွန်မဟာ သူ့သမီးအရင်း မဟုတ်မှန်း သိသွားတော့တာပဲ"လို့ မယ်လစ်ဆာက ပြန်ပြောင်းပြောပြပါတယ်။ ဒါ့ပြင် မယ်လစ်ဆာရဲ့ ကျောပြင်ပေါ်မှာလည်း မွေးရာပါ အမှတ်တစ်ခု ရှိပါတယ်။ ဒါကြောင့် မယ်လစ်ဆာကို သူတို့သမီးလို့ မိအိုဖအိုတွေက အခိုင်အမာ ပြောနိုင်သွားတာပါ။ "ကျွန်မဖြင့် ဒီ တစ်သက်တော့ ကျွန်မ သမီးလေးကို ပြန်တွေ့ခွင့်ရမှာ မဟုတ်ဘူးလို့ပဲ တွေးထားမိတော့တာ။ နောက်ဆုံးကျမှပဲ ဒီအန်အေကြောင့်မို့သာ ပြန်ရှာတွေ့သွားတာ"လို့ မယ်လစ်ဆာရဲ့ အမေရင်းကဝမ်းသာမျက်ရည်တွေကျပြီး ဆိုပါတယ်။

မယ်လစ်ဆာ မွေးလာတုန်းကဆိုရင် သူ့မှာ အလုပ်တစ်ဖက်နဲ့ဆိုတော့ သတင်းစာထဲမှာ ကြော်ငြာထည့်ပြီး ကလေးထိန်း လိုက်ရှာခဲ့တယ်။ ကလေးထိန်းအမျိုးသမီး ရောက်လာချိန်မှာ သူ အိမ်မှာ မရှိဘူး။ အိမ်နီးချင်းတစ်ယောက်က မယ်လစ်ဆာကို ကြည့်ပေးနေတာပါ။ အဲဒီအမျိုးသမီးက သူ ကလေးထိန်း လာလျှောက်တာပါ၊ ကလေးကိုပေးပါဆိုပြီး ကလေးယူပြီး ထွက်သွားလိုက်တာ အဲဒီကတည်းက ပြန် ပေါ်မလာတော့တာပဲလို့ မယ်လစ်ဆာရဲ့ အမေရင်းက ဆက်ပြောပြပါတယ်။ မယ်လစ်ဆာလေး အခိုးခံလိုက်ရပြီးနောက်မှာ သူ ကလေးလေးယောက် ထပ်မွေးခဲ့ပါတယ်။ ဒါပေမဲ့ သူဟာမယ်လစ်ဆာလေးကို ဘယ်လိုမှ မမေ့နိုင်ပါဘူး။ သူ့သမီး အဲဒီလိုအခိုးခံလိုက်ရတာ သူ့အပြစ် မကင်းဘူးလို့ သူ့စိတ်ထဲ တနုံ့နုံ့နဲ့ခံစားနေရတာပါ။ ဒါကြောင့်လည်း သူက နှစ်ပေါင်းဘယ်လောက်ပဲကြာကြာ၊ သူ့သမီးကိုရှာတာလက် မလျှော့ပါဘူး။

"အမေက သူ့သမီးကြီးကို သူ့ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ နှစ်ပေါင်း ၅ဝ ကျော်လုံး လုံး လိုက်ရှာနေခဲ့တာပါ။ သူက အလုပ်ပြုတ်မှာလည်းကြောက်၊ ကလေးကို ကြည့်ပေးထားပါ့မယ်၊ စိတ်ချပါလို့ ပြောတဲ့အိမ်နီးချင်းကိုလည်း ယုံခဲ့မိတာပေါ့။ ဒါပေမဲ့ အခြေအနေတွေကကပြောင်းကပြန်တွေ ဖြစ်သွားခဲ့တာ။ ဒါကြောင့် အမေ့မှာ သူ့သမီးကြီးအကြောင်းပဲ အချိန်ရှိတိုင်း တွေးနေခဲ့တာ။ အစ်မ ပျောက်သွားတာအမေ ပေါ့လျော့လို့ဆိုပြီး ပတ်ဝန်းကျင်ကလည်း အမေ့ကို အပြစ်တွေ ဝိုင်းတင်ခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ အစ်မကို ပြန်ရှာတွေ့ပြီဆိုတော့ ပြောမပြတတ်အောင် ပျော်ပါတယ်"လို့ မယ်လစ်ဆာရဲ့ ညီမဖြစ်သူက ဆိုပါတယ်။

ဒါကြောင့် သူတို့လိုပဲ လူပျောက်ရှာနေတဲ့လူတွေကို သူတို့မိသားစုကအားပေးစကား ဆိုပါတယ်။ "ဘယ်တော့မှ လက်မလျှော့ပါနဲ့။ သဲလွန်စမှန်သမျှ အကုန်လိုက်ပါ"လို့ သူတို့က ပြောသွားတာပါ။ ဒီကိစ္စမှာဆိုရင် သူတို့က ရဲစခန်းမှာ လူပျောက် တိုင်ချက် ဖွင့်ထားပေမယ့် ရဲစခန်းက ဘာမှ ထွေထွေထူးထူး လုပ်မပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့်
ကိုယ့်ဘာသာကိုယ်ပဲ ရရာနည်းလမ်းပေါင်းစုံနဲ့ အနှစ်နှစ်အလလ ကြိုးစားခဲ့ရတာပါ။

zawgyi version
"ခိုးယူခံခဲ့ရတဲ့ သမီးကို (၅၁) ႏွစ္ၾကာမွ ျပန္ရွာေတြ႕သြားတဲ့ မိအိုဖအို" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ဒီဇင္ဘာ ၄

အေမရိကန္ျပည္ေထာင္စု တကၠဆက္စ္ျပည္နယ္မွာ ေနထိုင္တဲ့ ဇနီးေမာင္ႏွံဟာ သမီးျဖစ္သူ ေပ်ာက္ဆုံးသြားအၿပီး (၅၁)ႏွစ္အၾကာမွာမွ အဲဒီသမီးကို ျပန္ရွာေတြ႕သြားပါတယ္။ ဒီအန္ေအခ်င္း ကိုက္/ မကိုက္ တိုက္ဆိုင္စစ္ေဆးေပးတဲ့ ဝန္ေဆာင္မႈ
တစ္ခုေၾကာင့္သာ သူတို႔မိသားစုဟာ ႏွစ္ေပါင္း ၅ဝ ေက်ာ္ၾကာအၿပီးမွာ ျပန္ဆုံခြင့္ရသြားၾကတာပါ။ မယ္လစ္ဆာဟိုက္စမစ္သ္ (Melissa Highsmith) ဟာ ၁၉၇၁ ခုႏွစ္မွာ အခိုးခံလိုက္ရၿပီး အဲဒီအခ်ိန္တုန္းကဆိုရင္ သူဟာ ၂၂ လသမီးပဲ ရွိေသးတာပါ။ သူ႔ကိုထိန္းဖို႔ေခၚထားတဲ့ ကေလးထိန္းအမ်ိဳးသမီးက သူ႔ကို ခိုးသြားတာျဖစ္ၿပီး အဲဒီ အမ်ိဳးသမီးက သူ႔ကို မယ္လာနီ (Melanie) ဆိုတဲ့နာမည္ေပးလိုက္ပါတယ္။ မယ္လစ္ဆာတစ္ျဖစ္လဲ မယ္လာနီဟာ တကၠဆက္စ္ျပည္နယ္ထဲမွာပဲ တစ္ဘဝလုံးနီးပါး ေနထိုင္ခဲ့ေပမယ့္ သူ႔ကိုယ္သူ အခိုးခံထားရမွန္း လုံးဝမသိပါဘူး။ ဒါေၾကာင့္ သူ႔မိဘရင္းေတြက သူ႔ကို ႏွစ္ေပါင္း ၅ဝ ေက်ာ္လုံးလုံး လိုက္ရွာေနမွန္းလည္း မသိဘူးေပါ့။

ေနာက္ဆုံး သူ႔မိဘရင္းေတြက သူ႔ကို ေဖ့စ္ဘြတ္ခ္ကေန ဆက္သြယ္လာမွပဲ သူ ဒီအေၾကာင္းကို သိသြားတာပါ။ ဒါေတာင္ သူက အစတုန္းကဆိုရင္ ဒါလိမ္တာပဲျဖစ္မယ္လို႔ေတာင္ ထင္ခဲ့ပါေသးတယ္။ "သမီးေပ်ာက္ေနလို႔ လိုက္ရွာေနတာ ၅၁ ႏွစ္ ရွိၿပီလို႔ အေဖကမက္ဆင္ဂ်ာကေန စာပို႔လာတာ"လို႔ မယ္လစ္ဆာက ဆိုပါတယ္။
မယ္လစ္ဆာဟာ ကေလးေတြေတာင္ ရေနၿပီျဖစ္ၿပီး သူ႔ကေလးတစ္ေယာက္ရဲ႕ ဒီအန္ေအဟာ သူတို႔နဲ႔ ကိုက္ညီေနတာကို မယ္လစ္ဆာရဲ႕ မိဘေတြ သိသြားတာပါ။ ဒါေၾကာင့္ အဲဒီကေနတစ္ဆင့္မယ္လစ္ဆာကို ေျခရာခံၾကတာျဖစ္ပါတယ္။ ေဖ့စ္ဘြတ္ခ္မွာရွာၾကည့္ေတာ့မွ မယ္လာနီဆိုသူဟာ ေပ်ာက္ေနတဲ့ သူတို႔သမီးနဲ႔နာမည္ခ်င္းေရာ၊ ေမြးႏွစ္၊ ေမြးလခ်င္းပါ အေတာ္ေလးဆင္ေနတာကို သိလိုက္ရတာပါ။

"ကြၽန္မ အစကမယုံႏိုင္ဘူး။ ဒါေၾကာင့္ ကြၽန္မကို ျပဳစုပ်ိဳးေထာင္ခဲ့တဲ့အမ်ိဳးသမီးကို
ရွင္ ကြၽန္မကို ဖုံးကြယ္ထားတာ ရွိတယ္မဟုတ္လားလို႔ တည့္ပဲသြားေမးလိုက္တယ္။ သူကလည္း ဝန္ခံတယ္။ အဲဒီက်မွပဲ ကြၽန္မဟာ သူ႔သမီးအရင္း မဟုတ္မွန္း သိသြားေတာ့တာပဲ"လို႔ မယ္လစ္ဆာက ျပန္ေျပာင္းေျပာျပပါတယ္။ ဒါ့ျပင္ မယ္လစ္ဆာရဲ႕ ေက်ာျပင္ေပၚမွာလည္း ေမြးရာပါ အမွတ္တစ္ခု ရွိပါတယ္။ ဒါေၾကာင့္ မယ္လစ္ဆာကို သူတို႔သမီးလို႔ မိအိုဖအိုေတြက အခိုင္အမာ ေျပာႏိုင္သြားတာပါ။ "ကြၽန္မျဖင့္ ဒီ တစ္သက္ေတာ့ ကြၽန္မ သမီးေလးကို ျပန္ေတြ႕ခြင့္ရမွာ မဟုတ္ဘူးလို႔ပဲ ေတြးထားမိေတာ့တာ။ ေနာက္ဆုံးက်မွပဲ ဒီအန္ေအေၾကာင့္မို႔သာ ျပန္ရွာေတြ႕သြားတာ"လို႔ မယ္လစ္ဆာရဲ႕ အေမရင္းကဝမ္းသာမ်က္ရည္ေတြက်ၿပီး ဆိုပါတယ္။

မယ္လစ္ဆာ ေမြးလာတုန္းကဆိုရင္ သူ႔မွာ အလုပ္တစ္ဖက္နဲ႔ဆိုေတာ့ သတင္းစာထဲမွာ ေၾကာ္ျငာထည့္ၿပီး ကေလးထိန္း လိုက္ရွာခဲ့တယ္။ ကေလးထိန္းအမ်ိဳးသမီး ေရာက္လာခ်ိန္မွာ သူ အိမ္မွာ မရွိဘူး။ အိမ္နီးခ်င္းတစ္ေယာက္က မယ္လစ္ဆာကို ၾကည့္ေပးေနတာပါ။ အဲဒီအမ်ိဳးသမီးက သူ ကေလးထိန္း လာေလွ်ာက္တာပါ၊ ကေလးကိုေပးပါဆိုၿပီး ကေလးယူၿပီး ထြက္သြားလိုက္တာ အဲဒီကတည္းက ျပန္ ေပၚမလာေတာ့တာပဲလို႔ မယ္လစ္ဆာရဲ႕ အေမရင္းက ဆက္ေျပာျပပါတယ္။ မယ္လစ္ဆာေလး အခိုးခံလိုက္ရၿပီးေနာက္မွာ သူ ကေလးေလးေယာက္ ထပ္ေမြးခဲ့ပါတယ္။ ဒါေပမဲ့ သူဟာမယ္လစ္ဆာေလးကို ဘယ္လိုမွ မေမ့ႏိုင္ပါဘူး။ သူ႔သမီး အဲဒီလိုအခိုးခံလိုက္ရတာ သူ႔အျပစ္ မကင္းဘူးလို႔ သူ႔စိတ္ထဲ တႏုံ႔ႏုံ႔နဲ႔ခံစားေနရတာပါ။ ဒါေၾကာင့္လည္း သူက ႏွစ္ေပါင္းဘယ္ေလာက္ပဲၾကာၾကာ၊ သူ႔သမီးကိုရွာတာလက္ မေလွ်ာ့ပါဘူး။

"အေမက သူ႔သမီးႀကီးကို သူ႔ကိုယ္စြမ္းဥာဏ္စြမ္းရွိသမွ် ႏွစ္ေပါင္း ၅ဝ ေက်ာ္လုံး လုံး လိုက္ရွာေနခဲ့တာပါ။ သူက အလုပ္ျပဳတ္မွာလည္းေၾကာက္၊ ကေလးကို ၾကည့္ေပးထားပါ့မယ္၊ စိတ္ခ်ပါလို႔ ေျပာတဲ့အိမ္နီးခ်င္းကိုလည္း ယုံခဲ့မိတာေပါ့။ ဒါေပမဲ့ အေျခအေနေတြကကေျပာင္းကျပန္ေတြ ျဖစ္သြားခဲ့တာ။ ဒါေၾကာင့္ အေမ့မွာ သူ႔သမီးႀကီးအေၾကာင္းပဲ အခ်ိန္ရွိတိုင္း ေတြးေနခဲ့တာ။ အစ္မ ေပ်ာက္သြားတာအေမ ေပါ့ေလ်ာ့လို႔ဆိုၿပီး ပတ္ဝန္းက်င္ကလည္း အေမ့ကို အျပစ္ေတြ ဝိုင္းတင္ခဲ့ၾကတယ္။ ဒါေပမဲ့ အခုေတာ့ အစ္မကို ျပန္ရွာေတြ႕ၿပီဆိုေတာ့ ေျပာမျပတတ္ေအာင္ ေပ်ာ္ပါတယ္"လို႔ မယ္လစ္ဆာရဲ႕ ညီမျဖစ္သူက ဆိုပါတယ္။

ဒါေၾကာင့္ သူတို႔လိုပဲ လူေပ်ာက္ရွာေနတဲ့လူေတြကို သူတို႔မိသားစုကအားေပးစကား ဆိုပါတယ္။ "ဘယ္ေတာ့မွ လက္မေလွ်ာ့ပါနဲ႔။ သဲလြန္စမွန္သမွ် အကုန္လိုက္ပါ"လို႔ သူတို႔က ေျပာသြားတာပါ။ ဒီကိစၥမွာဆိုရင္ သူတို႔က ရဲစခန္းမွာ လူေပ်ာက္ တိုင္ခ်က္ ဖြင့္ထားေပမယ့္ ရဲစခန္းက ဘာမွ ေထြေထြထူးထူး လုပ္မေပးႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္
ကိုယ့္ဘာသာကိုယ္ပဲ ရရာနည္းလမ္းေပါင္းစုံနဲ႔ အႏွစ္ႏွစ္အလလ ႀကိဳးစားခဲ့ရတာပါ။

Picture

Ko Ko

06/12/2022 21:21

ဗီဒီယိုဆောင်းပါး အနေနဲ့ဆိုရင် ပိုကောင်းမယ်ထင်ပါတယ်။

Related news

© 2021. All rights reserved.