တောင်ကိုရီးယားရုပ်ရှင်ကားများကို ကြည့်ရှုမှုဖြင့် ကျောင်းသား(၃)ဦးကို မြောက်ကိုရီးယားအစိုးရ ကွပ်မျက်

1138

Pika (NP News) - ဒီဇင်ဘာ ၈
မြောက်ကိုရီးယားအစိုးရသည် တောင်ကိုရီးယားဒရမ်မာဇာတ်လမ်းကြည့်ရှုခြင်းနှင့် ဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့သည့် အထက်တန်းကျောင်းသား(၃)ဦးကို လူသိရှင်ကြားကွပ်မျက်ခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာတစ်ခုဖြစ်သည့် Chosun Ilbo က ဖော်ပြခဲ့သည်။
အဆိုပါကွပ်မျက်မှုကို ၂ဝ၂၂ ခုနှစ် အောက်တိုဘာလအစောပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Chosun Ilbo သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။
တောင်ကိုရီးယား၏ ဖျော်ဖြေရေးလုပ်ငန်းများကိုကြည့်ရှုခြင်း (သို့မဟုတ်) နိုင်ငံတွင်းသို့ ယူဆောင်လာခြင်းမပြုရန် မြောက်ကိုရီးယားနိုင်ငံတွင် စည်းကမ်းသတ်မှတ်ထားကြောင်းသိရသည်။ ထိုစည်းကမ်းဥပဒေအပေါ်အခြေခံပြီး စည်းကမ်းချိုးဖောက်သည့်အတွက် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ခြင်း ဖြစ်ဖွယ်ရှိကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံ Yanggang ပြည်နယ် Hyesan မြို့တွင်ရှိသော အထက်တန်းကျောင်းတွင် ကျောင်းသား(၃) ယောက်သည် တောင်ကိုရီးယားနှင့် အမေရိကန်ဒရမ်မာ အများအပြားကို ကြည့်ရှုခဲ့ကြောင်း မြောက်ကိုရီးယား သတင်းအရင်းအမြစ်များက ဖော်ပြခဲ့သည်။
အဆိုပါကျောင်းသား(၃)ယောက်သည် တောင်ကိုရီးယားနှင့် အမေရိကန်ဒရမ်များကို ၎င်းတို့၏ သူငယ်ချင်းများထံ ဖြန့်ဝေနေစဥ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မြောက်ကိုရီးယားအစိုးရသည် ကြီးလေးသော ရာဇဝတ်မှုများ ကျူးလွန်သည့် ကလေးငယ်များကို အရွယ်မရောက်သေးမီ အပြစ်ပေးခြင်းမျိုးမရှိသော်လည်း တောင်ကိုရီးယား ဒရမ်မာဇာတ်လမ်းများကို ကြည့်ရှုခြင်း၊ ဖြန့်ဝေခြင်းများ ပြုလုပ်သူများကို ပြစ်ဒဏ်ပေးမှုများ ရှိနေသည်ဟု သိရသည်။
တောင်ကိုရီးယားအခြေစိုက် ရုပ်သံလွှင့်ဌာန Unification Media Group နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်း ပြုလုပ်သော စစ်တမ်းတစ်ရပ်တွင် ဖြေဆိုသည့် မြောက်ကိုရီးယားနိုင်ငံသား အားလုံး၏(၉၆)ရာခိုင်နှုန်းက နိုင်ငံခြား မှ ထုတ်လုပ်သည့် ဖျော်ဖြေရေးဇာတ်လမ်းများဖြစ်သော လူသိများသည့် တောင်ကိုရီးယားဇာတ်လမ်းတွဲ "Squid Game" နှင့် "Crash Landing on You" ကဲ့သို့သော ဇာတ်လမ်းများကို ကြည့်ရှုခဲ့သည်ဟု ဝန်ခံခဲ့ကြောင်းသိရသည်။

Zawgyi Version;
ေတာင္ကိုရီးယား႐ုပ္ရွင္ကားမ်ားကို ၾကည့္ရႈမႈျဖင့္ ေက်ာင္းသား(၃)ဦးကို ေျမာက္ကိုရီးယားအစိုးရ ကြပ္မ်က္
Pika (NP News) - ဒီဇင္ဘာ ၈
ေျမာက္ကိုရီးယားအစိုးရသည္ ေတာင္ကိုရီးယားဒရမ္မာဇာတ္လမ္းၾကည့္ရႈျခင္းႏွင့္ ျဖန႔္ေဝျခင္းတို႔ျပဳလုပ္ခဲ့သည့္ အထက္တန္းေက်ာင္းသား(၃)ဦးကို လူသိရွင္ၾကားကြပ္မ်က္ခဲ့ေၾကာင္း ေတာင္ကိုရီးယားမီဒီယာတစ္ခုျဖစ္သည့္ Chosun Ilbo က ေဖာ္ျပခဲ့သည္။
အဆိုပါကြပ္မ်က္မႈကို ၂ဝ၂၂ ခုႏွစ္ ေအာက္တိုဘာလအေစာပိုင္းတြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း Chosun Ilbo သတင္းဌာန၏ ေဖာ္ျပခ်က္အရသိရသည္။
ေတာင္ကိုရီးယား၏ ေဖ်ာ္ေျဖေရးလုပ္ငန္းမ်ားကိုၾကည့္ရႈျခင္း (သို႔မဟုတ္) ႏိုင္ငံတြင္းသို႔ ယူေဆာင္လာျခင္းမျပဳရန္ ေျမာက္ကိုရီးယားႏိုင္ငံတြင္ စည္းကမ္းသတ္မွတ္ထားေၾကာင္းသိရသည္။ ထိုစည္းကမ္းဥပေဒအေပၚအေျခခံၿပီး စည္းကမ္းခ်ိဳးေဖာက္သည့္အတြက္ အျမင့္ဆုံးျပစ္ဒဏ္အျဖစ္ ေသဒဏ္ေပးခဲ့ျခင္း ျဖစ္ဖြယ္ရွိေၾကာင္း သိရသည္။
ေျမာက္ကိုရီးယားႏိုင္ငံ Yanggang ျပည္နယ္ Hyesan ၿမိဳ႕တြင္ရွိေသာ အထက္တန္းေက်ာင္းတြင္ ေက်ာင္းသား(၃) ေယာက္သည္ ေတာင္ကိုရီးယားႏွင့္ အေမရိကန္ဒရမ္မာ အမ်ားအျပားကို ၾကည့္ရႈခဲ့ေၾကာင္း ေျမာက္ကိုရီးယား သတင္းအရင္းအျမစ္မ်ားက ေဖာ္ျပခဲ့သည္။
အဆိုပါေက်ာင္းသား(၃)ေယာက္သည္ ေတာင္ကိုရီးယားႏွင့္ အေမရိကန္ဒရမ္မ်ားကို ၎တို႔၏ သူငယ္ခ်င္းမ်ားထံ ျဖန႔္ေဝေနစဥ္ ဖမ္းမိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ေျမာက္ကိုရီးယားအစိုးရသည္ ႀကီးေလးေသာ ရာဇဝတ္မႈမ်ား က်ဴးလြန္သည့္ ကေလးငယ္မ်ားကို အ႐ြယ္မေရာက္ေသးမီ အျပစ္ေပးျခင္းမ်ိဳးမရွိေသာ္လည္း ေတာင္ကိုရီးယား ဒရမ္မာဇာတ္လမ္းမ်ားကို ၾကည့္ရႈျခင္း၊ ျဖန႔္ေဝျခင္းမ်ား ျပဳလုပ္သူမ်ားကို ျပစ္ဒဏ္ေပးမႈမ်ား ရွိေနသည္ဟု သိရသည္။
ေတာင္ကိုရီးယားအေျခစိုက္ ႐ုပ္သံလႊင့္ဌာန Unification Media Group ႏွင့္ မိတ္ဖက္အဖြဲ႕အစည္းမ်ား၏ ပူးေပါင္း ျပဳလုပ္ေသာ စစ္တမ္းတစ္ရပ္တြင္ ေျဖဆိုသည့္ ေျမာက္ကိုရီးယားႏိုင္ငံသား အားလုံး၏(၉၆)ရာခိုင္ႏႈန္းက ႏိုင္ငံျခား မွ ထုတ္လုပ္သည့္ ေဖ်ာ္ေျဖေရးဇာတ္လမ္းမ်ားျဖစ္ေသာ လူသိမ်ားသည့္ ေတာင္ကိုရီးယားဇာတ္လမ္းတြဲ "Squid Game" ႏွင့္ "Crash Landing on You" ကဲ့သို႔ေသာ ဇာတ္လမ္းမ်ားကို ၾကည့္ရႈခဲ့သည္ဟု ဝန္ခံခဲ့ေၾကာင္းသိရသည္။