"မြို့မှာလာပြီး အခြေချနေထိုင်မယ့်လူတွေကို ဒေါ်လာ (၃ဝဝဝဝ)ပေးသွားမယ့် အီတလီမြို့လေး" (ထူးခြားသုတဆောင်းပါး)

 690

ဝတီ (NP News) - ဒီဇင်ဘာ ၁ဝ

အီတလီနိုင်ငံမှာရှိတဲ့ မြို့တချို့ဟာ သူတို့မြို့မှာ လူသစ်တွေ လာနေချင်အောင်လို့ မက်လုံးအမျိုးမျိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေကြပါတယ်။ တချို့မြို့လေးတွေဆိုရင် သူတို့မြို့က အိမ်အိုအိမ်ဟောင်းတွေကို တစ်ဒေါ်လာ စွန်းစွန်းလေးနဲ့ ရောင်းချပေးတာ၊ တချို့မြို့တွေကတော့ အသင့်တက်နေရုံ အိမ်တွေကို ဈေးအများကြီး ချရောင်းတာတွေ လုပ်နေတာပါ။ မြို့မှာ လူဦးရေ တိုးပွားလာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူသစ်တွေကို နည်းအမျိုးမျိုးနဲ့ ဆွဲဆောင်နေတဲ့ အီတလီမြို့တွေထဲမှာ သာယာလှပလှတဲ့ ပရစ်ဆီစီ (Presicce) မြို့လေးလည်း ပါလာပါပြီ။ ဒီမြို့က တော့ သူ့မြို့က အိမ်အလွတ်တစ်လုံးကို ဝယ်ပြီး အခြေချနေထိုင်မယ့်လူတွေကို ဒေါ်လာ သုံးသောင်းအထိ ပေးသွားမယ်ဆိုပြီး မက်လုံးပေးလိုက်တာပါ။ အဲဒီမှာ အိမ်ဝယ်ရမယ်ဆိုလို့ လန့်တော့မသွားပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီက အိမ်တွေရဲ့ ကြမ်းခင်းဈေးက ဒေါ်လာ ၂၅ဝဝဝ ဝန်းကျင်ပဲ ရှိလို့ပါ။ ဈေးအများကြီး လျှော့ရောင်းနေတဲ့ တခြားအီတလီမြို့လေးတွေက အိမ်အများစုလိုပဲ အဲဒီက အိမ်တွေဟာလည်း မူလပိုင်ရှင်တွေ စွန့်ပစ်သွားတာ ကြာလှပြီဖြစ်တဲ့ အိမ်တွေပါ။ အဲဒီမှာ သွားပြီးနေချင်စရာ ကောင်းလှတဲ့ အချက်နောက်တစ်ချက်ကတော့ အဲဒီမြို့လေး တည်ရှိတဲ့နေရာဟာ သာယာလှပလှတဲ့ ကမ်းခြေတွေနဲ့ နီးနေတဲ့အချက်ပါပဲ။ ဒေါ်လာ သုံးသောင်းဆိုတဲ့ မက်လုံးကြောင့် သူတို့မြို့လေးမှာ လူဦးရေ တိုးပွားလာမယ်၊ မြို့လေး ပြန်အသက်ဝင်လာမယ်၊ ပြန်စည်ကားလာမယ်လို့ အဲဒီမြို့က အာဏာပိုင်အဖွဲ့က မျှော်လင့်နေပါတယ်။ သူတို့မြို့မှာက လူဦးရေ နည်းပြီးရင်း နည်းလာနေပြီး ကလေး မွေးဖွားနှုန်း ကလည်း တစ်နှစ်ထက်တစ်နှစ် ကျပြီးရင်း ကျနေတယ်လေ။

"မြို့မှာက ၁၉၉၁ ခုနှစ်မတိုင်ခင်က တည်ဆောက်ထားတဲ့ အိမ်အလွတ်တွေ အများကြီး ရှိတယ်။ အဲဒီအိမ်တွေမှာ လူတွေနဲ့ ပြန်ပြည့်လာပြီး မြို့လေးပြန်အသက်ဝင်လာတာကို မြင်ချင်တယ်။ သမိုင်းတန်ဖိုးအားဖြင့်လည်း မြင့်မားပြီး အံ့မခန်း ဗိသု ကာလက်ရာ တွေနဲ့လည်း ပြည့်နှက်နေတဲ့ နေရာဟောင်းတွေမှာ တဖြည်းဖြည်း လူသူကင်းမဲ့ လာနေတာကိုမြင်ရတာ တကယ့်ကို စိတ်မကောင်းစရာပဲ` လို့ အဲဒီမြို့က ကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ အယ်ဖရက်ဒိုပလီဆီ (Alfredo Palese) က ဆိုပါတယ်။ ဒီအစီအစဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အာာဏာပိုင်တွေ လက်စသတ်နေတုန်းပဲဖြစ်ပြီး လျှောက်လွှာတွေကို လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာ တင်ပေးသွားမယ်၊ ဒါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပရစ်ဆီစီ (Presicce) မြို့ရဲ့ မြို့တော်ခန်းမ ဝက်ဘ်ဆိုက်ဒ်မှာ ကြေညာသွားမယ်လို့ သိရပါတယ်။ ဒီမြို့လေးမှာ လူနည်းလွန်းတာကြောင့် အာဏာပိုင်တွေက အဲဒီမြို့နဲ့ကပ်လျက် မြို့ကို ပရစ်ဆီစီမြို့လေးနဲ့ ၂ဝ၁၉ ခုနှစ်မှာ ပေါင်းစပ်လိုက်ပါတော့တယ်။ ဒါကြောင့် နှစ်မြို့ပေါင်းဟာ ပရစ်ဆီစီ-အက်ကွာရီကာ (Presicce-Acquarica) လို့နာမည်တွင် သွားပါတော့တယ်။ နှစ်မြို့ကို တစ်မြို့တည်းဖြစ်အောင် လုပ်လိုက်တော့ မြို့ကကျယ်သွားတာကြောင့် အစိုးရထောက်ပံ့ငွေတွေလည်း ပိုရလာပါတယ်။ ဒါကြောင့် ပိုရလာတဲ့ ထောက်ပံ့ငွေနဲ့ မြို့လေး ပြန်အသက်ဝင်လာအောင်လုပ်ဖို့ အာဏာပိုင်အဖွဲ့က အခုလို စီမံကိန်း ဆွဲလိုက်တာပါ။ လက်ရှိမှာတော့ နှစ်မြို့ပေါင်းမှာမှ ဒေသခံ ၉ဝဝဝ လောက်ပဲ ရှိပါတယ်။ အဲဒီထဲမှာမှ ထက်ဝက်ကပဲ ပရစ်ဆီစီဆိုတဲ့ မြို့ဟောင်းဘက်ခြမ်းမှာ နေထိုင်ကြတာပါ။ ဒါကြောင့် သမိုင်းဝင်မြို့ဟောင်းလေးဘက်မှာ ပြန်စည်ကားလာအောင် ဒေသခံအာဏာပိုင်အဖွဲ့က ဒေါ်လာ သုံးသောင်းအပြင် တခြားနည်းတွေနဲ့လည်း လူသစ်တွေကို ဆွဲဆောင်နေပါတယ်။ အဲဒါကတော့ သူတို့ဆီမှာ စီးပွားရေးလုပ်ငန်းတွေ လာလုပ်ရင် အခွန်အခ လျှော့ပေးမယ်ဆိုတာတွေ၊ ကလေးပါတဲ့ မိသားစုတွေကိုဆို ကလေးထောက်ပံ့ကြေးပေးမယ်ဆိုတာတွေ ပါပဲ။ ဒါပေမဲ့ ပရစ်ဆီစီဆိုတဲ့ သမိုင်းဝင်မြို့ဟောင်းလေးမှာ ၁၉၉၁ ခုနှစ် မတိုင်ခင်က ဆောက်လုပ်ထားတဲ့ အိမ်ကိုဝယ်ပြီး အဲဒီမှာ နေထိုင်မှသာ ဒေါ်လာ သုံးသောင်းကို ခံစားခွင့်ရမှာပါ။ ဒေါ်လာ နှစ်သောင်းခွဲ လောက်နဲ့ဆို အကျယ် စတုရန်းမီတာ ၅ဝ ရှိတဲ့ အိမ်တစ်လုံးရမှာဖြစ်ပြီး အိမ်ကို ပြန်တော့ ပြင်ရပါလိမ့်မယ်။

ဒီမြို့လေးရဲ့ သမိုင်းကြောင်းကတော့ အလယ်ခေတ်က စပါတယ်။ မြို့ကို Saracen ဆာရာစင်ဆိုတဲ့ ခံတပ်ကြီး ပတ်ပတ်လည်မှာ စတည်ခဲ့တာပါ။ အဲဒီခံတပ်ကြီးကို ဘုန်းတော်ကြီးတွေက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဘုန်းတော်ကြီးတွေဟာ ပင်လယ်ဓားပြတွေလက်ကနေ လွတ်မြောက်လာတဲ့ လူတွေကို ထားဖို့ဆိုပြီး မြေ အောက်ခန်းတွေလည်း တူးပေးခဲ့ပါတယ်။ ဒါ့ပြင် သံလွင်သီးတွေကြိတ်ဖို့ဆိုပြီး မြေအောက် အလုပ်ခန်းတွေပါ လုပ်ပေးခဲ့ပါတယ်။ အဲဒီဒေသထွက် သံလွင်ဆီဟာ အင်မတန်ကို အရည်အသွေးကောင်းမွန်လှပါတယ်။ ဒေသခံတွေက မြေအောက်တွေမှာလည်း နေထိုင်ခဲ့ကြသလို ကျောက်ဆောင်ကမ်းပါးယံတွေမှာလည်း လိုဏ်ဂူတူးပြီး နေထိုင်ခဲ့ကြပါတယ်။ ဒီနေ့ထက်ထိတိုင် ရှိနေတဲ့ သမိုင်းဝင် အဆောက်အအုံ အများစုကနေပြီး အဲဒီမြေအောက်ခန်းတွေကို သွားကြည့်လို့ ရနေတုန်းပါပဲ။ အဲဒီမြို့ကို လာတဲ့ ခရီးသွားတွေဟာ အဲဒီမြေအောက် ရှေးဟောင်း သံလွင်သီးကြိတ်ဆုံတွေကို သွားကြည့်ကြပါတယ်။ အဲ့ဒါတွေအပြင် အစားအသောက်ပွဲတော် တွေကလည်း ခရီးသွားတွေရဲ့ အာရုံကို ဖမ်းစားလေ့ရှိပါတယ်။ ဒါတင်မက ရိုးရာဂီတပွဲတွေ၊ အကပွဲတွေ၊ ရှေးဟောင်းလက်ရာပြပွဲတွေကိုလည်း သွားလေ့လာလို့ရဦးမှာပါ။

zawgyi version
"ၿမိဳ႕မွာလာၿပီး အေျခခ်ေနထိုင္မယ့္လူေတြကို ေဒၚလာ (၃ဝဝဝဝ)ေပးသြားမယ့္ အီတလီၿမိဳ႕ေလး" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ဒီဇင္ဘာ ၁ဝ

အီတလီႏိုင္ငံမွာရွိတဲ့ ၿမိဳ႕တခ်ိဳ႕ဟာ သူတို႔ၿမိဳ႕မွာ လူသစ္ေတြ လာေနခ်င္ေအာင္လို႔ မက္လုံးအမ်ိဳးမ်ိဳးေပးၿပီး အၿပိဳင္အဆိုင္ ဆြဲေဆာင္ေနၾကပါတယ္။ တခ်ိဳ႕ၿမိဳ႕ေလးေတြဆိုရင္ သူတို႔ၿမိဳ႕က အိမ္အိုအိမ္ေဟာင္းေတြကို တစ္ေဒၚလာ စြန္းစြန္းေလးနဲ႔ ေရာင္းခ်ေပးတာ၊ တခ်ိဳ႕ၿမိဳ႕ေတြကေတာ့ အသင့္တက္ေန႐ုံ အိမ္ေတြကို ေဈးအမ်ားႀကီး ခ်ေရာင္းတာေတြ လုပ္ေနတာပါ။ ၿမိဳ႕မွာ လူဦးေရ တိုးပြားလာေအာင္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ လူသစ္ေတြကို နည္းအမ်ိဳးမ်ိဳးနဲ႔ ဆြဲေဆာင္ေနတဲ့ အီတလီၿမိဳ႕ေတြထဲမွာ သာယာလွပလွတဲ့ ပရစ္ဆီစီ (Presicce) ၿမိဳ႕ေလးလည္း ပါလာပါၿပီ။ ဒီၿမိဳ႕က ေတာ့ သူ႔ၿမိဳ႕က အိမ္အလြတ္တစ္လုံးကို ဝယ္ၿပီး အေျခခ်ေနထိုင္မယ့္လူေတြကို ေဒၚလာ သုံးေသာင္းအထိ ေပးသြားမယ္ဆိုၿပီး မက္လုံးေပးလိုက္တာပါ။ အဲဒီမွာ အိမ္ဝယ္ရမယ္ဆိုလို႔ လန႔္ေတာ့မသြားပါနဲ႔။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီက အိမ္ေတြရဲ႕ ၾကမ္းခင္းေဈးက ေဒၚလာ ၂၅ဝဝဝ ဝန္းက်င္ပဲ ရွိလို႔ပါ။ ေဈးအမ်ားႀကီး ေလွ်ာ့ေရာင္းေနတဲ့ တျခားအီတလီၿမိဳ႕ေလးေတြက အိမ္အမ်ားစုလိုပဲ အဲဒီက အိမ္ေတြဟာလည္း မူလပိုင္ရွင္ေတြ စြန႔္ပစ္သြားတာ ၾကာလွၿပီျဖစ္တဲ့ အိမ္ေတြပါ။ အဲဒီမွာ သြားၿပီးေနခ်င္စရာ ေကာင္းလွတဲ့ အခ်က္ေနာက္တစ္ခ်က္ကေတာ့ အဲဒီၿမိဳ႕ေလး တည္ရွိတဲ့ေနရာဟာ သာယာလွပလွတဲ့ ကမ္းေျခေတြနဲ႔ နီးေနတဲ့အခ်က္ပါပဲ။ ေဒၚလာ သုံးေသာင္းဆိုတဲ့ မက္လုံးေၾကာင့္ သူတို႔ၿမိဳ႕ေလးမွာ လူဦးေရ တိုးပြားလာမယ္၊ ၿမိဳ႕ေလး ျပန္အသက္ဝင္လာမယ္၊ ျပန္စည္ကားလာမယ္လို႔ အဲဒီၿမိဳ႕က အာဏာပိုင္အဖြဲ႕က ေမွ်ာ္လင့္ေနပါတယ္။ သူတို႔ၿမိဳ႕မွာက လူဦးေရ နည္းၿပီးရင္း နည္းလာေနၿပီး ကေလး ေမြးဖြားႏႈန္း ကလည္း တစ္ႏွစ္ထက္တစ္ႏွစ္ က်ၿပီးရင္း က်ေနတယ္ေလ။

"ၿမိဳ႕မွာက ၁၉၉၁ ခုႏွစ္မတိုင္ခင္က တည္ေဆာက္ထားတဲ့ အိမ္အလြတ္ေတြ အမ်ားႀကီး ရွိတယ္။ အဲဒီအိမ္ေတြမွာ လူေတြနဲ႔ ျပန္ျပည့္လာၿပီး ၿမိဳ႕ေလးျပန္အသက္ဝင္လာတာကို ျမင္ခ်င္တယ္။ သမိုင္းတန္ဖိုးအားျဖင့္လည္း ျမင့္မားၿပီး အံ့မခန္း ဗိသု ကာလက္ရာ ေတြနဲ႔လည္း ျပည့္ႏွက္ေနတဲ့ ေနရာေဟာင္းေတြမွာ တျဖည္းျဖည္း လူသူကင္းမဲ့ လာေနတာကိုျမင္ရတာ တကယ့္ကို စိတ္မေကာင္းစရာပဲ` လို႔ အဲဒီၿမိဳ႕က ေကာင္စီအဖြဲ႕ဝင္ျဖစ္တဲ့ အယ္ဖရက္ဒိုပလီဆီ (Alfredo Palese) က ဆိုပါတယ္။ ဒီအစီအစဥ္နဲ႔ ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ အာာဏာပိုင္ေတြ လက္စသတ္ေနတုန္းပဲျဖစ္ၿပီး ေလွ်ာက္လႊာေတြကို လာမယ့္ သီတင္းပတ္အနည္းငယ္အတြင္းမွာ တင္ေပးသြားမယ္၊ ဒါနဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြကို ပရစ္ဆီစီ (Presicce) ၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ခန္းမ ဝက္ဘ္ဆိုက္ဒ္မွာ ေၾကညာသြားမယ္လို႔ သိရပါတယ္။ ဒီၿမိဳ႕ေလးမွာ လူနည္းလြန္းတာေၾကာင့္ အာဏာပိုင္ေတြက အဲဒီၿမိဳ႕နဲ႔ကပ္လ်က္ ၿမိဳ႕ကို ပရစ္ဆီစီၿမိဳ႕ေလးနဲ႔ ၂ဝ၁၉ ခုႏွစ္မွာ ေပါင္းစပ္လိုက္ပါေတာ့တယ္။ ဒါေၾကာင့္ ႏွစ္ၿမိဳ႕ေပါင္းဟာ ပရစ္ဆီစီ-အက္ကြာရီကာ (Presicce-Acquarica) လို႔နာမည္တြင္ သြားပါေတာ့တယ္။ ႏွစ္ၿမိဳ႕ကို တစ္ၿမိဳ႕တည္းျဖစ္ေအာင္ လုပ္လိုက္ေတာ့ ၿမိဳ႕ကက်ယ္သြားတာေၾကာင့္ အစိုးရေထာက္ပံ့ေငြေတြလည္း ပိုရလာပါတယ္။ ဒါေၾကာင့္ ပိုရလာတဲ့ ေထာက္ပံ့ေငြနဲ႔ ၿမိဳ႕ေလး ျပန္အသက္ဝင္လာေအာင္လုပ္ဖို႔ အာဏာပိုင္အဖြဲ႕က အခုလို စီမံကိန္း ဆြဲလိုက္တာပါ။ လက္ရွိမွာေတာ့ ႏွစ္ၿမိဳ႕ေပါင္းမွာမွ ေဒသခံ ၉ဝဝဝ ေလာက္ပဲ ရွိပါတယ္။ အဲဒီထဲမွာမွ ထက္ဝက္ကပဲ ပရစ္ဆီစီဆိုတဲ့ ၿမိဳ႕ေဟာင္းဘက္ျခမ္းမွာ ေနထိုင္ၾကတာပါ။ ဒါေၾကာင့္ သမိုင္းဝင္ၿမိဳ႕ေဟာင္းေလးဘက္မွာ ျပန္စည္ကားလာေအာင္ ေဒသခံအာဏာပိုင္အဖြဲ႕က ေဒၚလာ သုံးေသာင္းအျပင္ တျခားနည္းေတြနဲ႔လည္း လူသစ္ေတြကို ဆြဲေဆာင္ေနပါတယ္။ အဲဒါကေတာ့ သူတို႔ဆီမွာ စီးပြားေရးလုပ္ငန္းေတြ လာလုပ္ရင္ အခြန္အခ ေလွ်ာ့ေပးမယ္ဆိုတာေတြ၊ ကေလးပါတဲ့ မိသားစုေတြကိုဆို ကေလးေထာက္ပံ့ေၾကးေပးမယ္ဆိုတာေတြ ပါပဲ။ ဒါေပမဲ့ ပရစ္ဆီစီဆိုတဲ့ သမိုင္းဝင္ၿမိဳ႕ေဟာင္းေလးမွာ ၁၉၉၁ ခုႏွစ္ မတိုင္ခင္က ေဆာက္လုပ္ထားတဲ့ အိမ္ကိုဝယ္ၿပီး အဲဒီမွာ ေနထိုင္မွသာ ေဒၚလာ သုံးေသာင္းကို ခံစားခြင့္ရမွာပါ။ ေဒၚလာ ႏွစ္ေသာင္းခြဲ ေလာက္နဲ႔ဆို အက်ယ္ စတုရန္းမီတာ ၅ဝ ရွိတဲ့ အိမ္တစ္လုံးရမွာျဖစ္ၿပီး အိမ္ကို ျပန္ေတာ့ ျပင္ရပါလိမ့္မယ္။

ဒီၿမိဳ႕ေလးရဲ႕ သမိုင္းေၾကာင္းကေတာ့ အလယ္ေခတ္က စပါတယ္။ ၿမိဳ႕ကို Saracen ဆာရာစင္ဆိုတဲ့ ခံတပ္ႀကီး ပတ္ပတ္လည္မွာ စတည္ခဲ့တာပါ။ အဲဒီခံတပ္ႀကီးကို ဘုန္းေတာ္ႀကီးေတြက တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ ဘုန္းေတာ္ႀကီးေတြဟာ ပင္လယ္ဓားျပေတြလက္ကေန လြတ္ေျမာက္လာတဲ့ လူေတြကို ထားဖို႔ဆိုၿပီး ေျမ ေအာက္ခန္းေတြလည္း တူးေပးခဲ့ပါတယ္။ ဒါ့ျပင္ သံလြင္သီးေတြႀကိတ္ဖို႔ဆိုၿပီး ေျမေအာက္ အလုပ္ခန္းေတြပါ လုပ္ေပးခဲ့ပါတယ္။ အဲဒီေဒသထြက္ သံလြင္ဆီဟာ အင္မတန္ကို အရည္အေသြးေကာင္းမြန္လွပါတယ္။ ေဒသခံေတြက ေျမေအာက္ေတြမွာလည္း ေနထိုင္ခဲ့ၾကသလို ေက်ာက္ေဆာင္ကမ္းပါးယံေတြမွာလည္း လိုဏ္ဂူတူးၿပီး ေနထိုင္ခဲ့ၾကပါတယ္။ ဒီေန႔ထက္ထိတိုင္ ရွိေနတဲ့ သမိုင္းဝင္ အေဆာက္အအုံ အမ်ားစုကေနၿပီး အဲဒီေျမေအာက္ခန္းေတြကို သြားၾကည့္လို႔ ရေနတုန္းပါပဲ။ အဲဒီၿမိဳ႕ကို လာတဲ့ ခရီးသြားေတြဟာ အဲဒီေျမေအာက္ ေရွးေဟာင္း သံလြင္သီးႀကိတ္ဆုံေတြကို သြားၾကည့္ၾကပါတယ္။ အဲ့ဒါေတြအျပင္ အစားအေသာက္ပြဲေတာ္ ေတြကလည္း ခရီးသြားေတြရဲ႕ အာ႐ုံကို ဖမ္းစားေလ့ရွိပါတယ္။ ဒါတင္မက ႐ိုးရာဂီတပြဲေတြ၊ အကပြဲေတြ၊ ေရွးေဟာင္းလက္ရာျပပြဲေတြကိုလည္း သြားေလ့လာလို႔ရဦးမွာပါ။

Related news

© 2021. All rights reserved.