မိန်းကလေး(၂)ဦးအား KTV တွင် အလုပ်လုပ်ရမည်ဟု စည်းရုံးပြောဆိုပြီး ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခဲ့သူ (၄) ဦးကို ထောင်ဒဏ်(၁ဝ)နှစ်စီချမှတ်

1165

NP News - ဒီဇင်ဘာ ၁၇
မိန်းကလေး(၂)ဦးအား KTV တွင် အလုပ်လုပ်ရမည်ဟု စည်းရုံးပြောဆိုပြီး ပြည့်တန် ဆာအဖြစ် အဓမ္မခိုင်းစေကာ ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သူ (၄) ဦးကို ထောင်ဒဏ်(၁ဝ)နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။
လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၆)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင် နေထိုင်သူ ကိုအေးဇော် အပါအဝင် ရေးမြို့နယ်၊ အဘော်ရပ်ကွက်တွင် နေထိုင်သူ ကိုနေလင်း၊ ဒေါ်မြင့်မြင့်သန်းနှင့် ဒေါ်ယွန်းစိန်တို့သည် ဒလမြို့ရှိ မိန်းကလေး(၂)ဦးအား ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် ဒလမြို့တွင် နေထိုင်သူ အသက်(၂၈)နှစ်အရွယ် မိန်းကလေးနှင့် အသက်(၁၆)နှစ်အရွယ် မိန်းကလေးတို့ (၂)ဦးအား မွန်ပြည်နယ်၊ ရေးမြို့ရှိ ကောင်းမြတ်သာ KTV ဆိုင်နှင့် ဧရာဝတီ(၁) KTV ဆိုင်တို့တွင် အလုပ်လုပ်ရမည်ဟု စည်းရုံးပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
ထို့နောက် ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခဲ့ပြီး ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ဒလမြို့မရဲစခန်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ တို့ဖြင့် အမှုဖွင့်ခဲ့ပြီး တောင်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။
ဒေါ်ယွန်းစိန် အပါအဝင် ကိုအေးဇော်၊ ကိုနေလင်းနှင့် ဒေါ်မြင့်မြင့်သန်းတို့အား ဒီဇင်ဘာလ(၁၄)ရက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ (၂၄)အရ အလုပ်နှင့်ထောင်ဒဏ်(၁ဝ)နှစ်စီ အမိန့်ချခဲ့ကြောင်း လူကုန်ကူးမှု တားဆီးကာ ကွယ်ရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
zawgyi version
မိန္းကေလး(၂)ဦးအား KTV တြင္ အလုပ္လုပ္ရမည္ဟု စည္း႐ုံးေျပာဆိုၿပီး ျပည့္တန္ဆာအျဖစ္ အဓမၼခိုင္းေစခဲ့သူ (၄) ဦးကို ေထာင္ဒဏ္(၁ဝ)ႏွစ္စီခ်မွတ္
NP News - ဒီဇင္ဘာ ၁၇
မိန္းကေလး(၂)ဦးအား KTV တြင္ အလုပ္လုပ္ရမည္ဟု စည္း႐ုံးေျပာဆိုၿပီး ျပည့္တန္ ဆာအျဖစ္ အဓမၼခိုင္းေစကာ ေငြေၾကးအက်ိဳးအျမတ္မ်ား ေခါင္းပုံျဖတ္ရယူခဲ့သူ (၄) ဦးကို ေထာင္ဒဏ္(၁ဝ)ႏွစ္စီ ခ်မွတ္လိုက္ေၾကာင္း သိရသည္။
လူကုန္ကူးမႈတားဆီးကာကြယ္ေရး ရဲတပ္ဖြဲ႕မွ ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၁၆)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားခဲ့ျခင္းျဖစ္သည္။
ျဖစ္စဥ္မွာ ရန္ကုန္တိုင္း၊ ဒလၿမိဳ႕နယ္တြင္ ေနထိုင္သူ ကိုေအးေဇာ္ အပါအဝင္ ေရးၿမိဳ႕နယ္၊ အေဘာ္ရပ္ကြက္တြင္ ေနထိုင္သူ ကိုေနလင္း၊ ေဒၚျမင့္ျမင့္သန္းႏွင့္ ေဒၚယြန္းစိန္တို႔သည္ ဒလၿမိဳ႕ရွိ မိန္းကေလး(၂)ဦးအား ျပည့္တန္ဆာအျဖစ္ အဓမၼခိုင္းေစခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
၎တို႔သည္ ဒလၿမိဳ႕တြင္ ေနထိုင္သူ အသက္(၂၈)ႏွစ္အ႐ြယ္ မိန္းကေလးႏွင့္ အသက္(၁၆)ႏွစ္အ႐ြယ္ မိန္းကေလးတို႔ (၂)ဦးအား မြန္ျပည္နယ္၊ ေရးၿမိဳ႕ရွိ ေကာင္းျမတ္သာ KTV ဆိုင္ႏွင့္ ဧရာဝတီ(၁) KTV ဆိုင္တို႔တြင္ အလုပ္လုပ္ရမည္ဟု စည္း႐ုံးေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။
ထို႔ေနာက္ ျပည့္တန္ဆာအျဖစ္ အဓမၼခိုင္းေစခဲ့ၿပီး ေငြေၾကးအက်ိဳးအျမတ္မ်ား ေခါင္းပုံျဖတ္ရယူခဲ့သျဖင့္ ဒလၿမိဳ႕မရဲစခန္းတြင္ လူကုန္ကူးမႈတားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၂၄/၃၂ တို႔ျဖင့္ အမႈဖြင့္ခဲ့ၿပီး ေတာင္ပိုင္းခ႐ိုင္တရား႐ုံးသို႔ တရားစြဲတင္ပို႔ခဲ့ေၾကာင္း သိရသည္။
ေဒၚယြန္းစိန္ အပါအဝင္ ကိုေအးေဇာ္၊ ကိုေနလင္းႏွင့္ ေဒၚျမင့္ျမင့္သန္းတို႔အား ဒီဇင္ဘာလ(၁၄)ရက္တြင္ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မ (၂၄)အရ အလုပ္ႏွင့္ေထာင္ဒဏ္(၁ဝ)ႏွစ္စီ အမိန႔္ခ်ခဲ့ေၾကာင္း လူကုန္ကူးမႈ တားဆီးကာ ကြယ္ေရး ရဲတပ္ဖြဲ႕ထံမွ သိရသည္။