ဒုဝန်ကြီးတစ်ဦးကို တာဝန်မှ အနားယူခွင့်ပြုခြင်းနှင့် ညွှန်ချုပ်တစ်ဦးအား ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်မှုတို့ကို နစကပြုလုပ်

2962

ပုံစာ - ဒုဝန်ကြီး ဦးအောင်ထွန်းခိုင် မော်လမြိုင်မြို့ လူငယ်သင်တန်းကျောင်းသို့သွားရောက်ခဲ့စဉ်
NP News - ဒီဇင်ဘာ ၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတစ်ဦးကို ဒီဇင်ဘာလ ၁၆ ရက်တွင် တာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်း နစကမှ ကြေညာထားသည်။
နစကအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဒုဝန်ကြီး ဦးအောင်ထွန်းခိုင်အား တာဝန်မှ အနား ယူခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ကြေညာထားသည်။
အဆိုပါ ဒုဝန်ကြီး၏ နေရာတွင် နစကအနေဖြင့် အစားထိုးတာဝန်ပေး ခန့်အပ်ခြင်းမျိုးကို လက်ရှိအချိန်အထိ မတွေ့ရသေးပေ။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုဝင်ဘာလ ၁၆ ရက် ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၂၁ဝ/၂ဝ၂၂) ကို ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။
အဆိုပါအမိန့်ကြော်ငြာစာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် နှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုးအား ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်လိုက်သည်ဟု ဖော်ပြထားသည်။
လဝကညွှန်ချုပ်အား တာဝန်မှ အနားပေးခြင်းသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ယခုရက်ပိုင်းအတွင်း မီဒီယာများကို အသိပေးပြောဆိုထားသည်။

zawgyi version
ဒုဝန္ႀကီးတစ္ဦးကို တာဝန္မွ အနားယူခြင့္ျပဳျခင္းႏွင့္ ၫႊန္ခ်ဳပ္တစ္ဦးအား ဝန္ထမ္းအျဖစ္မွ ထုတ္ပယ္မႈတို႔ကို နစကျပဳလုပ္
NP News - ဒီဇင္ဘာ ၁၇
လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီးတစ္ဦးကို ဒီဇင္ဘာလ ၁၆ ရက္တြင္ တာဝန္မွအနားယူခြင့္ျပဳလိုက္ေၾကာင္း နစကမွ ေၾကညာထားသည္။
နစကအေနျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၁၉ အရ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဒုဝန္ႀကီး ဦးေအာင္ထြန္းခိုင္အား တာဝန္မွ အနား ယူခြင့္ျပဳလိုက္ျခင္းျဖစ္ေၾကာင္း ေၾကညာထားသည္။
အဆိုပါ ဒုဝန္ႀကီး၏ ေနရာတြင္ နစကအေနျဖင့္ အစားထိုးတာဝန္ေပး ခန႔္အပ္ျခင္းမ်ိဳးကို လက္ရွိအခ်ိန္အထိ မေတြ႕ရေသးေပ။
ထို႔ျပင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ႏိုဝင္ဘာလ ၁၆ ရက္ ရက္စြဲျဖင့္ အမိန႔္ေၾကာ္ျငာစာအမွတ္ (၂၁ဝ/၂ဝ၂၂) ကို ထုတ္ျပန္ေၾကညာထားသည္ကို ေတြ႕ရသည္။
အဆိုပါအမိန႔္ေၾကာ္ျငာစာတြင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီး ဌာန၊ အၿမဲတမ္းအတြင္းဝန္ ႏွင့္ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ေက်ာ္စိုးအား ဝန္ထမ္းအျဖစ္မွ ထုတ္ပစ္လိုက္သည္ဟု ေဖာ္ျပထားသည္။
လဝကၫႊန္ခ်ဳပ္အား တာဝန္မွ အနားေပးျခင္းသည္ ႏိုင္ငံ့ဝန္ထမ္းနည္းဥပေဒမ်ား၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က ယခုရက္ပိုင္းအတြင္း မီဒီယာမ်ားကို အသိေပးေျပာဆိုထားသည္။