ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲမှာ ပြိုင်ဘက်အသင်းကို ဂရုစိုက်နေမှာ မဟုတ်ကြောင်း ပြင်သစ်နည်းပြပြော

 596

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၈

ပြင်သစ်အသင်းဟာ ကမ္ဘာဖလားပြိုင်ပွဲ ဗိုလ်လုပွဲကစားချိန်အတွင်း ပြိုင်ဘက်အသင်းကို ဂရုစိုက်နေမှာ မဟုတ် ကြောင်း ပြင်သစ်အသင်းနည်းပြ ဒီဒီယာဒက်ချမ့်စ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပြင်သစ်အသင်းဟာ ဒီနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲစဉ် ကစားရမှာဖြစ်ရာ ကမ္ဘာ့ဖလားချန်ပီယံဆုကို နှစ်ပေါင်း ၆ဝ ကျော်အတွင်း ပထမဆုံးကာကွယ်နိုင်တဲ့အသင်းဖြစ်အောင် ကြိုးပမ်းရဖွယ်ရှိနေပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီဟာ ကမ္ဘအကောင်းဆုံးဘောလုံးသမားဆုကို ၇ ကြိမ်တိုင် ရယူနိုင်ခဲ့ပေမယ့် အာဂျင်တီးနားအသင်းအတွက် ကမ္ဘာ့ဖလားချန်ပီယံဆု ရယူပေးနိုင်ခြင်းမရှိရာ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ချန်ပီယံဆုရယူနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။ ပြင်သစ်နည်းပြက "ကျွန်တော်တို့အသင်းဟာ နှစ်ပေါင်း ၆ဝ ကျော်အတွင်း ကမ္ဘာ့ဖလား လက်ရှိချန်ပီယံဆုကို ကာကွယ်နိုင်စွမ်းရှိတဲ့ ပထမဆုံးအသင်း ဖြစ်လို တယ်" လို့ပြောပါတယ်။

အဆိုပါ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲကို ဒိုဟာမြို့ရှိ Lusail Stadium အားကစားကွင်းမှာ ကျင်းပမှာဖြစ်ပြီး ပြင်သစ်ပရိသတ်ဦးရေ ၆ဝဝဝ ခန့် လာရောက်အားပေးခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။ အာဂျင်တီးနားအသင်း ပရိသတ်ဦးရေဟာ ကွင်းအတွင်းမှာ ပြင်သစ်အသင်း ပရိသတ်အရေအတွက်ထက် ပိုမိုကြည့်ရူခွင့်ရဖွယ်ရှိနေတယ် လို့ သိရပါတယ်။

ပြင်သစ်နည်းပြက "ဒီပွဲစဉ်ဟာ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲဖြစ်တယ်။ ကျွန်တော်တို့ အသင်းရဲ့ပြိုင်ဘက် အသင်းက ငြိမ်နေမှာမဟုတ်ဘူး" လို့ ပြောပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်မှာ အီတလီ၊ ဘရာဇီးအသင်းတို့ဟာ ကမ္ဘာ့ဖလား လက်ရှိချန်ပီယံဆုကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလား လက်ရှိချန်ပီယံဆုကို ထိန်းသိမ်းဖို့ ဆန္ဒပြင်းပြနေတယ်လို့ သိရပါတယ်။

ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို နှစ်ကြိမ်ရယူခဲ့ဖူးသလို အာဂျင်တီးနား အသင်းဟာလည်း ကမ္ဘာ့ဖလားချန်ပီယံဆုကို နှစ်ကြိမ်ရယူခဲ့ဖူးတယ်လို့ သိရပါတယ်။

Zawgyi Version;
ကမာၻ႔ဖလား ေနာက္ဆုံးဗိုလ္လုပြဲမွာ ၿပိဳင္ဘက္အသင္းကို ဂ႐ုစိုက္ေနမွာ မဟုတ္ေၾကာင္း ျပင္သစ္နည္းျပေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၈

ျပင္သစ္အသင္းဟာ ကမာၻဖလားၿပိဳင္ပြဲ ဗိုလ္လုပြဲကစားခ်ိန္အတြင္း ၿပိဳင္ဘက္အသင္းကို ဂ႐ုစိုက္ေနမွာ မဟုတ္ ေၾကာင္း ျပင္သစ္အသင္းနည္းျပ ဒီဒီယာဒက္ခ်မ့္စ္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ျပင္သစ္အသင္းဟာ ဒီေန႔ ဒီဇင္ဘာ ၁၈ ရက္ေန႔မွာ အာဂ်င္တီးနားအသင္းနဲ႔ ကမာၻ႔ဖလား ေနာက္ဆုံးဗိုလ္လုပြဲစဥ္ ကစားရမွာျဖစ္ရာ ကမာၻ႔ဖလားခ်န္ပီယံဆုကို ႏွစ္ေပါင္း ၆ဝ ေက်ာ္အတြင္း ပထမဆုံးကာကြယ္ႏိုင္တဲ့အသင္းျဖစ္ေအာင္ ႀကိဳးပမ္းရဖြယ္ရွိေနပါတယ္။

အာဂ်င္တီးနားတိုက္စစ္မႉးမက္ဆီဟာ ကမၻအေကာင္းဆုံးေဘာလုံးသမားဆုကို ၇ ႀကိမ္တိုင္ ရယူႏိုင္ခဲ့ေပမယ့္ အာဂ်င္တီးနားအသင္းအတြက္ ကမာၻ႔ဖလားခ်န္ပီယံဆု ရယူေပးႏိုင္ျခင္းမရွိရာ ျပင္သစ္အသင္းနဲ႔ ကမာၻ႔ဖလား ဗိုလ္လုပြဲမွာ ခ်န္ပီယံဆုရယူႏိုင္ဖို႔ စိတ္အားထက္သန္ေနပါတယ္။ ျပင္သစ္နည္းျပက "ကြၽန္ေတာ္တို႔အသင္းဟာ ႏွစ္ေပါင္း ၆ဝ ေက်ာ္အတြင္း ကမာၻ႔ဖလား လက္ရွိခ်န္ပီယံဆုကို ကာကြယ္ႏိုင္စြမ္းရွိတဲ့ ပထမဆုံးအသင္း ျဖစ္လို တယ္" လို႔ေျပာပါတယ္။

အဆိုပါ ကမာၻ႔ဖလား ေနာက္ဆုံးဗိုလ္လုပြဲကို ဒိုဟာၿမိဳ႕ရွိ Lusail Stadium အားကစားကြင္းမွာ က်င္းပမွာျဖစ္ၿပီး ျပင္သစ္ပရိသတ္ဦးေရ ၆ဝဝဝ ခန႔္ လာေရာက္အားေပးခြင့္ရမွာျဖစ္တယ္လို႔ သိရပါတယ္။ အာဂ်င္တီးနားအသင္း ပရိသတ္ဦးေရဟာ ကြင္းအတြင္းမွာ ျပင္သစ္အသင္း ပရိသတ္အေရအတြက္ထက္ ပိုမိုၾကည့္႐ူခြင့္ရဖြယ္ရွိေနတယ္ လို႔ သိရပါတယ္။

ျပင္သစ္နည္းျပက "ဒီပြဲစဥ္ဟာ ကမာၻ႔ဖလား ေနာက္ဆုံးဗိုလ္လုပြဲျဖစ္တယ္။ ကြၽန္ေတာ္တို႔ အသင္းရဲ႕ၿပိဳင္ဘက္ အသင္းက ၿငိမ္ေနမွာမဟုတ္ဘူး" လို႔ ေျပာပါတယ္။ ကမာၻ႔ဖလားၿပိဳင္ပြဲ သမိုင္းတစ္ေလွ်ာက္မွာ အီတလီ၊ ဘရာဇီးအသင္းတို႔ဟာ ကမာၻ႔ဖလား လက္ရွိခ်န္ပီယံဆုကို ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း၊ ျပင္သစ္အသင္းဟာ ကမာၻ႔ဖလား လက္ရွိခ်န္ပီယံဆုကို ထိန္းသိမ္းဖို႔ ဆႏၵျပင္းျပေနတယ္လို႔ သိရပါတယ္။

ျပင္သစ္အသင္းဟာ ကမာၻ႔ဖလားခ်န္ပီယံဆုကို ႏွစ္ႀကိမ္ရယူခဲ့ဖူးသလို အာဂ်င္တီးနား အသင္းဟာလည္း ကမာၻ႔ဖလားခ်န္ပီယံဆုကို ႏွစ္ႀကိမ္ရယူခဲ့ဖူးတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.