ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ ကာစီနိုတစ်ခု မီးလောင်ခဲ့ပြီး အနည်းဆုံး လူ(၁ဝ)ဦး သေဆုံး

 441

Pika (NP News) - ဒီဇင်ဘာ ၂၉

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် Poipet မြူနီစီပယ်ရှိ ကာစီနိုဟိုတယ်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၁ဝ)ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ(၂၉)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

Poipet မြူနီစီပယ်တွင်ရှိသော Grand Diamond City ကာစီနိုဟိုတယ်တွင် ဒီဇင်ဘာ(၂၈)ရက် ည(၁၁) နာရီခွဲ အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာဒီးယားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါမီးလောင်မှုများကြောင့် အနည်းဆုံးလူ(၁ဝ)ဦးသေဆုံးခဲ့ပြီး အခြားလူ(၅၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါကာစီနိုတွင် လူပေါင်း(၄ဝဝ)ခန့် အလုပ်လုပ်နေခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။ အွန်လိုင်းပေါ် တွင် တက်လာသော ဗီဒီယိုဖိုင်ထဲတွင် ကြီးမားသောမီးလောင်မှုများကိုတွေ့မြင်ခဲ့ရပြီး အခြားဗီဒီယိုဖိုင်တစ်ခုထဲ တွင် လူများသည် မီးလောင်ကျွမ်းနေသော အဆောက်အဦးအပေါ်မှ ခုန်ချနေသည်ကို တွေ့မြင်ခဲ့ရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားချိန်တွင် ကာစီနိုအတွင်းတွင် နိုင်ငံခြားသားများရှိနေခဲ့ကြောင်း ဒေသတွင်း မီဒီယာများ က ဖော်ပြခဲ့သည်။ အဆိုပါမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ထိုင်းနိုင်ငံ Sa Kaeo မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ထားပြီး ဒေသဆိုင်ရာအာဏာပိုင်များနှင့် အနီးကပ်ညှိနှိုင်းဆောင်ရွက်နေကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန သတင်းအရင်းအမြစ်များက "ထိုင်းနိုင်ငံဖက်ခြမ်းက မီးသတ်ကားတွေပါ စေလွှတ်ပြီး အာဏာပိုင်တွေက မီးလောင်မှုကိုငြိမ်းသတ်နိုင်ဖို့ ကြိုးစားနေပါတယ်" ဟု ပြောဆိုခဲ့သည်။ Grand Diamond City ကာစီနိုသည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် စုပြုံနေသော ကာစီနိုများထဲမှ တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
ထိုင္း-ကေမာၻဒီးယားနယ္စပ္ရွိ ကာစီႏိုတစ္ခု မီးေလာင္ခဲ့ၿပီး အနည္းဆုံး လူ(၁ဝ)ဦး ေသဆုံး
Pika (NP News) - ဒီဇင္ဘာ ၂၉

ထိုင္း-ကေမာၻဒီးယားနယ္စပ္ Poipet ျမဴနီစီပယ္ရွိ ကာစီႏိုဟိုတယ္တစ္ခုတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ(၁ဝ)ဦး ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ဒီဇင္ဘာ(၂၉)ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။

Poipet ျမဴနီစီပယ္တြင္ရွိေသာ Grand Diamond City ကာစီႏိုဟိုတယ္တြင္ ဒီဇင္ဘာ(၂၈)ရက္ ည(၁၁) နာရီခြဲ အခ်ိန္က မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ကမာၻဒီးယားရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။

အဆိုပါမီးေလာင္မႈမ်ားေၾကာင့္ အနည္းဆုံးလူ(၁ဝ)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၅၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း အဆိုပါကာစီႏိုတြင္ လူေပါင္း(၄ဝဝ)ခန႔္ အလုပ္လုပ္ေနခဲ့ေၾကာင္း AFP သတင္းဌာနက ေဖာ္ျပခဲ့သည္။ အြန္လိုင္းေပၚ တြင္ တက္လာေသာ ဗီဒီယိုဖိုင္ထဲတြင္ ႀကီးမားေသာမီးေလာင္မႈမ်ားကိုေတြ႕ျမင္ခဲ့ရၿပီး အျခားဗီဒီယိုဖိုင္တစ္ခုထဲ တြင္ လူမ်ားသည္ မီးေလာင္ကြၽမ္းေနေသာ အေဆာက္အဦးအေပၚမွ ခုန္ခ်ေနသည္ကို ေတြ႕ျမင္ခဲ့ရသည္။

အဆိုပါမီးေလာင္မႈျဖစ္ပြားခ်ိန္တြင္ ကာစီႏိုအတြင္းတြင္ ႏိုင္ငံျခားသားမ်ားရွိေနခဲ့ေၾကာင္း ေဒသတြင္း မီဒီယာမ်ား က ေဖာ္ျပခဲ့သည္။ အဆိုပါမီးေလာင္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ထိုင္းႏိုင္ငံ Sa Kaeo ၿမိဳ႕ရွိ ေဆး႐ုံသို႔ ပို႔ေဆာင္ထားၿပီး ေဒသဆိုင္ရာအာဏာပိုင္မ်ားႏွင့္ အနီးကပ္ညႇိႏႈိင္းေဆာင္႐ြက္ေနေၾကာင္း ထိုင္းႏိုင္ငံျခားေရး ဝန္ႀကီးဌာန သတင္းအရင္းအျမစ္မ်ားက ေျပာၾကားခဲ့သည္။

ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန သတင္းအရင္းအျမစ္မ်ားက "ထိုင္းႏိုင္ငံဖက္ျခမ္းက မီးသတ္ကားေတြပါ ေစလႊတ္ၿပီး အာဏာပိုင္ေတြက မီးေလာင္မႈကိုၿငိမ္းသတ္ႏိုင္ဖို႔ ႀကိဳးစားေနပါတယ္" ဟု ေျပာဆိုခဲ့သည္။ Grand Diamond City ကာစီႏိုသည္ ထိုင္း-ကေမာၻဒီးယားနယ္စပ္တစ္ေလွ်ာက္ စုၿပဳံေနေသာ ကာစီႏိုမ်ားထဲမွ တစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.