ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆွေးနွေးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာခရီးစဉ် စတင်

319

ALynn (NP news) - အောက်တိုဘာ ၉
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်သည် မြန်မာအစိုးရအဖွဲ့နှင့် လာမည့်ရွေးကောက်ပွဲအခြေအနေများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်မှုရှိရေး ဆွေးနွေးရန် ယနေ့ (အောက်တိုဘာလ ၉ ရက်) တွင် မြန်မာနိုင်ငံသို့ ထွက်ခွာလာပြီ ဖြစ်ကြောင်း မလေးရှားအစိုးရက ဖော်ပြထားသည်။
၎င်းသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့် မြို့တော် နေပြည်တော်သို့ တစ်ရက်ကြာ ခရီးစဉ်လာရောက်မည်ဖြစ်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် "ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဝန်ကြီးချုပ် ဦးညိုစောအပါအဝင် ကျွန်တော်နဲ့ ရာထူးတူဝန်ကြီး ဦးသန်းဆွေတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ မြန်မာနိုင်ငံကို သွားရောက်မှာပါ" ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်လည်း ယနေ့နံနက်ပိုင်းက ရေးသားထားသည်။
၎င်း၏ပို့စ်တွင် "မလေးရှားတော်ဝင်လေတပ်အခြေစိုက်စခန်းမှ မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်သို့ ထွက်ခွာစဉ်" ဟူသော စာတန်းပါ ဓာတ်ပုံတစ်ပုံကိုပါ ပူးတွဲဖော်ပြထားသည်။
မိုဟာမက်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် တန်ဆရီ အော့သ်မန် ဟာရှင် လည်း လိုက်ပါလာကြောင်း သိရသည်။
မူလက မိုဟာမက်၏ မြန်မာနိုင်ငံခရီးစဉ်အား စက်တင်ဘာ ၁၉ ရက်တွင် လျာထားခဲ့သော်လည်း ရှောင်လွှဲမရသော အခြေအနေများကြောင့် ရွှေ့ဆိုင်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။
ဤအလုပ်ခရီးစဉ်အတွင်း မိုဟာမက်သည် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဝန်ကြီးချုပ်နှင့် အမျိုးသားစီမံကိန်းဝန်ကြီး ဦးညိုစောတို့အား ဂါရဝပြု တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။
ထို့ပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်လည်း အစည်းအဝေးတစ်ခု ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကိစ္စကိုလည်း ဤအစည်းအဝေးများအတွင်း ဆွေးနွေးရန် မျှော်လင့်ရကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ပထမအကြိမ် အထွေထွေရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်ရာ နိုင်ငံတကာက ဂရုပြုစောင့်ကြည့်နေကြသည်။
ပြီးခဲ့သည့် ဇူလိုင်လက မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံအား ရွေးကောက်ပွဲကို ဦးစားပေးအဖြစ် မသတ်မှတ်ဘဲ ငြိမ်းချမ်းရေးဆိုင်ရာ ကတိကဝတ်များကို ကနဦး လိုက်နာရန် တိုက်တွန်းခဲ့ဖူးသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ မိုဟာမက်သည် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် "အထူးသဖြင့် ပဋိပက္ခများ ရပ်စဲရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိ ဝင်ရောက်ခွင့်ပေးရေးနှင့် မြန်မာ့အရေးပတ်သက်သူများအားလုံး ပေါင်းစပ်ပါဝင်သော ဆွေးနွေးပွဲများ ကျင်းပရေး" အတွက် မြန်မာအစိုးရအား တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
မိုဟာမက်သည် ကြာသပတေးနေ့က သီးခြားဖေ့စ်ဘွတ်ခ်ပို့စ်တစ်ခုတွင် မကြာသေးမီက အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများသည် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို ထိခိုက်စေကြောင်း အသေးစိတ်အချက်အလက်များကို ဖော်ပြခြင်းမရှိဘဲ ဖော်ပြခဲ့သည်။
ကနဦးခရီးစဉ်အစီအစဉ်တွင် မလေးရှားအပါအဝင် အာဆီယံ နိုင်ငံ(၄)နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ မြန်မာနိုင်ငံသို့ စက်တင်ဘာလအတွင်း လာရောက်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံပိုင်သတင်းမီဒီယာများက ဖော်ပြခဲ့ဖူးသည်။
၎င်းအဖွဲ့တွင် ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့မှ နိုင်ငံခြားရေး ဝန်ကြီးများ ပါဝင်မည်ဖြစ်ပြီး အရေးပေါ် ကာလရုတ်သိမ်းပြီးနောက် မြန်မာအစိုးရသစ်၏ လက်အောက်မှ အခြေအနေများကို လေ့လာမည်ဖြစ်ကြောင်း လည်း ဖော်ပြခဲ့ဖူးသည်။
ဤအလုပ်ခရီးစဉ်သည် ရေရှည်တည်တံ့သော နည်းလမ်းဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အဖြေရှာနိုင်ရန်ဟူသော အာဆီယံ၏ ခိုင်မာသည့် ကတိကဝတ်ကိုပြသနေကြောင်း မလေးရှားနိုင်ငံပိုင် မီဒီယာများက ရေးသားထားကြသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားေဆြးေႏြးဖို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး၏ ျမန္မာခရီးစဥ္ စတင္
ALynn (NP news) - ေအာက္တိုဘာ ၉
မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး မိုဟာမက္ ဟာဆန္သည္ ျမန္မာအစိုးရအဖြဲ႕ႏွင့္ လာမည့္ေ႐ြးေကာက္ပြဲအေျခအေနမ်ား၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား တိုးတက္မႈရွိေရး ေဆြးေႏြးရန္ ယေန႔ (ေအာက္တိုဘာလ ၉ ရက္) တြင္ ျမန္မာႏိုင္ငံသို႔ ထြက္ခြာလာၿပီ ျဖစ္ေၾကာင္း မေလးရွားအစိုးရက ေဖာ္ျပထားသည္။
၎သည္ အာဆီယံအလွည့္က်ဥကၠ႒အေနျဖင့္ ၿမိဳ႕ေတာ္ ေနျပည္ေတာ္သို႔ တစ္ရက္ၾကာ ခရီးစဥ္လာေရာက္မည္ျဖစ္ၿပီး ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အပါအဝင္ ဝန္ႀကီးခ်ဳပ္၊ ႏိုင္ငံျခားေရးဝန္ႀကီးတို႔ႏွင့္ ေတြ႕ဆုံသြားမည္ျဖစ္ေၾကာင္း မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ "ယာယီသမၼတ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဝန္ႀကီးခ်ဳပ္ ဦးညိဳေစာအပါအဝင္ ကြၽန္ေတာ္နဲ႔ ရာထူးတူဝန္ႀကီး ဦးသန္းေဆြတို႔နဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ ျမန္မာႏိုင္ငံကို သြားေရာက္မွာပါ" ဟု ၎၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္လည္း ယေန႔နံနက္ပိုင္းက ေရးသားထားသည္။
၎၏ပို႔စ္တြင္ "မေလးရွားေတာ္ဝင္ေလတပ္အေျခစိုက္စခန္းမွ ျမန္မာႏိုင္ငံ၏ ၿမိဳ႕ေတာ္ ေနျပည္ေတာ္သို႔ ထြက္ခြာစဥ္" ဟူေသာ စာတန္းပါ ဓာတ္ပုံတစ္ပုံကိုပါ ပူးတြဲေဖာ္ျပထားသည္။
မိုဟာမက္ႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ တန္ဆရီ ေအာ့သ္မန္ ဟာရွင္ လည္း လိုက္ပါလာေၾကာင္း သိရသည္။
မူလက မိုဟာမက္၏ ျမန္မာႏိုင္ငံခရီးစဥ္အား စက္တင္ဘာ ၁၉ ရက္တြင္ လ်ာထားခဲ့ေသာ္လည္း ေရွာင္လႊဲမရေသာ အေျခအေနမ်ားေၾကာင့္ ေ႐ႊ႕ဆိုင္းခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အတည္ျပဳခဲ့သည္။
ဤအလုပ္ခရီးစဥ္အတြင္း မိုဟာမက္သည္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဝန္ႀကီးခ်ဳပ္ႏွင့္ အမ်ိဳးသားစီမံကိန္းဝန္ႀကီး ဦးညိဳေစာတို႔အား ဂါရဝျပဳ ေတြ႕ဆုံရန္ စီစဥ္ထားေၾကာင္း သိရသည္။
ထို႔ျပင္ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးသည္ ႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြႏွင့္လည္း အစည္းအေဝးတစ္ခု က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ က်င္းပရန္ စီစဥ္ထားသည့္ ေ႐ြးေကာက္ပြဲကိစၥကိုလည္း ဤအစည္းအေဝးမ်ားအတြင္း ေဆြးေႏြးရန္ ေမွ်ာ္လင့္ရေၾကာင္း မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေဖာ္ျပခဲ့သည္။
ျမန္မာႏိုင္ငံတြင္ ဒီဇင္ဘာလ ၂၈ ရက္ေန႔မွစတင္၍ ပထမအႀကိမ္ အေထြေထြေ႐ြးေကာက္ပြဲ ျပဳလုပ္သြားမည္ျဖစ္ရာ ႏိုင္ငံတကာက ဂ႐ုျပဳေစာင့္ၾကည့္ေနၾကသည္။
ၿပီးခဲ့သည့္ ဇူလိုင္လက မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးသည္ ျမန္မာႏိုင္ငံအား ေ႐ြးေကာက္ပြဲကို ဦးစားေပးအျဖစ္ မသတ္မွတ္ဘဲ ၿငိမ္းခ်မ္းေရးဆိုင္ရာ ကတိကဝတ္မ်ားကို ကနဦး လိုက္နာရန္ တိုက္တြန္းခဲ့ဖူးသည္။
ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ေျပာၾကားခ်က္အရ မိုဟာမက္သည္ ၿငိမ္းခ်မ္းေရးအစီအစဥ္ကို အေကာင္အထည္ေဖာ္ရန္ "အထူးသျဖင့္ ပဋိပကၡမ်ား ရပ္စဲေရး၊ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ား အတားအဆီးမရွိ ဝင္ေရာက္ခြင့္ေပးေရးႏွင့္ ျမန္မာ့အေရးပတ္သက္သူမ်ားအားလုံး ေပါင္းစပ္ပါဝင္ေသာ ေဆြးေႏြးပြဲမ်ား က်င္းပေရး" အတြက္ ျမန္မာအစိုးရအား ေတာင္းဆိုသြားမည္ျဖစ္ေၾကာင္း သိရသည္။
မိုဟာမက္သည္ ၾကာသပေတးေန႔က သီးျခားေဖ့စ္ဘြတ္ခ္ပို႔စ္တစ္ခုတြင္ မၾကာေသးမီက အပစ္အခတ္ရပ္စဲေရး ခ်ိဳးေဖာက္မႈမ်ားသည္ ၿငိမ္းခ်မ္းေရးအတြက္ ႀကိဳးပမ္းအားထုတ္မႈမ်ားကို ထိခိုက္ေစေၾကာင္း အေသးစိတ္အခ်က္အလက္မ်ားကို ေဖာ္ျပျခင္းမရွိဘဲ ေဖာ္ျပခဲ့သည္။
ကနဦးခရီးစဥ္အစီအစဥ္တြင္ မေလးရွားအပါအဝင္ အာဆီယံ ႏိုင္ငံ(၄)ႏိုင္ငံမွ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား ျမန္မာႏိုင္ငံသို႔ စက္တင္ဘာလအတြင္း လာေရာက္မည္ျဖစ္ေၾကာင္း မေလးရွားႏိုင္ငံပိုင္သတင္းမီဒီယာမ်ားက ေဖာ္ျပခဲ့ဖူးသည္။
၎အဖြဲ႕တြင္ ထိုင္း၊ ဖိလစ္ပိုင္ႏွင့္ အင္ဒိုနီးရွားတို႔မွ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ား ပါဝင္မည္ျဖစ္ၿပီး အေရးေပၚ ကာလ႐ုတ္သိမ္းၿပီးေနာက္ ျမန္မာအစိုးရသစ္၏ လက္ေအာက္မွ အေျခအေနမ်ားကို ေလ့လာမည္ျဖစ္ေၾကာင္း လည္း ေဖာ္ျပခဲ့ဖူးသည္။
ဤအလုပ္ခရီးစဥ္သည္ ေရရွည္တည္တံ့ေသာ နည္းလမ္းျဖင့္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္ေရးအတြက္ အေျဖရွာႏိုင္ရန္ဟူေသာ အာဆီယံ၏ ခိုင္မာသည့္ ကတိကဝတ္ကိုျပသေနေၾကာင္း မေလးရွားႏိုင္ငံပိုင္ မီဒီယာမ်ားက ေရးသားထားၾကသည္။