မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်ဖြင့် ခြိမ်းခြောက်မှုများကို တုံ့ပြန်မည့်ဌာနတစ်ခု ဖွင့်လှစ်မည်ဟု တောင်ကိုရီးယားစစ်ဖက်ဆို

 508

Pika (NP News) - ဇန်နဝါရီ ၃

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက်နှင့် အခြားသောဖျက်အားပြင်းလက်နက်များ WMD ဖြင့် ခြိမ်းခြောက်ခြင်းကို ပြန်လည်တုံ့ပြန်ရန်အတွက် တောင်ကိုရီးယားစစ်တပ်သည် မဟာဗျူဟာမြောက်အစီအစဥ်အသစ်တစ်ခုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ(၂)ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်ရုံး (JCS) သည် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက်များနှင့် ခြိမ်းခြောက်မှုများကိုတုံ့ပြန်မည့် ညွှန်ကြားရေးဦးစီးဌာနတစ်ခုကို တည်ထောင်ရန် စီစဥ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့်သီတင်းပတ်က အာဏာရအလုပ်သမားပါတီအစည်းအဝေးအတွင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် နိုင်ငံ၏ နျူကလီးယားလက်နက်များကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ရန်၊ ခုခံကာကွယ်မှုစွမ်းရည်များမြှင့်တင်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့ပြီးနောက် တောင်ကိုရီးယားဖက်က ယင်းကဲ့သို့လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ညွှန်ကြားရေးဦးစီးဌာနသည် JCS ရုံး၏ လက်အောက်တွင်ရှိမည်ဖြစ်ပြီး နျူကလီးယားနှင့် WMD လက်နက်များတုံ့ပြန်နိုင်ရန် အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါညွှန်ကြားရေးဦးစီးဌာနတွင် သတင်းအချက်အလက်များ၊ စစ်ဆင်ရေးများ၊ တပ်ဖွဲ့များ နှင့် တိုက်ခိုက်ရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ဆောင်ချက်များ ပါဝင်ကြောင်းလည်း သိရသည်။

အဆိုပါညွှန်ကြားရေးဦးစီးဌာနကိုတည်ဆောက်ကာ မြောက်ကိုရီးယား၏နျူကလီးယားလက်နက်နှင့် အခြားသော ဖျက်အားပြင်းလက်နက်များဖြင့်ခြိမ်းခြောက်ခြင်းကို တုံ့ပြန်မည့်စစ်ဆင်ရေးများကို တောင်ကိုရီးယားစစ်တပ်က စတင်ရန် စီစဥ်နေကြောင်းလည်း သိရသည်။

JCS မှ ညွှန်ကြားရေးမှူးအသစ်သည် ကာကွယ်ရေးစနစ်ကို ဖွံ့ဖြိုးတိုးတက်ရန် တောင်ကိုရီးယား၏ ကြိုးပမ်းအားထုတ်မှုများကို ဦးဆောင်မှာဖြစ်ပြီး အာကာသ၊ ဆိုက်ဘာနှင့် လျှပ်စစ်သံလိုက်လှိုင်း domains များတွင် ပေါင်းစပ်စီမံမှုများကို ကြီးကြပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တောင်ကိုရီးယားဗိုလ်ချုပ်ကြီး ပါ့ခ်ဟူဆောင်းက "မြောက်ကိုရီးယားရဲ့နျူကလီးယားလက်နက်နဲ့ ခြိမ်းခြောက်မှုမှန်သမျှကို ချက်ချင်းတုံ့ပြန်မှုအပြင် ရန်သူကို လွှမ်းမိုးနိုင်တဲ့စစ်ရေးစွမ်းရည်တွေကို တိုးမြှင့်နိုင်ဖို့ အမြန်ဆုံးလုပ်ဆောင်သွားမှာပါ" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
ေျမာက္ကိုရီးယား၏ န်ဴကလီးယားလက္နက္ျဖင့္ ၿခိမ္းေျခာက္မႈမ်ားကို တုံ႔ျပန္မည့္ဌာနတစ္ခု ဖြင့္လွစ္မည္ဟု ေတာင္ကိုရီးယားစစ္ဖက္ဆို
Pika (NP News) - ဇန္နဝါရီ ၃

ေျမာက္ကိုရီးယားႏိုင္ငံ၏ န်ဴကလီးယားလက္နက္ႏွင့္ အျခားေသာဖ်က္အားျပင္းလက္နက္မ်ား WMD ျဖင့္ ၿခိမ္းေျခာက္ျခင္းကို ျပန္လည္တုံ႔ျပန္ရန္အတြက္ ေတာင္ကိုရီးယားစစ္တပ္သည္ မဟာဗ်ဴဟာေျမာက္အစီအစဥ္အသစ္တစ္ခုကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ဇန္နဝါရီ(၂)ရက္တြင္ ေျပာၾကားခဲ့သည္။

ေတာင္ကိုရီးယားပူးတြဲစစ္ဦးစီးခ်ဳပ္႐ုံး (JCS) သည္ ေျမာက္ကိုရီးယားႏိုင္ငံ၏ န်ဴကလီးယားလက္နက္မ်ားႏွင့္ ၿခိမ္းေျခာက္မႈမ်ားကိုတုံ႔ျပန္မည့္ ၫႊန္ၾကားေရးဦးစီးဌာနတစ္ခုကို တည္ေထာင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

ၿပီးခဲ့သည့္သီတင္းပတ္က အာဏာရအလုပ္သမားပါတီအစည္းအေဝးအတြင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းသည္ ႏိုင္ငံ၏ န်ဴကလီးယားလက္နက္မ်ားကို ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေအာင္ျပဳလုပ္ရန္၊ ခုခံကာကြယ္မႈစြမ္းရည္မ်ားျမႇင့္တင္ရန္ လိုအပ္ေၾကာင္း ေျပာဆိုခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားဖက္က ယင္းကဲ့သို႔လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။ အဆိုပါ ၫႊန္ၾကားေရးဦးစီးဌာနသည္ JCS ႐ုံး၏ လက္ေအာက္တြင္ရွိမည္ျဖစ္ၿပီး န်ဴကလီးယားႏွင့္ WMD လက္နက္မ်ားတုံ႔ျပန္ႏိုင္ရန္ အဓိကထားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါၫႊန္ၾကားေရးဦးစီးဌာနတြင္ သတင္းအခ်က္အလက္မ်ား၊ စစ္ဆင္ေရးမ်ား၊ တပ္ဖြဲ႕မ်ား ႏွင့္ တိုက္ခိုက္ေရးဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာလုပ္ေဆာင္ခ်က္မ်ား ပါဝင္ေၾကာင္းလည္း သိရသည္။

အဆိုပါၫႊန္ၾကားေရးဦးစီးဌာနကိုတည္ေဆာက္ကာ ေျမာက္ကိုရီးယား၏န်ဴကလီးယားလက္နက္ႏွင့္ အျခားေသာ ဖ်က္အားျပင္းလက္နက္မ်ားျဖင့္ၿခိမ္းေျခာက္ျခင္းကို တုံ႔ျပန္မည့္စစ္ဆင္ေရးမ်ားကို ေတာင္ကိုရီးယားစစ္တပ္က စတင္ရန္ စီစဥ္ေနေၾကာင္းလည္း သိရသည္။

JCS မွ ၫႊန္ၾကားေရးမႉးအသစ္သည္ ကာကြယ္ေရးစနစ္ကို ဖြံ႕ၿဖိဳးတိုးတက္ရန္ ေတာင္ကိုရီးယား၏ ႀကိဳးပမ္းအားထုတ္မႈမ်ားကို ဦးေဆာင္မွာျဖစ္ၿပီး အာကာသ၊ ဆိုက္ဘာႏွင့္ လွ်ပ္စစ္သံလိုက္လႈိင္း domains မ်ားတြင္ ေပါင္းစပ္စီမံမႈမ်ားကို ႀကီးၾကပ္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ ေတာင္ကိုရီးယားဗိုလ္ခ်ဳပ္ႀကီး ပါ့ခ္ဟူေဆာင္းက "ေျမာက္ကိုရီးယားရဲ႕န်ဴကလီးယားလက္နက္နဲ႔ ၿခိမ္းေျခာက္မႈမွန္သမွ်ကို ခ်က္ခ်င္းတုံ႔ျပန္မႈအျပင္ ရန္သူကို လႊမ္းမိုးႏိုင္တဲ့စစ္ေရးစြမ္းရည္ေတြကို တိုးျမႇင့္ႏိုင္ဖို႔ အျမန္ဆုံးလုပ္ေဆာင္သြားမွာပါ" ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.