ပေါက်မြို့တွင် “ဒလန်”ဟုစွပ်စွဲ၍ ကြိုးတုပ်ခေါ်သွားစဉ် ထွက်ပြေးခဲ့သည့် အမျိုးသားသေနတ်ဖြင့် ပစ်ခတ်ခံရ

 2927

NP News - ဇန်နဝါရီ ၃

မကွေးတိုင်း၊ ပေါက်မြို့တွင် အမျိုးသားတစ်ဦးအား “ဒလန်” ဟုစွပ်စွဲ၍ နေအိမ်မှကြိုးတုပ်ခေါ်ဆောင်သွားစဉ် ထွက်ပြေးခဲ့ရာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်၊ ည(၁၁)နာရီခွဲအချိန်ခန့်တွင် ပေါက်မြို့၊ အိုင့်ကိုင်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ အိုင့်ကိုင်းကျေးရွာတွင် နေထိုင်သူ ဦးနိုင်လင်း(၅၃)နှစ်သည် နေ အိမ်၌ရှိနေစဉ် ယက္ခဦးဆောင်သည့် အကြမ်းဖက်အင်အား(၂ဝ)ခန့် ရောက်ရှိလာပြီး ၎င်းအား “ဒလန်”ဟုစွပ်စွဲ၍ ကြိုးများဖြင့်တုပ်နှောင်ကာ နေအိမ်အပြင်သို့ ဆွဲထုတ်ခေါ်လာခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

ထိုသို့ နေအိမ်အပြင်သို့ ခေါ်လာစဉ် ဦးနိုင်လင်းမှာ ထွက်ပြေးခဲ့ရာ အကြမ်းဖက်များက ၎င်းအား သေနတ်များဖြင့် လိုက်လံပစ်ခတ်ခဲ့သဖြင့် နောက်ကျောမှ ရင်ဘတ်သို့ ကျည်ဖောက်ထွက်ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် ပေါက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ ဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် အကြမ်းဖက်များသည် အိုင့်ကိုင်းကျေးရွာတွင် နေထိုင်သည့် ဦးရဲမောင် (၇၂)နှစ်နှင့် ဒေါ်စန်းမြင့်ကြည်(၄၇)နှစ်တို့(၂)ဦးအား ဖမ်းဆီးကာ ချိုင်ဇောက်- မြို့ခင်းသာ- ညောင်ဝန်းပေါက်- မုံကုန်း- အိုင့်ကိုင်းလမ်းအတိုင်း ခေါ်ဆောင်၍ပြန် လည်ထွက်ခွာသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

zawgyi version
ေပါက္ၿမိဳ႕တြင္ “ဒလန္”ဟုစြပ္စြဲ၍ ႀကိဳးတုပ္ေခၚသြားစဥ္ ထြက္ေျပးခဲ့သည့္ အမ်ိဳးသားေသနတ္ျဖင့္ ပစ္ခတ္ခံရ
NP News - ဇန္နဝါရီ ၃

မေကြးတိုင္း၊ ေပါက္ၿမိဳ႕တြင္ အမ်ိဳးသားတစ္ဦးအား “ဒလန္” ဟုစြပ္စြဲ၍ ေနအိမ္မွႀကိဳးတုပ္ေခၚေဆာင္သြားစဥ္ ထြက္ေျပးခဲ့ရာ ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁)ရက္၊ ည(၁၁)နာရီခြဲအခ်ိန္ခန႔္တြင္ ေပါက္ၿမိဳ႕၊ အိုင့္ကိုင္းေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္မွာ အိုင့္ကိုင္းေက်း႐ြာတြင္ ေနထိုင္သူ ဦးႏိုင္လင္း(၅၃)ႏွစ္သည္ ေန အိမ္၌ရွိေနစဥ္ ယကၡဦးေဆာင္သည့္ အၾကမ္းဖက္အင္အား(၂ဝ)ခန႔္ ေရာက္ရွိလာၿပီး ၎အား “ဒလန္”ဟုစြပ္စြဲ၍ ႀကိဳးမ်ားျဖင့္တုပ္ေႏွာင္ကာ ေနအိမ္အျပင္သို႔ ဆြဲထုတ္ေခၚလာခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

ထိုသို႔ ေနအိမ္အျပင္သို႔ ေခၚလာစဥ္ ဦးႏိုင္လင္းမွာ ထြက္ေျပးခဲ့ရာ အၾကမ္းဖက္မ်ားက ၎အား ေသနတ္မ်ားျဖင့္ လိုက္လံပစ္ခတ္ခဲ့သျဖင့္ ေနာက္ေက်ာမွ ရင္ဘတ္သို႔ က်ည္ေဖာက္ထြက္ဒဏ္ရာ ရရွိခဲ့ျခင္းေၾကာင့္ ေပါက္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ ေဆာင္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ အၾကမ္းဖက္မ်ားသည္ အိုင့္ကိုင္းေက်း႐ြာတြင္ ေနထိုင္သည့္ ဦးရဲေမာင္ (၇၂)ႏွစ္ႏွင့္ ေဒၚစန္းျမင့္ၾကည္(၄၇)ႏွစ္တို႔(၂)ဦးအား ဖမ္းဆီးကာ ခ်ိဳင္ေဇာက္- ၿမိဳ႕ခင္းသာ- ေညာင္ဝန္းေပါက္- မုံကုန္း- အိုင့္ကိုင္းလမ္းအတိုင္း ေခၚေဆာင္၍ျပန္ လည္ထြက္ခြာသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

Related news

© 2021. All rights reserved.