“PDF တွေ ဒီနေ့ ချက်ချင်း လက်နက်ချ” - တွေ့ဆုံမေးမြန်းခန်း
9899
မေးမြန်း - ကျော်မျိုးမင်း၊ ရေးသား - ယွန်း
နစက အနေဖြင့် ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် သက်တမ်း(၂) နှစ် ပြည့်တော့မည်ဖြစ်ပြီး၊ ယင်းအချိန်မှစ၍ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အခန်းကဏ္ဍ သည် ဘယ်လိုရှေ့ဆက်မလဲ နှင့် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များအကြောင်း” ခေါင်းစဥ်ဖြင့် ပြည်ထောင်စုဝန်ကြီးဟောင်းဖြစ်သူ ဦးမောင်မြင့် (အလုပ်သမားဝ န်ကြီးနှင့် စက်မှုဝန်ကြီး) နှင့် NP News ၏ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်း တို့မှ ဆွေးနွေးသုံးသပ်ထားသည်။
မေးမြန်းသူ - အန်ကယ်ဦးမောင်မြင့် မင်္ဂလာပါခင်ဗျာ။
ဖြေကြားသူ- မင်္ဂလာပါ။
ကျွန်တော်တို့ အခုဆွေးနွေးမယ့်အကြောင်းအရာကတော့ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များပေါ့။ ဒါက ဘာလဲဆိုတော့ ၂ဝ၂၁ နိုင်ငံရေး အခင်းအကျင်းနဲ့အတူ နိုင်ငံတော်အာဏာကိုရယူထားတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပေါ့။ သူတို့ရဲ့သက်တမ်းဟာ ဖေဖော်ဝါရီ(၁)ရက်နေ့ဆိုရင် ပြည့် ပြီလို့ပြောလို့ရသလို၊ ဇန်နဝါရီ(၃၁)ရက်နေ့လို့လည်း ပြောလို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မကြာခင်မှာ ပြည့်တော့မှာ ဖြစ်တယ်။ ပြည့်တော့မယ့်ကာလမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူရဲ့အဖွဲ့ဟာ ဘာတွေဆက်လုပ်သွားနိုင်ခြေရှိသလဲ။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာက အများ ပြည်သူ စိတ်ဝင်စားမယ်ထင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ လေ့လာသုံးသပ်သူလည်းဖြစ်တယ်၊ ကိုယ်တိုင်လည်း အစိုးရအဖွဲ့မှာ ထည့်ထည့်ဝင်ဝင် ပါဝင်ခဲ့ဖူးတဲ့သူလည်းဖြစ်တယ်၊ နိုင်ငံရေးသမားလည်းဖြစ်တယ်၊ လွှတ်တော် အမတ်ဟောင်းလည်းဖြစ်တဲ့ အန်ကယ်ဦးမောင်မြင့်ကို ဖိတ်ခေါ်ထားပါတယ်။ အန်ကယ်ဦးမောင်မြင့်နဲ့ ကျွန်တော် ကျော်မျိုးမင်းတို့က ဆွေးနွေးသွားမှာဖြစ်ပါတယ်။
မေး ။ ။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သူရဲ့သက်တမ်းဟာ လာမယ့် ဇန်နဝါရီလ (၃၁)ရက်နေ့ ည (သို့မဟုတ်) ဖေဖော်ဝါရီ(၁)ရက်နေ့ဆိုရင် ပြီးပြီပေါ့နော်။ ဆိုတော့ ဘာဆက်ဖြစ်နိုင်ခြေရှိသလဲ ဆိုတာကို လူတွေက စိတ်ဝင်စားတယ်။ အန်ကယ့်အနေနဲ့ဆိုရင် ဘယ်ကနေစပြောချင်လဲခင်ဗျ။
ဖြေ။ ။ ဒီဟာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ ကျွန်တော်တို့က အဓိက ကိုင်တွယ်ရမှာပေါ့လေ။ အဲဒီတာ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ အချိန်အများကြီးယူပြီးတော့မှ ကျွန်တော်တို့ရေးခဲ့တယ်။ အချိန်အများကြီးယူပြီး ရေးခဲ့တယ်ဆိုတာ (၁၉၉၃) ကနေ (၁၉၉၆) အထိ ရေးတယ်။ အဲဒီအချိန်မှာ မက်ဒလင်း အောဘရိုက် ကနေလာပြီး တဲ့အချိန်မှာပဲ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေက ခန်းမထဲကနေ ထွက်သွားကြတဲ့အခါကျတော့ အမျိုးသားညီလာခံက ရပ်သွားတာပေါ့။ ရပ်သွားတော့ အစိုးရကလည်း ဘာလုပ်လို့လုပ်ရမှန်းမသိဘဲနဲ့ အချိန်တွေ အများကြီး ပုပ်သွားတာပေါ့။ နောက်ပိုင်းကျတော့မှ Road map 7 step ဆိုတာကို ကျွန်တော်တို့က ချမှတ်လိုက် တယ်။ ချမှတ်လိုက်ပြီးတော့မှ အဲဒီကျိုက္ကစံမှာလုပ်တဲ့ အမျိုးသားညီလာခံက ချမှတ်ထားတဲ့အတိုင်း အခြေခံမူတွေ ကိုဆက်ပြီးတော့မှ ကျွန်တော်တို့က အသုံးချပြီးတော့မှ ညောင်နှစ်ပင်မှာပဲ ဖွဲ့စည်းပုံအခြခံဥပဒေကြီးကို ရေးဆွဲတာ ပေါ့နော်။ အချိန်အားဖြင့် အများကြီးကျွန်တော်တို့ ယူရပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ အချိန်ယူရေးမလဲ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ လစ်ဟာကွက်တွေ မရှိဘူးလားဆိုတော့ ရှိသင့်သလောက်တော့ ရှိနေမှာပဲ။ ဒါကြောင့် မို့လို့လဲ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂ဝ၁၆၊ ၂ဝ၂ဝ လွှတ်တော်ကာလမှာတုန်းက ဒါတွေကို လွှတ်တော်ကိုယ်စားလှယ် တွေက ပြင်ဖို့၊ ပြုဖို့ဆိုပြီးတော့ ကျွန်တော်တို့ အများကြီးဆွေးနွေးခဲ့ကြဖူးပါတယ်။ အဲဒီတော့ ပြင်လို့ လွယ်လွယ် ကူကူ ရကောင်းတဲ့ဟာရှိတယ်။ ၇၅ ရာခိုင်နှုန်းအထက်ကိုရမှ ပြင်ရမယ့်ဟာတွေလည်း ရှိတယ်။ ပြီးလို့ရှိရင် ဆန္ဒခံ ယူပွဲ ပြန်လုပ်ပြီးတော့မှ ပြင်ရမယ့်ဟာတွေလည်း ရှိပါတယ်။ သို့သော် ဘာပဲပြောပြော ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ကြီးကတော့ အခုချိန်မှာကျမှ ကျွန်တော် မကြိုက်ဘူး။ ကျွန်မ မကြိုက်ဘူးပြောပေမယ့်လည်း အဲဒီအချိန်တုန်းက မဲပေးခွင့် ရှိတဲ့လူတွေရဲ့ (၉၂ ဒသမ ၄၈) ရာခိုင်နှုန်းက ထောက်ခံပေးခဲ့လို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတဲ့ စာအုပ်ကြီးက အတည်ဖြစ်ခဲ့တာဆိုတဲ့အခါကျတော့ ကျွန်တော်တို့ လက်ရှိတော့ ဒါကိုပဲ Apply လုပ်နေကြတာပေါ့ လေ။ အဲဒီတော့ စောစောက ကိုကျော်နု မေးသွားတဲ့မေးခွန်းပေါ့ ကျွန်တော်တို့တကယ်တမ်းပြောရမယ်ဆိုလို့ ရှိရင် တော့ ဒီအစိုးရ နစကအစိုးရ တက်လာတာက ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ပေါ့လေ ဒါဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၄၁၇) အရပဲ။ အဲဒီ (၄၁၇)မှာ ပြဋ္ဌာန်းထားတဲ့အာဏာကို အဓမ္မနည်းနဲ့ ရယူရန် ဆောင်ရွက်ခြင်း၊ ကြိုးပမ်း အားထုတ်ခြင်းကြောင့် ဒီဟာပေါ်မှာ ကျွန်တော်တို့က အသုံးမပြုခင်မှာပဲ ကျွန်တော်တို့က အရေးပေါ် အခြေအနေ ကြေညာပြီးတော့မှ တပ်မတော်က ဒါကာလုံခေါ်ပြီးတော့မှ ကာလုံရဲ့အမိန့်အရပဲ ကျွန်တော်တို့က နိုင်ငံတော် အာဏာကို ရယူတဲ့အနေအထားဖြစ်ပါတယ်။ သို့သော် အဲဒီမှာ သူရဲ့အကန့်အသတ်တွေကတော့ ပထမ တစ်နှစ် လုပ်ရမယ် တစ်နှစ်လုပ်ပြီးလို့ လုံလောက်မှုမရှိသေးဘူးဆိုရင် ကာလုံကိုပဲပြန်တင်ပြ နောက်ထပ်(၆)လ တစ်ကြိမ် တိုးခွင့်ရှိတယ်။ မရသေးဘူးဆိုလို့ရှိရင် နောက်ထပ် (၆)လတစ်ကြိမ် တိုးခွင့်ရှိတယ်ဆိုတာ ဒါနှစ်ကြိမ်ပဲ တိုးခွင့်ရှိမယ် ဆိုတဲ့အနေအထားမျိုး ဖြစ်ပါတယ်ဗျ။ နှစ်ကြိမ်ပဲတိုးခွင့်ရှိတဲ့အခါကျတော့ နှစ်ကြိမ်တိုးပြီးလို့ရှိရင် ဘာလုပ်မလဲဆို တာ ကိုကျော်နု မေးတဲ့မေးခွန်းပါပဲ။ နှစ်ကြိမ်ကလည်း လာမယ့် ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့ဆိုရင် ပြည့် မြောက်သွားတာပေါ့လေ။ ပြည့်သွားပြီဆိုတော့ ဒါကို နစကအစိုးရအနေနဲ့ ဘာလုပ်မယ်ဆိုတာကို ကိုကျော်နု ကတော့ ကျွန်တော့်ကို ဆွေးနွေးစေချင်တဲ့အတွက် တင်ပြတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုံမှန်အားဖြင့်ဆို ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၄၂၅) မှာတော့ “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စု လွှတ်တော်သက်တမ်းကုန်ဆုံးသွားချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်းမပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလတိုးမြှင့်ပေးရန် အကျိုး အကြောင်းဖော်ပြလျက် တင်ပြလာပါက သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင် သည်” ဆိုပြီး ဒီလိုပါတယ်။ အဲဒီတော့ ဒီနေရာမှာ သူက နှစ်ကြိမ်တိုးလို့ရတာက သာမန်အားဖြင့်ဆိုရင် နှစ်ကြိမ်တိုး လို့ရတယ်။ သာမန်အားဖြင့်ပေါ့။ ဒါပေမယ့် အဲဒီနှစ်ကြိမ်တိုးပြီးလို့ (၂) နှစ်ပြည့်တဲ့အချိန်ထိ တိုင်းပြည်ကလည်း မငြိမ်မသက်ဖြစ်နေတယ်။ PDF တွေကလည်း နေရာအနှံ့အပြားမှာ ဒီလိုပဲဆူပူသောင်းကျန်းမှုတွေ လုပ်နေတယ်ဆို ရင် ဒါဆိုလို့ရှိရင် သာမန်ထက်ပိုဆိုးသွားပြီပေါ့။ သာမန်ထက်ပိုများသွားလို့ရှိရင် ဘာလုပ်ရမလဲဆိုတာကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တိတိပပပြဋ္ဌာန်းမထားဘူး။ ဒါပေမယ့် ရေးထားတာက သာမန်အားဖြင့် သာမန်အားဖြင့်ဆိုတော့ ဒီမှာရေးထားတာက Normally permit two extenstion of the prescribed duration for a term of six months for each extension. သာမန်အားဖြင့်ကတော့ ဟုတ်တယ်။ ဒါပေမယ့် သာမန်(၆) နှစ်ခါ တိုးလို့ရတယ်ဆိုလို့ရှိရင် အထူးဆိုရင်ကောဆိုတာ မေးခွန်းထုတ်စရာရှိလာတယ်။ ဒါကတော့ ကျွန်တော်တို့က ဥပဒေပညာရှင်လည်း မဟုတ် ဘူး။ ဖွဲ့စည်းပုံအခြေခုံရုံးလည်း မဟုတ်တဲ့အခါကျတော့ ဒါလေးကတော့ ကျွန်တော်တို့ပြည်သူလူထုရော၊ သက်ဆိုင်ရာပါဝင်ပတ်သက်တဲ့သူတွေရော စဉ်းစားမယ့်ဟာဖြစ်ပါတယ်။ သာမန်အားဖြင့် တစ်ကြိမ်လျှင် (၆)အထိ နှစ်ကြိမ်တိုးပေးခွင့်ရှိသည်ဆိုတာ ဒါလေးကျွန်တော်တို့ စဉ်းစားရမယ့်အနေအထားဖြစ်ပါတယ်။ အဲဒီတော့ သို့သော် (၄၂၅) ကို ကျွန်တော်တို့က သာမန်အားဖြင့် နှစ်ကြိမ်ပဲ တိုးမယ်၊ နှစ်ကြိမ်ပဲ တိုးပြီးတော့မှ ကဲ…ဒါဆိုလို့ရှိရင်တော့ နှစ်ကြိမ်တိုးပြီးပြီဆိုလို့ရှိရင် နစကအနေနဲ့ ပထမ (၆)လ၊ (၆)လ နှစ်ခါလုပ်သလိုပဲ အစီရင်ခံစာတော့ တင်ရမှာပေါ့။ အစီရင်ခံစာတင်ရမယ်ဆိုတဲ့အခါကျတော့ ဒီအစီရင်ခံစာကို ကျွန်တော်တို့က ကာလုံကို တင်ပြရမယ်။ ကာလုံက အဲဒီအချိန်မှာ Acting သမ္မတလုပ်နေတဲ့ ဦးမြင့်ဆွေက chairman ပေါ့ဗျာ။ ဆိုတော့ အဲဒီလိုလုပ်တယ်ဆိုရင်တော့ ပုဒ်မ (၄၂၆) အရ ယာယီသမ္မတဖြစ်တဲ့ ဦးမြင့်ဆွေ ကနေပြီးတော့မှ စောစောက ကျွန်တော်တို့ ပုဒ်မ(၄၁၈) အရ နစက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို လွှဲအပ်ထားတဲ့အာဏာကို သူက ပယ်ဖျက်ကြောင်း ရုတ်သိမ်းလို့ရပါ တယ်။ ဒါကတော့ ပုဒ်မ(၄၂၆) အရ။ ကျွန်တော် ပြောခဲ့ပြီးပြီလေ ပထမဆုံးကတော့ (၄၂၅)ပဲ၊ (၄၂၅)က သာမန်အား ဖြင့် နှစ်ကြိမ်ပဲတိုးခွင့်ရှိတယ်။ ဒါပေမယ့် သာမန်ထက်ထူးလို့ နှစ်ကြိမ်ထက်ပိုတိုးချင်တယ်ဆိုလို့ရှိရင် ဘာဖြစ်မလဲ ဆိုတာ ဒါကတော့ ကျွန်တော်တို့ မဝေခွဲတတ်ဘူး။ သို့သော် သာမန်လိုပဲ နှစ်ကြိမ်တိုးပြီးတဲ့ အခါမှာတော့ဖြင့် နစက ဥက္ကဋ္ဌက သူရဲ့အစီရင်ခံစာကို ကာလုံကို တင်ပြမယ်ဆိုရင် ကာလုံသဘာပတိဖြစ်တဲ့ သမ္မတ ကနေပြီးတော့မှ တပ်ချုပ်ကို လွှဲထားတဲ့အာဏာကို သူကအမိန့်ကို ပယ်ဖျက်ကြောင်းဆိုပြီး ပြောလို့ရတယ်။ ပြောပြီးတဲ့အခါကျတော့ မှ အဲဒီအချိန်မှာ နိုင်ငံတော်မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုတာကြီးက အကြီးဆုံးအဖွဲ့အစည်း အနေနဲ့ ရှိနေပါတယ်။ အာဏာအကြီးဆုံးအဖွဲ့အစည်းအနေနဲ့ ရှိနေမှာ။ အဲဒီအခါကျတော့မှ အမျိုးသားကာကွယ် ရေး နဲ့ လုံခြုံရေးကောင်စီအနေနဲ့က (၄၂၇/ခ) အရ သူက လုပ်လို့ရတယ်။ (ခ) အရက ဘာလဲဆိုရင် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဥက္ကဋ္ဌလုပ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ကနေပြီးတော့မှ အမျိုးသားလုံခြုံရေး ကောင်စီရဲ့ ဒါဆုံးဖြတ်ချက်နဲ့ပေါ့ဗျာ သူတစ်ယောက်ထဲ ဆုံးဖြတ်တာ မဟုတ်ဘူးပေါ့။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်နဲ့ပဲ သူက ဥပဒေပြုရေးကိုတော့ ကာလုံက ကိုင်ထားတယ်။ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကိုတော့ သူကြိုက်တဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်ကို သူက ပြည်ထောင်စုအဆင့်မှာရော၊ ပြည်နယ်နဲ့ တိုင်းအဆင့်မှာရော သူက ခန့်အပ်လို့ရတယ်။ ဒါက (၄၂၇/ခ) အရ ခန့်အပ်လို့ ရတယ်ဆိုတာကို ဒါကိုပြောတာ။ အဲဒီတော့ ဒါပေမယ့် အဲဒီမှာ ပုဒ်မ(၄၂၈)ပေါ့၊ (၄၂၈) ကျတော့လည်း စောစောက ပြောသလိုပေါ့လေ ဒါကတော့ (၄၂၇/ခ) နဲ့ သဘောသဘာဝ သိပ်မကွာပါဘူး။ သူကတော့ ဘာလဲဆိုရင်တော့ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းတို့၊ ရွေးကောက်ပွဲကော်မရှင်တို့ ဒါတွေကို ခန့်ခွင့်ရှိတယ်ဆိုတာပါ ခန့်တာပဲ။ သူက ခန့်ခွင့်ရှိတယ်။ (၄၂၉) ကျတော့ ဘာလဲဆိုရင်တော့ ကာလုံပေါ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက စောစောက ကျွန်တော်တို့ (၄၂၆) အရ ပုဒ်မ(၄၂၈)အရ ခန့်အပ်ထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို “ခင်ဗျားကို အပ်ထားတဲ့အာဏာကို ပြန်ရုတ်သိမ်းလိုက်ပြီ” လို့ ပြောတဲ့အချိန်ကစပြီး (၆)လကြာတဲ့အချိန်မှာ ရွေးကောက်ပွဲကို လုပ်ပေးရမယ်လို့ သူက ဒီလိုပါ ပါတယ်။ ဒါက(၄၂၉) ပေါ့။ ဒါပေမယ့် (၄၃ဝ) မှာ ဘာပြန်ပါလဲဆိုတော့ (၄၃ဝ) မှာကျတော့ ပုဒ်မ(၄၂၈) အရ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေဟာ အဲဒါကတော့ ရွေးကောက်ပွဲကော်မရှင်တွေလည်း ပါတာပေါ့ဗျာ။ အဲဒီအဖွဲ့ အစည်းတွေက ရွေးကောက်ပွဲကို ကျင်းပပြီးတော့မှ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ကျင်းပပေးတဲ့အစိုးရကို ဖွဲ့စည်း ပြီးတဲ့အချိန်အထိ လုပ်ငန်းတာဝန်ကို ဆက်လက်ဆောင်ရွက်ရမယ်ဆိုတာ ကာလုံသည် အဲဒီအစိုးရအဖွဲ့ ဖွဲ့စည်းတဲ့ အချိန်အထိ ကာလုံက တာဝန်ရှိပါတယ်။ ကာလုံကတော့ ဥပဒေပြုရေးလုပ်နိုင်မယ်။ ကာလုံက လွှဲအပ်ထားတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကတော့ဖြင့် တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးကို လုပ်နိုင်ပါတယ်။ နောက်ဆုံး (၄၃၁) ကျ တော့မှ အဲဒါတွေကို ဆောင်ရွက်တဲ့အခါမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအနေနဲ့ သမ္မတအနေနဲ့ ဆောင်ရွက်ရမယ်ဆိုတာ ပါပါတယ်။ ဒါကတော့ ဦးမြင့်ဆွေက လက်ရှိ သမ္မတ၊ ယာယီသမ္မတ ပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေအာလုံးက စောစောက ကျွန်တော်ပြောခဲ့တာတွေအားလုံးကိုခြုံပြီး ပြောရမယ်ဆိုရင် သူ့ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ သာမန်အားဖြင့်က (၁)နှစ်၊ (၆)လ၊ (၆)လ ဒါ သာမန်အားဖြင့်ပဲ။ ဒါပေမယ့် သာမန်ထက်ပိုထူးပြီးတော့မှ မငြိမ်သက်တဲ့အနေအထားကလည်း ဒါတကယ့် actual ground မှာ တကယ်ဖြစ်နေ တာ။ တကယ်ဖြစ်နေတဲ့အခါကျတော့ သာမန်နဲ့မို့လို့ မရပါဘူးလို့ ပြောလို့ရှိရင်လည်း ကာလုံက စဉ်းစားရမယ့်၊ လက်ခံရမယ့်အနေအထားတော့လည်းဖြစ်နေပြီလို့ ကျွန်တော် ဒီလိုပဲသုံးသပ်ပါတယ်။ သို့သော် အဲဒါကိုပဲ လက်ရှိ တာဝန်ယူနေတဲ့ တာဝန်ခံလူကြီးကနေပြီးတော့မှ အစီရင်ခံစာမှာ ကာလုံဥက္ကဋ္ဌကိုပဲ ဒါတွေအားလုံးလွှဲအပ်ပါတယ် ဆိုရင် ကာလုံဥက္ကဋ္ဌက ဒါဆိုရင်တော့ (၄၂၈) အရ ခင်ဗျားတို့ ပေးအပ်ထားတဲ့တာဝန်ကို ကျွန်တော်ရုတ်သိမ်းလိုက်ပြီ ဆိုပြီးတော့ သူကြိုက်တဲ့သူကို၊ သူကြိုက်တဲ့အဖွဲ့အစည်းကို ခန့်လိုက်လို့ရတယ်။ နောက်ပုဒ်မတစ်ခုအရလည်း ရွေးကောက်ပွဲကော်မရှင်ကိုလည်း ခန့်လို့ရတယ်။ ပြီးတော့မှ အဲဒီလူထဲကမှ တစ်ဆင့်ရွေးကောက်ပွဲကို လုပ်ပေး မယ်။ ရွေးကောက်ပွဲလုပ်ပေးပြီးတော့မှ အစိုးရအဖွဲ့တက်တဲ့အချိန်အထိ ကာလုံက တာဝန်အရှိဆုံးပဲ။ ပြီးလို့ရှိရင် အစိုးရအဖွဲ့တွေက ဆက်သွားမှာပေါ့ဗျာ။ ဒီအနေအထားကတော့ အဲဒါလေးပါပဲ။ အဲဒီတော့ သာမန်အားဖြင့် ပြောမယ်ဆိုလို့ရှိရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့ (၄၃ဝ) ဆိုတာကို ကျွန်တော်တို့က နည်းနည်းလေး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးလောက်ကပဲ သတ်မှတ်ပြီး လုပ်မှပဲရပါလိမ့်မယ်။ ကျွန်တော်တို့အဆင့်ကကျတော့ ကျွန်တော်တို့က ဥပဒေပညာရှင်လည်း မဟုတ်ဘူး။ ဒီဟာနဲ့ပတ်သက်ပြီး အတွေ့အကြုံလည်း နည်းပါတယ်။ သို့သော် ဘာပဲပြောပြော ရွေးကောက်ပွဲတကယ်ဖြစ်ချင်သလား ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ Peaceful and success election ဖြစ်ချင်သလား၊ ဖြစ်ချင်ရင် PDF တွေ ဒီနေ့ လက်နက်ချ၊ ဖြစ်ကို ဖြစ်တယ်။ PDF တွေက လက်နက်မချဘူး၊ PDF တွေက လက်နက်အားကိုးနဲ့ပဲ နေရာတကာ အနိုင်ကျင့်မယ် သူတို့ရဲ့လက်နက်တွေနဲ့ပဲ ရွေးကောက်ပွဲ result ပြုပြင်ပြောင်းလဲအောင်လုပ်မယ်ဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲက မဖြစ်နိုင်ဘူး။ ဒါကျွန်တော့်တစ်ယောက်ထဲ အမြင်ကိုပြောတာပေါ့။ ဖြစ်ဦးတော့ အဲဒီဟာသည် အောင်မြင်တဲ့ ရွေးကောက်ပွဲ မဖြစ် နိုင်ဘူး။ ပြီးတော့လည်း Free and Fair election မဖြစ်နိုင်ဘူး။ အဲဒီတော့ သေနတ်ပြောင်းဝက ဆုံးဖြတ်ပေးတဲ့ result ပဲဖြစ်လိမ့်မယ်။ သေနတ်ပြောင်းဝဆိုတာက တပ်မတော်ရဲ့ သေနတ်ပြောင်းဝကို ပြောတာမဟုတ်ဘူး။ PDF တွေရဲ့သေနတ်ပြောင်းဝက ဆုံးဖြတ်ပေးတဲ့ result ပဲဖြစ်လိမ့်မယ်။ ဒါဆိုရင်တော့လည်း ကျွန်တော်တို့ရဲ့ ဒီမိုကရေစီက ဒီမိုကရေစီအတုယောင်ကြီးဖြစ်သွားမှာပေါ့။ အဲဒါကြောင့်မို့ လို့ သေနတ်ပြောင်းဝက ဆုံးဖြတ်ပေးတဲ့ ဒီမိုကရေစီဆိုရင်တော့ ရေရှည်မှာတည်မြဲစရာ အကြောင်းလည်းမရှိဘူး။ ဒါကြောင့် PDF တွေ မင်းတို့လုပ်နေတာ ကတော့ဖြင့် နိုင်ငံတော်ကသွားနေတဲ့ ဒီမိုကရေစီမဖြစ်မနေဖြတ်သန်းရမယ့် ဂိတ်တံခါးဖြစ်တဲ့ ဒီရွေးကောက်ပွဲဆို တာကြီးကို မင်းတို့ဖြတ်ဖို့ကြိုးစားတယ်ဆိုလို့ရှိရင် ဒါမင်းတို့မှားနေပြီ။ ရွေးကောက်ပွဲကို မသွားဘဲနဲ့လည်း တကယ်တမ်း credibility ဖြစ်တဲ့ legitimacy ရှိတဲ့ အစိုးရဆိုတာမဖြစ်နိုင်ဘူး။ ဒါမှန်တယ်။ ဒါပေမယ့် အဲဒီလို မဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ ဆက်ပြီးတော့မှ မင်းတို့က ပုန်ကန်ခြားနား တော်လှန်တိုက်ခိုက် သတ်ဖြတ် ဒါတွေ လုပ်နေမယ်ဆိုလို့ရှိရင် အစိုးရက ဒီလိုပဲနှိမ်နင်းနေမှာပဲ။ ရွေးကောက်ပွဲကလည်း ဖြစ်ချင်လည်းဖြစ်မယ်။ မဖြစ်ချင် လည်းမဖြစ်ဘူး။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ PDF တွေကိုပေးချင်တဲ့ Message ကတော့၊ NUG ကိုပေးချင်တဲ့ Message ကတော့ ခင်ဗျားတို့ ဒီမိုကရေစီကို တကယ်ချစ်တယ်ဆိုရင် အမြန်ဆုံးပြန်လာ၊ ဒီမိုကရေစီကို အမှန်တကယ်မြတ်နိုးတယ်ဆိုရင် အမြန်ဆုံးလက်နက်ချ။ အဲဒီတော့ တရားဝင်ပါတီအနေနဲ့ ဆက်ရှိနေတယ်ဆိုလို့ ရှိရင်လည်း အဲဒီပါတီကိုအကြောင်းပြုပြီး ရွေးကောက်ပွဲကိုဝင် တရားဝင်ပါတီ မဟုတ်တော့ဘူးဆိုရင်လည်း ပါတီ အသစ်ထောင်မယ်ဆိုရင်လည်း ထောင်လို့ရသေးတယ် ရွေးကောက်ပွဲကိုဝင်ပြိုင်ပါ။ ဒါ Free and Fair ဖြစ်ဖို့အတွက် တကယ့်ကို ခင်ဗျားတို့ရဲ့ဆုံးဖြတ်ချက်တွေက သမိုင်းမှာဖျက်လို့မရတဲ့ အမဲစက်ကြီးမဖြစ်အောင် အခုချိန်ထိက မှားတော့မှားတယ်၊ ဖျက်လို့ရနိုင်သေးတယ်။ ဒါပေမယ့် ရှေ့လျှောက်ဆက် မှားနေဦးမယ်ဆိုရင်တော့ ဖျက်လို့မရတဲ့ အမဲစက်ကြီးဖြစ်သွားပြီးတော့မှ သားစဉ်မြေးဆက် တကယ်ပြောလို့မဖြစ်တဲ့ မိုက်မဲမှုကြီးတစ်ခုအနေနဲ့ သမိုင်းတွင် မကျန်ခဲ့ရအောင် အမြင်မှန် အမြန်ဆုံးရကြပါလို့ပဲ ကျွန်တော့်အနေနဲ့ပြောချင်ပါတယ်။
မေး ။ ။ အဲဒီမှာ ကျွန်တော်တို့စိတ်ဝင်စားစရာကောင်းတာ တစ်ခုရှိတယ်ပေါ့။ လွယ်လွယ်ကူကူ ဥပဒေပုဒ်မတွေ ဖယ်ပြီး နားလည်လွယ်အောင်ပြောရရင်တော့ ဒီ ၂ဝ၂၁ နိုင်ငံရေးအခင်းအကျင်းဖြစ်တဲ့အချိန်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ သူနဲ့ သူရဲ့အဖွဲ့ကနေပြီးတော့ အဲဒီအချိန်မှာ ယာယီသမ္မတဖြစ်သွားတဲ့ ဦးမြင့်ဆွေကို သွားတွေ့တယ်။ သွားတွေ့ပြီးတော့ သူတို့က ကာလုံခေါ်ပြီးတော့ ကာလုံနဲ့အတူ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေပြီးတော့ အာဏာကိုရယူလိုက်တယ်။ ပြီးတော့မှ အဲဒီကနေ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းလိုက်တယ်။ ဖွဲ့စည်းလိုက်ပြီးတော့ (၂)နှစ်ကြာတဲ့အခါမှာ သူ့ရဲ့တာဝန်တွေပြီးတာ၊ မပြီးတာ ခဏထားဦးပေါ့နော်။ ပြီးခြင်း၊ မပြီးခြင်း ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့။ အဲဒီတော့ မပြီးသေးဘူးပဲဆိုပါစို့။ မပြီးပေမယ့်လည်း သူက (၂)နှစ်ပြည့်တဲ့အခါမှာ ကာလုံကို ပြန်ခေါ်ပြီးတော့ပဲ ယာယီသမ္မတဦးမြင့်ဆွေကို သူရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ခဏပြန်အပ်တယ်။ အဲဒီအချိန်မှာ ယာယီသမ္မတဦးမြင့်ဆွေက ကာလုံ ကနေမှတစ်ဆင့် ငါ ဘာဆက်လုပ်ရင်ကောင်းမလဲဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေကို သူလှန်မယ်။ လှန်ပြီးတော့မှ အဲဒီထဲကနေ လုပ်လို့ရတာတွေကို ပြန်ပြီးတော့ ဆက်လုပ်မယ်။ လုပ်ရင်းနဲ့ အဲဒီမှာလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဆိုတာကတော့ သေချာပေါက်နာမည်ဟာ ရှိချင်မှလည်း ရှိမယ်၊ မရှိရင်လည်း မရှိဘူးပေါ့။ အသစ်ထပ်ဖွဲ့တာလည်း ဖြစ်နိုင်တယ်။ ဆိုတော့ သဘောတစ်ခုကတော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက နိုင်ငံတော်ရဲ့ အာဏာကို လက်ရှိမှာ သူက ကိုင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ကို သွားသက်ရောက်တယ်။ ဦးမင်းအောင်လှိုင်ဆီမှာ ရှိနေတာတော့ မဟုတ်ဘူး။ သို့သော် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆီမှာ ရှိနေတဲ့ အဓိပ္ပာယ် သက်ရောက်တယ်။ တချို့ကတော့ အဲဒါကို ဥပဒေအရ မမြင်တော့ဘဲနဲ့ ဘယ်လိုမြင်လဲဆိုတော့ တမင်လိုချင်လို့ကို အတင်းအကျပ်ကို လိုချင်လို့ ယူထားတာပဲကွာ ဥပဒေတွေဘာတွေလည်း ဒီကောင်တွေက နားလည်တာ မဟုတ် ဘူး။ ဥပဒေကို လက်တစ်လုံးကြား လုပ်သွားတာပဲကွာ ဘာမှတရားဝင်နေတာ မဟုတ်တာပဲလို့ဆိုတဲ့ ဆန့်ကျင် ဘက် ရှုထောင့်ကနေလည်း မြင်တာတွေရှိတယ်။ အဲဒီတော့ လက်တစ်လုံးကြားလုပ်တယ်ဆိုတဲ့စကားမျိုးကို သုံးတယ်ပေါ့နော်။ လက်တစ်လုံးကြားလုပ်ပြီး အာဏာကိုလိုချင်လို့ကို ယူတာကွာဆိုတဲ့၊ ပြောတဲ့ဟာတွေလည်း ရှိ တယ်။ အဲဒါမျိုးကိုရော ဘယ်လိုပြန်ပြီး ရှင်းပြချင်လဲ။
ဖြေ။ ။ တကယ်တမ်းပြောရမယ်ဆိုရင်တော့ NLD အနေနဲ့က သူတို့ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေကို ဖြေရှင်းလို့ရနိုင်တဲ့အနေအထားကို မရှိတော့ဘူး။ ဖြေရှင်းလို့မရနိုင်လောက်အောင်လည်း သူ့ဟာတွေက ရှုပ်ထွေး သွားပြီ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘယ်လိုပြောလိုက်လဲ၊ ဘယ်လိုလမ်းညွှန်လိုက်လဲတော့ မသိဘူး အောက်ခြေမှာလုပ်တဲ့ဟာတွေကတော့ တကယ့်ကို မျက်ကန်း တစ္ဆေမကြောက် လုပ်သင့်တာတွေရော၊ မလုပ်သင့်တာတွေရော အကုန်လုံးကိုလုပ်တဲ့အခါကျတော့ အဲဒီဟာတွေအားလုံးကို ဒေါ်အောင်ဆန်းစုကြည်လည်း မသိနိုင်တော့ဘူး။ ရှင်းလို့လည်းမရနိုင်တော့ဘူးဆိုတော့ တပ်ဘက်ကရော ကျန်တဲ့ပါတီတွေကရော ဘယ်လောက် ပဲ သတိပေးပေး လွှတ်တော်ခေါ်မယ်၊ အစိုးရဖွဲ့မယ် ဆိုတဲ့ဟာကိုပဲ သူက ဒီဘက်ကပြောသမျှအားလုံးကို လျစ်လျူရှု ပြီး သွားရတဲ့သဘောရှိပါတယ်။ အဲဒီလိုမလုပ်ဘဲ ရှင်းမယ်ဆိုလို့ရှိရင် ဘာဖြစ်မလဲဆိုတော့ ဒါ့ထက်ပိုပြီး အရှက်ကွဲ မှာပေါ့ဗျာ။ အခု နစကအစိုးရကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်တဲ့ NLD တွေက ကျေးဇူးတင်ဖို့ ကောင်းတာက ဘာလဲဆိုလို့ရှိရင် အခုချိန်ထိ မဲမသာမာမှုနဲ့သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက် တကယ်ဘယ်လိုတွေ ဖောက်လွဲ ဖောက်ပြန်ဖြစ်ခဲ့ပါတယ်ဆိုတာကို တိုင်းသိ၊ ပြည်သိ အရမ်းကြီး ချမပြဘူး။ အဲဒါက တော်တော်ကို လူကြီးလူကောင်း ဆန်တဲ့အနေအထားရှိတယ်။ အဲဒီတော့ ကျွန်တော် ဥပမာလေးတစ်ခုပြောပြရလို့ရှိရင် ကျွန်တော်တို့ စစ်ဦးစီးတက္ကသိုလ်သင်တန်းဆိုတာ Staff College ဆိုတာ ကလောမှာ တက်ရတယ်။ စာမေးပွဲကလည်း ခဏခဏ ဖြေရတယ်ဗျ။ စာမေးပွဲဖြေပြီးပြီဆိုလို့ရှိရင် အမှတ်စာရင်းတွေကို စာအိတ်နဲ့ပိတ်ပေးတာ။ လူတစ်ယောက်ချင်းကို စာအိတ်နဲ့ပိတ်ပေးတာ။ ဘယ်သူက ပထမရတယ်ဆိုတာ မသိရဘူး။ ပြီးတော့မှ ဘာသာရပ် တစ်ခုခုမှာ စာမေးပွဲ ကျတယ်ဆိုလို့ရှိရင် ရှေ့က ဆရာက စာသင်နေတဲ့အချိန်မှာ နောက်က ဆရာတစ်ယောက်က အဲဒီဗိုလ်မှူးကြီးကို လက်တို့ပြီးတော့ အသာလေးခေါ်သွားတာ။ ဗိုလ်မှူးကြီးက လိုက်သွားတာပဲ။ လိုက်သွားပြီးတော့ ကျောင်းအုပ်ကြီး ရုံးတို့မှာ တက်ရတာ။ တက်ပြီးတော့မှ သူလည်း မျက်စိမျက်နှာ မကောင်းဘဲပြန်လာတယ်။ ဒါဆိုရင် ရုံးတက်ရတယ် ဆိုတာ ကျွန်တော်တို့က ခန့်မှန်းလို့ရတယ်ပေါ့နော်။ ဒါပေမယ့် သူဘယ်နှစ်မှတ်ရတယ်ဆိုတာကို သူမပြောစေချင်လို့က သိကို မသိရဘူး။ ဒါအင်မတန် လူကြီးလူကောင်းဆန်တဲ့ ကျောင်းကြီးရဲ့ပြုမူ မှုပေါ့နော်။ ကံအားလျော်စွာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အဲဒီကျောင်းမှာ နည်းပြ လုပ်ခဲ့သေးတယ်။ ကျွန်တော် တို့ သင်တန်းတက်တဲ့အချိန်တုန်းက သင်တန်းတစ်ဝက်လောက်မှာ သူက နည်းပြအဖြစ်နဲ့ရောက်ခဲ့တာ။ အဲဒီ Practice လည်း သူရကောင်းရခဲ့ပါလိမ့်မယ်။ ကြည့်ရတာ အခုချိန်ထိသူက Collection ကိစ္စတွေရော၊ ရွေးကောက် ပွဲမဲမသမာတဲ့ကိစ္စတွေရောကို တကယ့်ကို ပျစ်ပျစ်နှစ်နှစ် ဒီလူတွေရဲ့သိက္ခာကျလောက်အောင် တစ်ခါမှ မီဒီယာမှာပဲ ဖြစ်ဖြစ်၊ ပြင်ပမှာပဲဖြစ်ဖြစ် သူက အဲဒီလိုမပြောဖူးဘူး။ ကျွန်တော်သာဆို ပြောမိပါလိမ့်မယ်။ သူက မပြောဘူး။ အင်မတန် လူကြီးလူကောင်းဆန်တယ်။ သိက္ခာရှိရှိနဲ့နေတယ်ပေါ့။ အဲဒီအခါကျတော့ တစ်ဖက်က လူတွေက ဘာဖြစ်လဲဆိုတော့ ငါတို့မမှားဘူး။ တပ်က လိုချင်တာယူတယ်။ ဒါကြောင့်မို့လို့ တပ်က မပြောတာပေါ့။ ကြည့်ပါ လားဆိုတဲ့ ဒီလိုအမြင်မျိုးဖြစ်တာပေါ့လေ။ အမှန်တကယ်က တကယ်တမ်းထုတ်ပြောလိုက်လို့ရှိရင် တော်တော် စောစောစီးစီးထဲက ပွဲပြီးလိမ့်မယ်လို့ ကျွန်တော်တော့ ယူဆတယ်။ ကိုကျော်နု သတိထားမိလား မသိဘူး။ ပြီးခဲ့တဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲမတိုင်ခင်မှာထဲက ဒါရွေးကောက်ပွဲမလုပ်ခင်မှာ စက်တင်ဘာ၊ အောက်တိုဘာလောက်မှာ ကျွန်တော်တို့ မဲဆန္ဒနယ်မြေ အဝေးကြီးသွားရတာ။ ဒါပေမယ့် ကျွန်တော်တို့ မအားမလပ်နဲ့ ရန်ကုန်မှာလာပြီးတော့ မလေးရှားတို့၊ စင်ကာပူတို့၊ ထိုင်းတို့ သံရုံးတွေမှာ သူတို့မဲလိမ်မဲခိုးလုပ်တဲ့ဟာတွေကို ကျွန်တော်တို့ ဖော်ထုတ်တာ။ ဖော်ထုတ်ပြီးတော့ မီဒီယာအားနဲ့ ကျွန်တော်တို့တိုက်တာပေါ့ သူတို့ကို။ မလုပ်ဘူးလားဆိုတော့ လုပ်တာပါပဲ။ လုပ်ပေမယ့် ရှင်းရှင်းပြောရင်ဗျာ အရင်က(၁ဝ)ဖိုး လုပ်မယ့်ဟာက (၂) ကျပ် ဖိုးလောက်ပဲ လုပ်တာပေါ့။ အများကြီး လုပ်လို့ မရတော့ဘူး။ ဟိုဘက်မှာရှိတဲ့ သံအမတ်ကြီးတွေလည်း နည်းနည်း ကျွန်တော်တို့ပြောတဲ့ဟာတွေ ကြား တာပေါ့။ တချို့လူတွေကလည်း အခြေအမြစ်မရှိဘဲပြောတယ်လို့ ပြောတယ်။ အခြေအမြစ်ရှိအောင် တိတိပပ ကျွန်တော်တို့က ဘယ်က သတင်းရတယ်လို့ပြောရင် အဲဒီလူပါ ထောင်ကျသွားမှာပေါ့။ ကျွန်တော်တို့ ပြောလို့မရဘူး လေ။ ဒါပေမယ့် ကျွန်တော့်မှာ သတင်းရင်းမြစ်တွေက ရှိပါတယ်။ အဲဒီတော့ ဘာဖြစ်လဲဆိုလို့ရှိရင်တော့ သူတို့က တကယ်ပြောလိုက်မှ ရမယ့်လူတွေ။ ကျွန်တော်တို့ကတော့ တချို့နေရာတွေမှာ လူကြီးလူကောင်းဆန်သင့်ပါတယ်။ တချို့နေရာတွေမှာ ထိန်းသင့်တယ်။ တချို့နေရာတွေကျတော့လည်း တကယ့်ကို လွတ်လွတ်လပ်လပ်ကို ဖွင့်ချပြ လိုက်မှ ပြည်သူက သိမယ့်သဘောရှိတယ်။ ကျွန်တော်ပြီးခဲ့တဲ့ရက်က တရုတ်တချို့တွေနဲ့ တွေ့တယ်။ သူတို့မြန်မာ နိုင်ငံအစိုးရကို အားမရဘူး။ ဘာလို့ ဒီလိုလုပ်နေတာလဲတဲ့။ သူတို့ တရုတ်နိုင်ငံမှာလည်း တိန့်ရှောင်ဖိန်တို့ လက်ထက်က ဒီလိုလုပ်ခဲ့တာပဲတဲ့။ တိန့်ရှောင်ဖိန်က ပြတ်ပြတ်သားသားအရေးယူလိုက်တာပဲတဲ့။ သူတို့အရေးယူ တယ်ဆိုတာ လူတွေရှေ့မှာ ခေါ်ပြီး သတ်ပစ်လိုက်တာပဲ။ ပြီးလို့ရှိရင်လည်း အဲဒီတော်တော်များများ လူတွေကို ဆိုင်းဘုတ်တွေနဲ့ ပြစ်မှုကျူးလွန်တဲ့သူ အကုန်လုံးကို ဓာတ်ပုံတွေနဲ့ ပုံကြီးတွေနဲ့ ကပ်ထားတာ။ ဒီမှာလည်းတဲ့ ခေတ်တွေ မှီနေတာပဲတဲ့။ LED တွေနဲ့ သူတို့ပြစ်မှုကျူးလွန်တဲ့ဟာတွေကို Video Slide တွေနဲ့ ပြပါလားတဲ့။ ပြလို့ရှိရင် ဒီမှာရှိတဲ့သံရုံးတွေက မသိချင်လည်း သိသွားတာပေါ့တဲ့။ အဲဒီလိုဆိုရင် နိုင်ငံတကာက ကောင်တွေ အဲဒီကျမှသိမှာတဲ့။ မသိချင်ယောင်ဆောင်လို့မရတော့ဘူးလေတဲ့။ ကျွန်တော်တို့နိုင်ငံက အဲဒီလောက်ကြီးတော့ လည်း ဘယ်လိုခေါ်မလဲ လူတွေကြောက်ရွံ့သွားမှာကို စိုးရိမ်လို့လား၊ အဲဒီလောက်ကြီးလုပ်ဖို့ မလိုဘူးလို့ ယူဆလို့ပဲ လား မသိဘူး၊ အခုချိန်ထိတော့ မလုပ်ဘူးပေါ့ဗျာ။ အဲဒီတော့ ဘာပဲပြောပြော ကျွန်တော်တစ်ဦးထဲအနေနဲ့ကတော့ တစ်ဖက်ကလူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုင်ပြီးပဲ ပြောပြော၊ မကိုင်ဘဲနဲ့ အလွတ်တန်း ကျိုးကြောင်း ဆီလျော်တဲ့ ကိစ္စနဲ့ပဲပြောပြော ဒီဟာကို ဆွေးနွေးလို့ရပါတယ်ပြောလည်း ပြောရဲပါတယ်။ ဒီထဲကပါတဲ့ စာအုပ် တော်တော်များများက ဘာကိုပြောလဲဆိုတော့ သမ္မတနဲ့ အာဏာရပါတီက သောင်းသောင်းလွဲလွဲဖြစ်တဲ့ဟာပေါ်မှာ အခြေခံထားတာ။ အခုက သမ္မတ ကိုယ်၌က သူက မဲလိမ်မဲခိုးထဲမှာ ပါတယ်လေ။ သမ္မတ ကိုယ်တိုင်က Collection ထဲမှာပါတယ်လေ။ အဲဒီတော့ သမ္မတကို အရေးယူမှာပေါ့။ သမ္မတကို အရေးယူလို့ရှိရင် ဒုသမ္မတ(၁)က (၁) သမ္မတဖြစ်တာပေါ့။ သူ့ဆီကနေပြီးတော့ အာဏာလွှဲယူတာ ဒါဘာမှ မထူးဆန်းဘူးလေ။ ဒါရှင်းရှင်းလေးပဲ။ သမ္မတက ဘာမှမရှိဘဲနဲ့ ပြစ်မျိုးမှဲ့မထင်နေတယ်ဆိုလို့ရှိရင် ရတယ်လေ။ ဟုတ်တယ်မှတ်လား ကိုကျော်နု ဒါရှင်းရှင်းလေးပဲ။ အဲဒီတော့ ကျွန်တော်တို့က အခုချိန်မှာ နစကလုပ်သမျှ (၁ဝဝ) ရာခိုင်နှုန်းထောက်ခံတယ်လို့ ကျွန်တော်မပြောဘူး။ နစကကိုလည်း ဝေဖန်၊ အကြံဉာဏ်ပေးတာတွေရှိလို့ ကျွန်တော့်ကိုလည်း မျက်မုန်းကျိုးတာ တွေ ကျွန်တော်ကြားရပါတယ်။ ကျိုးပါစေ.. ကျွန်တော်က ကိစ္စမရှိဘူး။ ဘာဖြစ်လဲ ဒါပေမယ့် တကယ့်တမ်း အဓိက ကတော့ သူလုပ်တာကို ထောက်ခံရမယ်။ ဘာလို့ထောက်ခံရမလဲဆိုတာ ဒီလိုသာမလုပ်နိုင်ခဲ့ဘူးဆိုရင် NLD နောက်ထပ်(၅)နှစ်သွား ကျွန်တော်တို့ တိုင်းပြည်သွားပြီ။ ပြန်တောင် အဖတ်ဆယ်လို့ရတော့မှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကတော့ တပ်မတော်က ဟိုဘက်တပ်ဖွဲ့ကို အပြစ်မရှိ အပြစ်ရှာတာမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီလုပ်တယ်ဆိုတာမျိုး၊ တကယ့်ကို ပုဒ်ထီး၊ ပုဒ်မရယ်နဲ့ မာမာချာချာ ပြောဆိုတော့မှ သာ လူတွေက နားလည်လာမှာလေ။ အခုချိန်မှာကတော့ ပွင့်ပွင့်လင်းလင်းဆိုလို့ရှိရင် လူအများစု နားမလည်ဘူး။ နားလည်နိုင်စွမ်းလည်း မရှိဘူး။ နားလည်အောင်ပြောပေးမယ့်သူလည်း မရှိဘူး။ ဒီလိုဖြစ်နေတာကို။
မေး ။ ။ ဒါပေမယ့် တချို့ကတော့ ပြောတာတော့ သမ္မတက အမြင့်ဆုံးရာထူးကိုယူထားတာ သမ္မတအောက်က အဆင့်ဘယ်လောက် အဆင့်(၈) မှာပဲရှိတဲ့တပ်ချုပ်က လာပြီး အရေးယူလို့ရသလားပေါ့။ ကျွန်တော်တို့ ဒီနေရာမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အရေးပါတယ်လို့ ပြောလို့ရတာလား။
ဖြေ ။ ။ အဲဒီတော့ ဒီဟာကို သူကလုပ်ဖို့ကတော့ ကိုကျော်နု စဉ်းစားကြည့်လိုက်လေ။ သမ္မတ လုပ်တာမဟုတ်လို့ ဒုသမ္မတ(၁) က လုပ်မလားဆိုတော့ ဒုသမ္မတ(၁) က ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင် တပ်ဘက်က အဆိုပြုတဲ့ ဒုသမ္မတပဲလေ ဟုတ်တယ်မှတ်လား။ ဒါကြောင့်မို့လို့ ဒုသမ္မတနဲ့ သူက ဒီတပ်ချုပ်နဲ့က ပေါင်းလုပ်တာရော မဖြစ်နိုင် ဘူးလား။ စဉ်းစားကြည့်လိုက်လေ။ တပ်ချုပ်က အဆင့်(၈) ရှိလို့ အဆင့်(၁) ကိုလာပြီး အရေးယူလို့ ရသလားဆိုရင် အဆင့်(၂) ကတော့ အရေးယူလို့ရတယ်လေ။ အဆင့်(၂) နဲ့ အဆင့်(၈) ဆိုတာမှာလည်း အဆင့်(၂) ဆိုတာက အမှန်တော့ အဆင့်(၈) ကနေပြီးတော့ တင်ပေးလိုက်လို့ဖြစ်လာတဲ့ လူလေ။ ဒီသဘောကို ကျွန်တော်တို့ပြန်စဉ်းစား ရမှာဗျ... ဟုတ်တယ် မှတ်လား။
မေး ။ ။ ဒါဆိုရင်တော့ လက်ရှိအခြေအနေအရဆိုရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ(၃၁)ရက်နေ့ ည (သို့မဟုတ်) ဖေဖော်ဝါရီ (၁)ရက်နေ့မှာ သူက ကာလုံဥက္ကဋ္ဌ လက်ရှိမှာတာဝန်ထမ်းဆောင်နေတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေကို အာဏာယာယီ အပ်လိုက်မယ်။ အပ်ပြီးတော့ ဦးမြင့်ဆွေကနေပြီးတော့ သူတို့ကာလုံအစည်းအဝေး ကနေပြီးတော့ ကြေညာချက်တွေ ဆက်တိုက်ထွက်လာမယ်။ ထွက်လာတဲ့ဟာက ရွေးကောက်ပွဲကိစ္စလည်း ဖြစ်နိုင် သလို၊ နောက်ထပ်သက်တမ်းတစ်ခုနဲ့ နောက်ထပ်ပုံစံတစ်ခုလည်း ဖြစ်လာနိုင်တယ်။ ဘာဆိုတာတော့ မှန်းရခက် တယ်ပေါ့နော်။
ဖြေ ။ ။ ဟုတ်တယ်... ဟုတ်တယ်။ မှန်းရခက်နေတာပေါ့။ သုံး၊ လေး၊ ငါးမျိုးလောက်ထိ ဖြစ်နိုင်တာပေါ့ဗျာ။
မေး ။ ။ ဟုတ်တယ်။ ဒါပေမယ့် သေချာတာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဦးမြင့်ဆွေကပဲ ဒီကိစ္စတွေ အားလုံးရဲ့ Key Player တွေအဖြစ်နဲ့ ဆက်ရှိနေမယ်ဆိုတဲ့သဘောပေါ့။
ဖြေ ။ ။ ဒုသမ္မတ ဦးမြင့်ဆွေက အခုဟာကလည်း Acting သမ္မတ ဖြစ်နေတဲ့အခါကျတော့ တကယ်တမ်းပြောလို့ ရှိရင် သူက ကာလုံထိုင်လိုက်ပြီဆိုတာနဲ့ သူက ထိပ်မှာပဲ ထိုင်ရမှာလေ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရှင်းရှင်းပြောရလို့ရှိရင် ထိပ်နေရာမှာ မရနိုင်တော့ဘူးလေ။ ဦးတီခွန်မြတ်တို့ ဟုတ်တယ်မှတ်လား။ ဦးဟင်နရီ ဗန်ထီးယူ တို့တောင်မှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ရှေ့မှာ ပြန်ရောက်သွားမှာပေါ့။ ဟုတ်တယ်မှတ်လား။ ဒီလို ရှိမှာပေါ့ဗျာ။
မေး ။ ။ ဒါဆိုရင်တော့ အပြောင်းအလဲက လာမည့်ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ထွက်လာမည့်အပြောင်းအလဲက အခုလက်ရှိအုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ဆုံးဖြတ်ချက်၊ သူရဲ့အဖွဲ့နဲ့စဉ်းစားပုံကိုရော မူတည်ပြီး စဉ်းစားရမှာလား ဒါမှမဟုတ် ယာယီသမ္မတဦးမြင့်ဆွေရဲ့စဥ်းစားပုံအပေါ်မှာပဲ သွားပြီးအခြေတည်မယ်ထင်လား။ ဘယ်ပေါ်မှာသွားပြီး အခြေတည်မယ်လို့ထင်လဲ။
ဖြေ ။ ။ ဒီဟာကတော့ ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင် ကာလုံရဲ့အဆုံးအဖြတ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်း ထားချက်ပေါ်မှာ မူတည်လိမ့်မယ်ဗျ။ တစ်ဦးထဲတစ်ယောက်ထဲတော့ ဆုံးဖြတ်တာမျိုးကတော့ ဖြစ်နိုင်မယ်မထင် ဘူးလို့ ကျွန်တော်ကတော့ ဒီလိုပဲသုံးသပ်တယ်။
မေး ။ ။ ဒီမှာဆိုရင် ပုဒ်မ(၄၂၈) တို့၊ (၄၂၇)၊ (၄၂၈)၊ (၄၂၉)၊ (၄၃ဝ)၊ (၄၃၁) ဖွဲ့စည်းပုံအခြခံဥပဒေ ဒါတွေဟာ သေချာညက်ညက်ကြေအောင် ဖတ်ထားရမယ်ဆိုပြီးတော့မှ ဒီပေါ်ကနေပြီးတော့ ထွက်လာမယ့် Result လို့ပဲ ပြော ရမှာပေါ့။
ဖြေ ။ ။ ဒါပေါ့... ဒါပေါ့။ တစ်ခုရှိတာက ဥပဒေသမားတွေက တရားရုံးတစ်ခုမှာ တရားစီရင်တယ်ဆိုလို့ရှိရင် သူက အနိမ့်ဆုံးပြစ်ဒဏ် (၂)နှစ်ပေါ့ဗျာ။ အမြင့်ဆုံးပြစ်ဒဏ်က (၁ဝ)နှစ်။ အဲဒီတော့ ပြစ်ဒဏ်ဘယ်လောက်ချမလဲ မချဘူး လဲဆိုတာက တရားသူကြီးရဲ့ စီရင်တုံတရားပေါ်ပဲ မူတည်တယ်ဆိုတဲ့အခါကျတော့ သူရဲ့စီရင်တုံတရားက (၂)နှစ် လည်း ဖြစ်သွားနိုင်တယ်။ (၁ဝ)နှစ်လည်း ဖြစ်သွားနိုင်တယ်။ သူက ဘာပေါ်မှာ မူတည်မလဲဆိုတော့ သူတတ်သိ နားလည်ခဲ့တဲ့ပညာတွေ နောက်တစ်ခါ ယခင်အမှုဟောင်းတွေပေါ်မှာ မူတည်တာတွေ၊ ရုံးရှေ့မှာထွက်ခဲ့တဲ့ ထွက်ချက်တွေ၊ နံပါတ်လျှောက်လဲချက်တွေ၊ ဒါတွေပေါ်မူတည်ပြီး သုံးသပ်မှာပေါ့။ အဲဒီတော့ စီရင်တုံတရားလို့ တရားရုံးတွေက ပြောတာပေါ့လေ။ အခုလည်းဒီလိုပါပဲ ယာယီသမ္မတဖြစ်တဲ့ ဦးမြင့်ဆွေတို့ ကာလုံမှာရှိတဲ့ အဖွဲ့ဝင် တွေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒါတွေက ဖွဲ့စည်းပုံအခြေခံဥပဒေအရေးပေါ်ပြဋ္ဌာန်းချက်မှာ ပါတဲ့ အပိုဒ် တွေအကုန်လုံးကို သုံးသပ်ပြီးတော့မှ နိုင်ငံတော်ရဲ့ရှေ့လာမယ့်ပုံရိပ်ကို ဖော်ဆောင်ရမှာပေါ့လေ။ ဘာပဲပြောပြော သူတို့ဖော်ဆောင်တဲ့ဟာသည် နိုင်ငံတော်အတွက် ကောင်းရာကောင်းကျိုးဖြစ်ဖို့ပဲ ကျွန်တော်ကတော့ မျှော်လင့်ပါ တယ်ဗျာ။
မေး ။ ။ နောက်ဆုံးမေးခွန်းလေးတစ်ခုပေါ့။ အခုဒါဆိုရင် ကျွန်တော်တို့အခင်းအကျင်းကိုကြည့်လိုက်တဲ့ အခါကျ တော့ နိုင်ငံတော်က နစကရဲ့(၂)နှစ်အတွင်းမှာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ခဲ့သလား။ ဒါမှမဟုတ် မဖော် ဆောင်နိုင်ခဲ့ဘူးလား။ ဒါကို Personal အမြင်ကျရင် ဘယ်လိုမြင်လဲ။
ဖြေ ။ ။ နစကအနေနဲ့ကတော့ တည်ငြိမ်အေးချမ်းဖို့အတွက် ကြိုးစားခဲ့တာပေါ့ဗျာ။ ဒါပေမယ့် ၂ဝ၂ဝ ပြည့်နှစ် တုန်းက ရှိခဲ့တဲ့အခြေအနေနဲ့ အခုအခြေအနေနဲ့ကတော့ အဲဒီနှစ်ခုကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင်တော့ တည်ငြိမ် အေးချမ်းမှုပျက်သွားတယ်ဆိုတာ ရှင်းတယ်လေ။ ဘယ်နေရာပျက်တာလဲဆိုတော့ နေရာတိုင်းတော့လည်း မဟုတ်ဘူးပေါ့ဗျာ။ ပျက်တဲ့နေရာ ပျက်တာပေါ့။ နစက အနေနဲ့ကတော့ ဒါကိုထိန်းဖို့အတွက် အနိမ့်ဆုံးအဆင့်၊ အနည်းဆုံးအင်အား စသည်အားဖြင့် ဒါတွေနဲ့ပြောပြီးတော့မှ နိုင်ငံတကာဖိအားတွေကို ထိုက်သင့်သလောက် ရှောင်လွဲပြီးတော့မှ လုပ်နေရတဲ့အခါကျတော့ တော်တော်ခက်တယ်လေ။ အခုနောက်ပိုင်းကျတော့ ဘာဖြစ်လဲဆို တော့ PDF က ပြည်သူတွေနဲ့ ရောသွားပြီ။ ပြည်သူထဲမှာ စိမ့်ဝင်ပျံ့နှံ့နေတဲ့အခါကျတော့ ကင်ဆာဆဲလ်ကို သတ်ရ သလိုပဲ။ ကင်ဆာဆဲလ်ကို မတရားဆေးထိုးပြီးတော့မှ သတ်လိုက်မယ်ဆိုလို့ရှိရင်လည်း ကင်ဆာဆဲလ်တင်မကဘဲ ဘာဖြစ်သွားမလဲဆိုတော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အစိတ်အပိုင်းတွေပါ လောင်ကျွမ်းကုန်မယ့်သဘောမှာရှိတယ်။ အဲဒီလိုပဲ PDF ကိုချေမှုန်းလိုက်လို့ရှိရင်လည်း PDF နဲ့ အတူတူခေါ်ထားတဲ့သူတို့က ဗန်းပြပြီးလုပ်ထားတဲ့ သူတို့နဲ့ မဖြစ်မနေကြောင့်မို့လို့ ပူးပေါင်းနေရတဲ့သူတွေ ထိခိုက်နစ်နာသူမှာအတွက်ကြောင့်မို့လို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်နေရတဲ့အတွက် အခက်အခဲကိုလည်း တပ်မတော်သားတစ်ယောက်အနေနဲ့ အင်မတန်နားလည်တယ်။ ပွင့်ပွင့် လင်းလင်းပြောရလို့ရှိရင်တော့ဗျာ ပြည်သူဆိုတာကတော့ အသက်နဲ့လေ။ အခုချိန်မှာ တပ်မတော်က ပြည်သူကို သတ်လို့မရဘူးဗျ။ PDF က ဒလန်လို့ပဲ စွပ်စွဲစွပ်စွဲ၊ မစွပ်စွဲပဲနဲ့ပဲဖြစ်ဖြစ် သတ်လိုက်လို့ရတဲ့အခါကျတော့ နီးရာ ဓားကို ပဲ ကြောက်နေကြရပြန်တာပေါ့။ နီးရာဓား ကြောက်ရတဲ့အခါကျတော့ PDF တွေနဲ့အတူတူ ရောရောယှက်ယှက် နေတဲ့လူတိုင်းကတော့ PDF အားပေးတာ မဟုတ်ဘူးလို့တော့ ကျွန်တော် ဒီလိုပဲနားလည်ပါတယ်။ ဒါပေမယ့် တချို့ကတော့ လုပ်ရင်းကိုင်ရင်းနဲ့ နည်းနည်းလေး အားပါသွားတာလဲ ရှိကောင်းရှိမှာပေါ့လေ။ သို့သော် ဘာပဲပြော ပြော အားလုံးက မြန်မာနိုင်ငံသားတွေလေ။ ကိုယ့်နိုင်ငံသားတစ်ယောက် သေသွားလို့ ကိုယ့်အတွက် ဘာအကျိုးရှိ မှာလဲ။ ဒီနိုင်ငံသားတွေ အကုန်လုံး အမြင်မှန်ရဖို့ အတွက်ကတော့ ကျွန်တော်ပြောသလို တစ်ဖက်ကလဲ လုံခြုံရေး၊ စစ်ရေးနည်းလမ်းအရ ဖိအားပေး တိုက်ခိုက်သလို တစ်ဖက်ကလည်း ဘာလဲဆိုတော့ Soft Power ကို တည်ဆောက် ပါ။ Soft Power က အခုချိန်မှာတော့ မလုပ်ဘူးလားဆိုတော့ လုပ်တာပဲ ဒါပေမယ့် နည်းတယ်။ ဟိုတလောတုန်း ကဆို မြဝတီမှာ ပြတာလေးတွေ့တယ်လေ သူ့ကလေးလေးမွေးပေးတာ အဲဒါသူတို့သတ်ဖို့ ကြိုးစားတဲ့ သားဖွား ဆရာမလေးတွေကပဲ မွေးပေးတယ်ဆိုတာကို အဲဒါလေးကိုသူက ဇာတ်လမ်းလေးဆင်ပြီး ရိုက်ပြတာ။ ဒါပေမယ့် လူတော်တော်များများကလည်း မြဝတီကိုပါ အကြည့်က နည်းလာတာကိုဗျ။ နည်းလာတဲ့အခါကျတော့ ဒီဟာက လူကြားထဲကို မရောက်ဘူး။ ကျွန်တော်လည်း ပါတီမှာတော့ တင်ပြပါတယ်။ ဘာလဲဆိုရင်တော့ Short Film လေး တွေပေါ့ (၁ဝ)မိနစ်၊ (၁၅)မိနစ်လောက်ပဲ Film လေးတွေပဲ ရိုက်။ ရိုက်ပြီးတော့မှ မြဝတီတွေ၊ MRTV တွေ လုပ်မနေနဲ့ ကိစ္စမရှိဘူး Facebook ကပဲ တင်ပါ၊ ပျံ့နှံ့ပါတယ်။ အဲဒီတော့ Short Film လေးတွေပဲလုပ် ပိုက်ဆံလည်းအကုန် အကျသက်သာတယ်၊ ဒါပေမယ့် လူထုစိတ်ဝင်စားတဲ့၊ လူထုကြိုက်တဲ့ မင်းသား၊ မင်းသမီးလေးတွေတော့ ပါရင် ပိုကောင်းတာပေါ့။ ဟုတ်တယ်မှတ်လား။ အဲဒါမျိုးလေးတွေလုပ်ဖို့တော့ ကျွန်တော်က အကြံပြုပါတယ်။ သဘော တော့တူကြတယ်ဗျ၊ ဒါပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ကြတော့ တုံ့ဆိုင်းနေတာတွေ့ရပါတယ်။
မေး ။ ။ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီနဲ့ အုပ်ချုပ်တဲ့စနစ်ကြီးဟာ သက်တမ်းရှည်ကြာသွားခြင်း၊ မကြာသွားခြင်းဟာ တည်ငြိမ်မှုရှိခြင်း၊ မရှိခြင်းနဲ့ တိုက်ရိုက်အချိုးကျနေတယ်ဆိုတဲ့အဓိပ္ပာယ်ကို ကောက်ချက်ဆွဲ လို့ ရသွားတာပေါ့နော်။
ဖြေ ။ ။ တည်ငြိမ်မှုမြန်မြန်လုပ်လို့ရှိရင်တော့ဗျာ နစက သက်တမ်းကြာတာ၊ မကြာတာ အသာထား ရွေးကောက်ပွဲ မြန်မြန်ဖြစ်မှာပေါ့။ ဟုတ်တယ် မှတ်လား။ နစကအနေနဲ့ ရှိချင်မှ ရှိမှာလေ ကိုကျော်နုရ။ သူက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ပြန်ခန့်တဲ့ဟာ နစက ဖြစ်ချင်မှလည်း ဖြစ်မှာကို။ အဲဒီတော့ ကျွန်တော်ကတော့ အဲဒါထက်ပိုပြီးတော့မှ ရှေ့ကိုမျှော်ကြည့်မယ်ဆိုလို့ရှိရင် မြန်မြန်တည်ငြိမ်ရင် ရွေးကောက်ပွဲက ဖြစ်ကိုဖြစ်မယ်။ မတည်ငြိမ်လို့ရှိရင်တော့ ကျွန်တော့်သဘောအရ ပြောရမယ်ဆိုလို့ရှိရင် ဖြစ်ရင်တောင်မှ Free and Fair Election မဖြစ်နိုင်ဘူး။ Free and Fair Election မဖြစ်နိုင်ဘူးလို့ ကျွန်တော်ကတော့ တွေ့တာပေါ့လေ။
မေး ။ ။ ဟုတ်ကဲ့ ခင်ဗျ။ အခုလိုလာရောက်ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျ။
Zawgyi Version;
“PDF ေတြ ဒီေန႔ ခ်က္ခ်င္း လက္နက္ခ်” - ေတြ႕ဆုံေမးျမန္းခန္း
ေမးျမန္း - ေက်ာ္မ်ိဳးမင္း၊ ေရးသား - ယြန္း
နစက အေနျဖင့္ ၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္တြင္ သက္တမ္း(၂) ႏွစ္ ျပည့္ေတာ့မည္ျဖစ္ၿပီး၊ ယင္းအခ်ိန္မွစ၍ “ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏အခန္းက႑ သည္ ဘယ္လိုေရွ႕ဆက္မလဲ ႏွင့္ အေရးေပၚကာလဆိုင္ရာ ျပ႒ာန္းခ်က္မ်ားအေၾကာင္း” ေခါင္းစဥ္ျဖင့္ ျပည္ေထာင္စုဝန္ႀကီးေဟာင္းျဖစ္သူ ဦးေမာင္ျမင့္ (အလုပ္သမားဝ န္ႀကီးႏွင့္ စက္မႈဝန္ႀကီး) ႏွင့္ NP News ၏ အယ္ဒီတာခ်ဳပ္ ဦးေက်ာ္မ်ိဳးမင္း တို႔မွ ေဆြးေႏြးသုံးသပ္ထားသည္။
ေမးျမန္းသူ - အန္ကယ္ဦးေမာင္ျမင့္ မဂၤလာပါခင္ဗ်ာ။
ေျဖၾကားသူ- မဂၤလာပါ။
ကြၽန္ေတာ္တို႔ အခုေဆြးေႏြးမယ့္အေၾကာင္းအရာကေတာ့ အေရးေပၚကာလဆိုင္ရာျပ႒ာန္းခ်က္မ်ားေပါ့။ ဒါက ဘာလဲဆိုေတာ့ ၂ဝ၂၁ ႏိုင္ငံေရး အခင္းအက်င္းနဲ႔အတူ ႏိုင္ငံေတာ္အာဏာကိုရယူထားတဲ့ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အေနနဲ႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီေပါ့။ သူတို႔ရဲ႕သက္တမ္းဟာ ေဖေဖာ္ဝါရီ(၁)ရက္ေန႔ဆိုရင္ ျပည့္ ၿပီလို႔ေျပာလို႔ရသလို၊ ဇန္နဝါရီ(၃၁)ရက္ေန႔လို႔လည္း ေျပာလို႔ရတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ မၾကာခင္မွာ ျပည့္ေတာ့မွာ ျဖစ္တယ္။ ျပည့္ေတာ့မယ့္ကာလမွာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ သူရဲ႕အဖြဲ႕ဟာ ဘာေတြဆက္လုပ္သြားႏိုင္ေျခရွိသလဲ။ ဘာေတြဆက္ျဖစ္လာမလဲဆိုတာက အမ်ား ျပည္သူ စိတ္ဝင္စားမယ္ထင္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ေလ့လာသုံးသပ္သူလည္းျဖစ္တယ္၊ ကိုယ္တိုင္လည္း အစိုးရအဖြဲ႕မွာ ထည့္ထည့္ဝင္ဝင္ ပါဝင္ခဲ့ဖူးတဲ့သူလည္းျဖစ္တယ္၊ ႏိုင္ငံေရးသမားလည္းျဖစ္တယ္၊ လႊတ္ေတာ္ အမတ္ေဟာင္းလည္းျဖစ္တဲ့ အန္ကယ္ဦးေမာင္ျမင့္ကို ဖိတ္ေခၚထားပါတယ္။ အန္ကယ္ဦးေမာင္ျမင့္နဲ႔ ကြၽန္ေတာ္ ေက်ာ္မ်ိဳးမင္းတို႔က ေဆြးေႏြးသြားမွာျဖစ္ပါတယ္။
ေမး ။ ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက သူရဲ႕သက္တမ္းဟာ လာမယ့္ ဇန္နဝါရီလ (၃၁)ရက္ေန႔ ည (သို႔မဟုတ္) ေဖေဖာ္ဝါရီ(၁)ရက္ေန႔ဆိုရင္ ၿပီးၿပီေပါ့ေနာ္။ ဆိုေတာ့ ဘာဆက္ျဖစ္ႏိုင္ေျခရွိသလဲ ဆိုတာကို လူေတြက စိတ္ဝင္စားတယ္။ အန္ကယ့္အေနနဲ႔ဆိုရင္ ဘယ္ကေနစေျပာခ်င္လဲခင္ဗ်။
ေျဖ။ ။ ဒီဟာကေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒကိုပဲ ကြၽန္ေတာ္တို႔က အဓိက ကိုင္တြယ္ရမွာေပါ့ေလ။ အဲဒီတာ့ ဒီဖြဲ႕စည္းပုံအေျခခံဥပေဒဟာ အခ်ိန္အမ်ားႀကီးယူၿပီးေတာ့မွ ကြၽန္ေတာ္တို႔ေရးခဲ့တယ္။ အခ်ိန္အမ်ားႀကီးယူၿပီး ေရးခဲ့တယ္ဆိုတာ (၁၉၉၃) ကေန (၁၉၉၆) အထိ ေရးတယ္။ အဲဒီအခ်ိန္မွာ မက္ဒလင္း ေအာဘ႐ိုက္ ကေနလာၿပီး တဲ့အခ်ိန္မွာပဲ NLD ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ခန္းမထဲကေန ထြက္သြားၾကတဲ့အခါက်ေတာ့ အမ်ိဳးသားညီလာခံက ရပ္သြားတာေပါ့။ ရပ္သြားေတာ့ အစိုးရကလည္း ဘာလုပ္လို႔လုပ္ရမွန္းမသိဘဲနဲ႔ အခ်ိန္ေတြ အမ်ားႀကီး ပုပ္သြားတာေပါ့။ ေနာက္ပိုင္းက်ေတာ့မွ Road map 7 step ဆိုတာကို ကြၽန္ေတာ္တို႔က ခ်မွတ္လိုက္ တယ္။ ခ်မွတ္လိုက္ၿပီးေတာ့မွ အဲဒီက်ိဳကၠစံမွာလုပ္တဲ့ အမ်ိဳးသားညီလာခံက ခ်မွတ္ထားတဲ့အတိုင္း အေျခခံမူေတြ ကိုဆက္ၿပီးေတာ့မွ ကြၽန္ေတာ္တို႔က အသုံးခ်ၿပီးေတာ့မွ ေညာင္ႏွစ္ပင္မွာပဲ ဖြဲ႕စည္းပုံအျခခံဥပေဒႀကီးကို ေရးဆြဲတာ ေပါ့ေနာ္။ အခ်ိန္အားျဖင့္ အမ်ားႀကီးကြၽန္ေတာ္တို႔ ယူရပါတယ္။ ဒါေပမယ့္ ဘယ္ေလာက္ပဲ အခ်ိန္ယူေရးမလဲ ဒီဖြဲ႕စည္းပုံအေျခခံဥပေဒဟာ လစ္ဟာကြက္ေတြ မရွိဘူးလားဆိုေတာ့ ရွိသင့္သေလာက္ေတာ့ ရွိေနမွာပဲ။ ဒါေၾကာင့္ မို႔လို႔လဲ ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့ ၂ဝ၁၆၊ ၂ဝ၂ဝ လႊတ္ေတာ္ကာလမွာတုန္းက ဒါေတြကို လႊတ္ေတာ္ကိုယ္စားလွယ္ ေတြက ျပင္ဖို႔၊ ျပဳဖို႔ဆိုၿပီးေတာ့ ကြၽန္ေတာ္တို႔ အမ်ားႀကီးေဆြးေႏြးခဲ့ၾကဖူးပါတယ္။ အဲဒီေတာ့ ျပင္လို႔ လြယ္လြယ္ ကူကူ ရေကာင္းတဲ့ဟာရွိတယ္။ ၇၅ ရာခိုင္ႏႈန္းအထက္ကိုရမွ ျပင္ရမယ့္ဟာေတြလည္း ရွိတယ္။ ၿပီးလို႔ရွိရင္ ဆႏၵခံ ယူပြဲ ျပန္လုပ္ၿပီးေတာ့မွ ျပင္ရမယ့္ဟာေတြလည္း ရွိပါတယ္။ သို႔ေသာ္ ဘာပဲေျပာေျပာ ဒီဖြဲ႕စည္းပုံ အေျခခံဥပေဒ ႀကီးကေတာ့ အခုခ်ိန္မွာက်မွ ကြၽန္ေတာ္ မႀကိဳက္ဘူး။ ကြၽန္မ မႀကိဳက္ဘူးေျပာေပမယ့္လည္း အဲဒီအခ်ိန္တုန္းက မဲေပးခြင့္ ရွိတဲ့လူေတြရဲ႕ (၉၂ ဒသမ ၄၈) ရာခိုင္ႏႈန္းက ေထာက္ခံေပးခဲ့လို႔ ဒီဖြဲ႕စည္းပုံအေျခခံဥပေဒ ဆိုတဲ့ စာအုပ္ႀကီးက အတည္ျဖစ္ခဲ့တာဆိုတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔ လက္ရွိေတာ့ ဒါကိုပဲ Apply လုပ္ေနၾကတာေပါ့ ေလ။ အဲဒီေတာ့ ေစာေစာက ကိုေက်ာ္ႏု ေမးသြားတဲ့ေမးခြန္းေပါ့ ကြၽန္ေတာ္တို႔တကယ္တမ္းေျပာရမယ္ဆိုလို႔ ရွိရင္ ေတာ့ ဒီအစိုးရ နစကအစိုးရ တက္လာတာက ၂ဝ၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၁)ရက္ေန႔ေပါ့ေလ ဒါဖြဲ႕စည္းပုံ အေျခခံ ဥပေဒ (၄၁၇) အရပဲ။ အဲဒီ (၄၁၇)မွာ ျပ႒ာန္းထားတဲ့အာဏာကို အဓမၼနည္းနဲ႔ ရယူရန္ ေဆာင္႐ြက္ျခင္း၊ ႀကိဳးပမ္း အားထုတ္ျခင္းေၾကာင့္ ဒီဟာေပၚမွာ ကြၽန္ေတာ္တို႔က အသုံးမျပဳခင္မွာပဲ ကြၽန္ေတာ္တို႔က အေရးေပၚ အေျခအေန ေၾကညာၿပီးေတာ့မွ တပ္မေတာ္က ဒါကာလုံေခၚၿပီးေတာ့မွ ကာလုံရဲ႕အမိန႔္အရပဲ ကြၽန္ေတာ္တို႔က ႏိုင္ငံေတာ္ အာဏာကို ရယူတဲ့အေနအထားျဖစ္ပါတယ္။ သို႔ေသာ္ အဲဒီမွာ သူရဲ႕အကန႔္အသတ္ေတြကေတာ့ ပထမ တစ္ႏွစ္ လုပ္ရမယ္ တစ္ႏွစ္လုပ္ၿပီးလို႔ လုံေလာက္မႈမရွိေသးဘူးဆိုရင္ ကာလုံကိုပဲျပန္တင္ျပ ေနာက္ထပ္(၆)လ တစ္ႀကိမ္ တိုးခြင့္ရွိတယ္။ မရေသးဘူးဆိုလို႔ရွိရင္ ေနာက္ထပ္ (၆)လတစ္ႀကိမ္ တိုးခြင့္ရွိတယ္ဆိုတာ ဒါႏွစ္ႀကိမ္ပဲ တိုးခြင့္ရွိမယ္ ဆိုတဲ့အေနအထားမ်ိဳး ျဖစ္ပါတယ္ဗ်။ ႏွစ္ႀကိမ္ပဲတိုးခြင့္ရွိတဲ့အခါက်ေတာ့ ႏွစ္ႀကိမ္တိုးၿပီးလို႔ရွိရင္ ဘာလုပ္မလဲဆို တာ ကိုေက်ာ္ႏု ေမးတဲ့ေမးခြန္းပါပဲ။ ႏွစ္ႀကိမ္ကလည္း လာမယ့္ ၂ဝ၂၃ ခုႏွစ္၊ ဇန္နဝါရီလ(၃၁)ရက္ေန႔ဆိုရင္ ျပည့္ ေျမာက္သြားတာေပါ့ေလ။ ျပည့္သြားၿပီဆိုေတာ့ ဒါကို နစကအစိုးရအေနနဲ႔ ဘာလုပ္မယ္ဆိုတာကို ကိုေက်ာ္ႏု ကေတာ့ ကြၽန္ေတာ့္ကို ေဆြးေႏြးေစခ်င္တဲ့အတြက္ တင္ျပတာျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ပုံမွန္အားျဖင့္ဆို ရင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၄၂၅) မွာေတာ့ “အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီသည္ ျပည္ေထာင္စု လႊတ္ေတာ္သက္တမ္းကုန္ဆုံးသြားခ်ိန္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ၎အား ေပးအပ္ထားသည့္ တာဝန္ကို ၿပီးေျမာက္ေအာင္ေဆာင္႐ြက္ျခင္းမျပဳႏိုင္ေသးသျဖင့္ သတ္မွတ္အခ်ိန္ကာလတိုးျမႇင့္ေပးရန္ အက်ိဳး အေၾကာင္းေဖာ္ျပလ်က္ တင္ျပလာပါက သာမန္အားျဖင့္ တစ္ႀကိမ္လွ်င္ ေျခာက္လအထိ ႏွစ္ႀကိမ္တိုးျမႇင့္ေပးႏိုင္ သည္” ဆိုၿပီး ဒီလိုပါတယ္။ အဲဒီေတာ့ ဒီေနရာမွာ သူက ႏွစ္ႀကိမ္တိုးလို႔ရတာက သာမန္အားျဖင့္ဆိုရင္ ႏွစ္ႀကိမ္တိုး လို႔ရတယ္။ သာမန္အားျဖင့္ေပါ့။ ဒါေပမယ့္ အဲဒီႏွစ္ႀကိမ္တိုးၿပီးလို႔ (၂) ႏွစ္ျပည့္တဲ့အခ်ိန္ထိ တိုင္းျပည္ကလည္း မၿငိမ္မသက္ျဖစ္ေနတယ္။ PDF ေတြကလည္း ေနရာအႏွံ႔အျပားမွာ ဒီလိုပဲဆူပူေသာင္းက်န္းမႈေတြ လုပ္ေနတယ္ဆို ရင္ ဒါဆိုလို႔ရွိရင္ သာမန္ထက္ပိုဆိုးသြားၿပီေပါ့။ သာမန္ထက္ပိုမ်ားသြားလို႔ရွိရင္ ဘာလုပ္ရမလဲဆိုတာကို ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာ တိတိပပျပ႒ာန္းမထားဘူး။ ဒါေပမယ့္ ေရးထားတာက သာမန္အားျဖင့္ သာမန္အားျဖင့္ဆိုေတာ့ ဒီမွာေရးထားတာက Normally permit two extenstion of the prescribed duration for a term of six months for each extension. သာမန္အားျဖင့္ကေတာ့ ဟုတ္တယ္။ ဒါေပမယ့္ သာမန္(၆) ႏွစ္ခါ တိုးလို႔ရတယ္ဆိုလို႔ရွိရင္ အထူးဆိုရင္ေကာဆိုတာ ေမးခြန္းထုတ္စရာရွိလာတယ္။ ဒါကေတာ့ ကြၽန္ေတာ္တို႔က ဥပေဒပညာရွင္လည္း မဟုတ္ ဘူး။ ဖြဲ႕စည္းပုံအေျခခုံ႐ုံးလည္း မဟုတ္တဲ့အခါက်ေတာ့ ဒါေလးကေတာ့ ကြၽန္ေတာ္တို႔ျပည္သူလူထုေရာ၊ သက္ဆိုင္ရာပါဝင္ပတ္သက္တဲ့သူေတြေရာ စဥ္းစားမယ့္ဟာျဖစ္ပါတယ္။ သာမန္အားျဖင့္ တစ္ႀကိမ္လွ်င္ (၆)အထိ ႏွစ္ႀကိမ္တိုးေပးခြင့္ရွိသည္ဆိုတာ ဒါေလးကြၽန္ေတာ္တို႔ စဥ္းစားရမယ့္အေနအထားျဖစ္ပါတယ္။ အဲဒီေတာ့ သို႔ေသာ္ (၄၂၅) ကို ကြၽန္ေတာ္တို႔က သာမန္အားျဖင့္ ႏွစ္ႀကိမ္ပဲ တိုးမယ္၊ ႏွစ္ႀကိမ္ပဲ တိုးၿပီးေတာ့မွ ကဲ…ဒါဆိုလို႔ရွိရင္ေတာ့ ႏွစ္ႀကိမ္တိုးၿပီးၿပီဆိုလို႔ရွိရင္ နစကအေနနဲ႔ ပထမ (၆)လ၊ (၆)လ ႏွစ္ခါလုပ္သလိုပဲ အစီရင္ခံစာေတာ့ တင္ရမွာေပါ့။ အစီရင္ခံစာတင္ရမယ္ဆိုတဲ့အခါက်ေတာ့ ဒီအစီရင္ခံစာကို ကြၽန္ေတာ္တို႔က ကာလုံကို တင္ျပရမယ္။ ကာလုံက အဲဒီအခ်ိန္မွာ Acting သမၼတလုပ္ေနတဲ့ ဦးျမင့္ေဆြက chairman ေပါ့ဗ်ာ။ ဆိုေတာ့ အဲဒီလိုလုပ္တယ္ဆိုရင္ေတာ့ ပုဒ္မ (၄၂၆) အရ ယာယီသမၼတျဖစ္တဲ့ ဦးျမင့္ေဆြ ကေနၿပီးေတာ့မွ ေစာေစာက ကြၽန္ေတာ္တို႔ ပုဒ္မ(၄၁၈) အရ နစက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို လႊဲအပ္ထားတဲ့အာဏာကို သူက ပယ္ဖ်က္ေၾကာင္း ႐ုတ္သိမ္းလို႔ရပါ တယ္။ ဒါကေတာ့ ပုဒ္မ(၄၂၆) အရ။ ကြၽန္ေတာ္ ေျပာခဲ့ၿပီးၿပီေလ ပထမဆုံးကေတာ့ (၄၂၅)ပဲ၊ (၄၂၅)က သာမန္အား ျဖင့္ ႏွစ္ႀကိမ္ပဲတိုးခြင့္ရွိတယ္။ ဒါေပမယ့္ သာမန္ထက္ထူးလို႔ ႏွစ္ႀကိမ္ထက္ပိုတိုးခ်င္တယ္ဆိုလို႔ရွိရင္ ဘာျဖစ္မလဲ ဆိုတာ ဒါကေတာ့ ကြၽန္ေတာ္တို႔ မေဝခြဲတတ္ဘူး။ သို႔ေသာ္ သာမန္လိုပဲ ႏွစ္ႀကိမ္တိုးၿပီးတဲ့ အခါမွာေတာ့ျဖင့္ နစက ဥကၠ႒က သူရဲ႕အစီရင္ခံစာကို ကာလုံကို တင္ျပမယ္ဆိုရင္ ကာလုံသဘာပတိျဖစ္တဲ့ သမၼတ ကေနၿပီးေတာ့မွ တပ္ခ်ဳပ္ကို လႊဲထားတဲ့အာဏာကို သူကအမိန႔္ကို ပယ္ဖ်က္ေၾကာင္းဆိုၿပီး ေျပာလို႔ရတယ္။ ေျပာၿပီးတဲ့အခါက်ေတာ့ မွ အဲဒီအခ်ိန္မွာ ႏိုင္ငံေတာ္မွာ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီဆိုတာႀကီးက အႀကီးဆုံးအဖြဲ႕အစည္း အေနနဲ႔ ရွိေနပါတယ္။ အာဏာအႀကီးဆုံးအဖြဲ႕အစည္းအေနနဲ႔ ရွိေနမွာ။ အဲဒီအခါက်ေတာ့မွ အမ်ိဳးသားကာကြယ္ ေရး နဲ႔ လုံၿခဳံေရးေကာင္စီအေနနဲ႔က (၄၂၇/ခ) အရ သူက လုပ္လို႔ရတယ္။ (ခ) အရက ဘာလဲဆိုရင္ အမ်ိဳးသား ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီဥကၠ႒လုပ္တဲ့ ယာယီသမၼတ ဦးျမင့္ေဆြ ကေနၿပီးေတာ့မွ အမ်ိဳးသားလုံၿခဳံေရး ေကာင္စီရဲ႕ ဒါဆုံးျဖတ္ခ်က္နဲ႔ေပါ့ဗ်ာ သူတစ္ေယာက္ထဲ ဆုံးျဖတ္တာ မဟုတ္ဘူးေပါ့။ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္နဲ႔ပဲ သူက ဥပေဒျပဳေရးကိုေတာ့ ကာလုံက ကိုင္ထားတယ္။ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးကိုေတာ့ သူႀကိဳက္တဲ့အဖြဲ႕အစည္းလူပုဂၢိဳလ္ကို သူက ျပည္ေထာင္စုအဆင့္မွာေရာ၊ ျပည္နယ္နဲ႔ တိုင္းအဆင့္မွာေရာ သူက ခန႔္အပ္လို႔ရတယ္။ ဒါက (၄၂၇/ခ) အရ ခန႔္အပ္လို႔ ရတယ္ဆိုတာကို ဒါကိုေျပာတာ။ အဲဒီေတာ့ ဒါေပမယ့္ အဲဒီမွာ ပုဒ္မ(၄၂၈)ေပါ့၊ (၄၂၈) က်ေတာ့လည္း ေစာေစာက ေျပာသလိုေပါ့ေလ ဒါကေတာ့ (၄၂၇/ခ) နဲ႔ သေဘာသဘာဝ သိပ္မကြာပါဘူး။ သူကေတာ့ ဘာလဲဆိုရင္ေတာ့ျဖင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္တိုင္းတို႔၊ ေ႐ြးေကာက္ပြဲေကာ္မရွင္တို႔ ဒါေတြကို ခန႔္ခြင့္ရွိတယ္ဆိုတာပါ ခန႔္တာပဲ။ သူက ခန႔္ခြင့္ရွိတယ္။ (၄၂၉) က်ေတာ့ ဘာလဲဆိုရင္ေတာ့ ကာလုံေပါ့ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီက ေစာေစာက ကြၽန္ေတာ္တို႔ (၄၂၆) အရ ပုဒ္မ(၄၂၈)အရ ခန႔္အပ္ထားတဲ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို “ခင္ဗ်ားကို အပ္ထားတဲ့အာဏာကို ျပန္႐ုတ္သိမ္းလိုက္ၿပီ” လို႔ ေျပာတဲ့အခ်ိန္ကစၿပီး (၆)လၾကာတဲ့အခ်ိန္မွာ ေ႐ြးေကာက္ပြဲကို လုပ္ေပးရမယ္လို႔ သူက ဒီလိုပါ ပါတယ္။ ဒါက(၄၂၉) ေပါ့။ ဒါေပမယ့္ (၄၃ဝ) မွာ ဘာျပန္ပါလဲဆိုေတာ့ (၄၃ဝ) မွာက်ေတာ့ ပုဒ္မ(၄၂၈) အရ ဖြဲ႕စည္းထားတဲ့အဖြဲ႕အစည္းေတြဟာ အဲဒါကေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ေတြလည္း ပါတာေပါ့ဗ်ာ။ အဲဒီအဖြဲ႕ အစည္းေတြက ေ႐ြးေကာက္ပြဲကို က်င္းပၿပီးေတာ့မွ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔အညီ က်င္းပေပးတဲ့အစိုးရကို ဖြဲ႕စည္း ၿပီးတဲ့အခ်ိန္အထိ လုပ္ငန္းတာဝန္ကို ဆက္လက္ေဆာင္႐ြက္ရမယ္ဆိုတာ ကာလုံသည္ အဲဒီအစိုးရအဖြဲ႕ ဖြဲ႕စည္းတဲ့ အခ်ိန္အထိ ကာလုံက တာဝန္ရွိပါတယ္။ ကာလုံကေတာ့ ဥပေဒျပဳေရးလုပ္ႏိုင္မယ္။ ကာလုံက လႊဲအပ္ထားတဲ့ လူပုဂၢိဳလ္အဖြဲ႕အစည္းေတြကေတာ့ျဖင့္ တရားစီရင္ေရးနဲ႔ အုပ္ခ်ဳပ္ေရးကို လုပ္ႏိုင္ပါတယ္။ ေနာက္ဆုံး (၄၃၁) က် ေတာ့မွ အဲဒါေတြကို ေဆာင္႐ြက္တဲ့အခါမွာ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီအေနနဲ႔ သမၼတအေနနဲ႔ ေဆာင္႐ြက္ရမယ္ဆိုတာ ပါပါတယ္။ ဒါကေတာ့ ဦးျမင့္ေဆြက လက္ရွိ သမၼတ၊ ယာယီသမၼတ ေျပာလို႔ရပါတယ္။ ဒါေၾကာင့္မို႔လို႔ ဒီဟာေတြအာလုံးက ေစာေစာက ကြၽန္ေတာ္ေျပာခဲ့တာေတြအားလုံးကိုၿခဳံၿပီး ေျပာရမယ္ဆိုရင္ သူ႔ဖြဲ႕စည္းပုံအေျခခံဥပေဒအရေတာ့ သာမန္အားျဖင့္က (၁)ႏွစ္၊ (၆)လ၊ (၆)လ ဒါ သာမန္အားျဖင့္ပဲ။ ဒါေပမယ့္ သာမန္ထက္ပိုထူးၿပီးေတာ့မွ မၿငိမ္သက္တဲ့အေနအထားကလည္း ဒါတကယ့္ actual ground မွာ တကယ္ျဖစ္ေန တာ။ တကယ္ျဖစ္ေနတဲ့အခါက်ေတာ့ သာမန္နဲ႔မို႔လို႔ မရပါဘူးလို႔ ေျပာလို႔ရွိရင္လည္း ကာလုံက စဥ္းစားရမယ့္၊ လက္ခံရမယ့္အေနအထားေတာ့လည္းျဖစ္ေနၿပီလို႔ ကြၽန္ေတာ္ ဒီလိုပဲသုံးသပ္ပါတယ္။ သို႔ေသာ္ အဲဒါကိုပဲ လက္ရွိ တာဝန္ယူေနတဲ့ တာဝန္ခံလူႀကီးကေနၿပီးေတာ့မွ အစီရင္ခံစာမွာ ကာလုံဥကၠ႒ကိုပဲ ဒါေတြအားလုံးလႊဲအပ္ပါတယ္ ဆိုရင္ ကာလုံဥကၠ႒က ဒါဆိုရင္ေတာ့ (၄၂၈) အရ ခင္ဗ်ားတို႔ ေပးအပ္ထားတဲ့တာဝန္ကို ကြၽန္ေတာ္႐ုတ္သိမ္းလိုက္ၿပီ ဆိုၿပီးေတာ့ သူႀကိဳက္တဲ့သူကို၊ သူႀကိဳက္တဲ့အဖြဲ႕အစည္းကို ခန႔္လိုက္လို႔ရတယ္။ ေနာက္ပုဒ္မတစ္ခုအရလည္း ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုလည္း ခန႔္လို႔ရတယ္။ ၿပီးေတာ့မွ အဲဒီလူထဲကမွ တစ္ဆင့္ေ႐ြးေကာက္ပြဲကို လုပ္ေပး မယ္။ ေ႐ြးေကာက္ပြဲလုပ္ေပးၿပီးေတာ့မွ အစိုးရအဖြဲ႕တက္တဲ့အခ်ိန္အထိ ကာလုံက တာဝန္အရွိဆုံးပဲ။ ၿပီးလို႔ရွိရင္ အစိုးရအဖြဲ႕ေတြက ဆက္သြားမွာေပါ့ဗ်ာ။ ဒီအေနအထားကေတာ့ အဲဒါေလးပါပဲ။ အဲဒီေတာ့ သာမန္အားျဖင့္ ေျပာမယ္ဆိုလို႔ရွိရင္ေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒထဲမွာပါတဲ့ (၄၃ဝ) ဆိုတာကို ကြၽန္ေတာ္တို႔က နည္းနည္းေလး ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးေလာက္ကပဲ သတ္မွတ္ၿပီး လုပ္မွပဲရပါလိမ့္မယ္။ ကြၽန္ေတာ္တို႔အဆင့္ကက်ေတာ့ ကြၽန္ေတာ္တို႔က ဥပေဒပညာရွင္လည္း မဟုတ္ဘူး။ ဒီဟာနဲ႔ပတ္သက္ၿပီး အေတြ႕အႀကဳံလည္း နည္းပါတယ္။ သို႔ေသာ္ ဘာပဲေျပာေျပာ ေ႐ြးေကာက္ပြဲတကယ္ျဖစ္ခ်င္သလား ေ႐ြးေကာက္ပြဲကို ေအာင္ေအာင္ျမင္ျမင္နဲ႔ Peaceful and success election ျဖစ္ခ်င္သလား၊ ျဖစ္ခ်င္ရင္ PDF ေတြ ဒီေန႔ လက္နက္ခ်၊ ျဖစ္ကို ျဖစ္တယ္။ PDF ေတြက လက္နက္မခ်ဘူး၊ PDF ေတြက လက္နက္အားကိုးနဲ႔ပဲ ေနရာတကာ အႏိုင္က်င့္မယ္ သူတို႔ရဲ႕လက္နက္ေတြနဲ႔ပဲ ေ႐ြးေကာက္ပြဲ result ျပဳျပင္ေျပာင္းလဲေအာင္လုပ္မယ္ဆိုလို႔ရွိရင္ေတာ့ ေ႐ြးေကာက္ပြဲက မျဖစ္ႏိုင္ဘူး။ ဒါကြၽန္ေတာ့္တစ္ေယာက္ထဲ အျမင္ကိုေျပာတာေပါ့။ ျဖစ္ဦးေတာ့ အဲဒီဟာသည္ ေအာင္ျမင္တဲ့ ေ႐ြးေကာက္ပြဲ မျဖစ္ ႏိုင္ဘူး။ ၿပီးေတာ့လည္း Free and Fair election မျဖစ္ႏိုင္ဘူး။ အဲဒီေတာ့ ေသနတ္ေျပာင္းဝက ဆုံးျဖတ္ေပးတဲ့ result ပဲျဖစ္လိမ့္မယ္။ ေသနတ္ေျပာင္းဝဆိုတာက တပ္မေတာ္ရဲ႕ ေသနတ္ေျပာင္းဝကို ေျပာတာမဟုတ္ဘူး။ PDF ေတြရဲ႕ေသနတ္ေျပာင္းဝက ဆုံးျဖတ္ေပးတဲ့ result ပဲျဖစ္လိမ့္မယ္။ ဒါဆိုရင္ေတာ့လည္း ကြၽန္ေတာ္တို႔ရဲ႕ ဒီမိုကေရစီက ဒီမိုကေရစီအတုေယာင္ႀကီးျဖစ္သြားမွာေပါ့။ အဲဒါေၾကာင့္မို႔ လို႔ ေသနတ္ေျပာင္းဝက ဆုံးျဖတ္ေပးတဲ့ ဒီမိုကေရစီဆိုရင္ေတာ့ ေရရွည္မွာတည္ၿမဲစရာ အေၾကာင္းလည္းမရွိဘူး။ ဒါေၾကာင့္ PDF ေတြ မင္းတို႔လုပ္ေနတာ ကေတာ့ျဖင့္ ႏိုင္ငံေတာ္ကသြားေနတဲ့ ဒီမိုကေရစီမျဖစ္မေနျဖတ္သန္းရမယ့္ ဂိတ္တံခါးျဖစ္တဲ့ ဒီေ႐ြးေကာက္ပြဲဆို တာႀကီးကို မင္းတို႔ျဖတ္ဖို႔ႀကိဳးစားတယ္ဆိုလို႔ရွိရင္ ဒါမင္းတို႔မွားေနၿပီ။ ေ႐ြးေကာက္ပြဲကို မသြားဘဲနဲ႔လည္း တကယ္တမ္း credibility ျဖစ္တဲ့ legitimacy ရွိတဲ့ အစိုးရဆိုတာမျဖစ္ႏိုင္ဘူး။ ဒါမွန္တယ္။ ဒါေပမယ့္ အဲဒီလို မျဖစ္ႏိုင္တဲ့အတြက္ေၾကာင့္မို႔လို႔ ဆက္ၿပီးေတာ့မွ မင္းတို႔က ပုန္ကန္ျခားနား ေတာ္လွန္တိုက္ခိုက္ သတ္ျဖတ္ ဒါေတြ လုပ္ေနမယ္ဆိုလို႔ရွိရင္ အစိုးရက ဒီလိုပဲႏွိမ္နင္းေနမွာပဲ။ ေ႐ြးေကာက္ပြဲကလည္း ျဖစ္ခ်င္လည္းျဖစ္မယ္။ မျဖစ္ခ်င္ လည္းမျဖစ္ဘူး။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ့္အေနနဲ႔ PDF ေတြကိုေပးခ်င္တဲ့ Message ကေတာ့၊ NUG ကိုေပးခ်င္တဲ့ Message ကေတာ့ ခင္ဗ်ားတို႔ ဒီမိုကေရစီကို တကယ္ခ်စ္တယ္ဆိုရင္ အျမန္ဆုံးျပန္လာ၊ ဒီမိုကေရစီကို အမွန္တကယ္ျမတ္ႏိုးတယ္ဆိုရင္ အျမန္ဆုံးလက္နက္ခ်။ အဲဒီေတာ့ တရားဝင္ပါတီအေနနဲ႔ ဆက္ရွိေနတယ္ဆိုလို႔ ရွိရင္လည္း အဲဒီပါတီကိုအေၾကာင္းျပဳၿပီး ေ႐ြးေကာက္ပြဲကိုဝင္ တရားဝင္ပါတီ မဟုတ္ေတာ့ဘူးဆိုရင္လည္း ပါတီ အသစ္ေထာင္မယ္ဆိုရင္လည္း ေထာင္လို႔ရေသးတယ္ ေ႐ြးေကာက္ပြဲကိုဝင္ၿပိဳင္ပါ။ ဒါ Free and Fair ျဖစ္ဖို႔အတြက္ တကယ့္ကို ခင္ဗ်ားတို႔ရဲ႕ဆုံးျဖတ္ခ်က္ေတြက သမိုင္းမွာဖ်က္လို႔မရတဲ့ အမဲစက္ႀကီးမျဖစ္ေအာင္ အခုခ်ိန္ထိက မွားေတာ့မွားတယ္၊ ဖ်က္လို႔ရႏိုင္ေသးတယ္။ ဒါေပမယ့္ ေရွ႕ေလွ်ာက္ဆက္ မွားေနဦးမယ္ဆိုရင္ေတာ့ ဖ်က္လို႔မရတဲ့ အမဲစက္ႀကီးျဖစ္သြားၿပီးေတာ့မွ သားစဥ္ေျမးဆက္ တကယ္ေျပာလို႔မျဖစ္တဲ့ မိုက္မဲမႈႀကီးတစ္ခုအေနနဲ႔ သမိုင္းတြင္ မက်န္ခဲ့ရေအာင္ အျမင္မွန္ အျမန္ဆုံးရၾကပါလို႔ပဲ ကြၽန္ေတာ့္အေနနဲ႔ေျပာခ်င္ပါတယ္။
ေမး ။ ။ အဲဒီမွာ ကြၽန္ေတာ္တို႔စိတ္ဝင္စားစရာေကာင္းတာ တစ္ခုရွိတယ္ေပါ့။ လြယ္လြယ္ကူကူ ဥပေဒပုဒ္မေတြ ဖယ္ၿပီး နားလည္လြယ္ေအာင္ေျပာရရင္ေတာ့ ဒီ ၂ဝ၂၁ ႏိုင္ငံေရးအခင္းအက်င္းျဖစ္တဲ့အခ်ိန္မွာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ သူနဲ႔ သူရဲ႕အဖြဲ႕ကေနၿပီးေတာ့ အဲဒီအခ်ိန္မွာ ယာယီသမၼတျဖစ္သြားတဲ့ ဦးျမင့္ေဆြကို သြားေတြ႕တယ္။ သြားေတြ႕ၿပီးေတာ့ သူတို႔က ကာလုံေခၚၿပီးေတာ့ ကာလုံနဲ႔အတူ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီကေနၿပီးေတာ့ အာဏာကိုရယူလိုက္တယ္။ ၿပီးေတာ့မွ အဲဒီကေန ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီကို ဖြဲ႕စည္းလိုက္တယ္။ ဖြဲ႕စည္းလိုက္ၿပီးေတာ့ (၂)ႏွစ္ၾကာတဲ့အခါမွာ သူ႔ရဲ႕တာဝန္ေတြၿပီးတာ၊ မၿပီးတာ ခဏထားဦးေပါ့ေနာ္။ ၿပီးျခင္း၊ မၿပီးျခင္း ကြၽန္ေတာ္တို႔ေစာင့္ၾကည့္ရမွာေပါ့။ အဲဒီေတာ့ မၿပီးေသးဘူးပဲဆိုပါစို႔။ မၿပီးေပမယ့္လည္း သူက (၂)ႏွစ္ျပည့္တဲ့အခါမွာ ကာလုံကို ျပန္ေခၚၿပီးေတာ့ပဲ ယာယီသမၼတဦးျမင့္ေဆြကို သူရဲ႕ လုပ္ပိုင္ခြင့္အာဏာေတြကို ခဏျပန္အပ္တယ္။ အဲဒီအခ်ိန္မွာ ယာယီသမၼတဦးျမင့္ေဆြက ကာလုံ ကေနမွတစ္ဆင့္ ငါ ဘာဆက္လုပ္ရင္ေကာင္းမလဲဆိုတာကို ဖြဲ႕စည္းပုံအေျခခံဥပေဒကို သူလွန္မယ္။ လွန္ၿပီးေတာ့မွ အဲဒီထဲကေန လုပ္လို႔ရတာေတြကို ျပန္ၿပီးေတာ့ ဆက္လုပ္မယ္။ လုပ္ရင္းနဲ႔ အဲဒီမွာလည္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဆိုတာကေတာ့ ေသခ်ာေပါက္နာမည္ဟာ ရွိခ်င္မွလည္း ရွိမယ္၊ မရွိရင္လည္း မရွိဘူးေပါ့။ အသစ္ထပ္ဖြဲ႕တာလည္း ျဖစ္ႏိုင္တယ္။ ဆိုေတာ့ သေဘာတစ္ခုကေတာ့ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီက ႏိုင္ငံေတာ္ရဲ႕ အာဏာကို လက္ရွိမွာ သူက ကိုင္ထားတယ္ဆိုတဲ့အဓိပၸာယ္ကို သြားသက္ေရာက္တယ္။ ဦးမင္းေအာင္လႈိင္ဆီမွာ ရွိေနတာေတာ့ မဟုတ္ဘူး။ သို႔ေသာ္ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီဆီမွာ ရွိေနတဲ့ အဓိပၸာယ္ သက္ေရာက္တယ္။ တခ်ိဳ႕ကေတာ့ အဲဒါကို ဥပေဒအရ မျမင္ေတာ့ဘဲနဲ႔ ဘယ္လိုျမင္လဲဆိုေတာ့ တမင္လိုခ်င္လို႔ကို အတင္းအက်ပ္ကို လိုခ်င္လို႔ ယူထားတာပဲကြာ ဥပေဒေတြဘာေတြလည္း ဒီေကာင္ေတြက နားလည္တာ မဟုတ္ ဘူး။ ဥပေဒကို လက္တစ္လုံးၾကား လုပ္သြားတာပဲကြာ ဘာမွတရားဝင္ေနတာ မဟုတ္တာပဲလို႔ဆိုတဲ့ ဆန႔္က်င္ ဘက္ ရႈေထာင့္ကေနလည္း ျမင္တာေတြရွိတယ္။ အဲဒီေတာ့ လက္တစ္လုံးၾကားလုပ္တယ္ဆိုတဲ့စကားမ်ိဳးကို သုံးတယ္ေပါ့ေနာ္။ လက္တစ္လုံးၾကားလုပ္ၿပီး အာဏာကိုလိုခ်င္လို႔ကို ယူတာကြာဆိုတဲ့၊ ေျပာတဲ့ဟာေတြလည္း ရွိ တယ္။ အဲဒါမ်ိဳးကိုေရာ ဘယ္လိုျပန္ၿပီး ရွင္းျပခ်င္လဲ။
ေျဖ။ ။ တကယ္တမ္းေျပာရမယ္ဆိုရင္ေတာ့ NLD အေနနဲ႔က သူတို႔ ၂ဝ၂ဝ ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈေတြကို ေျဖရွင္းလို႔ရႏိုင္တဲ့အေနအထားကို မရွိေတာ့ဘူး။ ေျဖရွင္းလို႔မရႏိုင္ေလာက္ေအာင္လည္း သူ႔ဟာေတြက ရႈပ္ေထြး သြားၿပီ။ အဲဒီေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ဘယ္လိုေျပာလိုက္လဲ၊ ဘယ္လိုလမ္းၫႊန္လိုက္လဲေတာ့ မသိဘူး ေအာက္ေျခမွာလုပ္တဲ့ဟာေတြကေတာ့ တကယ့္ကို မ်က္ကန္း တေစၦမေၾကာက္ လုပ္သင့္တာေတြေရာ၊ မလုပ္သင့္တာေတြေရာ အကုန္လုံးကိုလုပ္တဲ့အခါက်ေတာ့ အဲဒီဟာေတြအားလုံးကို ေဒၚေအာင္ဆန္းစုၾကည္လည္း မသိႏိုင္ေတာ့ဘူး။ ရွင္းလို႔လည္းမရႏိုင္ေတာ့ဘူးဆိုေတာ့ တပ္ဘက္ကေရာ က်န္တဲ့ပါတီေတြကေရာ ဘယ္ေလာက္ ပဲ သတိေပးေပး လႊတ္ေတာ္ေခၚမယ္၊ အစိုးရဖြဲ႕မယ္ ဆိုတဲ့ဟာကိုပဲ သူက ဒီဘက္ကေျပာသမွ်အားလုံးကို လ်စ္လ်ဴရႈ ၿပီး သြားရတဲ့သေဘာရွိပါတယ္။ အဲဒီလိုမလုပ္ဘဲ ရွင္းမယ္ဆိုလို႔ရွိရင္ ဘာျဖစ္မလဲဆိုေတာ့ ဒါ့ထက္ပိုၿပီး အရွက္ကြဲ မွာေပါ့ဗ်ာ။ အခု နစကအစိုးရကို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ က်န္တဲ့ NLD ေတြက ေက်းဇူးတင္ဖို႔ ေကာင္းတာက ဘာလဲဆိုလို႔ရွိရင္ အခုခ်ိန္ထိ မဲမသာမာမႈနဲ႔သက္ဆိုင္ရာ မဲဆႏၵနယ္ေျမအလိုက္ တကယ္ဘယ္လိုေတြ ေဖာက္လြဲ ေဖာက္ျပန္ျဖစ္ခဲ့ပါတယ္ဆိုတာကို တိုင္းသိ၊ ျပည္သိ အရမ္းႀကီး ခ်မျပဘူး။ အဲဒါက ေတာ္ေတာ္ကို လူႀကီးလူေကာင္း ဆန္တဲ့အေနအထားရွိတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ ဥပမာေလးတစ္ခုေျပာျပရလို႔ရွိရင္ ကြၽန္ေတာ္တို႔ စစ္ဦးစီးတကၠသိုလ္သင္တန္းဆိုတာ Staff College ဆိုတာ ကေလာမွာ တက္ရတယ္။ စာေမးပြဲကလည္း ခဏခဏ ေျဖရတယ္ဗ်။ စာေမးပြဲေျဖၿပီးၿပီဆိုလို႔ရွိရင္ အမွတ္စာရင္းေတြကို စာအိတ္နဲ႔ပိတ္ေပးတာ။ လူတစ္ေယာက္ခ်င္းကို စာအိတ္နဲ႔ပိတ္ေပးတာ။ ဘယ္သူက ပထမရတယ္ဆိုတာ မသိရဘူး။ ၿပီးေတာ့မွ ဘာသာရပ္ တစ္ခုခုမွာ စာေမးပြဲ က်တယ္ဆိုလို႔ရွိရင္ ေရွ႕က ဆရာက စာသင္ေနတဲ့အခ်ိန္မွာ ေနာက္က ဆရာတစ္ေယာက္က အဲဒီဗိုလ္မႉးႀကီးကို လက္တို႔ၿပီးေတာ့ အသာေလးေခၚသြားတာ။ ဗိုလ္မႉးႀကီးက လိုက္သြားတာပဲ။ လိုက္သြားၿပီးေတာ့ ေက်ာင္းအုပ္ႀကီး ႐ုံးတို႔မွာ တက္ရတာ။ တက္ၿပီးေတာ့မွ သူလည္း မ်က္စိမ်က္ႏွာ မေကာင္းဘဲျပန္လာတယ္။ ဒါဆိုရင္ ႐ုံးတက္ရတယ္ ဆိုတာ ကြၽန္ေတာ္တို႔က ခန႔္မွန္းလို႔ရတယ္ေပါ့ေနာ္။ ဒါေပမယ့္ သူဘယ္ႏွစ္မွတ္ရတယ္ဆိုတာကို သူမေျပာေစခ်င္လို႔က သိကို မသိရဘူး။ ဒါအင္မတန္ လူႀကီးလူေကာင္းဆန္တဲ့ ေက်ာင္းႀကီးရဲ႕ျပဳမူ မႈေပါ့ေနာ္။ ကံအားေလ်ာ္စြာပဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကလည္း အဲဒီေက်ာင္းမွာ နည္းျပ လုပ္ခဲ့ေသးတယ္။ ကြၽန္ေတာ္ တို႔ သင္တန္းတက္တဲ့အခ်ိန္တုန္းက သင္တန္းတစ္ဝက္ေလာက္မွာ သူက နည္းျပအျဖစ္နဲ႔ေရာက္ခဲ့တာ။ အဲဒီ Practice လည္း သူရေကာင္းရခဲ့ပါလိမ့္မယ္။ ၾကည့္ရတာ အခုခ်ိန္ထိသူက Collection ကိစၥေတြေရာ၊ ေ႐ြးေကာက္ ပြဲမဲမသမာတဲ့ကိစၥေတြေရာကို တကယ့္ကို ပ်စ္ပ်စ္ႏွစ္ႏွစ္ ဒီလူေတြရဲ႕သိကၡာက်ေလာက္ေအာင္ တစ္ခါမွ မီဒီယာမွာပဲ ျဖစ္ျဖစ္၊ ျပင္ပမွာပဲျဖစ္ျဖစ္ သူက အဲဒီလိုမေျပာဖူးဘူး။ ကြၽန္ေတာ္သာဆို ေျပာမိပါလိမ့္မယ္။ သူက မေျပာဘူး။ အင္မတန္ လူႀကီးလူေကာင္းဆန္တယ္။ သိကၡာရွိရွိနဲ႔ေနတယ္ေပါ့။ အဲဒီအခါက်ေတာ့ တစ္ဖက္က လူေတြက ဘာျဖစ္လဲဆိုေတာ့ ငါတို႔မမွားဘူး။ တပ္က လိုခ်င္တာယူတယ္။ ဒါေၾကာင့္မို႔လို႔ တပ္က မေျပာတာေပါ့။ ၾကည့္ပါ လားဆိုတဲ့ ဒီလိုအျမင္မ်ိဳးျဖစ္တာေပါ့ေလ။ အမွန္တကယ္က တကယ္တမ္းထုတ္ေျပာလိုက္လို႔ရွိရင္ ေတာ္ေတာ္ ေစာေစာစီးစီးထဲက ပြဲၿပီးလိမ့္မယ္လို႔ ကြၽန္ေတာ္ေတာ့ ယူဆတယ္။ ကိုေက်ာ္ႏု သတိထားမိလား မသိဘူး။ ၿပီးခဲ့တဲ့ ၂ဝ၂ဝ ေ႐ြးေကာက္ပြဲမတိုင္ခင္မွာထဲက ဒါေ႐ြးေကာက္ပြဲမလုပ္ခင္မွာ စက္တင္ဘာ၊ ေအာက္တိုဘာေလာက္မွာ ကြၽန္ေတာ္တို႔ မဲဆႏၵနယ္ေျမ အေဝးႀကီးသြားရတာ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ မအားမလပ္နဲ႔ ရန္ကုန္မွာလာၿပီးေတာ့ မေလးရွားတို႔၊ စင္ကာပူတို႔၊ ထိုင္းတို႔ သံ႐ုံးေတြမွာ သူတို႔မဲလိမ္မဲခိုးလုပ္တဲ့ဟာေတြကို ကြၽန္ေတာ္တို႔ ေဖာ္ထုတ္တာ။ ေဖာ္ထုတ္ၿပီးေတာ့ မီဒီယာအားနဲ႔ ကြၽန္ေတာ္တို႔တိုက္တာေပါ့ သူတို႔ကို။ မလုပ္ဘူးလားဆိုေတာ့ လုပ္တာပါပဲ။ လုပ္ေပမယ့္ ရွင္းရွင္းေျပာရင္ဗ်ာ အရင္က(၁ဝ)ဖိုး လုပ္မယ့္ဟာက (၂) က်ပ္ ဖိုးေလာက္ပဲ လုပ္တာေပါ့။ အမ်ားႀကီး လုပ္လို႔ မရေတာ့ဘူး။ ဟိုဘက္မွာရွိတဲ့ သံအမတ္ႀကီးေတြလည္း နည္းနည္း ကြၽန္ေတာ္တို႔ေျပာတဲ့ဟာေတြ ၾကား တာေပါ့။ တခ်ိဳ႕လူေတြကလည္း အေျခအျမစ္မရွိဘဲေျပာတယ္လို႔ ေျပာတယ္။ အေျခအျမစ္ရွိေအာင္ တိတိပပ ကြၽန္ေတာ္တို႔က ဘယ္က သတင္းရတယ္လို႔ေျပာရင္ အဲဒီလူပါ ေထာင္က်သြားမွာေပါ့။ ကြၽန္ေတာ္တို႔ ေျပာလို႔မရဘူး ေလ။ ဒါေပမယ့္ ကြၽန္ေတာ့္မွာ သတင္းရင္းျမစ္ေတြက ရွိပါတယ္။ အဲဒီေတာ့ ဘာျဖစ္လဲဆိုလို႔ရွိရင္ေတာ့ သူတို႔က တကယ္ေျပာလိုက္မွ ရမယ့္လူေတြ။ ကြၽန္ေတာ္တို႔ကေတာ့ တခ်ိဳ႕ေနရာေတြမွာ လူႀကီးလူေကာင္းဆန္သင့္ပါတယ္။ တခ်ိဳ႕ေနရာေတြမွာ ထိန္းသင့္တယ္။ တခ်ိဳ႕ေနရာေတြက်ေတာ့လည္း တကယ့္ကို လြတ္လြတ္လပ္လပ္ကို ဖြင့္ခ်ျပ လိုက္မွ ျပည္သူက သိမယ့္သေဘာရွိတယ္။ ကြၽန္ေတာ္ၿပီးခဲ့တဲ့ရက္က တ႐ုတ္တခ်ိဳ႕ေတြနဲ႔ ေတြ႕တယ္။ သူတို႔ျမန္မာ ႏိုင္ငံအစိုးရကို အားမရဘူး။ ဘာလို႔ ဒီလိုလုပ္ေနတာလဲတဲ့။ သူတို႔ တ႐ုတ္ႏိုင္ငံမွာလည္း တိန္႔ေရွာင္ဖိန္တို႔ လက္ထက္က ဒီလိုလုပ္ခဲ့တာပဲတဲ့။ တိန္႔ေရွာင္ဖိန္က ျပတ္ျပတ္သားသားအေရးယူလိုက္တာပဲတဲ့။ သူတို႔အေရးယူ တယ္ဆိုတာ လူေတြေရွ႕မွာ ေခၚၿပီး သတ္ပစ္လိုက္တာပဲ။ ၿပီးလို႔ရွိရင္လည္း အဲဒီေတာ္ေတာ္မ်ားမ်ား လူေတြကို ဆိုင္းဘုတ္ေတြနဲ႔ ျပစ္မႈက်ဴးလြန္တဲ့သူ အကုန္လုံးကို ဓာတ္ပုံေတြနဲ႔ ပုံႀကီးေတြနဲ႔ ကပ္ထားတာ။ ဒီမွာလည္းတဲ့ ေခတ္ေတြ မွီေနတာပဲတဲ့။ LED ေတြနဲ႔ သူတို႔ျပစ္မႈက်ဴးလြန္တဲ့ဟာေတြကို Video Slide ေတြနဲ႔ ျပပါလားတဲ့။ ျပလို႔ရွိရင္ ဒီမွာရွိတဲ့သံ႐ုံးေတြက မသိခ်င္လည္း သိသြားတာေပါ့တဲ့။ အဲဒီလိုဆိုရင္ ႏိုင္ငံတကာက ေကာင္ေတြ အဲဒီက်မွသိမွာတဲ့။ မသိခ်င္ေယာင္ေဆာင္လို႔မရေတာ့ဘူးေလတဲ့။ ကြၽန္ေတာ္တို႔ႏိုင္ငံက အဲဒီေလာက္ႀကီးေတာ့ လည္း ဘယ္လိုေခၚမလဲ လူေတြေၾကာက္႐ြံ႕သြားမွာကို စိုးရိမ္လို႔လား၊ အဲဒီေလာက္ႀကီးလုပ္ဖို႔ မလိုဘူးလို႔ ယူဆလို႔ပဲ လား မသိဘူး၊ အခုခ်ိန္ထိေတာ့ မလုပ္ဘူးေပါ့ဗ်ာ။ အဲဒီေတာ့ ဘာပဲေျပာေျပာ ကြၽန္ေတာ္တစ္ဦးထဲအေနနဲ႔ကေတာ့ တစ္ဖက္ကလူေတြက ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ကိုင္ၿပီးပဲ ေျပာေျပာ၊ မကိုင္ဘဲနဲ႔ အလြတ္တန္း က်ိဳးေၾကာင္း ဆီေလ်ာ္တဲ့ ကိစၥနဲ႔ပဲေျပာေျပာ ဒီဟာကို ေဆြးေႏြးလို႔ရပါတယ္ေျပာလည္း ေျပာရဲပါတယ္။ ဒီထဲကပါတဲ့ စာအုပ္ ေတာ္ေတာ္မ်ားမ်ားက ဘာကိုေျပာလဲဆိုေတာ့ သမၼတနဲ႔ အာဏာရပါတီက ေသာင္းေသာင္းလြဲလြဲျဖစ္တဲ့ဟာေပၚမွာ အေျခခံထားတာ။ အခုက သမၼတ ကိုယ္၌က သူက မဲလိမ္မဲခိုးထဲမွာ ပါတယ္ေလ။ သမၼတ ကိုယ္တိုင္က Collection ထဲမွာပါတယ္ေလ။ အဲဒီေတာ့ သမၼတကို အေရးယူမွာေပါ့။ သမၼတကို အေရးယူလို႔ရွိရင္ ဒုသမၼတ(၁)က (၁) သမၼတျဖစ္တာေပါ့။ သူ႔ဆီကေနၿပီးေတာ့ အာဏာလႊဲယူတာ ဒါဘာမွ မထူးဆန္းဘူးေလ။ ဒါရွင္းရွင္းေလးပဲ။ သမၼတက ဘာမွမရွိဘဲနဲ႔ ျပစ္မ်ိဳးမွဲ႔မထင္ေနတယ္ဆိုလို႔ရွိရင္ ရတယ္ေလ။ ဟုတ္တယ္မွတ္လား ကိုေက်ာ္ႏု ဒါရွင္းရွင္းေလးပဲ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က အခုခ်ိန္မွာ နစကလုပ္သမွ် (၁ဝဝ) ရာခိုင္ႏႈန္းေထာက္ခံတယ္လို႔ ကြၽန္ေတာ္မေျပာဘူး။ နစကကိုလည္း ေဝဖန္၊ အႀကံဉာဏ္ေပးတာေတြရွိလို႔ ကြၽန္ေတာ့္ကိုလည္း မ်က္မုန္းက်ိဳးတာ ေတြ ကြၽန္ေတာ္ၾကားရပါတယ္။ က်ိဳးပါေစ.. ကြၽန္ေတာ္က ကိစၥမရွိဘူး။ ဘာျဖစ္လဲ ဒါေပမယ့္ တကယ့္တမ္း အဓိက ကေတာ့ သူလုပ္တာကို ေထာက္ခံရမယ္။ ဘာလို႔ေထာက္ခံရမလဲဆိုတာ ဒီလိုသာမလုပ္ႏိုင္ခဲ့ဘူးဆိုရင္ NLD ေနာက္ထပ္(၅)ႏွစ္သြား ကြၽန္ေတာ္တို႔ တိုင္းျပည္သြားၿပီ။ ျပန္ေတာင္ အဖတ္ဆယ္လို႔ရေတာ့မွာ မဟုတ္ဘူး။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔ကေတာ့ တပ္မေတာ္က ဟိုဘက္တပ္ဖြဲ႕ကို အျပစ္မရွိ အျပစ္ရွာတာမဟုတ္ဘူး။ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔အညီလုပ္တယ္ဆိုတာမ်ိဳး၊ တကယ့္ကို ပုဒ္ထီး၊ ပုဒ္မရယ္နဲ႔ မာမာခ်ာခ်ာ ေျပာဆိုေတာ့မွ သာ လူေတြက နားလည္လာမွာေလ။ အခုခ်ိန္မွာကေတာ့ ပြင့္ပြင့္လင္းလင္းဆိုလို႔ရွိရင္ လူအမ်ားစု နားမလည္ဘူး။ နားလည္ႏိုင္စြမ္းလည္း မရွိဘူး။ နားလည္ေအာင္ေျပာေပးမယ့္သူလည္း မရွိဘူး။ ဒီလိုျဖစ္ေနတာကို။
ေမး ။ ။ ဒါေပမယ့္ တခ်ိဳ႕ကေတာ့ ေျပာတာေတာ့ သမၼတက အျမင့္ဆုံးရာထူးကိုယူထားတာ သမၼတေအာက္က အဆင့္ဘယ္ေလာက္ အဆင့္(၈) မွာပဲရွိတဲ့တပ္ခ်ဳပ္က လာၿပီး အေရးယူလို႔ရသလားေပါ့။ ကြၽန္ေတာ္တို႔ ဒီေနရာမွာ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီက အေရးပါတယ္လို႔ ေျပာလို႔ရတာလား။
ေျဖ ။ ။ အဲဒီေတာ့ ဒီဟာကို သူကလုပ္ဖို႔ကေတာ့ ကိုေက်ာ္ႏု စဥ္းစားၾကည့္လိုက္ေလ။ သမၼတ လုပ္တာမဟုတ္လို႔ ဒုသမၼတ(၁) က လုပ္မလားဆိုေတာ့ ဒုသမၼတ(၁) က ပြင့္ပြင့္လင္းလင္းေျပာလို႔ရွိရင္ တပ္ဘက္က အဆိုျပဳတဲ့ ဒုသမၼတပဲေလ ဟုတ္တယ္မွတ္လား။ ဒါေၾကာင့္မို႔လို႔ ဒုသမၼတနဲ႔ သူက ဒီတပ္ခ်ဳပ္နဲ႔က ေပါင္းလုပ္တာေရာ မျဖစ္ႏိုင္ ဘူးလား။ စဥ္းစားၾကည့္လိုက္ေလ။ တပ္ခ်ဳပ္က အဆင့္(၈) ရွိလို႔ အဆင့္(၁) ကိုလာၿပီး အေရးယူလို႔ ရသလားဆိုရင္ အဆင့္(၂) ကေတာ့ အေရးယူလို႔ရတယ္ေလ။ အဆင့္(၂) နဲ႔ အဆင့္(၈) ဆိုတာမွာလည္း အဆင့္(၂) ဆိုတာက အမွန္ေတာ့ အဆင့္(၈) ကေနၿပီးေတာ့ တင္ေပးလိုက္လို႔ျဖစ္လာတဲ့ လူေလ။ ဒီသေဘာကို ကြၽန္ေတာ္တို႔ျပန္စဥ္းစား ရမွာဗ်... ဟုတ္တယ္ မွတ္လား။
ေမး ။ ။ ဒါဆိုရင္ေတာ့ လက္ရွိအေျခအေနအရဆိုရင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဇန္နဝါရီ(၃၁)ရက္ေန႔ ည (သို႔မဟုတ္) ေဖေဖာ္ဝါရီ (၁)ရက္ေန႔မွာ သူက ကာလုံဥကၠ႒ လက္ရွိမွာတာဝန္ထမ္းေဆာင္ေနတဲ့ ယာယီသမၼတ ဦးျမင့္ေဆြကို အာဏာယာယီ အပ္လိုက္မယ္။ အပ္ၿပီးေတာ့ ဦးျမင့္ေဆြကေနၿပီးေတာ့ သူတို႔ကာလုံအစည္းအေဝး ကေနၿပီးေတာ့ ေၾကညာခ်က္ေတြ ဆက္တိုက္ထြက္လာမယ္။ ထြက္လာတဲ့ဟာက ေ႐ြးေကာက္ပြဲကိစၥလည္း ျဖစ္ႏိုင္ သလို၊ ေနာက္ထပ္သက္တမ္းတစ္ခုနဲ႔ ေနာက္ထပ္ပုံစံတစ္ခုလည္း ျဖစ္လာႏိုင္တယ္။ ဘာဆိုတာေတာ့ မွန္းရခက္ တယ္ေပါ့ေနာ္။
ေျဖ ။ ။ ဟုတ္တယ္... ဟုတ္တယ္။ မွန္းရခက္ေနတာေပါ့။ သုံး၊ ေလး၊ ငါးမ်ိဳးေလာက္ထိ ျဖစ္ႏိုင္တာေပါ့ဗ်ာ။
ေမး ။ ။ ဟုတ္တယ္။ ဒါေပမယ့္ ေသခ်ာတာေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ ဦးျမင့္ေဆြကပဲ ဒီကိစၥေတြ အားလုံးရဲ႕ Key Player ေတြအျဖစ္နဲ႔ ဆက္ရွိေနမယ္ဆိုတဲ့သေဘာေပါ့။
ေျဖ ။ ။ ဒုသမၼတ ဦးျမင့္ေဆြက အခုဟာကလည္း Acting သမၼတ ျဖစ္ေနတဲ့အခါက်ေတာ့ တကယ္တမ္းေျပာလို႔ ရွိရင္ သူက ကာလုံထိုင္လိုက္ၿပီဆိုတာနဲ႔ သူက ထိပ္မွာပဲ ထိုင္ရမွာေလ။ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကေတာ့ ရွင္းရွင္းေျပာရလို႔ရွိရင္ ထိပ္ေနရာမွာ မရႏိုင္ေတာ့ဘူးေလ။ ဦးတီခြန္ျမတ္တို႔ ဟုတ္တယ္မွတ္လား။ ဦးဟင္နရီ ဗန္ထီးယူ တို႔ေတာင္မွ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ရဲ႕ေရွ႕မွာ ျပန္ေရာက္သြားမွာေပါ့။ ဟုတ္တယ္မွတ္လား။ ဒီလို ရွိမွာေပါ့ဗ်ာ။
ေမး ။ ။ ဒါဆိုရင္ေတာ့ အေျပာင္းအလဲက လာမည့္ေဖေဖာ္ဝါရီ(၁)ရက္ေန႔မွာ ထြက္လာမည့္အေျပာင္းအလဲက အခုလက္ရွိအုပ္ခ်ဳပ္ေနတဲ့ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ရဲ႕ဆုံးျဖတ္ခ်က္၊ သူရဲ႕အဖြဲ႕နဲ႔စဥ္းစားပုံကိုေရာ မူတည္ၿပီး စဥ္းစားရမွာလား ဒါမွမဟုတ္ ယာယီသမၼတဦးျမင့္ေဆြရဲ႕စဥ္းစားပုံအေပၚမွာပဲ သြားၿပီးအေျခတည္မယ္ထင္လား။ ဘယ္ေပၚမွာသြားၿပီး အေျခတည္မယ္လို႔ထင္လဲ။
ေျဖ ။ ။ ဒီဟာကေတာ့ ပြင့္ပြင့္လင္းလင္းေျပာလို႔ရွိရင္ ကာလုံရဲ႕အဆုံးအျဖတ္နဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒက ျပ႒ာန္း ထားခ်က္ေပၚမွာ မူတည္လိမ့္မယ္ဗ်။ တစ္ဦးထဲတစ္ေယာက္ထဲေတာ့ ဆုံးျဖတ္တာမ်ိဳးကေတာ့ ျဖစ္ႏိုင္မယ္မထင္ ဘူးလို႔ ကြၽန္ေတာ္ကေတာ့ ဒီလိုပဲသုံးသပ္တယ္။
ေမး ။ ။ ဒီမွာဆိုရင္ ပုဒ္မ(၄၂၈) တို႔၊ (၄၂၇)၊ (၄၂၈)၊ (၄၂၉)၊ (၄၃ဝ)၊ (၄၃၁) ဖြဲ႕စည္းပုံအျခခံဥပေဒ ဒါေတြဟာ ေသခ်ာညက္ညက္ေၾကေအာင္ ဖတ္ထားရမယ္ဆိုၿပီးေတာ့မွ ဒီေပၚကေနၿပီးေတာ့ ထြက္လာမယ့္ Result လို႔ပဲ ေျပာ ရမွာေပါ့။
ေျဖ ။ ။ ဒါေပါ့... ဒါေပါ့။ တစ္ခုရွိတာက ဥပေဒသမားေတြက တရား႐ုံးတစ္ခုမွာ တရားစီရင္တယ္ဆိုလို႔ရွိရင္ သူက အနိမ့္ဆုံးျပစ္ဒဏ္ (၂)ႏွစ္ေပါ့ဗ်ာ။ အျမင့္ဆုံးျပစ္ဒဏ္က (၁ဝ)ႏွစ္။ အဲဒီေတာ့ ျပစ္ဒဏ္ဘယ္ေလာက္ခ်မလဲ မခ်ဘူး လဲဆိုတာက တရားသူႀကီးရဲ႕ စီရင္တုံတရားေပၚပဲ မူတည္တယ္ဆိုတဲ့အခါက်ေတာ့ သူရဲ႕စီရင္တုံတရားက (၂)ႏွစ္ လည္း ျဖစ္သြားႏိုင္တယ္။ (၁ဝ)ႏွစ္လည္း ျဖစ္သြားႏိုင္တယ္။ သူက ဘာေပၚမွာ မူတည္မလဲဆိုေတာ့ သူတတ္သိ နားလည္ခဲ့တဲ့ပညာေတြ ေနာက္တစ္ခါ ယခင္အမႈေဟာင္းေတြေပၚမွာ မူတည္တာေတြ၊ ႐ုံးေရွ႕မွာထြက္ခဲ့တဲ့ ထြက္ခ်က္ေတြ၊ နံပါတ္ေလွ်ာက္လဲခ်က္ေတြ၊ ဒါေတြေပၚမူတည္ၿပီး သုံးသပ္မွာေပါ့။ အဲဒီေတာ့ စီရင္တုံတရားလို႔ တရား႐ုံးေတြက ေျပာတာေပါ့ေလ။ အခုလည္းဒီလိုပါပဲ ယာယီသမၼတျဖစ္တဲ့ ဦးျမင့္ေဆြတို႔ ကာလုံမွာရွိတဲ့ အဖြဲ႕ဝင္ ေတြ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒါေတြက ဖြဲ႕စည္းပုံအေျခခံဥပေဒအေရးေပၚျပ႒ာန္းခ်က္မွာ ပါတဲ့ အပိုဒ္ ေတြအကုန္လုံးကို သုံးသပ္ၿပီးေတာ့မွ ႏိုင္ငံေတာ္ရဲ႕ေရွ႕လာမယ့္ပုံရိပ္ကို ေဖာ္ေဆာင္ရမွာေပါ့ေလ။ ဘာပဲေျပာေျပာ သူတို႔ေဖာ္ေဆာင္တဲ့ဟာသည္ ႏိုင္ငံေတာ္အတြက္ ေကာင္းရာေကာင္းက်ိဳးျဖစ္ဖို႔ပဲ ကြၽန္ေတာ္ကေတာ့ ေမွ်ာ္လင့္ပါ တယ္ဗ်ာ။
ေမး ။ ။ ေနာက္ဆုံးေမးခြန္းေလးတစ္ခုေပါ့။ အခုဒါဆိုရင္ ကြၽန္ေတာ္တို႔အခင္းအက်င္းကိုၾကည့္လိုက္တဲ့ အခါက် ေတာ့ ႏိုင္ငံေတာ္က နစကရဲ႕(၂)ႏွစ္အတြင္းမွာ တည္ၿငိမ္ေအးခ်မ္းမႈကို ေဖာ္ေဆာင္ႏိုင္ခဲ့သလား။ ဒါမွမဟုတ္ မေဖာ္ ေဆာင္ႏိုင္ခဲ့ဘူးလား။ ဒါကို Personal အျမင္က်ရင္ ဘယ္လိုျမင္လဲ။
ေျဖ ။ ။ နစကအေနနဲ႔ကေတာ့ တည္ၿငိမ္ေအးခ်မ္းဖို႔အတြက္ ႀကိဳးစားခဲ့တာေပါ့ဗ်ာ။ ဒါေပမယ့္ ၂ဝ၂ဝ ျပည့္ႏွစ္ တုန္းက ရွိခဲ့တဲ့အေျခအေနနဲ႔ အခုအေျခအေနနဲ႔ကေတာ့ အဲဒီႏွစ္ခုကို ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ တည္ၿငိမ္ ေအးခ်မ္းမႈပ်က္သြားတယ္ဆိုတာ ရွင္းတယ္ေလ။ ဘယ္ေနရာပ်က္တာလဲဆိုေတာ့ ေနရာတိုင္းေတာ့လည္း မဟုတ္ဘူးေပါ့ဗ်ာ။ ပ်က္တဲ့ေနရာ ပ်က္တာေပါ့။ နစက အေနနဲ႔ကေတာ့ ဒါကိုထိန္းဖို႔အတြက္ အနိမ့္ဆုံးအဆင့္၊ အနည္းဆုံးအင္အား စသည္အားျဖင့္ ဒါေတြနဲ႔ေျပာၿပီးေတာ့မွ ႏိုင္ငံတကာဖိအားေတြကို ထိုက္သင့္သေလာက္ ေရွာင္လြဲၿပီးေတာ့မွ လုပ္ေနရတဲ့အခါက်ေတာ့ ေတာ္ေတာ္ခက္တယ္ေလ။ အခုေနာက္ပိုင္းက်ေတာ့ ဘာျဖစ္လဲဆို ေတာ့ PDF က ျပည္သူေတြနဲ႔ ေရာသြားၿပီ။ ျပည္သူထဲမွာ စိမ့္ဝင္ပ်ံ႕ႏွံ႔ေနတဲ့အခါက်ေတာ့ ကင္ဆာဆဲလ္ကို သတ္ရ သလိုပဲ။ ကင္ဆာဆဲလ္ကို မတရားေဆးထိုးၿပီးေတာ့မွ သတ္လိုက္မယ္ဆိုလို႔ရွိရင္လည္း ကင္ဆာဆဲလ္တင္မကဘဲ ဘာျဖစ္သြားမလဲဆိုေတာ့ ခႏၶာကိုယ္ထဲမွာရွိတဲ့ အစိတ္အပိုင္းေတြပါ ေလာင္ကြၽမ္းကုန္မယ့္သေဘာမွာရွိတယ္။ အဲဒီလိုပဲ PDF ကိုေခ်မႈန္းလိုက္လို႔ရွိရင္လည္း PDF နဲ႔ အတူတူေခၚထားတဲ့သူတို႔က ဗန္းျပၿပီးလုပ္ထားတဲ့ သူတို႔နဲ႔ မျဖစ္မေနေၾကာင့္မို႔လို႔ ပူးေပါင္းေနရတဲ့သူေတြ ထိခိုက္နစ္နာသူမွာအတြက္ေၾကာင့္မို႔လို႔ ထိန္းထိန္းသိမ္းသိမ္းနဲ႔ လုပ္ေနရတဲ့အတြက္ အခက္အခဲကိုလည္း တပ္မေတာ္သားတစ္ေယာက္အေနနဲ႔ အင္မတန္နားလည္တယ္။ ပြင့္ပြင့္ လင္းလင္းေျပာရလို႔ရွိရင္ေတာ့ဗ်ာ ျပည္သူဆိုတာကေတာ့ အသက္နဲ႔ေလ။ အခုခ်ိန္မွာ တပ္မေတာ္က ျပည္သူကို သတ္လို႔မရဘူးဗ်။ PDF က ဒလန္လို႔ပဲ စြပ္စြဲစြပ္စြဲ၊ မစြပ္စြဲပဲနဲ႔ပဲျဖစ္ျဖစ္ သတ္လိုက္လို႔ရတဲ့အခါက်ေတာ့ နီးရာ ဓားကို ပဲ ေၾကာက္ေနၾကရျပန္တာေပါ့။ နီးရာဓား ေၾကာက္ရတဲ့အခါက်ေတာ့ PDF ေတြနဲ႔အတူတူ ေရာေရာယွက္ယွက္ ေနတဲ့လူတိုင္းကေတာ့ PDF အားေပးတာ မဟုတ္ဘူးလို႔ေတာ့ ကြၽန္ေတာ္ ဒီလိုပဲနားလည္ပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ကေတာ့ လုပ္ရင္းကိုင္ရင္းနဲ႔ နည္းနည္းေလး အားပါသြားတာလဲ ရွိေကာင္းရွိမွာေပါ့ေလ။ သို႔ေသာ္ ဘာပဲေျပာ ေျပာ အားလုံးက ျမန္မာႏိုင္ငံသားေတြေလ။ ကိုယ့္ႏိုင္ငံသားတစ္ေယာက္ ေသသြားလို႔ ကိုယ့္အတြက္ ဘာအက်ိဳးရွိ မွာလဲ။ ဒီႏိုင္ငံသားေတြ အကုန္လုံး အျမင္မွန္ရဖို႔ အတြက္ကေတာ့ ကြၽန္ေတာ္ေျပာသလို တစ္ဖက္ကလဲ လုံၿခဳံေရး၊ စစ္ေရးနည္းလမ္းအရ ဖိအားေပး တိုက္ခိုက္သလို တစ္ဖက္ကလည္း ဘာလဲဆိုေတာ့ Soft Power ကို တည္ေဆာက္ ပါ။ Soft Power က အခုခ်ိန္မွာေတာ့ မလုပ္ဘူးလားဆိုေတာ့ လုပ္တာပဲ ဒါေပမယ့္ နည္းတယ္။ ဟိုတေလာတုန္း ကဆို ျမဝတီမွာ ျပတာေလးေတြ႕တယ္ေလ သူ႔ကေလးေလးေမြးေပးတာ အဲဒါသူတို႔သတ္ဖို႔ ႀကိဳးစားတဲ့ သားဖြား ဆရာမေလးေတြကပဲ ေမြးေပးတယ္ဆိုတာကို အဲဒါေလးကိုသူက ဇာတ္လမ္းေလးဆင္ၿပီး ႐ိုက္ျပတာ။ ဒါေပမယ့္ လူေတာ္ေတာ္မ်ားမ်ားကလည္း ျမဝတီကိုပါ အၾကည့္က နည္းလာတာကိုဗ်။ နည္းလာတဲ့အခါက်ေတာ့ ဒီဟာက လူၾကားထဲကို မေရာက္ဘူး။ ကြၽန္ေတာ္လည္း ပါတီမွာေတာ့ တင္ျပပါတယ္။ ဘာလဲဆိုရင္ေတာ့ Short Film ေလး ေတြေပါ့ (၁ဝ)မိနစ္၊ (၁၅)မိနစ္ေလာက္ပဲ Film ေလးေတြပဲ ႐ိုက္။ ႐ိုက္ၿပီးေတာ့မွ ျမဝတီေတြ၊ MRTV ေတြ လုပ္မေနနဲ႔ ကိစၥမရွိဘူး Facebook ကပဲ တင္ပါ၊ ပ်ံ႕ႏွံ႔ပါတယ္။ အဲဒီေတာ့ Short Film ေလးေတြပဲလုပ္ ပိုက္ဆံလည္းအကုန္ အက်သက္သာတယ္၊ ဒါေပမယ့္ လူထုစိတ္ဝင္စားတဲ့၊ လူထုႀကိဳက္တဲ့ မင္းသား၊ မင္းသမီးေလးေတြေတာ့ ပါရင္ ပိုေကာင္းတာေပါ့။ ဟုတ္တယ္မွတ္လား။ အဲဒါမ်ိဳးေလးေတြလုပ္ဖို႔ေတာ့ ကြၽန္ေတာ္က အႀကံျပဳပါတယ္။ သေဘာ ေတာ့တူၾကတယ္ဗ်၊ ဒါေပမယ့္ လက္ေတြ႕အေကာင္အထည္ေဖာ္ဖို႔ၾကေတာ့ တုံ႔ဆိုင္းေနတာေတြ႕ရပါတယ္။
ေမး ။ ။ အမ်ိဳးသားကာကြယ္ေရးနဲ႔လုံၿခဳံေရးေကာင္စီနဲ႔ အုပ္ခ်ဳပ္တဲ့စနစ္ႀကီးဟာ သက္တမ္းရွည္ၾကာသြားျခင္း၊ မၾကာသြားျခင္းဟာ တည္ၿငိမ္မႈရွိျခင္း၊ မရွိျခင္းနဲ႔ တိုက္႐ိုက္အခ်ိဳးက်ေနတယ္ဆိုတဲ့အဓိပၸာယ္ကို ေကာက္ခ်က္ဆြဲ လို႔ ရသြားတာေပါ့ေနာ္။
ေျဖ ။ ။ တည္ၿငိမ္မႈျမန္ျမန္လုပ္လို႔ရွိရင္ေတာ့ဗ်ာ နစက သက္တမ္းၾကာတာ၊ မၾကာတာ အသာထား ေ႐ြးေကာက္ပြဲ ျမန္ျမန္ျဖစ္မွာေပါ့။ ဟုတ္တယ္ မွတ္လား။ နစကအေနနဲ႔ ရွိခ်င္မွ ရွိမွာေလ ကိုေက်ာ္ႏုရ။ သူက အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီက ျပန္ခန႔္တဲ့ဟာ နစက ျဖစ္ခ်င္မွလည္း ျဖစ္မွာကို။ အဲဒီေတာ့ ကြၽန္ေတာ္ကေတာ့ အဲဒါထက္ပိုၿပီးေတာ့မွ ေရွ႕ကိုေမွ်ာ္ၾကည့္မယ္ဆိုလို႔ရွိရင္ ျမန္ျမန္တည္ၿငိမ္ရင္ ေ႐ြးေကာက္ပြဲက ျဖစ္ကိုျဖစ္မယ္။ မတည္ၿငိမ္လို႔ရွိရင္ေတာ့ ကြၽန္ေတာ့္သေဘာအရ ေျပာရမယ္ဆိုလို႔ရွိရင္ ျဖစ္ရင္ေတာင္မွ Free and Fair Election မျဖစ္ႏိုင္ဘူး။ Free and Fair Election မျဖစ္ႏိုင္ဘူးလို႔ ကြၽန္ေတာ္ကေတာ့ ေတြ႕တာေပါ့ေလ။
ေမး ။ ။ ဟုတ္ကဲ့ ခင္ဗ်။ အခုလိုလာေရာက္ေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္ ခင္ဗ်။