ကယားပြည်နယ်နေ့ အခမ်းအနားပြုလုပ်နေစဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် (၁)ဦးသေဆုံးကာ (၈) ဦးထက်မနည်း ဒဏ်ရာရ

 1088

NP News - ဇန်နဝါရီ ၁၅

ကယားပြည်နယ်နေ့ အခမ်းအနားပြုလုပ်နေစဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် (၁)ဦးသေဆုံးကာ (၈)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၁၅ ရက်) ၊ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့တွင် (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်း အမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနားကျင်းပနေစဉ်အချိန် ပစ်ခတ်တိုက်ခိုက်ခံရခြင်း ဖြစ် သည်။

အဆိုပါအခမ်းအနားကို KNPP အဖွဲ့နှင့် PDF အဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာများကို ပြောဆိုထားသည်။

(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနားကို ဒေသခံတိုင်းရင်းသားများဖြင့် ကျင်းပနေစဉ် KNPP အဖွဲ့နှင့် PDF အဖွဲ့များက လွိုင်ကော်မြို့၏ အရှေ့မြောက်ဘက်မီတာ ၄ဝဝဝ ခန့်အကွာမှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ပြည်နယ်ခန်းမအနီးနှင့် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် ကျောင်းသား၊ ကျောင်းသူ (၆)ဦး၊ အပြစ်မဲ့အရပ်သား အမျိုးသားတစ်ဦးနှင့် အမျိုးသ မီး တစ်ဦး စုစုပေါင်း (၈)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှုကြောင့် အပြစ်မဲ့အရပ်သား အမျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသည်။

လက်ရှိတွင် ၎င်းပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ရပ်သည် စစ်ရေးနှင့်မသက်ဆိုင်သည့် လူစည်ကားရာနေရာသို့ အများပြည်သူများအား အစုလိုက်အပြုံလိုက် သေကြေဒဏ်ရာရရှိစေရန်အလို့ငှာ ရည်ရွယ် ချက်ရှိရှိဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နစက၏သတင်း ထုတ်ပြန်ရေးအဖွဲ့က မှတ်ချက်ပြုတုံ့ပြန်ထားသည်။

zawgyi version
ကယားျပည္နယ္ေန႔ အခမ္းအနားျပဳလုပ္ေနစဥ္ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခံရမႈေၾကာင့္ (၁)ဦးေသဆုံးကာ (၈) ဦးထက္မနည္း ဒဏ္ရာရ
NP News - ဇန္နဝါရီ ၁၅

ကယားျပည္နယ္ေန႔ အခမ္းအနားျပဳလုပ္ေနစဥ္ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခံရမႈေၾကာင့္ (၁)ဦးေသဆုံးကာ (၈)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီလ ၁၅ ရက္) ၊ နံနက္ ၇ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္တြင္ လြိဳင္ေကာ္ၿမိဳ႕၊ ျပည္နယ္ခန္းမေရွ႕တြင္ (၇၁) ႏွစ္ေျမာက္ ကယားျပည္နယ္ေန႔အထိမ္း အမွတ္ မုခ္ဦးဖြင့္ပြဲအခမ္းအနားက်င္းပေနစဥ္အခ်ိန္ ပစ္ခတ္တိုက္ခိုက္ခံရျခင္း ျဖစ္ သည္။

အဆိုပါအခမ္းအနားကို KNPP အဖြဲ႕ႏွင့္ PDF အဖြဲ႕မ်ားက လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕က မီဒီယာမ်ားကို ေျပာဆိုထားသည္။

(၇၁)ႏွစ္ေျမာက္ ကယားျပည္နယ္ေန႔အထိမ္းအမွတ္ မုခ္ဦးဖြင့္ပြဲအခမ္းအနားကို ေဒသခံတိုင္းရင္းသားမ်ားျဖင့္ က်င္းပေနစဥ္ KNPP အဖြဲ႕ႏွင့္ PDF အဖြဲ႕မ်ားက လြိဳင္ေကာ္ၿမိဳ႕၏ အေရွ႕ေျမာက္ဘက္မီတာ ၄ဝဝဝ ခန႔္အကြာမွ လက္နက္ႀကီးမ်ားျဖင့္ အေၾကာင္းမဲ့ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က ဆိုသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ျပည္နယ္ခန္းမအနီးႏွင့္ လူေနရပ္ကြက္မ်ားအတြင္းသို႔ လက္နက္ႀကီးက်ည္မ်ား က်ေရာက္ ေပါက္ကြဲခဲ့ကာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္အခ်ိဳ႕ႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ (၆)ဦး၊ အျပစ္မဲ့အရပ္သား အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသ မီး တစ္ဦး စုစုေပါင္း (၈)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ အျပစ္မဲ့အရပ္သား အမ်ိဳးသားတစ္ဦးမွာ ထိခိုက္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း နစက၏သတင္းထုတ္ျပန္ေရးအဖြဲ႕က ေျပာသည္။

လက္ရွိတြင္ ၎ပစ္ခတ္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားကို လြိဳင္ေကာ္ၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကာ ေဆးကုသေပးလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါလုပ္ရပ္သည္ စစ္ေရးႏွင့္မသက္ဆိုင္သည့္ လူစည္ကားရာေနရာသို႔ အမ်ားျပည္သူမ်ားအား အစုလိုက္အၿပဳံလိုက္ ေသေၾကဒဏ္ရာရရွိေစရန္အလို႔ငွာ ရည္႐ြယ္ ခ်က္ရွိရွိျဖင့္ လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း နစက၏သတင္း ထုတ္ျပန္ေရးအဖြဲ႕က မွတ္ခ်က္ျပဳတုံ႔ျပန္ထားသည္။

Picture

Ye Htun

15/01/2023 14:08

အဲ့ဒီခွေးတွေကိုဘာမှ ပြန်မလုပ်တော့ဘူးလားဗျာ....

Picture

ChitChit ChitChit

15/01/2023 15:04

ချဗျာ ချသာချ ဆွဲဆွဲ

Related news

© 2021. All rights reserved.