မီးလောင်မှုဖြစ်ပွားခဲ့သော Grand Royal စက်ရုံသည် ထိုင်း-မြန်မာ ဖက်စပ်ကုမ္ပဏီဖြစ်ပြီး ရှေ့လ၌ လုပ်ငန်းများပြန်လည်လုပ်ဆောင်မည်ဟု ကြေညာ

980

ယွန်း (NP News) - ဇန်နဝါရီ ၁၆
Grand Royal အရက်ချက်စက်ရုံ မီးလောင်မှုသည် မတော်တဆဖြစ် ကြောင်းယူဆရပြီး လက်ရှိတွင် စစ်ဆေးမှုများဆောင်ရွက်နေကြောင်း Grand Royal Group International (GRGI) မှ ထုတ်ပြန်ထားသည်။
Grand Royal Group International (GRGI) မှ ယနေ့(ဇန်နဝါရီလ ၁၆ ရက်) နေ့လည်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ အဆိုပါ Grand Royal အရက်ချက်စက်ရုံသည် ပြီးခဲ့သည့် ဇန်နဝါရီလ(၁၃)ရက်၊ ညနေတွင် မီးစတင်လောင်ခဲ့ခြင်းဖြစ်ပြီး (၁၆)နာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် GRGI အနေဖြင့် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပြီး သိရှိရသည့် အထောက်အထားများအရ မတော် တဆ မီးလောင်ကျွမ်းမှုဖြစ်သည်ဟု ယူဆရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မီးလောင်မှုသည် အရက်သိုလှောင် သိမ်းဆည်းသည့် နေရာတွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး သိုလှောင်ထားသည့်အရက်ကြမ်း (၉၆)ရာခိုင် နှုန်း၊ အရက်ဖျော်စပ်ရာတွင် သုံးသော Tank ကြီးများ ထိခိုက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
သို့သော် ပင်မအရက်ချက်စက်ရုံ၊ ပုလင်းသွင်းစက်ရုံနှင့် နှစ်ချို့အရက်စည်များ အခြမ်းသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ မီးလောင်မှုအား မီးသတ်ယာဉ် (၆ဝ)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် (၅၅ဝ)ဦးတို့က မီးငြှိမ်းသတ်ခဲ့ပြီး စက်ရုံအတွင်းမှ ပေါက်ကွဲမှုများ ကြောင့် မီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦးနှင့် စေတနာ့ဝန်ထမ်း (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများအနက် (၁၇)ဦးမှာ ဆေးရုံမှ ဆင်းနိုင်ခဲ့ပြီး (၂)ဦးမှာ စိုးရိမ်စရာအခြေအနေမရှိသော်လည်း ဆေးရုံဆက်၍ တက်နေရသေးကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
GRGI ၏ စီမံခန့်ခွဲမှုအဖွဲ့ အနေဖြင့် လိုအပ်သည့် လုပ်ဆောင်မှုများကို လုပ်ဆောင်နေပြီး ဖေဖော်ဝါရီလနောက်ဆုံးထားကာ အရက်ချက်လုပ်ခြင်း နှင့် ပုလင်းသွတ်ခြင်းလုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန်ခန့်မှန်းထားကြောင်း GRGI ၏ စီအီးအို ရာဟူးလ်ဂျွန်ကိုလာကိုလ်က အသိပေး ပြောဆိုထားသည်။
“ကျွန်တော်တို့ အနေနဲ့ မီးလောင်မှုဖြစ်စဉ်မှာ ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ သူများအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ် ခင်ဗျာ။ GRGI က စီမံအုပ်ချုပ်မှုအဖွဲ့က လိုအပ်တဲ့ လုပ်ဆောင်မှုတွေကို လုပ်နေပြီး ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလနောက်ဆုံးထားပြီး အရက်ချက်လုပ်ခြင်းနှင့် ပုလင်းသွတ်လုပ်ငန်းများပြန်ပြီး စတင်နိုင်မယ်လို့ ခန့်မှန်းပါတယ်။ မန္တလေးက စက်ရုံကတော့ အရင်တိုင်း လည်ပတ်ဆဲဖြစ်ပါတယ်” ဟု စီအီးအို ရာဟူးလ်ဂျွန်ကိုလာကိုလ်က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားသည်။
ထို့ပြင် ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှု မဖြစ်စေရန်အတွက် ကုန်ပစ္စည်းဖြန့်ဖြူးသူများနှင့် စနစ်တကျဖြင့် လုံလောက်သော ကုန် ပစ္စည်းများထားရှိပြီးဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
ယခု မီးလောင်မှုဖြစ်ပွားခဲ့သော Grand Royal စက်ရုံသည် မြန်မာတိုင်းရင်းသားများ ပါဝင်သော Myanmar Winery and Distillery Company နှင့် ထိုင်းနိုင်ငံရှိ Thai Beverage Public Company Limited တို့ အကျိုးတူ ပူးပေါင်းတည်ထောင်ထားသော ဖက်စပ်ကုမ္ပဏီဖြစ်ပြီး Thai Beverage Public ကုမ္ပဏီလီမိတက်က အစုရှယ်ယာ (၇၅) ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြောင်း သိရသည်။

zawgyi version
Zawgyi Version;
မီးေလာင္မႈျဖစ္ပြားခဲ့ေသာ Grand Royal စက္႐ုံသည္ ထိုင္း-ျမန္မာ ဖက္စပ္ကုမၸဏီျဖစ္ၿပီး ေရွ႕လ၌ လုပ္ငန္းမ်ားျပန္လည္လုပ္ေဆာင္မည္ဟု ေၾကညာ
ယြန္း (NP News) - ဇန္နဝါရီ ၁၆
Grand Royal အရက္ခ်က္စက္႐ုံ မီးေလာင္မႈသည္ မေတာ္တဆျဖစ္ ေၾကာင္းယူဆရၿပီး လက္ရွိတြင္ စစ္ေဆးမႈမ်ားေဆာင္႐ြက္ေနေၾကာင္း Grand Royal Group International (GRGI) မွ ထုတ္ျပန္ထားသည္။
Grand Royal Group International (GRGI) မွ ယေန႔(ဇန္နဝါရီလ ၁၆ ရက္) ေန႔လည္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပး ထုတ္ျပန္ထားျခင္းျဖစ္သည္။
ရန္ကုန္တိုင္း၊ ေမွာ္ဘီၿမိဳ႕နယ္ရွိ အဆိုပါ Grand Royal အရက္ခ်က္စက္႐ုံသည္ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁၃)ရက္၊ ညေနတြင္ မီးစတင္ေလာင္ခဲ့ျခင္းျဖစ္ၿပီး (၁၆)နာရီနီးပါး မီးျငႇိမ္းသတ္ခဲ့ရျခင္းလည္း ျဖစ္သည္။
လက္ရွိတြင္ GRGI အေနျဖင့္ မီးေလာင္မႈျဖစ္ပြားရသည့္ အေၾကာင္းရင္းကို စုံစမ္းေနဆဲျဖစ္ၿပီး သိရွိရသည့္ အေထာက္အထားမ်ားအရ မေတာ္ တဆ မီးေလာင္ကြၽမ္းမႈျဖစ္သည္ဟု ယူဆရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
မီးေလာင္မႈသည္ အရက္သိုေလွာင္ သိမ္းဆည္းသည့္ ေနရာတြင္ စတင္ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ၿပီး သိုေလွာင္ထားသည့္အရက္ၾကမ္း (၉၆)ရာခိုင္ ႏႈန္း၊ အရက္ေဖ်ာ္စပ္ရာတြင္ သုံးေသာ Tank ႀကီးမ်ား ထိခိုက္ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္ ပင္မအရက္ခ်က္စက္႐ုံ၊ ပုလင္းသြင္းစက္႐ုံႏွင့္ ႏွစ္ခ်ိဳ႕အရက္စည္မ်ား အျခမ္းသို႔ မီးကူးစက္ေလာင္ကြၽမ္းခဲ့ျခင္းမရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါ မီးေလာင္မႈအား မီးသတ္ယာဥ္ (၆ဝ)စီးႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္ (၅၅ဝ)ဦးတို႔က မီးျငႇိမ္းသတ္ခဲ့ၿပီး စက္႐ုံအတြင္းမွ ေပါက္ကြဲမႈမ်ား ေၾကာင့္ မီးသတ္တပ္ဖြဲ႕ဝင္(၁၂)ဦးႏွင့္ ေစတနာ့ဝန္ထမ္း (၇)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ထိခိုက္ဒဏ္ရာရရွိသူမ်ားအနက္ (၁၇)ဦးမွာ ေဆး႐ုံမွ ဆင္းႏိုင္ခဲ့ၿပီး (၂)ဦးမွာ စိုးရိမ္စရာအေျခအေနမရွိေသာ္လည္း ေဆး႐ုံဆက္၍ တက္ေနရေသးေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
GRGI ၏ စီမံခန႔္ခြဲမႈအဖြဲ႕ အေနျဖင့္ လိုအပ္သည့္ လုပ္ေဆာင္မႈမ်ားကို လုပ္ေဆာင္ေနၿပီး ေဖေဖာ္ဝါရီလေနာက္ဆုံးထားကာ အရက္ခ်က္လုပ္ျခင္း ႏွင့္ ပုလင္းသြတ္ျခင္းလုပ္ငန္းမ်ားကို ျပန္လည္စတင္ႏိုင္ရန္ခန႔္မွန္းထားေၾကာင္း GRGI ၏ စီအီးအို ရာဟူးလ္ဂြၽန္ကိုလာကိုလ္က အသိေပး ေျပာဆိုထားသည္။
“ကြၽန္ေတာ္တို႔ အေနနဲ႔ မီးေလာင္မႈျဖစ္စဥ္မွာ ဝိုင္းဝန္းကူညီေပးခဲ့ၾကတဲ့ သူမ်ားအားလုံးကို အထူးပဲေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။ GRGI က စီမံအုပ္ခ်ဳပ္မႈအဖြဲ႕က လိုအပ္တဲ့ လုပ္ေဆာင္မႈေတြကို လုပ္ေနၿပီး ၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ဆုံးထားၿပီး အရက္ခ်က္လုပ္ျခင္းႏွင့္ ပုလင္းသြတ္လုပ္ငန္းမ်ားျပန္ၿပီး စတင္ႏိုင္မယ္လို႔ ခန႔္မွန္းပါတယ္။ မႏၲေလးက စက္႐ုံကေတာ့ အရင္တိုင္း လည္ပတ္ဆဲျဖစ္ပါတယ္” ဟု စီအီးအို ရာဟူးလ္ဂြၽန္ကိုလာကိုလ္က ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေျပာဆိုထားသည္။
ထို႔ျပင္ ေဈးကြက္အတြင္း ကုန္ပစၥည္းျပတ္လပ္မႈ မျဖစ္ေစရန္အတြက္ ကုန္ပစၥည္းျဖန႔္ျဖဴးသူမ်ားႏွင့္ စနစ္တက်ျဖင့္ လုံေလာက္ေသာ ကုန္ ပစၥည္းမ်ားထားရွိၿပီးျဖစ္ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။
ယခု မီးေလာင္မႈျဖစ္ပြားခဲ့ေသာ Grand Royal စက္႐ုံသည္ ျမန္မာတိုင္းရင္းသားမ်ား ပါဝင္ေသာ Myanmar Winery and Distillery Company ႏွင့္ ထိုင္းႏိုင္ငံရွိ Thai Beverage Public Company Limited တို႔ အက်ိဳးတူ ပူးေပါင္းတည္ေထာင္ထားေသာ ဖက္စပ္ကုမၸဏီျဖစ္ၿပီး Thai Beverage Public ကုမၸဏီလီမိတက္က အစုရွယ္ယာ (၇၅) ရာခိုင္ႏႈန္းကို ပိုင္ဆိုင္ေၾကာင္း သိရသည္။