ရန်ကုန်- မန္တလေး အမြန်လမ်းမတွင် ကားတစ်စီး အရှိန်လွန်တိမ်းမှောက်ခဲ့ရာ (၁)သေဆုံးခဲ့ပြီး ကလေးငယ်(၁)ဦး အပါအဝင် (၅)ဦး ဒဏ်ရာရရှိ

 681

NP News - ဇန်နဝါရီ ၁၈

ရန်ကုန်- မန္တလေး အမြန်လမ်းမတွင် ကားတစ်စီး အရှိန်လွန်တိမ်းမှောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(ဇန်နဝါရီလ ၁၈ ရက်) ၊ နေ့လည်(၁၁)နာရီ အချိန်တွင် ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၂၉၈/၄)မိုင်တွင် ဖြစ်ပွားခဲ့ကြောင်း ပြည်သာယာလူငယ်လူမှုကူညီရေး အသင်းထံမှ သိရသည်။

“ကျွန်တော်တို့ သိရတာတော့ ကားကအရှိန်လွန်ပြီး မှောက်တာလို့ သိရပါတယ်။ လူနာများတယ်ဆိုပြီး ဖုန်းဆက်အကြောင်းကြားတာနဲ့ပဲ သွားပြီး ကူညီပေးခဲ့တာပါ” ဟု ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

မန္တလေးဘက်မှ ရန်ကုန်သို့ အမြန်လမ်းမကြီး အတိုင်းမောင်းနှင်လာသည့် Alphard ကားသည် အရှိန်လွန် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီး(၁)ဦးသည် အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း ၎င်းမှဆိုသည်။

ထို့ပြင် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦးနှင့် အသက်(၇)နှစ်အရွယ် ကလေးငယ် (၁)ဦး စုစုပေါင်း (၅)ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းကြောင့် ၎င်းတို့အား မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများအနက် အမျိုးသမီး(၁)ဦးနှင့် ကလေးငယ်တို့မှာ စိုးရိမ်ရ သည့် အခြေအနေတွင်ရှိနေကြောင်း ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။

zawgyi version
ရန္ကုန္- မႏၲေလး အျမန္လမ္းမတြင္ ကားတစ္စီး အရွိန္လြန္တိမ္းေမွာက္ခဲ့ရာ (၁)ေသဆုံးခဲ့ၿပီး ကေလးငယ္(၁)ဦး အပါအဝင္ (၅)ဦး ဒဏ္ရာရရွိ
NP News - ဇန္နဝါရီ ၁၈

ရန္ကုန္- မႏၲေလး အျမန္လမ္းမတြင္ ကားတစ္စီး အရွိန္လြန္တိမ္းေမွာက္ခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ဇန္နဝါရီလ ၁၈ ရက္) ၊ ေန႔လည္(၁၁)နာရီ အခ်ိန္တြင္ ရန္ကုန္- မႏၲေလးအျမန္လမ္း မိုင္တိုင္အမွတ္(၂၉၈/၄)မိုင္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ျပည္သာယာလူငယ္လူမႈကူညီေရး အသင္းထံမွ သိရသည္။

“ကြၽန္ေတာ္တို႔ သိရတာေတာ့ ကားကအရွိန္လြန္ၿပီး ေမွာက္တာလို႔ သိရပါတယ္။ လူနာမ်ားတယ္ဆိုၿပီး ဖုန္းဆက္အေၾကာင္းၾကားတာနဲ႔ပဲ သြားၿပီး ကူညီေပးခဲ့တာပါ” ဟု ျပည္သာယာလူငယ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

မႏၲေလးဘက္မွ ရန္ကုန္သို႔ အျမန္လမ္းမႀကီး အတိုင္းေမာင္းႏွင္လာသည့္ Alphard ကားသည္ အရွိန္လြန္ တိမ္းေမွာက္ခဲ့ျခင္းျဖစ္ၿပီး ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ကားေပၚတြင္ လိုက္ပါလာသည့္ အမ်ိဳးသမီး(၁)ဦးသည္ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း ၎မွဆိုသည္။

ထို႔ျပင္ အမ်ိဳးသား(၂)ဦး၊ အမ်ိဳးသမီး(၂)ဦးႏွင့္ အသက္(၇)ႏွစ္အ႐ြယ္ ကေလးငယ္ (၁)ဦး စုစုေပါင္း (၅)ဦးတို႔တြင္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ျခင္းေၾကာင့္ ၎တို႔အား မိတၳီလာျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားအနက္ အမ်ိဳးသမီး(၁)ဦးႏွင့္ ကေလးငယ္တို႔မွာ စိုးရိမ္ရ သည့္ အေျခအေနတြင္ရွိေနေၾကာင္း ျပည္သာယာလူငယ္လူမႈကူညီေရးအသင္းမွ သိရသည္။

Related news

© 2021. All rights reserved.