(၂)နှစ်ကြာ ရပ်နားထားခဲ့သည့် မန်စီ- မန္တလေး လေကြောင်းခရီးစဉ်ကို ဇန်နဝါရီလ (၂၁)ရက်တွင် ပြန်လည်ပြေးဆွဲမည်

 897

ယွန်း (NP News) - ဇန်နဝါရီ ၁၉

ကိုဗစ် (၁၉)ရောဂါများကြောင့် (၂)နှစ်ကြာ ရပ်နားထားခဲ့သည့် မန်စီ- မန္တလေး လေ ကြောင်း ခရီးစဉ်ကို ဇန်နဝါရီလ(၂၁)ရက်တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။

မန်စီ- မန္တလေးလေကြောင်းခရီးစဉ်သည် တရုတ်ရွှေလီလေကြောင်းလိုင်း (Ruili Airlines )မှ တိုက်ရိုက်ပြေးဆွဲပေးနေသည့် ခရီးစဉ်ဖြစ်ပြီး ကိုဗစ်(၁၉)ရောဂါ အခြေ အနေများကြောင့် ပြေးဆွဲမှုအား (၂)နှစ်ကြာ ရပ်နားထားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါလေကြောင်းလိုင်းသည် တရုတ်နိုင်ငံ မန်စီမြို့နှင့် မြန်မာနိုင်ငံ မန္တလေးမြို့သို့ လာမည့် ဇန်နဝါရီလ(၂၁)ရက်မှစ၍ အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း နစက၏ သတင်းအ ချက်အလက်များအရ သိရသည်။

ထိုသို့ ပျံသန်းရာတွင် လေယာဉ်အမှတ် DR5037 ဖြင့် မန်စီမြို့မှ ဒေသစံတော်ချိန် ညနေ(၅)နာရီ အချိန်တွင် ထွက်ခွာမည်ဖြစ်ပြီး မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေ(၆)နာရီ (၁ဝ)မိနစ် အချိန်တွင် ဆိုက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

အလားတူ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ည(၇)နာရီ (၁ဝ)မိနစ် အချိန်တွင် ပြန်လည် ထွက်ခွာမည်ဖြစ်ပြီး မန်စီမြို့သို့ ဒေသစံတော်ချိန် ည(၈)နာရီ (၁ဝ)မိနစ် အချိန်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း နစက၏ သတင်းအချက် အလက်များအရ သိရသည်။

တရုတ်ရွှေလီလေကြောင်းလိုင်း (Ruili Airlines) သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၊ ချန်ရွှေ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အခြေစိုက်ပျံသန်းနေသော တရုတ်လေ ကြောင်းလိုင်းဖြစ်ကြောင်း သိရသည်။

zawgyi version
(၂)ႏွစ္ၾကာ ရပ္နားထားခဲ့သည့္ မန္စီ- မႏၲေလး ေလေၾကာင္းခရီးစဥ္ကို ဇန္နဝါရီလ (၂၁)ရက္တြင္ ျပန္လည္ေျပးဆြဲမည္
ယြန္း (NP News) - ဇန္နဝါရီ ၁၉

ကိုဗစ္ (၁၉)ေရာဂါမ်ားေၾကာင့္ (၂)ႏွစ္ၾကာ ရပ္နားထားခဲ့သည့္ မန္စီ- မႏၲေလး ေလ ေၾကာင္း ခရီးစဥ္ကို ဇန္နဝါရီလ(၂၁)ရက္တြင္ ျပန္လည္ေျပးဆြဲမည္ျဖစ္ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

မန္စီ- မႏၲေလးေလေၾကာင္းခရီးစဥ္သည္ တ႐ုတ္ေ႐ႊလီေလေၾကာင္းလိုင္း (Ruili Airlines )မွ တိုက္႐ိုက္ေျပးဆြဲေပးေနသည့္ ခရီးစဥ္ျဖစ္ၿပီး ကိုဗစ္(၁၉)ေရာဂါ အေျခ အေနမ်ားေၾကာင့္ ေျပးဆြဲမႈအား (၂)ႏွစ္ၾကာ ရပ္နားထားခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ အဆိုပါေလေၾကာင္းလိုင္းသည္ တ႐ုတ္ႏိုင္ငံ မန္စီၿမိဳ႕ႏွင့္ ျမန္မာႏိုင္ငံ မႏၲေလးၿမိဳ႕သို႔ လာမည့္ ဇန္နဝါရီလ(၂၁)ရက္မွစ၍ အပတ္စဥ္ အဂၤါ၊ ၾကာသပေတးႏွင့္ စေနေန႔မ်ားတြင္ ျပန္လည္ ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း နစက၏ သတင္းအ ခ်က္အလက္မ်ားအရ သိရသည္။

ထိုသို႔ ပ်ံသန္းရာတြင္ ေလယာဥ္အမွတ္ DR5037 ျဖင့္ မန္စီၿမိဳ႕မွ ေဒသစံေတာ္ခ်ိန္ ညေန(၅)နာရီ အခ်ိန္တြင္ ထြက္ခြာမည္ျဖစ္ၿပီး မႏၲေလး အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ညေန(၆)နာရီ (၁ဝ)မိနစ္ အခ်ိန္တြင္ ဆိုက္ေရာက္မည္ ျဖစ္ေၾကာင္း သိရသည္။

အလားတူ မႏၲေလး အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွ ည(၇)နာရီ (၁ဝ)မိနစ္ အခ်ိန္တြင္ ျပန္လည္ ထြက္ခြာမည္ျဖစ္ၿပီး မန္စီၿမိဳ႕သို႔ ေဒသစံေတာ္ခ်ိန္ ည(၈)နာရီ (၁ဝ)မိနစ္ အခ်ိန္တြင္ ဆိုက္ေရာက္မည္ျဖစ္ေၾကာင္း နစက၏ သတင္းအခ်က္ အလက္မ်ားအရ သိရသည္။

တ႐ုတ္ေ႐ႊလီေလေၾကာင္းလိုင္း (Ruili Airlines) သည္ တ႐ုတ္ႏိုင္ငံ၊ ကူမင္းၿမိဳ႕၊ ခ်န္ေ႐ႊ အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ အေျခစိုက္ပ်ံသန္းေနေသာ တ႐ုတ္ေလ ေၾကာင္းလိုင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.