အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တီမောနိုင်ငံ ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရမည်

 919

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂ဝ

အင်ဒိုနီးရှားနိုင်ငံသည် ဖေဖော်ဝါရီလ ၃ရက်နှင့် ၄ ရက်နေ့တို့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကို ဂျာကာတာမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ တီမောနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးလည်း အဆိုပါ အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်းသိရသည်။

တီမောနိုင်ငံသည် ပြီးခဲ့သည့်နှစ်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ပြုလုပ်ခဲ့သော အာာဆီယံခေါင်းဆောင် များ၏ ထိပ်သီးအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ပြုရန် မူအားဖြင့် အလွတ်သဘော သဘောတူညီမှုရရှိခဲ့ပြီးနောက် အင်ဒိုနီးရှားတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပထမဆုံးတက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Sidharto R. Suryodipuro က ပြောသည်။

အင်ဒိုနိးရှားသည် ယခုနှစ်တွင်အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းယူခဲ့ပြီးနောက် အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူချိန်အတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ပထမဆုံးအကြိမ် လက်ခံကျင်းပ ခွင့်ရခြင်းဖြစ်သည်။ တီမောသည် အာဆီယံ အင်ဒိုနီးရှားလက်အောက်ခံဒေသတစ်ခုဖြစ်ခဲ့သော်လည်း ၂ဝဝ၂ ခုနှစ်တွင် အချုပ်အခြာအာဏာပိုင်နိုင်ငံအသစ်အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီးနောက်ပိုင်းတည်းက အာဆီယံအဖွဲ့၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံဖြစ်ရန် ကြိုးပမ်းခဲ့ကြောင်းသိရသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက "တီမောနိုင်ငံခြားရေးဝန်ကြီးဟာ အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးကို ပထမဆုံးအကြိမ်တက်ရောက်ခွင့်ရမှာပါ။ ဒီအစည်းအဝေးမှာ တီမော တရားဝင် အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ကို သဘောတူညီပေးသွားဖွယ်ရှိတယ်" ဟု ဆိုသည်။ တီမောသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ အဖြစ် တရားဝင်ခွင့်ပြုပေးခံရခြင်းမရှိသော်လည်း အဖွဲ့ဝင်နိုင်ငံဖြစ်ရန် အလွတ်သဘော သဘောတူညီချက်များ ရရှိထားကြောင်း သိရသည်။

Zawgyi Version;
အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို တီေမာႏိုင္ငံ ပထမဆုံးအႀကိမ္ တက္ေရာက္ခြင့္ရမည္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂ဝ

အင္ဒိုနီးရွားႏိုင္ငံသည္ ေဖေဖာ္ဝါရီလ ၃ရက္ႏွင့္ ၄ ရက္ေန႔တို႔တြင္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝး ကို ဂ်ာကာတာၿမိဳ႕တြင္ အိမ္ရွင္အျဖစ္ လက္ခံက်င္းပမည္ျဖစ္ရာ တီေမာႏိုင္ငံ၏ ႏိုင္ငံျခားေရးဝန္ႀကီးလည္း အဆိုပါ အစည္းအေဝးကို ပထမဆုံးအႀကိမ္ တက္ေရာက္ခြင့္ရမည္ျဖစ္ေၾကာင္းသိရသည္။

တီေမာႏိုင္ငံသည္ ၿပီးခဲ့သည့္ႏွစ္က ကေမာၻဒီးယားႏိုင္ငံ ဖႏြမ္းပင္ၿမိဳ႕တြင္ ျပဳလုပ္ခဲ့ေသာ အာာဆီယံေခါင္းေဆာင္ မ်ား၏ ထိပ္သီးအစည္းအေဝးတြင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္ခြင့္ျပဳရန္ မူအားျဖင့္ အလြတ္သေဘာ သေဘာတူညီမႈရရွိခဲ့ၿပီးေနာက္ အင္ဒိုနီးရွားတြင္ က်င္းပမည့္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးကို ပထမဆုံးတက္ေရာက္ခြင့္ရမည္ျဖစ္ေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးျဖစ္သူ Sidharto R. Suryodipuro က ေျပာသည္။

အင္ဒိုနိးရွားသည္ ယခုႏွစ္တြင္အာဆီယံအလွည့္က်ဥကၠ႒တာဝန္ကို လႊဲေျပာင္းယူခဲ့ၿပီးေနာက္ အာဆီယံဥကၠ႒ အျဖစ္ တာဝန္ယူခ်ိန္အတြင္း အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို ပထမဆုံးအႀကိမ္ လက္ခံက်င္းပ ခြင့္ရျခင္းျဖစ္သည္။ တီေမာသည္ အာဆီယံ အင္ဒိုနီးရွားလက္ေအာက္ခံေဒသတစ္ခုျဖစ္ခဲ့ေသာ္လည္း ၂ဝဝ၂ ခုႏွစ္တြင္ အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံအသစ္အျဖစ္ အသိအမွတ္ျပဳခံခဲ့ရၿပီးေနာက္ပိုင္းတည္းက အာဆီယံအဖြဲ႕၏ ၁၁ ႏိုင္ငံေျမာက္အဖြဲ႕ဝင္ႏိုင္ငံျဖစ္ရန္ ႀကိဳးပမ္းခဲ့ေၾကာင္းသိရသည္။

အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနတာဝန္ရွိသူတစ္ဦးက "တီေမာႏိုင္ငံျခားေရးဝန္ႀကီးဟာ အာဆီယံႏိုင္ငံျခား ေရးဝန္ႀကီးမ်ား အစည္းအေဝးကို ပထမဆုံးအႀကိမ္တက္ေရာက္ခြင့္ရမွာပါ။ ဒီအစည္းအေဝးမွာ တီေမာ တရားဝင္ အဖြဲ႕ဝင္အျဖစ္ ပါဝင္ခြင့္ကို သေဘာတူညီေပးသြားဖြယ္ရွိတယ္" ဟု ဆိုသည္။ တီေမာသည္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံ အျဖစ္ တရားဝင္ခြင့္ျပဳေပးခံရျခင္းမရွိေသာ္လည္း အဖြဲ႕ဝင္ႏိုင္ငံျဖစ္ရန္ အလြတ္သေဘာ သေဘာတူညီခ်က္မ်ား ရရွိထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.