ရန်ကုန်မှ ရှမ်းပြည်သို့သယ်ဆောင်သွားမည့် ငွေကျပ်သိန်း(၅ဝဝဝ) ကျော်တန်ဖိုးရှိ ဓာတုပစ္စည်း (၆၄)တန်နီးပါးကို ဖမ်းဆီးရမိ

 820

NP News - ဇန်နဝါရီ ၂ဝ

ရန်ကုန်မှ ရှမ်းပြည်(တောင်ပိုင်း) သို့သယ်ဆောင်သွားမည့် ငွေကျပ်သိန်း(၅ဝဝဝ)ကျော် တန်ဖိုးရှိသော ဓာတုပစ္စည်း (၆၄)တန်နီးပါးကို ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ ပြီးခဲ့သည့် ဇန်နဝါရီ(၁၉)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ဇန်နဝါရီလ(၁၄)ရက်နေ့ နံနက်(၇)နာရီ ၃ဝ မိနစ်အချိန်တွင် မူးယစ်ဆးဝါးတားဆီးနှိမ်နင်းရေးမှ တပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့နယ်၊ တောင်ကြီး- လွိုင်လင်သွား ကားလမ်း၊ (၄)မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးရှာဖွေမှု များပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရှာဖွေမှုများဆောင်ရွက်နေစဉ် တောင်ကြီးမြို့မှ လွိုင်လင်ဘက်သို့ ကိုဇော်ဌေးအောင် မောင်းနှင်ပြီး ကိုအာကာ လိုက်ပါလာသည့် (၂၂)ဘီးတွဲယာဉ်ကိုရှာဖွေခဲ့ရာ ယာဉ်ပေါ်တွင် အချိုရည်ကတ်များဖြင့် ဖုံးအုပ်၍ သံပီပါ အလုံး(၈ဝ)ဖြင့် ထည့်ထားသော တရားမဝင် သယ်ဆောင်လာသည့် ဓာတုပစ္စည်း Sulfurous Dichloride (၁၂) တန် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ကွင်းဆက်အရ ဇန်နဝါရီ(၁၅)ရက်၊ နံနက်(၉)နာရီခွဲအချိန်တွင် အဆိုပါစစ်ဆေးရေးဂိတ်၌ တောင်ကြီး ဘက်မှ လွိုင်လင်ဘက်သို့ ကိုမျိုးအောင် မောင်းနှင်ပြီး ကိုပြည့်ဖြိုးအောင် လိုက်ပါလာသည့် (၂၂) ဘီး တွဲယာဉ်နှင့် ကိုစည်သူမောင် မောင်းနှင်ပြီး ကိုတင်အောင် ဝင်း လိုက်ပါလာသည့် (၂၂) ဘီး တွဲယာဉ် (၂) စီးအား စစ်ဆေးရှာဖွေမှု များ ဆက်လက်ပြုလုပ်ခဲ့ကြောင် နစကမှ ဆိုသည်။

ထိုသို့စစ်ဆေးရှာဖွေခဲ့ရာ ၎င်းယာဉ်(၂)စီးပေါ်တွင် အုတ်နီခဲများဖြင့် ဖုံးအုပ်၍ ပလတ်စတစ် ပီပါ(၁၁၉)လုံးဖြင့် ထည့် ပြီး တရားမဝင်သယ် ဆောင်လာသည့် ဓာတုပစ္စည်း Benzyl Cyanide (၁၇ ဒသမ ၈၅)တန် နှင့် Caustic Soda (၆ ဒသမ ၇၅) တန် တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိခဲ့သည့်ဓာတုပစ္စည်းများကို တာဝန်ခံသယ်ဆောင်သူ ကိုဇော်လင်းစိုး အား ဇန်နဝါရီလ(၁၅) ရက်၊ နေ့လည်(၁၂) နာရီအချိန်တွင် တောင်ကြီး- ဟိုပုံး သွားကားလမ်း၊ ဟိုပုံးမြို့အဝင်တွင် PAJERO မော်တော်ယာဉ်(၁)စီးနှင်အတူ့ ဖမ်းဆီး ရမိခဲ့ပြီး ပူးပေါင်းပါဝင်ခဲ့သူ ကိုမြတ်သူအား ညနေ(၃)နာရီ အချိန် တွင် အောင်ပန်းမြို့၊ မိုးကောင်းရပ်ကွက်တွင် လည်းကောင်း အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုထား သည်။

အလားတူ ဇန်နဝါရီလ (၁၅)ရက်နေ့ နံနက်(၁၁)နာရီ အချိန်တွင် လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ ဟိုတင့် ကျေးရွာအနီးတွင် လွိုင်လင်ဘက်မှ တောင်ကြီးဘက်သို့ ကိုမျိုးကျော် မောင်းနှင်ပြီး ကိုရွှေမင်းဦး လိုက်ပါလာသည့် FUSO (၁၂)ဘီး မော်တော်ယာဉ်အား ရှာဖွေခဲ့ရာ ယာဉ်ပေါ်တွင် တရားမဝင်သယ်ဆောင်လာသည့် ဓာတုပစ္စည်း SODIUM HYDROHIDE, ANHYDROUS(NaOH) (၁၄ ဒသမ ၉၅) တန် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ(၁၆)ရက်၊ နံနက်(၆)နာရီအချိန်တွင် သာစည်မြို့နယ်၊ ကျွံတပ်ဆုံ ကျေးရွာရှိ စစ်ဆေးရေးစခန်းအနီးတွင် သာစည်ဘက်မှ တောင်ကြီးမြို့ဘက်သို့ ကိုချစ်တိုင်းအောင် မောင်းနှင်ပြီး ကိုကျော်ဇင်ခက် လိုက်ပါလာသည့် NISSAN (၁၂)ဘီး မော်တော်ယာဉ်အား ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်ခဲ့ ကြောင်း နစကမှဆိုသည်။

စစ်ဆေးမှုများအရ အဆိုပါ (၁၂)ဘီးကားပေါ်တွင် သံပီပါ အလုံး(၅ဝ)ဖြင့်ထည့်၍ တရားမဝင်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း Toluene (၃)တန်၊ Methylamine (၄ ဒသမ ၅) တန် တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။

ထို့ပြင် အင်းစိန်မြို့နယ်၊ ရွှေပြည်သာ၊ စက်မှုဇုန်(၃)၊ မင်းကြီးမဟာမင်းခေါင်လမ်းရှိ ဂိုဒေါင်ကို ဝင်ရောက်ရှာဖွေရာ ကိုစိုင်းခေးလှိုင်အား တွေ့ရှိခဲ့ပြီး ဂိုဒေါင်အတွင်း သံပီပါအလုံး(၃ဝ) ဖြင့် ထည့်ကာ တရားမဝင် သိုလှောင်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း Toluene (၄ ဒသမ ၅) တန်ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့၏ဖမ်းဆီးရမိမှုများအရ ဒေသကာလတန်ဖိုးငွေကျပ်သိန်း (၅ဝဝဝ)ကျော် တန်ဖိုးရှိ သော စုစုပေါင်း ထိန်းချုပ်ဓာတုပစ္စည်းနှင့် အခြားဓာတုပစ္စည်း (၆၃ ဒသမ ၅၅) တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးမှု အရ အဆိုပါဓာတုပစ္စည်းများအား ရန်ကုန်မှ ရှမ်းပြည်(တောင်ပိုင်း)သို့ သယ်ဆောင်သွားမည်ဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version;
ရန္ကုန္မွ ရွမ္းျပည္သို႔သယ္ေဆာင္သြားမည့္ ေငြက်ပ္သိန္း(၅ဝဝဝ) ေက်ာ္တန္ဖိုးရွိ ဓာတုပစၥည္း (၆၄)တန္နီးပါးကို ဖမ္းဆီးရမိ
NP News - ဇန္နဝါရီ ၂ဝ
ရန္ကုန္မွ ရွမ္းျပည္(ေတာင္ပိုင္း) သို႔သယ္ေဆာင္သြားမည့္ ေငြက်ပ္သိန္း(၅ဝဝဝ)ေက်ာ္ တန္ဖိုးရွိေသာ ဓာတုပစၥည္း (၆၄)တန္နီးပါးကို ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ ၿပီးခဲ့သည့္ ဇန္နဝါရီ(၁၉)ရက္ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ဇန္နဝါရီလ(၁၄)ရက္ေန႔ နံနက္(၇)နာရီ ၃ဝ မိနစ္အခ်ိန္တြင္ မူးယစ္ဆးဝါးတားဆီးႏွိမ္နင္းေရးမွ တပ္ဖြဲ႕ဝင္မ်ားသည္ ေတာင္ႀကီးၿမိဳ႕နယ္၊ ေတာင္ႀကီး- လြိဳင္လင္သြား ကားလမ္း၊ (၄)မိုင္ ပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ စစ္ေဆးရွာေဖြမႈ မ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ စစ္ေဆးရွာေဖြမႈမ်ားေဆာင္႐ြက္ေနစဥ္ ေတာင္ႀကီးၿမိဳ႕မွ လြိဳင္လင္ဘက္သို႔ ကိုေဇာ္ေဌးေအာင္ ေမာင္းႏွင္ၿပီး ကိုအာကာ လိုက္ပါလာသည့္ (၂၂)ဘီးတြဲယာဥ္ကိုရွာေဖြခဲ့ရာ ယာဥ္ေပၚတြင္ အခ်ိဳရည္ကတ္မ်ားျဖင့္ ဖုံးအုပ္၍ သံပီပါ အလုံး(၈ဝ)ျဖင့္ ထည့္ထားေသာ တရားမဝင္ သယ္ေဆာင္လာသည့္ ဓာတုပစၥည္း Sulfurous Dichloride (၁၂) တန္ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ကြင္းဆက္အရ ဇန္နဝါရီ(၁၅)ရက္၊ နံနက္(၉)နာရီခြဲအခ်ိန္တြင္ အဆိုပါစစ္ေဆးေရးဂိတ္၌ ေတာင္ႀကီး ဘက္မွ လြိဳင္လင္ဘက္သို႔ ကိုမ်ိဳးေအာင္ ေမာင္းႏွင္ၿပီး ကိုျပည့္ၿဖိဳးေအာင္ လိုက္ပါလာသည့္ (၂၂) ဘီး တြဲယာဥ္ႏွင့္ ကိုစည္သူေမာင္ ေမာင္းႏွင္ၿပီး ကိုတင္ေအာင္ ဝင္း လိုက္ပါလာသည့္ (၂၂) ဘီး တြဲယာဥ္ (၂) စီးအား စစ္ေဆးရွာေဖြမႈ မ်ား ဆက္လက္ျပဳလုပ္ခဲ့ေၾကာင္ နစကမွ ဆိုသည္။

ထိုသို႔စစ္ေဆးရွာေဖြခဲ့ရာ ၎ယာဥ္(၂)စီးေပၚတြင္ အုတ္နီခဲမ်ားျဖင့္ ဖုံးအုပ္၍ ပလတ္စတစ္ ပီပါ(၁၁၉)လုံးျဖင့္ ထည့္ ၿပီး တရားမဝင္သယ္ ေဆာင္လာသည့္ ဓာတုပစၥည္း Benzyl Cyanide (၁၇ ဒသမ ၈၅)တန္ ႏွင့္ Caustic Soda (၆ ဒသမ ၇၅) တန္ တို႔ကို ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိခဲ့သည့္ဓာတုပစၥည္းမ်ားကို တာဝန္ခံသယ္ေဆာင္သူ ကိုေဇာ္လင္းစိုး အား ဇန္နဝါရီလ(၁၅) ရက္၊ ေန႔လည္(၁၂) နာရီအခ်ိန္တြင္ ေတာင္ႀကီး- ဟိုပုံး သြားကားလမ္း၊ ဟိုပုံးၿမိဳ႕အဝင္တြင္ PAJERO ေမာ္ေတာ္ယာဥ္(၁)စီးႏွင္အတူ႔ ဖမ္းဆီး ရမိခဲ့ၿပီး ပူးေပါင္းပါဝင္ခဲ့သူ ကိုျမတ္သူအား ညေန(၃)နာရီ အခ်ိန္ တြင္ ေအာင္ပန္းၿမိဳ႕၊ မိုးေကာင္းရပ္ကြက္တြင္ လည္းေကာင္း အသီးသီး ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုထား သည္။

အလားတူ ဇန္နဝါရီလ (၁၅)ရက္ေန႔ နံနက္(၁၁)နာရီ အခ်ိန္တြင္ လြိဳင္လင္-ေတာင္ႀကီးသြားကားလမ္း၊ ဟိုတင့္ ေက်း႐ြာအနီးတြင္ လြိဳင္လင္ဘက္မွ ေတာင္ႀကီးဘက္သို႔ ကိုမ်ိဳးေက်ာ္ ေမာင္းႏွင္ၿပီး ကိုေ႐ႊမင္းဦး လိုက္ပါလာသည့္ FUSO (၁၂)ဘီး ေမာ္ေတာ္ယာဥ္အား ရွာေဖြခဲ့ရာ ယာဥ္ေပၚတြင္ တရားမဝင္သယ္ေဆာင္လာသည့္ ဓာတုပစၥည္း SODIUM HYDROHIDE, ANHYDROUS(NaOH) (၁၄ ဒသမ ၉၅) တန္ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ ဇန္နဝါရီ(၁၆)ရက္၊ နံနက္(၆)နာရီအခ်ိန္တြင္ သာစည္ၿမိဳ႕နယ္၊ ကြၽံတပ္ဆုံ ေက်း႐ြာရွိ စစ္ေဆးေရးစခန္းအနီးတြင္ သာစည္ဘက္မွ ေတာင္ႀကီးၿမိဳ႕ဘက္သို႔ ကိုခ်စ္တိုင္းေအာင္ ေမာင္းႏွင္ၿပီး ကိုေက်ာ္ဇင္ခက္ လိုက္ပါလာသည့္ NISSAN (၁၂)ဘီး ေမာ္ေတာ္ယာဥ္အား ရွာေဖြမႈမ်ား ဆက္လက္လုပ္ေဆာင္ခဲ့ ေၾကာင္း နစကမွဆိုသည္။

စစ္ေဆးမႈမ်ားအရ အဆိုပါ (၁၂)ဘီးကားေပၚတြင္ သံပီပါ အလုံး(၅ဝ)ျဖင့္ထည့္၍ တရားမဝင္သယ္ေဆာင္လာသည့္ ထိန္းခ်ဳပ္ဓာတုပစၥည္း Toluene (၃)တန္၊ Methylamine (၄ ဒသမ ၅) တန္ တို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရ သည္။

ထို႔ျပင္ အင္းစိန္ၿမိဳ႕နယ္၊ ေ႐ႊျပည္သာ၊ စက္မႈဇုန္(၃)၊ မင္းႀကီးမဟာမင္းေခါင္လမ္းရွိ ဂိုေဒါင္ကို ဝင္ေရာက္ရွာေဖြရာ ကိုစိုင္းေခးလႈိင္အား ေတြ႕ရွိခဲ့ၿပီး ဂိုေဒါင္အတြင္း သံပီပါအလုံး(၃ဝ) ျဖင့္ ထည့္ကာ တရားမဝင္ သိုေလွာင္ထားသည့္ ထိန္းခ်ဳပ္ဓာတုပစၥည္း Toluene (၄ ဒသမ ၅) တန္ကို ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးႏွိမ္နင္းေရးအဖြဲ႕၏ဖမ္းဆီးရမိမႈမ်ားအရ ေဒသကာလတန္ဖိုးေငြက်ပ္သိန္း (၅ဝဝဝ)ေက်ာ္ တန္ဖိုးရွိ ေသာ စုစုေပါင္း ထိန္းခ်ဳပ္ဓာတုပစၥည္းႏွင့္ အျခားဓာတုပစၥည္း (၆၃ ဒသမ ၅၅) တန္ သိမ္းဆည္းရမိခဲ့ၿပီး စစ္ေဆးမႈ အရ အဆိုပါဓာတုပစၥည္းမ်ားအား ရန္ကုန္မွ ရွမ္းျပည္(ေတာင္ပိုင္း)သို႔ သယ္ေဆာင္သြားမည္ျဖစ္ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.