မြန်မာနိုင်ငံ၌ ရိုဟင်ဂျာလူမျိုး လုံးဝမရှိခဲ့ကြောင်းကို ဗြိတိသျှကိုလိုနီခေတ်၌ ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ခိုင်မာစွာသက်သေပြနိုင်ဟု ဒုတပ်ချုပ်ဆို

 4438

မျိုးကြီး (NP News) - ဇန်နဝါရီ ၂၁

မြန်မာနိုင်ငံ၌ ရိုဟင်ဂျာလူမျိုး လုံးဝမရှိခဲ့ကြောင်းကို ဗြိတိသျှကိုလိုနီလက်အောက် ၁၈၈၁ ခုနှစ်၌ ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ခိုင်မာစွာသက်သေပြနိုင်ခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

နစကဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဇန်နဝါရီလ ၂ဝ ရက်တွင် နေပြည် တော်၌ ပြုလုပ်သော ဗဟိုသန်းခေါင်စာရင်းကော်မရှင်အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ လွတ်လပ်ရေးမရမီကာလ ၁၈၇၂ ခုနှစ်၊ ၁၈၈၁ ခုနှစ်၊ ၁၈၉၁ ခုနှစ်၊ ၁၉ဝ၁ ခုနှစ်၊ ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်၊ ၁၉၃၁ ခုနှစ်နှင့် ၁၉၄၁ ခုနှစ်တို့တွင် သန်း ခေါင်စာရင်း(၈)ကြိမ်ကောက်ယူခဲ့သည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောသည်။

အဆိုပါသန်းခေါင်စာရင်းအချက်အလက်များကို ယနေ့အထိအသုံးပြုနေရဆဲဖြစ် ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံအပေါ် မလိုလားသည့် ပြည်ပနိုင်ငံအချို့၏ စွပ်စွဲထိုးနှက်နေသည့် ရိုဟင်ဂျာကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး လုံးဝမရှိခဲ့ကြောင်းကို ဗြိတိသျှကိုလိုနီလက်အောက် ၁၈၈၁ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအစီရင်ခံပါ လူမျိုးစာရင်းများအရ အခိုင်အမာသက်သေပြနိုင်ခဲ့ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုထားသည်။

ထို့ပြင် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၃ ခုနှစ် မတ်လ၌ မြို့နယ်ပေါင်း (၂၅၂) မြို့နယ်နှင့် ချင်းပြည်နယ်၊ ၁၉၅၄ ခုနှစ်၌ မြန်မာပြည် ပြည်မကျေးရွာအုပ်စု(၂၁၄၃)ခုနှင့် ကချင်ပြည်နယ်ရှိ ကျေးရွာအုပ်စု (၁ဝ၁၆)ခုတွင်လည်း လူဦးရေသန်းခေါင် စာရင်းကောက်ယူခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်၊ ၂ဝ၁၄ ခုနှစ်တို့တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံက ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကိုတားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို ကျူးလွန်ဖောက်ဖျက်သည်ဟုဆိုကာ စွပ်စွဲချက်ဖြင့် ၂ဝ၁၉ ခုနှစ်အတွင်းက တရားစွဲ ဆိုထားသည်။

ထိုကဲ့သို့ တရားစွဲမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ တရားရင်ဆိုင်ခဲ့ဖူးပြီး လက်ရှိနစကအစိုးရလက်ထက်တွင်လည်း အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်ကာ တရားရင်ဆိုင်ဖြေရှင်းခဲ့သည်။

zawgyi version
ျမန္မာႏိုင္ငံ၌ ႐ိုဟင္ဂ်ာလူမ်ိဳး လုံးဝမရွိခဲ့ေၾကာင္းကို ၿဗိတိသွ်ကိုလိုနီေခတ္၌ ေကာက္ယူခဲ့ေသာ သန္းေခါင္စာရင္းအရ ခိုင္မာစြာသက္ေသျပႏိုင္ဟု ဒုတပ္ခ်ဳပ္ဆို
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၂၁

ျမန္မာႏိုင္ငံ၌ ႐ိုဟင္ဂ်ာလူမ်ိဳး လုံးဝမရွိခဲ့ေၾကာင္းကို ၿဗိတိသွ်ကိုလိုနီလက္ေအာက္ ၁၈၈၁ ခုႏွစ္၌ ေကာက္ယူခဲ့ေသာ သန္းေခါင္စာရင္းအရ ခိုင္မာစြာသက္ေသျပႏိုင္ခဲ့ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာသည္။

နစကဒုဥကၠ႒၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ဇန္နဝါရီလ ၂ဝ ရက္တြင္ ေနျပည္ ေတာ္၌ ျပဳလုပ္ေသာ ဗဟိုသန္းေခါင္စာရင္းေကာ္မရွင္အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၌ လြတ္လပ္ေရးမရမီကာလ ၁၈၇၂ ခုႏွစ္၊ ၁၈၈၁ ခုႏွစ္၊ ၁၈၉၁ ခုႏွစ္၊ ၁၉ဝ၁ ခုႏွစ္၊ ၁၉၁၁ ခုႏွစ္၊ ၁၉၂၁ ခုႏွစ္၊ ၁၉၃၁ ခုႏွစ္ႏွင့္ ၁၉၄၁ ခုႏွစ္တို႔တြင္ သန္း ေခါင္စာရင္း(၈)ႀကိမ္ေကာက္ယူခဲ့သည္ကို ေတြ႕ရွိရေၾကာင္း ၎က ေျပာသည္။

အဆိုပါသန္းေခါင္စာရင္းအခ်က္အလက္မ်ားကို ယေန႔အထိအသုံးျပဳေနရဆဲျဖစ္ ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ဆိုသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံအေပၚ မလိုလားသည့္ ျပည္ပႏိုင္ငံအခ်ိဳ႕၏ စြပ္စြဲထိုးႏွက္ေနသည့္ ႐ိုဟင္ဂ်ာကိစၥႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံတြင္ ႐ိုဟင္ဂ်ာလူမ်ိဳး လုံးဝမရွိခဲ့ေၾကာင္းကို ၿဗိတိသွ်ကိုလိုနီလက္ေအာက္ ၁၈၈၁ ခုႏွစ္တြင္ ေကာက္ယူခဲ့သည့္ သန္းေခါင္စာရင္းအစီရင္ခံပါ လူမ်ိဳးစာရင္းမ်ားအရ အခိုင္အမာသက္ေသျပႏိုင္ခဲ့ေၾကာင္း ၎က ထုတ္ေဖာ္ေျပာဆိုထားသည္။

ထို႔ျပင္ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း ၁၉၅၃ ခုႏွစ္ မတ္လ၌ ၿမိဳ႕နယ္ေပါင္း (၂၅၂) ၿမိဳ႕နယ္ႏွင့္ ခ်င္းျပည္နယ္၊ ၁၉၅၄ ခုႏွစ္၌ ျမန္မာျပည္ ျပည္မေက်း႐ြာအုပ္စု(၂၁၄၃)ခုႏွင့္ ကခ်င္ျပည္နယ္ရွိ ေက်း႐ြာအုပ္စု (၁ဝ၁၆)ခုတြင္လည္း လူဦးေရသန္းေခါင္ စာရင္းေကာက္ယူခဲ့ေၾကာင္း သိရသည္။

တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း ၁၉၇၃ ခုႏွစ္၊ ၁၉၈၃ ခုႏွစ္၊ ၂ဝ၁၄ ခုႏွစ္တို႔တြင္ သန္းေခါင္စာရင္းေကာက္ယူႏိုင္ခဲ့ေၾကာင္း သိရသည္။

႐ိုဟင္ဂ်ာအေရးႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံအား ဂမ္ဘီယာႏိုင္ငံက ၁၉၄၈ ခုႏွစ္ လူမ်ိဳးသုဥ္းေစမႈကိုတားဆီးရန္ႏွင့္ ျပစ္ဒဏ္ေပးရန္ ႏိုင္ငံတကာသေဘာတူစာခ်ဳပ္ကို က်ဴးလြန္ေဖာက္ဖ်က္သည္ဟုဆိုကာ စြပ္စြဲခ်က္ျဖင့္ ၂ဝ၁၉ ခုႏွစ္အတြင္းက တရားစြဲ ဆိုထားသည္။

ထိုကဲ့သို႔ တရားစြဲမႈႏွင့္ပတ္သက္၍ အျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ)၌ ႏိုင္ငံ ေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ကာ တရားရင္ဆိုင္ခဲ့ဖူးၿပီး လက္ရွိနစကအစိုးရလက္ထက္တြင္လည္း အျပည္ျပည္ဆိုင္ရာပူး ေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး ဦးကိုကိုလႈိင္ ဦးေဆာင္ကာ တရားရင္ဆိုင္ေျဖရွင္းခဲ့သည္။

Related news

© 2021. All rights reserved.