ဖိလစ်ပိုင်မှာ လူအသေအပျောက်များခဲ့တဲ့ မူးယစ်ဆေးဝါးစစ်ပွဲကို ICC မှ စုံစမ်းစစ်ဆေးမှု ပြန်လည်စတင်မယ်လို့ဆို

 546

ရောင်နီ (NP News) - ဇန်နဝါရီ ၂၇

ဖိလစ်ပိုင်မှာ လူထောင်ပေါင်းများစွာ သေဆုံးစေခဲ့တဲ့ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ မူးယစ်စစ်ပွဲကြောင့် “လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ” စုံစမ်းစစ်ဆေးမှုကို နိုင်ငံတကာရာဇဝတ်ခုံရုံးက ပြန်လည် စတင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဟာဂူ အခြေစိုက်တရားရုံးဟာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီက စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ အစီအစဉ်များကို ကြေညာခဲ့ ပေမယ့်လည်း ကိုယ်ပိုင်ပြန်လည်သုံးသပ်မှုကို လုပ်ဆောင်နေတယ်ဆိုတဲ့ ဖိလစ်ပိုင်အစိုးရရဲ့တောင်းဆိုချက်အရ ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ ရပ်ဆိုင်းခဲ့ပါတယ်။ ဖိလစ်ပိုင်နဲ့ အခြားအာဏာပိုင်များက တင်သွင်းတဲ့ဖိုင်များကို ပြီးခဲ့တဲ့ဇွန်လက ICC ရှေ့နေ ကာရင်းခမ်း က အာမခံပေးပြီးနောက် ICC အမှုကို ပြန်လည်ဖွင့်လှစ်ဖို့ လျှောက်လွှာ တင်ခဲ့တယ်လို့ သိရပါတယ်။

တရားရုံးဟာ ဖိလစ်ပိုင်၊ အစိုးရရှေ့နေနဲ့ တရားခံများထံမှ တင်ပြချက်များကို စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။ ရာဇဝတ်မှု တိုက်ဖျက်ရေးပလက်ဖောင်းပေါ်မှာ ရာထူးအတွက် မဲဆွယ်စည်းရုံးခဲ့တဲ့ တောင်ပိုင်း ဒါဗိုမြို့တော်ဝန်ဟောင်း ဒူတာတေး ဟာ ၂ဝ၁၆ ခုနှစ်၊ ဇွန်လက အာဏာရရှိပြီးတာနဲ့ ၎င်းရဲ့ “မူးယစ်ဆေးဝါးစစ်ပွဲ” ကို စတင်ခဲ့ပြီး မူးယစ်ဆေးဝါးသံသယရှိသူများကို သတ်ပစ်ဖို့ ရဲတပ်ဖွဲ့ကို ထပ်ခါတလဲလဲ တိုက်တွန်းခဲ့ပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများအတွင်း လူပေါင်း ၈၆၆၃ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂရဲ့ ၂ဝ၂၁ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပေမယ့် ဖိလစ်ပိုင်လူ့အခွင့်အရေးကော်မရှင်နဲ့ ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့များ ကတော့ သေဆုံးသူဦးရေဟာ သုံးဆခန့် ပိုများနိုင်တယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်ကလည်း ICC ရဲ့ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ဖို့ စီစဉ်ထားကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ဖိလစ္ပိုင္မွာ လူအေသအေပ်ာက္မ်ားခဲ့တဲ့ မူးယစ္ေဆးဝါးစစ္ပြဲကို ICC မွ စုံစမ္းစစ္ေဆးမႈ ျပန္လည္စတင္မယ္လို႔ဆို
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၇

ဖိလစ္ပိုင္မွာ လူေထာင္ေပါင္းမ်ားစြာ ေသဆုံးေစခဲ့တဲ့ သမၼတေဟာင္း ႐ိုဒရီဂို ဒူတာေတးရဲ႕ မူးယစ္စစ္ပြဲေၾကာင့္ “လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈဆိုင္ရာ” စုံစမ္းစစ္ေဆးမႈကို ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံးက ျပန္လည္ စတင္သြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာဂူ အေျခစိုက္တရား႐ုံးဟာ ၂ဝ၁၈ ခုႏွစ္ ေဖေဖာ္ဝါရီက စုံစမ္းစစ္ေဆးမႈျပဳလုပ္ဖို႔ အစီအစဥ္မ်ားကို ေၾကညာခဲ့ ေပမယ့္လည္း ကိုယ္ပိုင္ျပန္လည္သုံးသပ္မႈကို လုပ္ေဆာင္ေနတယ္ဆိုတဲ့ ဖိလစ္ပိုင္အစိုးရရဲ႕ေတာင္းဆိုခ်က္အရ ၂ဝ၂၁ ခုႏွစ္၊ ႏိုဝင္ဘာလမွာ ရပ္ဆိုင္းခဲ့ပါတယ္။ ဖိလစ္ပိုင္နဲ႔ အျခားအာဏာပိုင္မ်ားက တင္သြင္းတဲ့ဖိုင္မ်ားကို ၿပီးခဲ့တဲ့ဇြန္လက ICC ေရွ႕ေန ကာရင္းခမ္း က အာမခံေပးၿပီးေနာက္ ICC အမႈကို ျပန္လည္ဖြင့္လွစ္ဖို႔ ေလွ်ာက္လႊာ တင္ခဲ့တယ္လို႔ သိရပါတယ္။

တရား႐ုံးဟာ ဖိလစ္ပိုင္၊ အစိုးရေရွ႕ေနနဲ႔ တရားခံမ်ားထံမွ တင္ျပခ်က္မ်ားကို စစ္ေဆးခဲ့ၿပီးျဖစ္ပါတယ္။ ရာဇဝတ္မႈ တိုက္ဖ်က္ေရးပလက္ေဖာင္းေပၚမွာ ရာထူးအတြက္ မဲဆြယ္စည္း႐ုံးခဲ့တဲ့ ေတာင္ပိုင္း ဒါဗိုၿမိဳ႕ေတာ္ဝန္ေဟာင္း ဒူတာေတး ဟာ ၂ဝ၁၆ ခုႏွစ္၊ ဇြန္လက အာဏာရရွိၿပီးတာနဲ႔ ၎ရဲ႕ “မူးယစ္ေဆးဝါးစစ္ပြဲ” ကို စတင္ခဲ့ၿပီး မူးယစ္ေဆးဝါးသံသယရွိသူမ်ားကို သတ္ပစ္ဖို႔ ရဲတပ္ဖြဲ႕ကို ထပ္ခါတလဲလဲ တိုက္တြန္းခဲ့ပါတယ္။

မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးလုပ္ငန္းမ်ားအတြင္း လူေပါင္း ၈၆၆၃ ဦး ေသဆုံးခဲ့ေၾကာင္း ကုလသမဂၢရဲ႕ ၂ဝ၂၁ ခုႏွစ္ အစီရင္ခံစာမွာ ေဖာ္ျပထားေပမယ့္ ဖိလစ္ပိုင္လူ႔အခြင့္အေရးေကာ္မရွင္နဲ႔ ေဒသတြင္း လူ႔အခြင့္အေရးအဖြဲ႕မ်ား ကေတာ့ ေသဆုံးသူဦးေရဟာ သုံးဆခန႔္ ပိုမ်ားႏိုင္တယ္လို႔ ဆိုပါတယ္။

ဖိလစ္ပိုင္ကလည္း ICC ရဲ႕ ဆုံးျဖတ္ခ်က္အေပၚ အယူခံဝင္ဖို႔ စီစဥ္ထားေၾကာင္း ျပန္လည္ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.