ပခုက္ကူမြို့ရှိ အထည်ချုပ်စက်ရုံမှ မန်နေဂျာနှင့် တရုတ်နိုင်ငံသူကို ငွေကျပ်သိန်း(၁ဝဝဝဝ) ရလိုမှုဖြင့် ပြန်ပေးဆွဲထားဟုဆို

1092

NP News - ဇန်နဝါရီ ၂၈
မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ Myanmar Effort Company Limited အထည်ချုပ်စက်ရုံမှ မန်နေဂျာနှင့် တရုတ်နိုင်ငံသူတို့အား PDF များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ ဇန်နဝါရီလ(၂၇)ရက်ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဖြစ်စဥ်မှာ ပခုက္ကူမြို့နယ်၊ ပဒိုင်းခြုံကျေးရွာအနီးရှိ Myanmar Effort Company Limited အထည်ချုပ်စက်ရုံတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အထည်ချုပ်စက်ရုံသို့ ပြီးခဲ့သည့် ဇန်နဝါရီလ(၂၆)ရက်၊ နံနက်(၈)နာရီ အချိန်ခန့်တွင် PDF များက မော်တော်ယာဥ်ဖြင့် လက်နက်ငယ်များ ကိုယ်စီကိုင်ဆောင်ကာ ရောက်ရှိလာကြောင်း နစကမှ ဆိုထားသည်။
ထို့နောက် စက်ရုံဝန်းအတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ဝန်ထမ်းများအား သေနတ်ဖြင့်ခြိမ်းခြောက်ရိုက်နှက်ခဲ့ကြပြီး စက်ရုံအတွင်း ဝင်ရောက်ကာ မန်နေဂျာဖြစ်သူ ကိုမျိုးဇင်ဝင်းနှင့် တရုတ်နိုင်ငံသူ အထည်ချုပ်ပညာရှင် Ms.GU ZHEN ZHEN တို့(၂)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ထို့ပြင် ၎င်းတို့နှင့်အတူ laptop တစ်လုံးနှင့် လုံခြုံရေးဝန်ထမ်းများ၏ လက်ကိုင်ဖုန်း (၃)လုံးတို့ကိုပါ ယူဆောင်၍ မော်တော်ယာဥ်ဖြင့် မြောက်ဘက်သို့ မောင်းနှင်ထွက် ပြေးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် နံနက်(၁၁)နာရီအချိန်ခန့်တွင် မန်နေဂျာဦးမျိုးဇင်ဝင်းမှ စက်ရုံအတွင်းရှိ ဖုန်းတစ်လုံးအား ဆက်သွယ်၍ ငွေကျပ်သိန်း(၁ဝဝဝဝ)ကို အသင့်ပြန်ဆင်ပြီး ပြန် လည်ဆက်သွယ်ပေးရန် ဖုန်းဖြင့်ဆက်သွယ်လာခဲ့ကြောင်း နစကမှသိရသည်။
အထက်ပါဖြစ်စဥ်မှ ဖမ်းဆီးခေါ်ဆောင်သွားသူများအား အမြန်ဆုံးပြန်လည်ကယ် တင်နိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
အဆိုပါ စက်ရုံတွင် စက်ရုံတာဝန်ခံအဖြစ် အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံ သား Mr. RAO MING CHUN အပါအဝင် တရုတ်နိုင်ငံသား အမျိုးသား(၅)ဦး၊ အမျိုးသမီး(၁)ဦးနှင့် ဝန်ထမ်း အမျိုးသား(၃၁၅)ဦး၊ အမျိုးသမီး(၇၈၅)ဦး စုစုပေါင်း (၁၁ဝဝ) ရှိကြောင်း သိရသည်။
၎င်းအထည်ချုပ်စက်ရုံကို ၂ဝ၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၈ ခုနှစ်တွင် စတင်လည်ပတ်ကာ အဝတ်အထည်များချုပ်လုပ်ကာ တရုတ်နိုင်ငံသို့ Export ပြန်လည်တင်သွင်းနေသည့် စက်ရုံဖြစ်ကြောင်း နစကမှဆိုထားသည်။

zawgyi version
ပခုကၠဴၿမိဳ႕ရွိ အထည္ခ်ဳပ္စက္႐ုံမွ မန္ေနဂ်ာႏွင့္ တ႐ုတ္ႏိုင္ငံသူကို ေငြက်ပ္သိန္း(၁ဝဝဝဝ) ရလိုမႈျဖင့္ ျပန္ေပးဆြဲထားဟုဆို
NP News - ဇန္နဝါရီ ၂၈
မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕ရွိ Myanmar Effort Company Limited အထည္ခ်ဳပ္စက္႐ုံမွ မန္ေနဂ်ာႏွင့္ တ႐ုတ္ႏိုင္ငံသူတို႔အား PDF မ်ားက ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
နစကမွ ဇန္နဝါရီလ(၂၇)ရက္ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ျဖစ္စဥ္မွာ ပခုကၠဴၿမိဳ႕နယ္၊ ပဒိုင္းၿခဳံေက်း႐ြာအနီးရွိ Myanmar Effort Company Limited အထည္ခ်ဳပ္စက္႐ုံတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ အထည္ခ်ဳပ္စက္႐ုံသို႔ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၂၆)ရက္၊ နံနက္(၈)နာရီ အခ်ိန္ခန႔္တြင္ PDF မ်ားက ေမာ္ေတာ္ယာဥ္ျဖင့္ လက္နက္ငယ္မ်ား ကိုယ္စီကိုင္ေဆာင္ကာ ေရာက္ရွိလာေၾကာင္း နစကမွ ဆိုထားသည္။
ထို႔ေနာက္ စက္႐ုံဝန္းအတြင္း လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ ဝန္ထမ္းမ်ားအား ေသနတ္ျဖင့္ၿခိမ္းေျခာက္႐ိုက္ႏွက္ခဲ့ၾကၿပီး စက္႐ုံအတြင္း ဝင္ေရာက္ကာ မန္ေနဂ်ာျဖစ္သူ ကိုမ်ိဳးဇင္ဝင္းႏွင့္ တ႐ုတ္ႏိုင္ငံသူ အထည္ခ်ဳပ္ပညာရွင္ Ms.GU ZHEN ZHEN တို႔(၂)ဦးအား ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။
ထို႔ျပင္ ၎တို႔ႏွင့္အတူ laptop တစ္လုံးႏွင့္ လုံၿခဳံေရးဝန္ထမ္းမ်ား၏ လက္ကိုင္ဖုန္း (၃)လုံးတို႔ကိုပါ ယူေဆာင္၍ ေမာ္ေတာ္ယာဥ္ျဖင့္ ေျမာက္ဘက္သို႔ ေမာင္းႏွင္ထြက္ ေျပးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ နံနက္(၁၁)နာရီအခ်ိန္ခန႔္တြင္ မန္ေနဂ်ာဦးမ်ိဳးဇင္ဝင္းမွ စက္႐ုံအတြင္းရွိ ဖုန္းတစ္လုံးအား ဆက္သြယ္၍ ေငြက်ပ္သိန္း(၁ဝဝဝဝ)ကို အသင့္ျပန္ဆင္ၿပီး ျပန္ လည္ဆက္သြယ္ေပးရန္ ဖုန္းျဖင့္ဆက္သြယ္လာခဲ့ေၾကာင္း နစကမွသိရသည္။
အထက္ပါျဖစ္စဥ္မွ ဖမ္းဆီးေခၚေဆာင္သြားသူမ်ားအား အျမန္ဆုံးျပန္လည္ကယ္ တင္ႏိုင္ရန္အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
အဆိုပါ စက္႐ုံတြင္ စက္႐ုံတာဝန္ခံအျဖစ္ အလုပ္လုပ္ကိုင္ေနသည့္ တ႐ုတ္ႏိုင္ငံ သား Mr. RAO MING CHUN အပါအဝင္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား(၅)ဦး၊ အမ်ိဳးသမီး(၁)ဦးႏွင့္ ဝန္ထမ္း အမ်ိဳးသား(၃၁၅)ဦး၊ အမ်ိဳးသမီး(၇၈၅)ဦး စုစုေပါင္း (၁၁ဝဝ) ရွိေၾကာင္း သိရသည္။
၎အထည္ခ်ဳပ္စက္႐ုံကို ၂ဝ၁၇ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ၂ဝ၁၈ ခုႏွစ္တြင္ စတင္လည္ပတ္ကာ အဝတ္အထည္မ်ားခ်ဳပ္လုပ္ကာ တ႐ုတ္ႏိုင္ငံသို႔ Export ျပန္လည္တင္သြင္းေနသည့္ စက္႐ုံျဖစ္ေၾကာင္း နစကမွဆိုထားသည္။