အမေရိကန်နိုင်ငံတွင် TikTok အသုံးပြုမှုကို ပိတ်ပင်မည့် ဥပဒေမူကြမ်းကို မဲခွဲဆုံးဖြတ်မည်

 621

Pika (NP News) - ဇန်နဝါရီ ၂၈

အမေရိကန်နိုင်ငံတွင် တရုတ်နိုင်ငံ၏လူကြိုက်များသော ဆိုရှယ်မီဒီယာ အပလီကေးရှင်းတစ်ခုဖြစ်သည့် TikTok အသုံးပြုမှုကို တားမြစ်ရန်ရည်ရွယ်သည့် ဥပဒေမူကြမ်းကို အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီက လာမည့်လတွင် မဲခွဲဆုံးဖြတ်ရန်စီစဥ်နေကြောင်း ကော်မတီက ဇန်နဝါရီလ(၂၇)ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အမေရိကန် အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် TikTok အသုံးပြုမှုကို တရားဝင်တားမြစ်ရန် ရီပက်ဘလစ်ကန်အမတ် Michael McCaul က တိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်းသိရသည်။

ရီပက်ဘလစ်ကန်အမတ် Michael McCaul က "စိုးရိမ်တာတစ်ခုကတော့ ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ ဒီအပလီကေးရှင်းဟာ တရုတ်အစိုးရကို အချက်အလက်တွေပေးနေနိုင်တယ်ဆိုတာပါပဲ"ဟုပြောဆိုခဲ့သည်။

၂ဝ၂ဝ ခုနှစ်တွင် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်သည် အသုံးပြုသူများအား TikTok အပလီကေးရှင်းဒေါင်းလုဒ်ဆွဲခြင်းမှ တားမြစ်ရန်နှင့် အမေရိကန်နိုင်ငံတွင် TikTok အသုံးပြုမှုကို ပိတ်ပင်ရန်ကြိုးပမ်းခဲ့သော်လည်း တရားရုံးတွင် တရားရင်ဆိုင်မှုများ ဆက်တိုက်ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။

၂ဝ၂၁ ခုနှစ်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် TikTok အသုံးပြုမှုကို ပိတ်ပင်ရန်ကြိုးပမ်းမှုအား တရားဝင်စွန့်လွှတ်ခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ရီပက်ဘလစ်ကန်လွှတ်တော်အမတ် မာကိုရူဘီအိုသည် TikTok အပလီကေးရှင်းအသုံးပြုမှုကို ပိတ်ပင်ရန်၊ တရုတ်နှင့် ရုရှားလက်အောက်ရှိ ဆိုရှယ်မီဒီယာများအားလုံးကိုပိတ်ပင်မည့် ဥပဒေမူကြမ်းကို ထုတ်ဖော်ပြသခဲ့ကြောင်းသိရသည်။

၂ဝ၂ဝ ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာကော်မတီ(CFIUS)က အမေရိကန်နိုင်ငံမှ အသုံးပြုသူများ၏ ဒေတာအချက်အလက်များ တရုတ်အစိုးရဆီရောက်ရှိမည်ကို စိုးရိမ်သောကြောင့် ByteDance ကုမ္ပဏီကို TikTok အပလီကေးရှင်းအား ဖျက်သိမ်းပေးရန်တောင်းဆိုခဲ့ကြောင်းလည်းသိရသည်။ CFIUS နှင့်TikTok ကုမ္ပဏီတို့သည် အမေရိကန်နိုင်ငံမှအသုံးပြုသူများ၏ ဒေတာအ ချက်အလက်များကို ကာကွယ်ရန် အမျိုးသားလုံခြုံရေးသဘောတူညီချက်တစ်ခုရရှိရန်အတွက် ဆွေးနွေးပွဲများကို ၂ဝ၂၁ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ကြောင်းလည်းသိရသည်။

ပြီးခဲ့သည့်လတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် အစိုးရဝန်ထမ်းများကို အစိုးရပိုင်ပစ္စည်းများတွင် TikTok အား အသုံးပြုခြင်း သို့မဟုတ် ဒေါင်းလုဒ်ဆွဲခြင်းများကို ပိတ်ပင်သည့် ဥပဒေမူကြမ်းတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံရှိ ပြည်နယ်ပေါင်း(၂၅)ပြည်နယ်ကျော်တွင် TikTok အသုံးပြုမှုကို ပိတ်ပင်ထားကြောင်းလည်းသိရသည်။

အမေရိကန်ပြည်ထောင်စုတွင် TikTok အပလီကေးရှင်းကို အသုံးပြုသူသည် သန်း (၁ဝဝ)ကျော်ရှိကြောင်း သိရသည်။

zawgyi version
အေမရိကန္ႏိုင္ငံတြင္ TikTok အသုံးျပဳမႈကို ပိတ္ပင္မည့္ ဥပေဒမူၾကမ္းကို မဲခြဲဆုံးျဖတ္မည္
Pika (NP News) - ဇန္နဝါရီ ၂၈

အေမရိကန္ႏိုင္ငံတြင္ တ႐ုတ္ႏိုင္ငံ၏လူႀကိဳက္မ်ားေသာ ဆိုရွယ္မီဒီယာ အပလီေကးရွင္းတစ္ခုျဖစ္သည့္ TikTok အသုံးျပဳမႈကို တားျမစ္ရန္ရည္႐ြယ္သည့္ ဥပေဒမူၾကမ္းကို ေအာက္လႊတ္ေတာ္ႏိုင္ငံျခားေရးရာေကာ္မတီက လာမည့္လတြင္ မဲခြဲဆုံးျဖတ္ရန္စီစဥ္ေနေၾကာင္း ေကာ္မတီက ဇန္နဝါရီလ(၂၇)ရက္တြင္ အတည္ျပဳေျပာၾကားခဲ့သည္။

အေမရိကန္ အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ စိုးရိမ္မႈမ်ားေၾကာင့္ TikTok အသုံးျပဳမႈကို တရားဝင္တားျမစ္ရန္ ရီပက္ဘလစ္ကန္အမတ္ Michael McCaul က တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္းလည္းသိရသည္။

ရီပက္ဘလစ္ကန္အမတ္ Michael McCaul က "စိုးရိမ္တာတစ္ခုကေတာ့ ကြၽန္ေတာ္တို႔ဖုန္းထဲမွာရွိတဲ့ ဒီအပလီေကးရွင္းဟာ တ႐ုတ္အစိုးရကို အခ်က္အလက္ေတြေပးေနႏိုင္တယ္ဆိုတာပါပဲ"ဟုေျပာဆိုခဲ့သည္။

၂ဝ၂ဝ ခုႏွစ္တြင္ အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္သည္ အသုံးျပဳသူမ်ားအား TikTok အပလီေကးရွင္းေဒါင္းလုဒ္ဆြဲျခင္းမွ တားျမစ္ရန္ႏွင့္ အေမရိကန္ႏိုင္ငံတြင္ TikTok အသုံးျပဳမႈကို ပိတ္ပင္ရန္ႀကိဳးပမ္းခဲ့ေသာ္လည္း တရား႐ုံးတြင္ တရားရင္ဆိုင္မႈမ်ား ဆက္တိုက္ရႈံးနိမ့္ခဲ့ေၾကာင္းသိရသည္။

၂ဝ၂၁ ခုႏွစ္တြင္ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္သည္ TikTok အသုံးျပဳမႈကို ပိတ္ပင္ရန္ႀကိဳးပမ္းမႈအား တရားဝင္စြန႔္လႊတ္ခဲ့ေၾကာင္းသိရသည္။ ၿပီးခဲ့သည့္ ဒီဇင္ဘာလတြင္ ရီပက္ဘလစ္ကန္လႊတ္ေတာ္အမတ္ မာကို႐ူဘီအိုသည္ TikTok အပလီေကးရွင္းအသုံးျပဳမႈကို ပိတ္ပင္ရန္၊ တ႐ုတ္ႏွင့္ ႐ုရွားလက္ေအာက္ရွိ ဆိုရွယ္မီဒီယာမ်ားအားလုံးကိုပိတ္ပင္မည့္ ဥပေဒမူၾကမ္းကို ထုတ္ေဖာ္ျပသခဲ့ေၾကာင္းသိရသည္။

၂ဝ၂ဝ ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံရွိ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာေကာ္မတီ(CFIUS)က အေမရိကန္ႏိုင္ငံမွ အသုံးျပဳသူမ်ား၏ ေဒတာအခ်က္အလက္မ်ား တ႐ုတ္အစိုးရဆီေရာက္ရွိမည္ကို စိုးရိမ္ေသာေၾကာင့္ ByteDance ကုမၸဏီကို TikTok အပလီေကးရွင္းအား ဖ်က္သိမ္းေပးရန္ေတာင္းဆိုခဲ့ေၾကာင္းလည္းသိရသည္။ CFIUS ႏွင့္TikTok ကုမၸဏီတို႔သည္ အေမရိကန္ႏိုင္ငံမွအသုံးျပဳသူမ်ား၏ ေဒတာအ ခ်က္အလက္မ်ားကို ကာကြယ္ရန္ အမ်ိဳးသားလုံၿခဳံေရးသေဘာတူညီခ်က္တစ္ခုရရွိရန္အတြက္ ေဆြးေႏြးပြဲမ်ားကို ၂ဝ၂၁ ခုႏွစ္ကတည္းက စတင္လုပ္ေဆာင္ခဲ့ေၾကာင္းလည္းသိရသည္။

ၿပီးခဲ့သည့္လတြင္ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္သည္ အစိုးရဝန္ထမ္းမ်ားကို အစိုးရပိုင္ပစၥည္းမ်ားတြင္ TikTok အား အသုံးျပဳျခင္း သို႔မဟုတ္ ေဒါင္းလုဒ္ဆြဲျခင္းမ်ားကို ပိတ္ပင္သည့္ ဥပေဒမူၾကမ္းတစ္ရပ္ကို လက္မွတ္ေရးထိုးခဲ့ေၾကာင္းသိရသည္။ လက္ရွိအခ်ိန္မွာ အေမရိကန္ႏိုင္ငံရွိ ျပည္နယ္ေပါင္း(၂၅)ျပည္နယ္ေက်ာ္တြင္ TikTok အသုံးျပဳမႈကို ပိတ္ပင္ထားေၾကာင္းလည္းသိရသည္။

အေမရိကန္ျပည္ေထာင္စုတြင္ TikTok အပလီေကးရွင္းကို အသုံးျပဳသူသည္ သန္း (၁ဝဝ)ေက်ာ္ရွိေၾကာင္း သိရသည္။

Picture

Kyaw Zin Htoo Naing

28/01/2023 19:09

သူ့အလှည့်ကျ သူရဲဘောကြောင်တဲ့ အမေရိကန်။

Related news

© 2021. All rights reserved.