အရာတော်မြို့နယ်အတွင်း၌ PDFနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သံဃာတော်(၁)ပါးနှင့် အရပ်သား (၈)ဦး ထိခိုက်သေဆုံး

 1134

NP News - ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ခံရမှုကြောင့် ဆရာတော်တစ်ပါး အပါအဝင် အရပ်သားများ သေဆုံးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ ဇန်နဝါရီလ(၂၈)ရက်ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ(၂၇)ရက်၊ ည(၉)နာရီခွဲ အချိန်တွင် အရာတော်မြို့နယ်၊ သလဲဘာကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သလဲဘာကျေးရွာတွင် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များကို PDF များက ကျေးရွာ၏ အရှေ့ဘက်နှင့် တောင်ဘက်တို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နစကမှ ဆိုထားသည်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ ည(၁၂)နာရီအချိန်ခန့်တွင် PDF များသည် ကျေးရွာ၏တောင်ဘက်ရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြန်လည်ဆုတ်ခွာ ထွက်ပြေးခဲ့ကြောင်း သိရသည်။

၎င်းတို့၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အလုံး(၈ဝ) မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း နစကမှ ဆိုထားသည်။

ထို့ပြင် ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရမှုကြောင့် သက်တော်(၈၃)နှစ်အရွယ် ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ကျေးရွာအတွင်းနေထိုင်သည့် အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း (၈)ဦး သေဆုံးခဲ့ကာ အမျိုးသား(၂)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် မီးဘေးသင့်ပြည်သူများသည် နီးစပ်ရာ ကျေးရွာဘုန်းတော်ကြီးကျောင်းများအပါအဝင် စာသင်ကျောင်းများနှင့် ဆွေမျိုးများ ၏ နေအိမ်များတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
အရာေတာ္ၿမိဳ႕နယ္အတြင္း၌ PDFႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအၾကား အျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး သံဃာေတာ္(၁)ပါးႏွင့္ အရပ္သား (၈)ဦး ထိခိုက္ေသဆုံး
NP News - ဇန္နဝါရီ ၂၉

စစ္ကိုင္းတိုင္း၊ အရာေတာ္ၿမိဳ႕နယ္တြင္ ေက်း႐ြာအတြင္း လက္နက္ႀကီး၊ လက္နက္ ငယ္မ်ားျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ဆရာေတာ္တစ္ပါး အပါအဝင္ အရပ္သားမ်ား ေသဆုံးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ ဇန္နဝါရီလ(၂၈)ရက္ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၂၇)ရက္၊ ည(၉)နာရီခြဲ အခ်ိန္တြင္ အရာေတာ္ၿမိဳ႕နယ္၊ သလဲဘာေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

သလဲဘာေက်း႐ြာတြင္ လုံၿခဳံေရးေဆာင္႐ြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ားကို PDF မ်ားက ေက်း႐ြာ၏ အေရွ႕ဘက္ႏွင့္ ေတာင္ဘက္တို႔မွ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ပစ္ခတ္ခဲ့ရာ ည(၁၂)နာရီအခ်ိန္ခန႔္တြင္ PDF မ်ားသည္ ေက်း႐ြာ၏ေတာင္ဘက္ရွိ လူေနအိမ္မ်ားကို မီးရႈိ႕ဖ်က္ဆီးကာ ျပန္လည္ဆုတ္ခြာ ထြက္ေျပးခဲ့ေၾကာင္း သိရသည္။

၎တို႔၏ မီးရႈိ႕ဖ်က္ဆီးမႈေၾကာင့္ ေနအိမ္အလုံး(၈ဝ) မီးကူးစက္ေလာင္ကြၽမ္းခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ထို႔ျပင္ ေက်း႐ြာအတြင္း လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ သက္ေတာ္(၈၃)ႏွစ္အ႐ြယ္ ဆရာေတာ္တစ္ပါး ပ်ံလြန္ေတာ္မူခဲ့ၿပီး ေက်း႐ြာအတြင္းေနထိုင္သည့္ အမ်ိဳးသား(၅)ဦးႏွင့္ အမ်ိဳးသမီး(၃)ဦး စုစုေပါင္း (၈)ဦး ေသဆုံးခဲ့ကာ အမ်ိဳးသား(၂)ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

လက္ရွိတြင္ မီးရႈိ႕ဖ်က္ဆီးျခင္းခံခဲ့ရသည့္ မီးေဘးသင့္ျပည္သူမ်ားသည္ နီးစပ္ရာ ေက်း႐ြာဘုန္းေတာ္ႀကီးေက်ာင္းမ်ားအပါအဝင္ စာသင္ေက်ာင္းမ်ားႏွင့္ ေဆြမ်ိဳးမ်ား ၏ ေနအိမ္မ်ားတြင္ ေနထိုင္လ်က္ရွိေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္တြင္ ပါဝင္ပတ္သက္သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.