ကမ္ဘာပေါ်ရှိ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား (၉ဝ)ဒီဂရီ ပင့်ထောင်ပူဇော်ပြီးစီး

 1603

NP News - ဇန်နဝါရီ ၂၉

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်မည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပလ္လင်တော်ထက်သို့ ပင့်ဆောင်ရန်အတွက် ပင့်ထောင်ပူဇော်ခြင်းလုပ်ငန်း (၉ဝ)ဒီဂရီဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းအား ပြီးခဲ့သည့် ဇန်နဝါရီလ(၂၆)ရက်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း (၁/၂/၃) တို့ကို တွဲဆက်ထားခြင်းဖြစ်ပြီး ဆင်းတုတော် အစိတ်အပိုင်းကြီး၏ စုစုပေါင်း အလေးချိန်မှာ (၁၇ဝဝ)တန်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပထမဆုံးလုပ်ငန်းဖြစ်သည့် ဆင်းတုတော်အား ပင့်ထောင်ခြင်းလုပ်ငန်းတွင် ဆင်းတုတော်အစိတ်အပိုင်းနှင့် ဆင်းတုတော် ထည့်သွင်းထားသည့် သံမဏိရတနာပန်းတောင်းတော်တို့၏ အလေးချိန်မှာ (၂၃၆၇ ဒသမ ၅) တန်ရှိပြီး ၎င်းတို့အား သံမဏိမျှော်စင်ဝန်ချီစက်(၈)လုံးကို အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆင်းတုတော်၏ အစိတ်အပိုင်းအား ပလ္လင်ထက်သို့ ပင့်ဆောင်ရန်အတွက် ပင့်ထောင်ခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့(ဇန်နဝါရီလ ၂၉)ရက်တွင် (၉ဝ)ဒီဂရီပင့်ထောင် ဇော်နိုင်ခဲ့ပြီး ဇန်နဝါရီလ(၂၆)ရက်မှစ၍ ယနေ့အထိ ကြာချိန် (၇၂)နာရီ မိနစ်(၅ဝ)ကြာမြင့်ခဲ့ကြောင်းသိရသည်။

အဆိုပါ ရုပ်ပွားတော်မြတ်ကြီးအား နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ‌ဗုဒ္ဓဥယျာဥ်တော်အတွင်း တည်ထားကိုးကွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆင်းတုတော်ကြီး တည်ထားမည့် ဥယျာဉ်တော်အတွင်း၌ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများ အဆင်ပြေစေရေးအတွက် ဂန္ဓကုဋိတိုက်များ၊ ဓမ္မာရုံများ၊ မော် ကွန်းတိုက်များ၊ သုဓမ္မာ ဇရပ်၊ မုစလိန္ဒအိုင်၊ မင်္ဂလာတံတားနှင့် ရေပန်းများကို ရတနာပုံခေတ် လက်ရာများအတိုင်း ထည့်သွင်းတည်ဆောက်၍ မြန်မာ့အနုပညာလက်ရာ စုံလင်စွာဖြင့် ဗိသုကာ လက်ရာမြောက်အောင် ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထား ကိုးကွယ်မှုပြီးစီးပါက ကမ္ဘာပေါ်ရှိ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည် ဖြစ် ကြောင်းသိရသည်။

zawgyi version
ကမာၻေပၚရွိ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္မ်ားတြင္ ဉာဏ္ေတာ္အျမင့္ဆုံးျဖစ္လာမည့္ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား (၉ဝ)ဒီဂရီ ပင့္ေထာင္ပူေဇာ္ၿပီးစီး
NP News - ဇန္နဝါရီ ၂၉

ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္တြင္ တည္ထားကိုးကြယ္မည့္ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ပလႅင္ေတာ္ထက္သို႔ ပင့္ေဆာင္ရန္အတြက္ ပင့္ေထာင္ပူေဇာ္ျခင္းလုပ္ငန္း (၉ဝ)ဒီဂရီေဆာင္႐ြက္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လုပ္ငန္းအား ၿပီးခဲ့သည့္ ဇန္နဝါရီလ(၂၆)ရက္တြင္ စတင္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္ အပိုင္း (၁/၂/၃) တို႔ကို တြဲဆက္ထားျခင္းျဖစ္ၿပီး ဆင္းတုေတာ္ အစိတ္အပိုင္းႀကီး၏ စုစုေပါင္း အေလးခ်ိန္မွာ (၁၇ဝဝ)တန္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ေဆာင္႐ြက္ရာတြင္ ပထမဆုံးလုပ္ငန္းျဖစ္သည့္ ဆင္းတုေတာ္အား ပင့္ေထာင္ျခင္းလုပ္ငန္းတြင္ ဆင္းတုေတာ္အစိတ္အပိုင္းႏွင့္ ဆင္းတုေတာ္ ထည့္သြင္းထားသည့္ သံမဏိရတနာပန္းေတာင္းေတာ္တို႔၏ အေလးခ်ိန္မွာ (၂၃၆၇ ဒသမ ၅) တန္ရွိၿပီး ၎တို႔အား သံမဏိေမွ်ာ္စင္ဝန္ခ်ီစက္(၈)လုံးကို အသုံးျပဳ၍ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆင္းတုေတာ္၏ အစိတ္အပိုင္းအား ပလႅင္ထက္သို႔ ပင့္ေဆာင္ရန္အတြက္ ပင့္ေထာင္ျခင္းအား ဆက္လက္ေဆာင္႐ြက္ခဲ့ရာ ယေန႔(ဇန္နဝါရီလ ၂၉)ရက္တြင္ (၉ဝ)ဒီဂရီပင့္ေထာင္ ေဇာ္ႏိုင္ခဲ့ၿပီး ဇန္နဝါရီလ(၂၆)ရက္မွစ၍ ယေန႔အထိ ၾကာခ်ိန္ (၇၂)နာရီ မိနစ္(၅ဝ)ၾကာျမင့္ခဲ့ေၾကာင္းသိရသည္။

အဆိုပါ ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္ရွိ မာရဝိဇယ‌ဗုဒၶဥယ်ာဥ္ေတာ္အတြင္း တည္ထားကိုးကြယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဆင္းတုေတာ္ႀကီး တည္ထားမည့္ ဥယ်ာဥ္ေတာ္အတြင္း၌ ရပ္နီးရပ္ေဝးမွ ဘုရားဖူးလာျပည္သူမ်ား အဆင္ေျပေစေရးအတြက္ ဂႏၶကုဋိတိုက္မ်ား၊ ဓမၼာ႐ုံမ်ား၊ ေမာ္ ကြန္းတိုက္မ်ား၊ သုဓမၼာ ဇရပ္၊ မုစလိႏၵအိုင္၊ မဂၤလာတံတားႏွင့္ ေရပန္းမ်ားကို ရတနာပုံေခတ္ လက္ရာမ်ားအတိုင္း ထည့္သြင္းတည္ေဆာက္၍ ျမန္မာ့အႏုပညာလက္ရာ စုံလင္စြာျဖင့္ ဗိသုကာ လက္ရာေျမာက္ေအာင္ ထည့္သြင္းေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းသိရသည္။

“မာရဝိဇယ” ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးတည္ထား ကိုးကြယ္မႈၿပီးစီးပါက ကမာၻေပၚရွိ ေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္မ်ားတြင္ ဉာဏ္ေတာ္အျမင့္ဆုံးျဖစ္လာမည္ ျဖစ္ ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.