ချောင်းဦးမြို့ရှိ လ.ဝ.က ရုံး မီးရှို့ဖျက်ဆီးခံရ

 551

စော (NP News) - ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ လ.ဝ.ကရုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ(၂၇)ရက်၊ ည(၇)နာရီအချိန်တွင် ချောင်းဦးမြို့၊ တမာမြိုင်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူအင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးအား အကြမ်းဖက်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခဲ့ရမှုကြောင့် ရုံးအတွင်းရှိ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းဆောက်လုပ်ထားသည့် တစ်ထပ်ရုံးအဆောက်အဦးတစ်လုံးနှင့် သွပ်မိုး၊ အုတ်ခင်း၊ ကျောက်ပြားကာ ဆောက်လုပ်ထားသည့် တစ်ထပ်လူနေအိမ်တစ်လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

အလားတူ တနင်္သာရီတိုင်းတွင် အုပ်ချုပ်ရေးမှူးပိုင်ဆိုင်သည့် လူနေထိုင်ခြင်းမရှိသည့် နေအိမ်ခြံဝင်းအတွင်းရှိ ဆန်စက် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ကဆို သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၆ရက်၊ ည ၇နာရီအချိန်တွင် ပုလောမြို့နယ်၊ ပလမြို့အမှတ် (၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြင်ရှိန်(၇၄)နှစ်၏ ဆန်စက်အား အကြမ်းဖက်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဆန်စက်တစ်လုံး၊ လက်တွန်းလယ်ထွန်စက်(၂)စီး ၊စပါးတင်း (၃ဝဝ)ခန့် သို့လှောင်ထားသည့် စပါးကျီတစ်လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

zawgyi version
ေခ်ာင္းဦးၿမိဳ႕ရွိ လ.ဝ.က ႐ုံး မီးရႈိ႕ဖ်က္ဆီးခံရ
ေစာ (NP News) - ဇန္နဝါရီ ၂၉

စစ္ကိုင္းတိုင္း၊ ေခ်ာင္းဦးၿမိဳ႕နယ္ရွိ လ.ဝ.က႐ုံး မီးရႈိ႕ဖ်က္ဆီးခံခဲ့ရေၾကာင္း ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ(၂၇)ရက္၊ ည(၇)နာရီအခ်ိန္တြင္ ေခ်ာင္းဦးၿမိဳ႕၊ တမာၿမိဳင္ရပ္ကြက္ရွိ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည့္သူအင္အားဦးစီးဌာန ၿမိဳ႕နယ္ဦးစီးမႉး႐ုံးအား အၾကမ္းဖက္မ်ားက မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

မီးရႈိ႕ဖ်က္ဆီးခဲ့ရမႈေၾကာင့္ ႐ုံးအတြင္းရွိ သြပ္မိုး၊ အုတ္ကာ၊ အုတ္ခင္းေဆာက္လုပ္ထားသည့္ တစ္ထပ္႐ုံးအေဆာက္အဦးတစ္လုံးႏွင့္ သြပ္မိုး၊ အုတ္ခင္း၊ ေက်ာက္ျပားကာ ေဆာက္လုပ္ထားသည့္ တစ္ထပ္လူေနအိမ္တစ္လုံးတို႔ မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္းသိရသည္။

အလားတူ တနသၤာရီတိုင္းတြင္ အုပ္ခ်ဳပ္ေရးမႉးပိုင္ဆိုင္သည့္ လူေနထိုင္ျခင္းမရွိသည့္ ေနအိမ္ၿခံဝင္းအတြင္းရွိ ဆန္စက္ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕ကဆို သည္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ ၂၆ရက္၊ ည ၇နာရီအခ်ိန္တြင္ ပုေလာၿမိဳ႕နယ္၊ ပလၿမိဳ႕အမွတ္ (၃)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးၾကင္ရွိန္(၇၄)ႏွစ္၏ ဆန္စက္အား အၾကမ္းဖက္မ်ားက မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

အၾကမ္းဖက္မ်ား၏ မီးရႈိ႕ဖ်က္ဆီးမႈေၾကာင့္ ဆန္စက္တစ္လုံး၊ လက္တြန္းလယ္ထြန္စက္(၂)စီး ၊စပါးတင္း (၃ဝဝ)ခန႔္ သို႔ေလွာင္ထားသည့္ စပါးက်ီတစ္လုံးတို႔ မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။

Related news

© 2021. All rights reserved.