ထားဝယ်မြို့တွင် ငွေကျပ်သိန်း (၂ဝဝဝ)ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ထော်လာဂျီပေါ်မှဖမ်းဆီးရမိ

 581

စော (NP News) - ဇန်နဝါရီ ၂၉

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ငွေကျပ် (၂၃၇၅)သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၇ ရက်၊ နံနက် ၈နာရီခွဲအချိန်တွင် ထားဝယ်မြို့နယ်၊ ဥသာရံတိုးချဲ့ရပ်ကွက် ကမ်းနားလမ်းတွင် ကိုစိုးအောင်နှင့် ထော်လာဂျီတစ်စီးအား စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယာဉ်ပေါ်တွင် ငွေကျပ်တန်ဖိုး(၂၃၇၅)သိန်းတန်ဖိုး ရှိသော စိတ်ကြွရူးသွပ်ဆေးပြား(၉၅ဝဝဝ)ပြား နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း CCDAC MYANMAR မှ ထုတ်ပြန်ထားသည်။

ထို့နောက် ကွင်းဆက်ဖော်ထုတ်ချက်အရ နံနက် ၉ နာရီအချိန်တွင် ထားဝယ်မြို့ ၊ဆန်းချီရပ်ကွက်တွင် ကိုသန်းမျိုးထိုက်အား လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ည ၉နာရီခွဲအချိန်၌ ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ နှင်းဆီလမ်းရှိ ဒေါ်မိုးသီတာအား လက်ကိုင်ဖုန်းနှစ်လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR မှဆိုထားသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသော ကိုစိုးအောင်၊ ကိုသန်းမျိုးထိုက်နှင့် ဒေါ်မိုးသီတာတို့အား ထားဝယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ထုတ်ပြန်ထားသည်။

zawgyi version
ထားဝယ္ၿမိဳ႕တြင္ ေငြက်ပ္သိန္း (၂ဝဝဝ)ေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို ေထာ္လာဂ်ီေပၚမွဖမ္းဆီးရမိ
ေစာ (NP News) - ဇန္နဝါရီ ၂၉

တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕တြင္ ေငြက်ပ္ (၂၃၇၅)သိန္းတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ ၂၇ ရက္၊ နံနက္ ၈နာရီခြဲအခ်ိန္တြင္ ထားဝယ္ၿမိဳ႕နယ္၊ ဥသာရံတိုးခ်ဲ႕ရပ္ကြက္ ကမ္းနားလမ္းတြင္ ကိုစိုးေအာင္ႏွင့္ ေထာ္လာဂ်ီတစ္စီးအား စစ္ေဆးရွာေဖြမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ရာ ယာဥ္ေပၚတြင္ ေငြက်ပ္တန္ဖိုး(၂၃၇၅)သိန္းတန္ဖိုး ရွိေသာ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၉၅ဝဝဝ)ျပား ႏွင့္ လက္ကိုင္ဖုန္းတစ္လုံးတို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း CCDAC MYANMAR မွ ထုတ္ျပန္ထားသည္။

ထို႔ေနာက္ ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ နံနက္ ၉ နာရီအခ်ိန္တြင္ ထားဝယ္ၿမိဳ႕ ၊ဆန္းခ်ီရပ္ကြက္တြင္ ကိုသန္းမ်ိဳးထိုက္အား လက္ကိုင္ဖုန္းတစ္လုံးႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ည ၉နာရီခြဲအခ်ိန္၌ ထားဝယ္ၿမိဳ႕၊ ပိႏၷဲေတာရပ္ကြက္၊ ႏွင္းဆီလမ္းရွိ ေဒၚမိုးသီတာအား လက္ကိုင္ဖုန္းႏွစ္လုံးႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း CCDAC MYANMAR မွဆိုထားသည္။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိေသာ ကိုစိုးေအာင္၊ ကိုသန္းမ်ိဳးထိုက္ႏွင့္ ေဒၚမိုးသီတာတို႔အား ထားဝယ္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္း လဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္မ်ားေဖာ္ထုတ္လ်က္ရွိေၾကာင္း CCDAC MYANMAR မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.