"သားသမီးပြုစုပျိုးထောင်ရာတွင် မိဘတို့ လုပ်မိလေ့ရှိသည့် အမှားများ" (ထူးခြားသုတဆောင်းပါး)
1232
ဝတီ (NP News) - ဖေဖော်ဝါရီ ၇
ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်၊ ပဲ့ပြင်ဆုံးမရတာဟာ လုံးဝမလွယ်တဲ့ အလုပ်ပါ။ သားသမီးပြုစုပျိုးထောင်ရေး သင်တန်းကျောင်းရယ်လို့လည်း မရှိတာကြောင့် မိဘတွေဟာ ကိုယ်သိသလောက်၊ မှတ်သလောက်၊ ကိုယ်ကောင်းမယ် ထင်တာတွေနဲ့ပဲ ကလေးတွေကိုကြိုးစားပဲ့ပြင်ဆုံးမနေကြရပါတယ်။ ကလေးပြုစုပျိုး ထောင်ရေးကျွမ်းကျင်သူတွေ ပို့ချတဲ့သင်တန်းကျောင်းတွေ မရှိပေမယ့် ကျွမ်းကျင်သူတွေ ရေးသားထုတ်ဝေထားတဲ့ အကြံပြုဆောင်းပါးတွေတော့ အများကြီး ရှိပါတယ်။ ဒါကြောင့် အဲဒီနိုင်ငံခြားဆောင်းပါးတွေထဲက ကောင်းနိုးရာရာကိုဘာသာပြန် တင်ဆက်လိုက်ပါတယ်။
၁။ ကလေးကို နေရာတကာ လိုက်ချုပ်ချယ်တာ။
မိဘတွေဟာ ကိုယ့်သားသမီး ဘယ်လောက်ပဲ အသက်ကြီးလာ၊ ကြီးလာသူတို့မျက်စိထဲမှာတော့ ကလေးလို့ပဲ မြင်လေ့ရှိပါတယ်။ ဒါကြောင့် ကိုယ့်ကလေးက ၁ဝ နှစ်အရွယ်လောက် ရောက်လာလည်း သူ့ကို ကလေးသေးသေးလေးလိုပဲထင်ပြီး နေရာတကာလိုက်ချုပ်ချယ်မိတတ်ကြပါတယ်။ ကလေးက ဘောလုံးကန်လို့၊ လဲကျလို့ ပွန်းရာပဲ့ရာ ရသွားမှာကို မိဘတွေက အစိုးရိမ်လွန်ပြီး ကလေးကိုဘောလုံးမကန်နဲ့၊ အမြင့် မတက်နဲ့၊ ရေမကူးနဲ့ စသဖြင့် လိုက်ချုပ်ချယ်မိတတ်ကြတာပါ။ မိဘက ဒီလို နေရာတကာ လိုက်ပိတ်ပင်နေရင်ကလေးက အသစ်အဆန်းမှန်သမျှ ဘာမှလိုက် မစူးစမ်းချင်တော့တာမျိုး၊ သူ့အမှားကနေ သင်ခန်းစာမယူတတ်တော့တာမျိုး ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကလေးကို သူ့အရွယ်အလိုက် လွတ်လပ်ခွင့်ချိန်ဆ ပြီး ပေးသင့်ပါတယ်။
၂။ ကိုယ့်ကလေးကို သူတပါးနဲ့ အမြဲလိုက် နှိုင်းယှဉ်နေတာ။
ကိုယ့်ကလေးကို တခြား ကလေးနဲ့ ဒါမှမဟုတ် တခြားမောင်နှမ အကြီး၊ အငယ်တွေနဲ့ အမြဲလိုက်နှိုင်းယှဉ်တာမျိုးမလုပ်သင့်ပါဘူးလို့ ပညာရှင်တွေက အကြံပြုထားပါတယ်။ ကျောင်းမှာ ကိုယ့်ကလေး အမှတ်မကောင်းဘူးဆိုရင် ဒါကိုအပြစ် မတင်ဘဲ သူ ဘာကြောင့် စာကို စိတ် မဝင်စားသလဲ၊ ကျောင်းမှာ ဘာအဆင်မပြေတာတွေရှိသလဲ ဆိုတာကို ကလေးကိုသေသေချာချာ မေးကြည့်သင့်ပါတယ်။
၃။ ကလေးကို စည်းကမ်းတွေ ချမှတ်ပြီး ကိုယ်တိုင်ကျတော့ အဲဒီစည်းကမ်းတွေကို မလိုက်နာတာ။
မိဘအများစုဟာ ကလေးကို ဖုန်း ၊ ကွန်ပျူတာ အကြာကြီးမကြည့်ဖို့၊ ကျန်းမာ ရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ မစားဖို့၊ ဆေးလိပ် ၊ အရက်မသောက်ဖို့ ၊ ဆဲဆိုတာတွေ မလုပ်ဖို့ ရှည်လျားထွေပြား ဆုံးမသြဝါဒခြွေလေ့ရှိပေမယ့် ကိုယ်တိုင်က တော့ အဲဒါတွေကိုလိုက်နာလေ့မရှိပါဘူး။ အတုမြင်အတတ်သင်ဆိုတဲ့စကားအတိုင်း ပဲ ကလေးတွေဟာ မိဘကိုပဲအတု ခိုးလေ့ရှိတာပါ။ ဒါကြောင့် ကိုယ့်သားသမီးကို စည်းကမ်းတွေ ချမှတ်ထားတယ်ဆိုရင် ကိုယ်ကိုယ်တိုင်က စံနမူနာဖြစ်အောင် ကြိုး စားရပါမယ်။
၄။ ကိုယ့်တုန်းက မဖြစ်ခဲ့ရသမျှ ကိုယ့်သားသမီးအလှည့်မှာဖြစ်လာအောင် အတင်း တွန်းတာ။
မိဘတွေဟာ ကိုယ့်တုန်းက မဖြစ်ခဲ့ရသမျှ ကိုယ့်သားသမီးအလှည့်မှာ ဖြစ်လာအောင် အတင်းတွန်းလေ့ရှိပါတယ်။ ကလေးတွေဟာထူးချွန်တဲ့ နယ်ပယ်ချင်း တစ်ယောက်နဲ့တစ်ယောက် မတူတတ်တာမို့ ကိုယ်ဖြစ်စေချင်တာကိုချည်းပဲ ဇွတ် အတင်း ပုံမသွင်းဘဲ သူ့ဝါသနာ၊ ဗီဇ နဲ့ ကိုက်ညီတာကိုပဲ အားပေးသင့်ပါတယ်။
၅။ ကလေးကို အသက် သုံးလေးနှစ်အရွယ်ကတည်းက စာတွေ အတင်းသင်ပေးတာ။
ကလေးဘဝကို လူတိုင်းတစ်ကြိမ်ပဲ ဖြတ်သန်းခွင့် ရကြတာပါ။ ဒါကြောင့် ကိုယ့်ကလေးကို ပညာရေးဘက်မှာ ထူးချွန်စေချင်ဇောနဲ့အသက် သုံးလေးနှစ်အရွယ်ကတည်းက စာအတင်း မသင်သင့်ပါဘူး။ ဒီအရွယ်လေးတွေဟာ လွတ်လွတ်လပ်လပ် ပျော်ပါးဆော့ကစားရမယ့်အရွယ်လေးတွေ ဖြစ်တာကြောင့်မို့ စာတွေအတင်း မရေးခိုင်းသင့်ပါဘူး။ သူတို့ကို စာလုံးတွေနဲ့ မျက်စိယဉ်လာအောင် ပုံပြင် ကာတွန်း
စာအုပ်လေးတွေ ပေးကိုင်တာ၊ စာလေး၊ ကဗျာလေးတွေဖွင့်ပြပြီး စာတွေ နားယဉ်လာအောင် လုပ်ပေးတာလောက်ပဲ အဆင်ပြေပါတယ်။
၆။ ကလေးရှေ့မှာ ရန်ဖြစ်တာ။
ကိုယ့်အိမ်ထောင်ဘက်နဲ့ အော်ဟစ်ရန်ဖြစ်စရာ ရှိလာတယ်ဆိုရင် ကလေးမမြင်နိုင်၊ မကြားနိုင်တဲ့ အခန်းထဲမှာပဲ ရန်ဖြစ်သင့်ပါတယ်။ ကလေးရှေ့မှာ မိဘတွေ ခဏခဏ အော်ဟစ်ရန်ဖြစ်တာဟာ ကလေးရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေလို့ပါ။ ရန်ပွဲတွေကို မြင်ရဖန်၊ ကြားရဖန် များလာတဲ့အခါ ကလေးဟာကြီးလာတဲ့အခါ အဲဒီလိုမျိုးပဲ ဖြစ်လာပါလိမ့်မယ်။
၇။ ကလေးကို အော်တာ။
ကလေးကို အော်ဟစ်ငေါက်ငမ်းတာ၊ ရိုက်နှက်ဆုံးမတာဟာလည်း အနိုင်ကျင့်မှုတစ်မျိုးပါပဲ။ ကိုယ် စိတ်အခန့်မသင့်တိုင်း ကလေးကို အော်ဟစ်နေမယ်ဆိုရင် ကလေး စိတ် ထိခိုက်ရပါလိမ့်မယ်။ ကလေးကို ပဲ့ပြင်ဆုံးမချင်တယ်ဆိုရင် ပုံမှန်လေသံနဲ့ပဲ နားဝင်အောင်ပြောပြသင့်ပါတယ်။
၈။ ကလေးကို အလိုလိုက်လွန်းတာ။
တချို့မိဘတွေကတော့ ကလေးကို အလိုလိုက်ပြီးကလေး ပူဆာတာ မှန်သမျှအကုန် ဝယ်ပေး၊ ကလေးကို အစစအရာရာ လိုက်လုပ်ပေးနေတတ်ကြပါတယ်။ အလို လိုက်လွန်းရင် ကလေးဆိုးတတ်သလို မိဘက အစစအရာရာ လိုက်လုပ်ပေးနေတော့
သူ့ဘာသာသူ ဘာမှမလုပ်ချင်တော့ဘဲ ကြီးလာတဲ့အထိ အကျင့်ပါသွားတတ်ပါတယ်။ ဒါကြောင့် ကလေးကို ပြုစုပျိုးထောင်တဲ့အခါ အစွန်းနှစ်ဖက်ကို ရှောင်နိုင်ဖို့ အရေးကြီးပါတယ်။
၉။ စည်းကမ်းကို တသမတ်တည်း မထားတာ။
စည်းကမ်းကို တမတ်တည်းထားမှ ကလေးက တိတိကျကျမှတ်မိမှာပါ။ ဥပမာအားဖြင့် ညစာ မစားခင် ရေခဲမုန့် မစားရဘူးလို့ ကလေးကို စည်းကမ်းထုတ်ထားပေမယ့် အိမ်မှာဧည့်သည်တွေရောက်နေတဲ့အခါမှာတော့ ရေခဲမုန့်စားခွင့်ပြုလိုက်တာမျိုးပါ။ ဒါကြောင့် စည်းကမ်းချမှတ်ထားရင် တသမတ်တည်း ကျင့်သုံးရပါမယ်။
၁ဝ။ ကလေး ပြောတာကို စိတ်ပါလက်ပါ နားမထောင်ပေးတာ။
ကလေးတွေမှာလည်း မိဘတွေကို ပြောစရာရှိပါတယ်။ ဒါကြောင့်သူတို့လေးတွေ ပြောတာကို သေသေချာချာ အာရုံစိုက်ပြီး နားထောင်ပေးဖို့လည်း လိုပါတယ်။ ဒါမှသာ သူတို့ ခံစားနေရတာတွေ၊ သူတို့ အခက်အခဲတွေကို သိလာပြီး နားလည်ပေးလာနိုင်မှာပါ။ ဒီလိုမှမဟုတ်ဘဲ ဖုန်း၊ ကွန်ပျူတာ၊ တီဗီကိုပဲ ကြည့်နေပြီး ကလေး ပြောတာ ဘာမှသေသေချာချာမကြားလိုက်ဘဲ အင်းပဲ လိုက်နေတာမျိုးက ကလေးအတွက်မကောင်းပါဘူး။
၁၁။ ကလေးကို ဖုန်းအကြာကြီး ကြည့်ခွင့်ပေးတာ။
ဒါကတော့ ဒီနေ့ခေတ်မှာ ဖြစ်လေ့ရှိတဲ့ ပြဿနာပါ။ ကလေးငြိမ်နေရင် ပြီးရော ဆိုပြီး ဖုန်းကိုနာရီတွေနဲ့ချီပေးကြည့်ထားတာမျိုးဟာ ကလေးအတွက် မကောင်းပါဘူး။ ကလေးက တောင်းဆိုလာတိုင်း ဖုန်းပေးကြည့်တာဟာလည်း အလိုလိုက်တာပါပဲ။ ဖုန်းအလွန်အကျွံ ကြည့်တာဟာ ကလေးရဲ့ကျန်းမာရေးအတွက် လုံးဝမ ကောင်းလို့ ဖုန်းကြည့်ချိန်ကို အတိအကျ ကန့်သတ်ပေးထားသင့်ပါတယ်။
zawgyi version
"သားသမီးျပဳစုပ်ိဳးေထာင္ရာတြင္ မိဘတို႔ လုပ္မိေလ့ရွိသည့္ အမွားမ်ား" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ေဖေဖာ္ဝါရီ ၇
ကေလးတစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္၊ ပဲ့ျပင္ဆုံးမရတာဟာ လုံးဝမလြယ္တဲ့ အလုပ္ပါ။ သားသမီးျပဳစုပ်ိဳးေထာင္ေရး သင္တန္းေက်ာင္းရယ္လို႔လည္း မရွိတာေၾကာင့္ မိဘေတြဟာ ကိုယ္သိသေလာက္၊ မွတ္သေလာက္၊ ကိုယ္ေကာင္းမယ္ ထင္တာေတြနဲ႔ပဲ ကေလးေတြကိုႀကိဳးစားပဲ့ျပင္ဆုံးမေနၾကရပါတယ္။ ကေလးျပဳစုပ်ိဳး ေထာင္ေရးကြၽမ္းက်င္သူေတြ ပို႔ခ်တဲ့သင္တန္းေက်ာင္းေတြ မရွိေပမယ့္ ကြၽမ္းက်င္သူေတြ ေရးသားထုတ္ေဝထားတဲ့ အႀကံျပဳေဆာင္းပါးေတြေတာ့ အမ်ားႀကီး ရွိပါတယ္။ ဒါေၾကာင့္ အဲဒီႏိုင္ငံျခားေဆာင္းပါးေတြထဲက ေကာင္းႏိုးရာရာကိုဘာသာျပန္ တင္ဆက္လိုက္ပါတယ္။
၁။ ကေလးကို ေနရာတကာ လိုက္ခ်ဳပ္ခ်ယ္တာ။
မိဘေတြဟာ ကိုယ့္သားသမီး ဘယ္ေလာက္ပဲ အသက္ႀကီးလာ၊ ႀကီးလာသူတို႔မ်က္စိထဲမွာေတာ့ ကေလးလို႔ပဲ ျမင္ေလ့ရွိပါတယ္။ ဒါေၾကာင့္ ကိုယ့္ကေလးက ၁ဝ ႏွစ္အ႐ြယ္ေလာက္ ေရာက္လာလည္း သူ႔ကို ကေလးေသးေသးေလးလိုပဲထင္ၿပီး ေနရာတကာလိုက္ခ်ဳပ္ခ်ယ္မိတတ္ၾကပါတယ္။ ကေလးက ေဘာလုံးကန္လို႔၊ လဲက်လို႔ ပြန္းရာပဲ့ရာ ရသြားမွာကို မိဘေတြက အစိုးရိမ္လြန္ၿပီး ကေလးကိုေဘာလုံးမကန္နဲ႔၊ အျမင့္ မတက္နဲ႔၊ ေရမကူးနဲ႔ စသျဖင့္ လိုက္ခ်ဳပ္ခ်ယ္မိတတ္ၾကတာပါ။ မိဘက ဒီလို ေနရာတကာ လိုက္ပိတ္ပင္ေနရင္ကေလးက အသစ္အဆန္းမွန္သမွ် ဘာမွလိုက္ မစူးစမ္းခ်င္ေတာ့တာမ်ိဳး၊ သူ႔အမွားကေန သင္ခန္းစာမယူတတ္ေတာ့တာမ်ိဳး ျဖစ္သြားတတ္ပါတယ္။ ဒါေၾကာင့္ ကေလးကို သူ႔အ႐ြယ္အလိုက္ လြတ္လပ္ခြင့္ခ်ိန္ဆ ၿပီး ေပးသင့္ပါတယ္။
၂။ ကိုယ့္ကေလးကို သူတပါးနဲ႔ အၿမဲလိုက္ ႏႈိင္းယွဥ္ေနတာ။
ကိုယ့္ကေလးကို တျခား ကေလးနဲ႔ ဒါမွမဟုတ္ တျခားေမာင္ႏွမ အႀကီး၊ အငယ္ေတြနဲ႔ အၿမဲလိုက္ႏႈိင္းယွဥ္တာမ်ိဳးမလုပ္သင့္ပါဘူးလို႔ ပညာရွင္ေတြက အႀကံျပဳထားပါတယ္။ ေက်ာင္းမွာ ကိုယ့္ကေလး အမွတ္မေကာင္းဘူးဆိုရင္ ဒါကိုအျပစ္ မတင္ဘဲ သူ ဘာေၾကာင့္ စာကို စိတ္ မဝင္စားသလဲ၊ ေက်ာင္းမွာ ဘာအဆင္မေျပတာေတြရွိသလဲ ဆိုတာကို ကေလးကိုေသေသခ်ာခ်ာ ေမးၾကည့္သင့္ပါတယ္။
၃။ ကေလးကို စည္းကမ္းေတြ ခ်မွတ္ၿပီး ကိုယ္တိုင္က်ေတာ့ အဲဒီစည္းကမ္းေတြကို မလိုက္နာတာ။
မိဘအမ်ားစုဟာ ကေလးကို ဖုန္း ၊ ကြန္ပ်ဴတာ အၾကာႀကီးမၾကည့္ဖို႔၊ က်န္းမာ ေရးနဲ႔ မညီၫြတ္တဲ့ အစားအစာေတြ မစားဖို႔၊ ေဆးလိပ္ ၊ အရက္မေသာက္ဖို႔ ၊ ဆဲဆိုတာေတြ မလုပ္ဖို႔ ရွည္လ်ားေထြျပား ဆုံးမၾသဝါဒေႁခြေလ့ရွိေပမယ့္ ကိုယ္တိုင္က ေတာ့ အဲဒါေတြကိုလိုက္နာေလ့မရွိပါဘူး။ အတုျမင္အတတ္သင္ဆိုတဲ့စကားအတိုင္း ပဲ ကေလးေတြဟာ မိဘကိုပဲအတု ခိုးေလ့ရွိတာပါ။ ဒါေၾကာင့္ ကိုယ့္သားသမီးကို စည္းကမ္းေတြ ခ်မွတ္ထားတယ္ဆိုရင္ ကိုယ္ကိုယ္တိုင္က စံနမူနာျဖစ္ေအာင္ ႀကိဳး စားရပါမယ္။
၄။ ကိုယ့္တုန္းက မျဖစ္ခဲ့ရသမွ် ကိုယ့္သားသမီးအလွည့္မွာျဖစ္လာေအာင္ အတင္း တြန္းတာ။
မိဘေတြဟာ ကိုယ့္တုန္းက မျဖစ္ခဲ့ရသမွ် ကိုယ့္သားသမီးအလွည့္မွာ ျဖစ္လာေအာင္ အတင္းတြန္းေလ့ရွိပါတယ္။ ကေလးေတြဟာထူးခြၽန္တဲ့ နယ္ပယ္ခ်င္း တစ္ေယာက္နဲ႔တစ္ေယာက္ မတူတတ္တာမို႔ ကိုယ္ျဖစ္ေစခ်င္တာကိုခ်ည္းပဲ ဇြတ္ အတင္း ပုံမသြင္းဘဲ သူ႔ဝါသနာ၊ ဗီဇ နဲ႔ ကိုက္ညီတာကိုပဲ အားေပးသင့္ပါတယ္။
၅။ ကေလးကို အသက္ သုံးေလးႏွစ္အ႐ြယ္ကတည္းက စာေတြ အတင္းသင္ေပးတာ။
ကေလးဘဝကို လူတိုင္းတစ္ႀကိမ္ပဲ ျဖတ္သန္းခြင့္ ရၾကတာပါ။ ဒါေၾကာင့္ ကိုယ့္ကေလးကို ပညာေရးဘက္မွာ ထူးခြၽန္ေစခ်င္ေဇာနဲ႔အသက္ သုံးေလးႏွစ္အ႐ြယ္ကတည္းက စာအတင္း မသင္သင့္ပါဘူး။ ဒီအ႐ြယ္ေလးေတြဟာ လြတ္လြတ္လပ္လပ္ ေပ်ာ္ပါးေဆာ့ကစားရမယ့္အ႐ြယ္ေလးေတြ ျဖစ္တာေၾကာင့္မို႔ စာေတြအတင္း မေရးခိုင္းသင့္ပါဘူး။ သူတို႔ကို စာလုံးေတြနဲ႔ မ်က္စိယဥ္လာေအာင္ ပုံျပင္ ကာတြန္း
စာအုပ္ေလးေတြ ေပးကိုင္တာ၊ စာေလး၊ ကဗ်ာေလးေတြဖြင့္ျပၿပီး စာေတြ နားယဥ္လာေအာင္ လုပ္ေပးတာေလာက္ပဲ အဆင္ေျပပါတယ္။
၆။ ကေလးေရွ႕မွာ ရန္ျဖစ္တာ။
ကိုယ့္အိမ္ေထာင္ဘက္နဲ႔ ေအာ္ဟစ္ရန္ျဖစ္စရာ ရွိလာတယ္ဆိုရင္ ကေလးမျမင္ႏိုင္၊ မၾကားႏိုင္တဲ့ အခန္းထဲမွာပဲ ရန္ျဖစ္သင့္ပါတယ္။ ကေလးေရွ႕မွာ မိဘေတြ ခဏခဏ ေအာ္ဟစ္ရန္ျဖစ္တာဟာ ကေလးရဲ႕ စိတ္က်န္းမာေရးကို ထိခိုက္ေစလို႔ပါ။ ရန္ပြဲေတြကို ျမင္ရဖန္၊ ၾကားရဖန္ မ်ားလာတဲ့အခါ ကေလးဟာႀကီးလာတဲ့အခါ အဲဒီလိုမ်ိဳးပဲ ျဖစ္လာပါလိမ့္မယ္။
၇။ ကေလးကို ေအာ္တာ။
ကေလးကို ေအာ္ဟစ္ေငါက္ငမ္းတာ၊ ႐ိုက္ႏွက္ဆုံးမတာဟာလည္း အႏိုင္က်င့္မႈတစ္မ်ိဳးပါပဲ။ ကိုယ္ စိတ္အခန႔္မသင့္တိုင္း ကေလးကို ေအာ္ဟစ္ေနမယ္ဆိုရင္ ကေလး စိတ္ ထိခိုက္ရပါလိမ့္မယ္။ ကေလးကို ပဲ့ျပင္ဆုံးမခ်င္တယ္ဆိုရင္ ပုံမွန္ေလသံနဲ႔ပဲ နားဝင္ေအာင္ေျပာျပသင့္ပါတယ္။
၈။ ကေလးကို အလိုလိုက္လြန္းတာ။
တခ်ိဳ႕မိဘေတြကေတာ့ ကေလးကို အလိုလိုက္ၿပီးကေလး ပူဆာတာ မွန္သမွ်အကုန္ ဝယ္ေပး၊ ကေလးကို အစစအရာရာ လိုက္လုပ္ေပးေနတတ္ၾကပါတယ္။ အလို လိုက္လြန္းရင္ ကေလးဆိုးတတ္သလို မိဘက အစစအရာရာ လိုက္လုပ္ေပးေနေတာ့
သူ႔ဘာသာသူ ဘာမွမလုပ္ခ်င္ေတာ့ဘဲ ႀကီးလာတဲ့အထိ အက်င့္ပါသြားတတ္ပါတယ္။ ဒါေၾကာင့္ ကေလးကို ျပဳစုပ်ိဳးေထာင္တဲ့အခါ အစြန္းႏွစ္ဖက္ကို ေရွာင္ႏိုင္ဖို႔ အေရးႀကီးပါတယ္။
၉။ စည္းကမ္းကို တသမတ္တည္း မထားတာ။
စည္းကမ္းကို တမတ္တည္းထားမွ ကေလးက တိတိက်က်မွတ္မိမွာပါ။ ဥပမာအားျဖင့္ ညစာ မစားခင္ ေရခဲမုန႔္ မစားရဘူးလို႔ ကေလးကို စည္းကမ္းထုတ္ထားေပမယ့္ အိမ္မွာဧည့္သည္ေတြေရာက္ေနတဲ့အခါမွာေတာ့ ေရခဲမုန႔္စားခြင့္ျပဳလိုက္တာမ်ိဳးပါ။ ဒါေၾကာင့္ စည္းကမ္းခ်မွတ္ထားရင္ တသမတ္တည္း က်င့္သုံးရပါမယ္။
၁ဝ။ ကေလး ေျပာတာကို စိတ္ပါလက္ပါ နားမေထာင္ေပးတာ။
ကေလးေတြမွာလည္း မိဘေတြကို ေျပာစရာရွိပါတယ္။ ဒါေၾကာင့္သူတို႔ေလးေတြ ေျပာတာကို ေသေသခ်ာခ်ာ အာ႐ုံစိုက္ၿပီး နားေထာင္ေပးဖို႔လည္း လိုပါတယ္။ ဒါမွသာ သူတို႔ ခံစားေနရတာေတြ၊ သူတို႔ အခက္အခဲေတြကို သိလာၿပီး နားလည္ေပးလာႏိုင္မွာပါ။ ဒီလိုမွမဟုတ္ဘဲ ဖုန္း၊ ကြန္ပ်ဴတာ၊ တီဗီကိုပဲ ၾကည့္ေနၿပီး ကေလး ေျပာတာ ဘာမွေသေသခ်ာခ်ာမၾကားလိုက္ဘဲ အင္းပဲ လိုက္ေနတာမ်ိဳးက ကေလးအတြက္မေကာင္းပါဘူး။
၁၁။ ကေလးကို ဖုန္းအၾကာႀကီး ၾကည့္ခြင့္ေပးတာ။
ဒါကေတာ့ ဒီေန႔ေခတ္မွာ ျဖစ္ေလ့ရွိတဲ့ ျပႆနာပါ။ ကေလးၿငိမ္ေနရင္ ၿပီးေရာ ဆိုၿပီး ဖုန္းကိုနာရီေတြနဲ႔ခ်ီေပးၾကည့္ထားတာမ်ိဳးဟာ ကေလးအတြက္ မေကာင္းပါဘူး။ ကေလးက ေတာင္းဆိုလာတိုင္း ဖုန္းေပးၾကည့္တာဟာလည္း အလိုလိုက္တာပါပဲ။ ဖုန္းအလြန္အကြၽံ ၾကည့္တာဟာ ကေလးရဲ႕က်န္းမာေရးအတြက္ လုံးဝမ ေကာင္းလို႔ ဖုန္းၾကည့္ခ်ိန္ကို အတိအက် ကန႔္သတ္ေပးထားသင့္ပါတယ္။