မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်အထက် အလယ်ဗဟိုဌာနများတွင် ရွှေထည်များနှင့် အဖိုးတန်ရတနာများကို ဌာပနာသွင်းလှူ ပူဇော်

 1146

ယွန်း (NP News) - ဖေဖော်ဝါရီ ၁၁

မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်အထက် အလယ်ဗဟိုဌာနများတွင် ကုသိုလ်ရှင်များလှူဒါန်းထား သည့် ရွှေထည်များနှင့် အဖိုးတန်ရတနာများကို ဌာပနာသွင်းလှူပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အခမ်းအနားကို ဖေဖော်ဝါရီလ(၁ဝ)ရက်၊ နံနက်ပိုင်းတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် တည်ထားကိုးကွယ် သည့် ရတနာပလ္လင်တော်ထက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ(၂၇)ရက်တွင် ရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော်များ သွင်းလှူပူဇော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဌာပနာတော်သွင်းလှူ ပူဇော်ရာတွင် အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ရွှေထည် (၁ဝ၄) ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက်ရတနာပါရွှေထည်ပစ္စည်း (၂ဝဝ) ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ (၃) ကီလိုဂရမ် အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံ ပတ္တမြားများကို ဌာပနာ သွင်းလှူ ပူဇော်နိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရုပ်ပွားတော်မြတ်ကြီးအား ပလ္လင်တော်ထက်သို့ ပင့်ဆောင်ရန်အတွက် ပင့်ထောင်ပူဇော်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ပြီးခဲ့သည့် ဇန်နဝါရီလ (၂၆)ရက်‌မှ စတင်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ(၂၉) ရက်တွင် အောင်မြင်စွာ ပင့်ထောင်ပူဇော်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပင့်ထောင်ပူဇော်ပြီးနောက် ကျန်ရှိသည့် အလယ်‌ဗဟိုဌာနများတွင် ဆက်လက်ဌာပနာသွင်းလှူနိုင်ရေးအား ဆောင်ရွက်ခဲ့ရာ ရွှေထည် ၁၃၆ဝ ကျပ်သား ၅ ဒသမ ၄ ရွေး၊ ကျောက်မျက်ရတနာများပါဝင်သည့် ရွှေထည်ပစ္စည်း ၁၆၈၄ ကျပ်သား ၁၅ ပဲ ၁ ဒသမ ၆ ရွေး၊ ကျောက်မျက်ရတနာများ ပါဝင်သည့် ငွေထည်ပစ္စည်း ၁၂၆ ပဲ ၅ ဒသမ ၁ ရွေး၊ ကျောက်မျိုးစုံ၊ ပုလဲမျိုးစုံ အပါအဝင် နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံ ပတ္တမြားများကို ထပ်မံ ဌာပနာသွင်းလှူနိုင်ခဲ့ ကြောင်း သိရသည်။

ထို့ပြင် ဘုရားကြီးဘက်စုံအလှူငွေအဖြစ် ငွေကျပ်သိန်းပေါင်း (၈၁ဝဝ)ကျော်ကိုလည်း အလှူငွေလက်ခံရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုပြီးစီးပါက ကမ္ဘာပေါ်ရှိ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွား တော်များတွင် ဉာဏ်‌တော် အမြင့်ဆုံးရုပ်ပွားတော်တစ်ဆူ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
မာရဝိဇယ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ပလႅင္ေတာ္အထက္ အလယ္ဗဟိုဌာနမ်ားတြင္ ေ႐ႊထည္မ်ားႏွင့္ အဖိုးတန္ ရတနာမ်ားကို ဌာပနာသြင္းလႉ ပူေဇာ္
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁၁

မာရဝိဇယ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ပလႅင္ေတာ္အထက္ အလယ္ဗဟိုဌာနမ်ားတြင္ ကုသိုလ္ရွင္မ်ားလႉဒါန္းထား သည့္ ေ႐ႊထည္မ်ားႏွင့္ အဖိုးတန္ရတနာမ်ားကို ဌာပနာသြင္းလႉပူေဇာ္ခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါ အခမ္းအနားကို ေဖေဖာ္ဝါရီလ(၁ဝ)ရက္၊ နံနက္ပိုင္းတြင္ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ တည္ထားကိုးကြယ္ သည့္ ရတနာပလႅင္ေတာ္ထက္တြင္ က်င္းပျပဳလုပ္ခဲ့သည္။

မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္ရွိ မာရဝိဇယ ဗုဒၶဥယ်ာဥ္ေတာ္အတြင္း တည္ထားကိုးကြယ္ထားျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ဇန္နဝါရီလ(၂၇)ရက္တြင္ ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ရတနာပလႅင္ေတာ္ထက္ အလယ္ဗဟိုဌာနတြင္ ဌာပနာေတာ္မ်ား သြင္းလႉပူေဇာ္ျခင္းကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဌာပနာေတာ္သြင္းလႉ ပူေဇာ္ရာတြင္ အလႉရွင္မ်ား စုေပါင္းလႉဒါန္းထားသည့္ ေ႐ႊထည္ (၁ဝ၄) က်ပ္သား ၆ ပဲ ၃ ေ႐ြး၊ ေက်ာက္မ်က္ရတနာပါေ႐ႊထည္ပစၥည္း (၂ဝဝ) က်ပ္သား ၁ ပဲ ၁ ေ႐ြး၊ ေက်ာက္မ်ိဳးစုံ (၃) ကီလိုဂရမ္ အပါအဝင္ ဗုဒၶျမတ္စြာဘုရား၏ ဇာတာေတာ္မ်ား၊ ႏိုင္ငံတကာမွ ေငြဒဂၤါးျပားမ်ား၊ အဖိုးတန္ေ႐ႊေငြ ေက်ာက္သံ ပတၱျမားမ်ားကို ဌာပနာ သြင္းလႉ ပူေဇာ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ပလႅင္ေတာ္ထက္သို႔ ပင့္ေဆာင္ရန္အတြက္ ပင့္ေထာင္ပူေဇာ္ျခင္းလုပ္ငန္းကို ဆက္လက္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားကို ၿပီးခဲ့သည့္ ဇန္နဝါရီလ (၂၆)ရက္‌မွ စတင္ကာ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး ဇန္နဝါရီလ(၂၉) ရက္တြင္ ေအာင္ျမင္စြာ ပင့္ေထာင္ပူေဇာ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ပင့္ေထာင္ပူေဇာ္ၿပီးေနာက္ က်န္ရွိသည့္ အလယ္‌ဗဟိုဌာနမ်ားတြင္ ဆက္လက္ဌာပနာသြင္းလႉႏိုင္ေရးအား ေဆာင္႐ြက္ခဲ့ရာ ေ႐ႊထည္ ၁၃၆ဝ က်ပ္သား ၅ ဒသမ ၄ ေ႐ြး၊ ေက်ာက္မ်က္ရတနာမ်ားပါဝင္သည့္ ေ႐ႊထည္ပစၥည္း ၁၆၈၄ က်ပ္သား ၁၅ ပဲ ၁ ဒသမ ၆ ေ႐ြး၊ ေက်ာက္မ်က္ရတနာမ်ား ပါဝင္သည့္ ေငြထည္ပစၥည္း ၁၂၆ ပဲ ၅ ဒသမ ၁ ေ႐ြး၊ ေက်ာက္မ်ိဳးစုံ၊ ပုလဲမ်ိဳးစုံ အပါအဝင္ ႏိုင္ငံတကာမွ ေငြဒဂၤါးျပားမ်ား၊ အဖိုးတန္ေ႐ႊေငြ ေက်ာက္သံ ပတၱျမားမ်ားကို ထပ္မံ ဌာပနာသြင္းလႉႏိုင္ခဲ့ ေၾကာင္း သိရသည္။

ထို႔ျပင္ ဘုရားႀကီးဘက္စုံအလႉေငြအျဖစ္ ေငြက်ပ္သိန္းေပါင္း (၈၁ဝဝ)ေက်ာ္ကိုလည္း အလႉေငြလက္ခံရရွိခဲ့ ေၾကာင္း သိရသည္။

အဆိုပါ မာရဝိဇယ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ထားကိုးကြယ္မႈၿပီးစီးပါက ကမာၻေပၚရွိ ေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြား ေတာ္မ်ားတြင္ ဉာဏ္‌ေတာ္ အျမင့္ဆုံး႐ုပ္ပြားေတာ္တစ္ဆူ ျဖစ္လာမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.