မန်စီးတီးအသင်းအနိုင်ရရှိထားသော ဆုဖလားများကို ပြန်လည်သိမ်းယူခွင့်မရှိကြောင်း နည်းပြဂွါဒီယိုလာပြော

775

Pika (NP News) - ဖေဖော်ဝါရီ ၁၂
ပရီးမီးယားလိဂ်တာဝန်ရှိသူများသည် မန်စီးတီးအသင်းကို ဘဏ္ဍာရေးဆိုင်ရာစည်းမျဥ်းများချိုးဖောက်မှုဖြင့်တရားစွဲဆိုထားပြီး စုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်နေသော် လည်း မန်စီးတီးအသင်း၏အောင်မြင်မှုများကို မည်သူကမှ ယူသွားပိုင်ခွင့်မရှိကြောင်း အသင်းနည်းပြ ပက်ဂွါဒီယိုလာက ထုတ်ဖော်ပြောဆိုခဲ့သည်။
မန်စီးတီးအသင်းသည် (၂ဝဝ၉)ခုနှစ်မှ (၂ဝ၁၈)ခုနှစ်အတွင်း ဘဏ္ဍာရေးဆိုင်ရာစည်းမျဥ်းများချိုးဖောက်မှုဖြင့် တရားစွဲဆိုခံထားရပြီး ယင်းကာလအတွင်းအနိုင်ရရှိခဲ့သော ပရီးမီးယားလိဂ်ဆုဖလားသုံးခုကို ဆုံးရှုံးရခြင်းအပါအဝင် လက်ရှိရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှထုတ်ပယ်ခံရနိုင်သည့် အခြေအနေများနှင့်ရင်ဆိုင်ရနိုင်ဖွယ်ရှိနေကြောင်းသိရသည်။
မန်စီးတီးအသင်းတာဝန်ရှိသူများက"ကျွန်တော်တို့မှာ ငြင်းဆိုလို့မရတဲ့အထောက်အထားတွေ ရှိပါတယ်။ ဒါကြောင့် ဘက်မလိုက်ပဲ ထည့်သွင်းစဉ်းစာပေးဖို့ လွတ်လပ်တဲ့ကော်မရှင်ကို တိုက်တွန်းပြောဆိုခဲ့ပါတယ်"ဟုပြောဆိုခဲ့သည်။
ဘဏ္ဍာရေးဆိုင်ရာချိုးဖောက်မှုများနှင့်ပတ်သက်ပြီး ပရီးမီးယားလိဂ်တာဝန်ရှိသူများ၏ စုံစမ်းစစ်ဆေးမှုရလဒ်များသည် မည်သို့ပင်ဖြစ်စေကာမူ ယင်းကာလအတွင်း မန်စီးတီးအသင်းအနိုင်ရရှိခဲ့သော ဆုဖလားများသည် အမြဲတမ်းအသိအမှတ်ပြုခံရဖို့ ထိုက်တန်ကြောင်း နည်းပြဂွါဒီယိုလာကပြောဆိုခဲ့သည်။
ဂွါဒီယိုလာက"အဆုံးမှာတော့ တစ်ခြားလူတွေ ကျွန်တော်တို့အပေါ်မှာ ဘယ်လိုတွေးလဲဆိုတာကို မေ့လိုက်ပါ။ ကျွန်တော်တို့ ဘာတွေလုပ်နိုင်ခဲ့လဲဆိုတာပဲတွေးပါ။ ဘယ်သူကမှ အဲဒီအောင်မြင်မှုတွေကို ဖယ်ရှားပစ်လို့မရပါဘူး၊၊ ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ အဆိုးရွားဆုံးအခြေအနေတွေက ပြောင်းလဲသွားမှာမဟုတ်ပါဘူး၊၊ ကျွန်တော်တို့အနိုင်ရရှိခဲ့တာက အများကြီးပါ၊၊ မဖြစ်နိုင်ဘူးဆိုရင်တောင် အဲဒီအနိုင်ရရှိတာတွေကို ကာကွယ်ချင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပရီးမီးယားလိဂ်ကဆုံးဖြတ်ပါလိမ့်မယ်။ အဲဒီကာလအတွင်းမှာ အနိုင်ရရှိတာတွေက ကျွန်တော်တို့နဲ့ပဲသက်ဆိုင်ပါတယ်။ စီရင်ချက်တွေက ဘယ်လိုပဲဖြစ်နေပါစေ အဲဒီဆုဖလားတွေက ကျွန်တော်တို့နဲ့ပဲသက်ဆိုင်ပါတယ်"ဟုပြောဆိုခဲ့သည်။
နည်းပြဂွါဒီယိုလာက မန်စီးတီးအသင်းသည် ဘဏ္ဍာရေးကိစ္စများကို လိမ်ညာခဲ့မည်ဆိုပါက အသင်းမှ ထွက်ခွာသွားမည်ဖြစ်ကြောင်း အစောပိုင်းကပြောကြားခဲ့သော်လည်း လက်ရှိအခြေအနေများကြောင့် နည်းပြရာထူးမှ နှုတ်ထွက်သွားရန် ရည်ရွယ်ချက်မရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ဂွါဒီယိုလာက "မန်စီးတီးအသင်းတာဝန်ရှိသူတွေက ကျွန်တော့်ကိုဒီမှာဆက်ရှိနေစေချင်ရင် ကျွန်တော်ဒီမှာပဲရှိနေမှာပါ။ ရလဒ်တွေက ကျွန်တော့်ကိုထုတ်ပယ်နိုင်ပေမယ့် အသင်းတာဝန် ရှိသူတွေက ကျွန်တော့်ကိုဆက်ရှိနေစေချင်တယ်ဆိုရင်တော့ သူတို့စိတ်ပျက်ရအောင် လုပ်မှာမဟုတ်ပါဘူး"ဟုပြောဆိုခဲ့သည်။

zawgyi version
မန္စီးတီးအသင္းအႏိုင္ရရွိထားေသာ ဆုဖလားမ်ားကို ျပန္လည္သိမ္းယူခြင့္မရွိေၾကာင္း နည္းျပဂြါဒီယိုလာေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၂
ပရီးမီးယားလိဂ္တာဝန္ရွိသူမ်ားသည္ မန္စီးတီးအသင္းကို ဘ႑ာေရးဆိုင္ရာစည္းမ်ဥ္းမ်ားခ်ိဳးေဖာက္မႈျဖင့္တရားစြဲဆိုထားၿပီး စုံစမ္းစစ္ေဆးမႈမ်ားဆက္လက္လုပ္ေဆာင္ေနေသာ္ လည္း မန္စီးတီးအသင္း၏ေအာင္ျမင္မႈမ်ားကို မည္သူကမွ ယူသြားပိုင္ခြင့္မရွိေၾကာင္း အသင္းနည္းျပ ပက္ဂြါဒီယိုလာက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
မန္စီးတီးအသင္းသည္ (၂ဝဝ၉)ခုႏွစ္မွ (၂ဝ၁၈)ခုႏွစ္အတြင္း ဘ႑ာေရးဆိုင္ရာစည္းမ်ဥ္းမ်ားခ်ိဳးေဖာက္မႈျဖင့္ တရားစြဲဆိုခံထားရၿပီး ယင္းကာလအတြင္းအႏိုင္ရရွိခဲ့ေသာ ပရီးမီးယားလိဂ္ဆုဖလားသုံးခုကို ဆုံးရႈံးရျခင္းအပါအဝင္ လက္ရွိရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲမွထုတ္ပယ္ခံရႏိုင္သည့္ အေျခအေနမ်ားႏွင့္ရင္ဆိုင္ရႏိုင္ဖြယ္ရွိေနေၾကာင္းသိရသည္။
မန္စီးတီးအသင္းတာဝန္ရွိသူမ်ားက"ကြၽန္ေတာ္တို႔မွာ ျငင္းဆိုလို႔မရတဲ့အေထာက္အထားေတြ ရွိပါတယ္။ ဒါေၾကာင့္ ဘက္မလိုက္ပဲ ထည့္သြင္းစဥ္းစာေပးဖို႔ လြတ္လပ္တဲ့ေကာ္မရွင္ကို တိုက္တြန္းေျပာဆိုခဲ့ပါတယ္"ဟုေျပာဆိုခဲ့သည္။
ဘ႑ာေရးဆိုင္ရာခ်ိဳးေဖာက္မႈမ်ားႏွင့္ပတ္သက္ၿပီး ပရီးမီးယားလိဂ္တာဝန္ရွိသူမ်ား၏ စုံစမ္းစစ္ေဆးမႈရလဒ္မ်ားသည္ မည္သို႔ပင္ျဖစ္ေစကာမူ ယင္းကာလအတြင္း မန္စီးတီးအသင္းအႏိုင္ရရွိခဲ့ေသာ ဆုဖလားမ်ားသည္ အၿမဲတမ္းအသိအမွတ္ျပဳခံရဖို႔ ထိုက္တန္ေၾကာင္း နည္းျပဂြါဒီယိုလာကေျပာဆိုခဲ့သည္။
ဂြါဒီယိုလာက"အဆုံးမွာေတာ့ တစ္ျခားလူေတြ ကြၽန္ေတာ္တို႔အေပၚမွာ ဘယ္လိုေတြးလဲဆိုတာကို ေမ့လိုက္ပါ။ ကြၽန္ေတာ္တို႔ ဘာေတြလုပ္ႏိုင္ခဲ့လဲဆိုတာပဲေတြးပါ။ ဘယ္သူကမွ အဲဒီေအာင္ျမင္မႈေတြကို ဖယ္ရွားပစ္လို႔မရပါဘူး၊၊ ကြၽန္ေတာ္တို႔ျဖတ္သန္းခဲ့တဲ့ အဆိုး႐ြားဆုံးအေျခအေနေတြက ေျပာင္းလဲသြားမွာမဟုတ္ပါဘူး၊၊ ကြၽန္ေတာ္တို႔အႏိုင္ရရွိခဲ့တာက အမ်ားႀကီးပါ၊၊ မျဖစ္ႏိုင္ဘူးဆိုရင္ေတာင္ အဲဒီအႏိုင္ရရွိတာေတြကို ကာကြယ္ခ်င္ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ပရီးမီးယားလိဂ္ကဆုံးျဖတ္ပါလိမ့္မယ္။ အဲဒီကာလအတြင္းမွာ အႏိုင္ရရွိတာေတြက ကြၽန္ေတာ္တို႔နဲ႔ပဲသက္ဆိုင္ပါတယ္။ စီရင္ခ်က္ေတြက ဘယ္လိုပဲျဖစ္ေနပါေစ အဲဒီဆုဖလားေတြက ကြၽန္ေတာ္တို႔နဲ႔ပဲသက္ဆိုင္ပါတယ္"ဟုေျပာဆိုခဲ့သည္။
နည္းျပဂြါဒီယိုလာက မန္စီးတီးအသင္းသည္ ဘ႑ာေရးကိစၥမ်ားကို လိမ္ညာခဲ့မည္ဆိုပါက အသင္းမွ ထြက္ခြာသြားမည္ျဖစ္ေၾကာင္း အေစာပိုင္းကေျပာၾကားခဲ့ေသာ္လည္း လက္ရွိအေျခအေနမ်ားေၾကာင့္ နည္းျပရာထူးမွ ႏႈတ္ထြက္သြားရန္ ရည္႐ြယ္ခ်က္မရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ဂြါဒီယိုလာက "မန္စီးတီးအသင္းတာဝန္ရွိသူေတြက ကြၽန္ေတာ့္ကိုဒီမွာဆက္ရွိေနေစခ်င္ရင္ ကြၽန္ေတာ္ဒီမွာပဲရွိေနမွာပါ။ ရလဒ္ေတြက ကြၽန္ေတာ့္ကိုထုတ္ပယ္ႏိုင္ေပမယ့္ အသင္းတာဝန္ ရွိသူေတြက ကြၽန္ေတာ့္ကိုဆက္ရွိေနေစခ်င္တယ္ဆိုရင္ေတာ့ သူတို႔စိတ္ပ်က္ရေအာင္ လုပ္မွာမဟုတ္ပါဘူး"ဟုေျပာဆိုခဲ့သည္။