ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် လုပ်ကြံသတ်ဖြတ်မှု(၁ဝ)ကြိမ်ထက်မနည်း ကျူး လွန်ခဲ့သည့် လှိုင် PDF အဖွဲ့ဝင်(၇)ဦးကို ဖမ်းဆီးရမိဟု နစကထုတ်ပြန်

1246

NP News - ဖေဖော်ဝါရီ ၁၃
အင်းစိန်မြို့နယ်အပါအဝင် ရန်ကုန်ရှိ ကမာရွတ်၊ လှိုင်နှင့် မရမ်းကုန်းမြို့နယ်များတွင် လုပ်ကြံသတ်ဖြတ်မှု(၁ဝ)ကြိမ်ထက်မနည်းဆောင်ရွက်ခဲ့သည့် လှိုင် PDF အဖွဲ့ဝင်များအား ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ ဖေဖော်ဝါရီလ(၁၂)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ(၃ဝ)ရက်၊ နံနက်ပိုင်းတွင် လှိုင်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ဓာတုဗေဒလမ်းရှိ မြတ်မိဘကုမ္ပဏီ၊ ရွှေဝါဆပ်ပြာစက်ရုံ၊ ဒုအထွေထွေမန်နေဂျာ ဦးမြင့်စိုး (စစ်မှုထမ်းဟောင်းငြိမ်း)သည် စက်ရုံသို့ လမ်းလျှောက်လာ စဥ် အကြမ်းဖက်သမား(၂)ဦးမှ ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလ(၇)ရက်၊ နေ့လည်ပိုင်းတွင် လုပ်ကြံသတ်ဖြတ်ရာ၌ပါဝင်ခဲ့သည့် ကိုတင်စိုးအား လှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အေးရိပ်မွန်းလမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ လုပ်ကြံသတ်ဖြတ်မှုတွင် အကြမ်းဖက်အဖွဲ့ဝင်များနှင့် ချိတ်ဆက်ပေးခဲ့သူ ဦးအေးသိန်းအား အဆိုပါနေ့ညနေပိုင်းတွင် လှိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဓာတုဗေဒလမ်းရှိ ရွှေဝါဆပ်ပြာစက်ရုံဝင်းအတွင်းရှိ နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့် ကိုချစ်ကိုအား အဆိုပါနေ့ညနေပိုင်းတွင် ကမာရွတ်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ခေမာလမ်း၊ တိုက်အမှတ်(၉)၊ အခန်းအမှတ်(ဘီ/၄)၌ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုထားသည်။
ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရဖြစ်စဥ်တွင် လက်နက်၊ ခဲယမ်းများပေးခဲ့သည့် လှိုင် PDF အဖွဲ့ဝင် ကိုအောင်ဇော်လင်းအား ဖေဖော်ဝါရီလ(၈)ရက်၊ ညပိုင်းတွင် လှိုင်သာယာမြို့နယ်၊ ရမည်းသင်းလမ်း၊ အမှတ်(၁၄၇ဝ/က)ရှိ နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ ကိုအောင်ဇော်လင်း၏ ထွက်ဆိုချက်အရ ရန်ကုန်တိုင်းအတွင်း လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် လှိုင် PDF အဖွဲ့ဝင် ကိုအောင်ခန့်ဖြိုးနှင့် ကိုပြည့်ဖြိုးငြိမ်းတို့(၂)ဦးအား ဖေဖော်ဝါရီလ(၉)ရက်၊ နေ့လည်ပိုင်းတွင် သင်္ကန်းကျွန်းမြို့နယ်၊ (၁၆/က)ရပ်ကွက်၊ သမာဓိ(၁)လမ်း၊ အမှတ်(၅၅၆)ရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ကိုညီညီထွေးအား လှိုင်သာယာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ တေးဥယျာဥ်(၁၈)လမ်း၊ အခန်းအမှတ်(ဒီ/၁ဝ)တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်တွင် ရန်ကုန်တိုင်းအတွင်း အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံအမျိုးသား(၇)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ လှိုင် PDF အဖွဲ့များသည် စစ်မှုထမ်းများ အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲကာ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု (၁ဝ)ကြိမ်ကျူးလွန်ခဲ့ကြောင်း နစကမှ ဆိုထားသည်။
အဆိုပါ လှိုင် PDF အဖွဲ့အား ၂ဝ၂၁ ခုနှစ်၊ ဇွန်လတွင် NLD ပါတီမှ ဖမ်းဆီးရန်ကျန်ရှိသည့် အင်းစိန်မြို့နယ်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဟောင်း ကိုဝေဖြိုးဟန်နှင့် ကိုကြိုးကြာတို့မှ ခေါင်းဆောင်၍ ကိုအောင်ဇော်လင်း အပါအဝင် အဖွဲ့ဝင်(၁၂)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ၎င်းတို့၏ထွက်ဆိုချက်အရ သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိခဲ့သူများအား ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအတိုင်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ လုပ္ႀကံသတ္ျဖတ္မႈ(၁ဝ)ႀကိမ္ထက္မနည္း က်ဴး လြန္ခဲ့သည့္ လႈိင္ PDF အဖြဲ႕ဝင္(၇)ဦးကို ဖမ္းဆီးရမိဟု နစကထုတ္ျပန္
NP News - ေဖေဖာ္ဝါရီ ၁၃
အင္းစိန္ၿမိဳ႕နယ္အပါအဝင္ ရန္ကုန္ရွိ ကမာ႐ြတ္၊ လႈိင္ႏွင့္ မရမ္းကုန္းၿမိဳ႕နယ္မ်ားတြင္ လုပ္ႀကံသတ္ျဖတ္မႈ(၁ဝ)ႀကိမ္ထက္မနည္းေဆာင္႐ြက္ခဲ့သည့္ လႈိင္ PDF အဖြဲ႕ဝင္မ်ားအား ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
နစကမွ ေဖေဖာ္ဝါရီလ(၁၂)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ ဇန္နဝါရီလ(၃ဝ)ရက္၊ နံနက္ပိုင္းတြင္ လႈိင္ၿမိဳ႕နယ္၊ အမွတ္(၂) ရပ္ကြက္၊ ဓာတုေဗဒလမ္းရွိ ျမတ္မိဘကုမၸဏီ၊ ေ႐ႊဝါဆပ္ျပာစက္႐ုံ၊ ဒုအေထြေထြမန္ေနဂ်ာ ဦးျမင့္စိုး (စစ္မႈထမ္းေဟာင္းၿငိမ္း)သည္ စက္႐ုံသို႔ လမ္းေလွ်ာက္လာ စဥ္ အၾကမ္းဖက္သမား(၂)ဦးမွ ပစၥတိုျဖင့္ ပစ္ခတ္လုပ္ႀကံသတ္ျဖတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ က်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးေဆာင္႐ြက္ခဲ့ရာ ေဖေဖာ္ဝါရီလ(၇)ရက္၊ ေန႔လည္ပိုင္းတြင္ လုပ္ႀကံသတ္ျဖတ္ရာ၌ပါဝင္ခဲ့သည့္ ကိုတင္စိုးအား လႈိင္ၿမိဳ႕နယ္၊ အမွတ္(၃)ရပ္ကြက္၊ ေအးရိပ္မြန္းလမ္းမေပၚတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အလားတူ လုပ္ႀကံသတ္ျဖတ္မႈတြင္ အၾကမ္းဖက္အဖြဲ႕ဝင္မ်ားႏွင့္ ခ်ိတ္ဆက္ေပးခဲ့သူ ဦးေအးသိန္းအား အဆိုပါေန႔ညေနပိုင္းတြင္ လႈိင္ၿမိဳ႕နယ္၊ အမွတ္(၂)ရပ္ကြက္၊ ဓာတုေဗဒလမ္းရွိ ေ႐ႊဝါဆပ္ျပာစက္႐ုံဝင္းအတြင္းရွိ ေနအိမ္တြင္ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ လုပ္ႀကံသတ္ျဖတ္မႈတြင္ ပါဝင္ခဲ့သည့္ ကိုခ်စ္ကိုအား အဆိုပါေန႔ညေနပိုင္းတြင္ ကမာ႐ြတ္ၿမိဳ႕နယ္၊ အမွတ္(၈)ရပ္ကြက္၊ ေခမာလမ္း၊ တိုက္အမွတ္(၉)၊ အခန္းအမွတ္(ဘီ/၄)၌ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုထားသည္။
ဖမ္းဆီးရမိသူမ်ား၏ထြက္ဆိုခ်က္အရျဖစ္စဥ္တြင္ လက္နက္၊ ခဲယမ္းမ်ားေပးခဲ့သည့္ လႈိင္ PDF အဖြဲ႕ဝင္ ကိုေအာင္ေဇာ္လင္းအား ေဖေဖာ္ဝါရီလ(၈)ရက္၊ ညပိုင္းတြင္ လႈိင္သာယာၿမိဳ႕နယ္၊ ရမည္းသင္းလမ္း၊ အမွတ္(၁၄၇ဝ/က)ရွိ ေနအိမ္တြင္ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရမိသူ ကိုေအာင္ေဇာ္လင္း၏ ထြက္ဆိုခ်က္အရ ရန္ကုန္တိုင္းအတြင္း လုပ္ႀကံသတ္ျဖတ္မႈမ်ား က်ဴးလြန္ခဲ့သည့္ လႈိင္ PDF အဖြဲ႕ဝင္ ကိုေအာင္ခန႔္ၿဖိဳးႏွင့္ ကိုျပည့္ၿဖိဳးၿငိမ္းတို႔(၂)ဦးအား ေဖေဖာ္ဝါရီလ(၉)ရက္၊ ေန႔လည္ပိုင္းတြင္ သကၤန္းကြၽန္းၿမိဳ႕နယ္၊ (၁၆/က)ရပ္ကြက္၊ သမာဓိ(၁)လမ္း၊ အမွတ္(၅၅၆)ရွိ ေနအိမ္တြင္ ဖမ္းဆီးရမိခဲ့ၿပီး ကိုညီညီေထြးအား လႈိင္သာယာၿမိဳ႕နယ္၊ အမွတ္(၇)ရပ္ကြက္၊ ေတးဥယ်ာဥ္(၁၈)လမ္း၊ အခန္းအမွတ္(ဒီ/၁ဝ)တြင္ လည္းေကာင္း အသီးသီးဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္တြင္ ရန္ကုန္တိုင္းအတြင္း အျပစ္မဲ့ျပည္သူမ်ားအား အေၾကာင္းမဲ့လုပ္ႀကံသတ္ျဖတ္ခဲ့သည့္ တရားခံအမ်ိဳးသား(၇)ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ လႈိင္ PDF အဖြဲ႕မ်ားသည္ စစ္မႈထမ္းမ်ား အပါအဝင္ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ အျပစ္မဲ့ျပည္သူမ်ားအား ဒလန္ဟု စြပ္စြဲကာ အေၾကာင္းမဲ့ လုပ္ႀကံသတ္ျဖတ္မႈ (၁ဝ)ႀကိမ္က်ဴးလြန္ခဲ့ေၾကာင္း နစကမွ ဆိုထားသည္။
အဆိုပါ လႈိင္ PDF အဖြဲ႕အား ၂ဝ၂၁ ခုႏွစ္၊ ဇြန္လတြင္ NLD ပါတီမွ ဖမ္းဆီးရန္က်န္ရွိသည့္ အင္းစိန္ၿမိဳ႕နယ္၊ အမွတ္(၂) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စား လွယ္ေဟာင္း ကိုေဝၿဖိဳးဟန္ႏွင့္ ကိုႀကိဳးၾကာတို႔မွ ေခါင္းေဆာင္၍ ကိုေအာင္ေဇာ္လင္း အပါအဝင္ အဖြဲ႕ဝင္(၁၂)ဦးျဖင့္ ဖြဲ႕စည္းခဲ့ေၾကာင္း ၎တို႔၏ထြက္ဆိုခ်က္အရ သိရသည္။
ထို႔ေၾကာင့္ ဖမ္းဆီးရမိခဲ့သူမ်ားအား ၎တို႔က်ဴးလြန္ခဲ့သည့္ ျပစ္မႈမ်ားအတိုင္း ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။