Paramotor ယာဉ်ပျက်ကျမှုကြောင့် ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာကန်ထရိုက်တစ်ဦး သေဆုံး

1673

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၃
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုန်တာနီဒေသမှာ လေထီးအသုံးပြုကာ လေပေါ်တွင် ပျံသန်းလို့ရသော Paramotor စက်တပ်ယာဉ်ပျက်ကျမှုကြောင့် မြန်မာနိုင်ငံသားတစ်ဦး သေဆုံးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံသား ဝင်းညွှန်ဆိုသူဟာ Paramotor စက်တပ်ယာဉ်ကို စီးနင်းချိန်အတွင်း ပျက်ကျခဲ့ပြီး ပထုန်တာနီ ဒေသနားရှိ လယ်ကွင်းနားမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပထုန်တာနီ ရဲစခန်းမှ တာဝန်ရှိသူများ၊ ဆရာဝန်များ နဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ အသက် ၄၇ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား၏အသက်ကို ကယ်တင်နိုင်ဖို့ ကြိုးပမ်း ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။
ကိုဝင်းညွှန်ဟာ ဘယ်ဖက်ခြေထောက်ကျိုးတဲ့ ဒဏ်ရာ၊ နံရိုးကျိုးဒဏ်ရာ၊ မျက်လုံး၊ နှာခေါင်း နဲ ပါးစပ်တို့မှ သွေးများ စီးကျကာ သေဆုံးခဲ့သလို ၎င်းစီးနင်းတဲ့ 303cc paramotor ယာဉ်လည်း ပျက်ကျမှုကြောင့် ပျက်စီးသွားခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ကိုဝင်းညွှန်ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေး ကန်ထရိုက် တစ်ဦးဖြစ်ပြီး Paramotor စက်တပ်ယာဉ်ကို ဝါသနာအရ စီးနင်းခြင်းဖြစ်ကြောင်း၊ အဆိုပါယာဉ်ပျက်ကျချိန်မှာ အနားမှာ ရှိခဲ့ပြီး။ ကူညီကယ်ဆယ်ဖို့ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ၎င်းရဲ့ ဇနီးဖြစ်သူ မာရီယာက ပြောပါ တယ်။
ကိုဝင်းညွှန့်ဟာ Paramotor စက်တပ်ယာဉ်ကို အသစ်ဝယ်ယူထားပြီးဖြစ်ကာ လေးကြိမ်မြောက် စီးနင်းရာမှာ ပျက်ကျခဲ့ခြင်းဖြစ်ပြီး ပျက်ကျရတဲ့အကြောင်းအရင်းကို အတိအကျမသိသေးကြောင်း၊ ဇနီးဖြစ်သူ မာရီယာ က ပြောပါတယ်။ ကိုဝင်းညွှန်ဟာ ဝါသနာအရ Paramotor ယာဉ်ကို စီးနင်းခြင်းဖြစ်ပြီး ၂ နှစ်ကျော်ကြာပြီဖြစ် ကြောင်း၊ Paramotor ယာဉ်ကို နောက်ဆုံးအကြိမ် စီးနင်းချိန်မှ အမြင့်မီတာ ၃ဝ အထိ ပျံသန်းမောင်းနှင်နေခဲ့ပြီး သတိပေးချက်မရှိဘဲ မြေပြင်ကို ထိုးစိုက်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူ ကိုဝင်းညွှန်ရဲ့သူငယ်ချင်းဖြစ်သူ Nathee Kamchan က ပြောပါတယ်။
လေတိုက်နှုန်း (သို့မဟုတ်) အင်ဂျင် ချို့ယွင်းချက်များကြောင့် Paramotor ယာဉ်ပျက်ကျဖို့ အလားလာများနေ ကြောင်း၊ ကိုဝင်းညွှန်ရဲ့သူငယ်ချင်းဖြစ်သူ Nathee Kamchan က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုန်းကလည်း နိုင်ငံခြားသူမိန်းကလေးတစ်ဦး နဲ့ ထိုင်း Paramotor သင်ကြားပေးသူတစ်ဦးဟာ စီးနင်း ချိန်အတွင်း Electric Shock ဖြစ်ကာ ပျက်ကျခဲ့ပြီးနောက် ဆိုးရွားတဲ့ဒဏ်ရာတွေ ရခဲ့ဖူးတယ်လို့ မျက်မြင်သက်သေ များက ပြောပါတယ်။

Zawgyi Version;
Paramotor ယာဥ္ပ်က္က်မႈေၾကာင့္ ထိုင္းႏိုင္ငံမွာ ေနထိုင္ေနတဲ့ ျမန္မာကန္ထ႐ိုက္တစ္ဦး ေသဆုံး
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၃
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕အနီး ပထုန္တာနီေဒသမွာ ေလထီးအသုံးျပဳကာ ေလေပၚတြင္ ပ်ံသန္းလို႔ရေသာ Paramotor စက္တပ္ယာဥ္ပ်က္က်မႈေၾကာင့္ ျမန္မာႏိုင္ငံသားတစ္ဦး ေသဆုံးခဲ့တယ္လို႔ ထိုင္းရဲတပ္ဖြဲ႕က ေျပာပါတယ္။
ျမန္မာႏိုင္ငံသား ဝင္းၫႊန္ဆိုသူဟာ Paramotor စက္တပ္ယာဥ္ကို စီးနင္းခ်ိန္အတြင္း ပ်က္က်ခဲ့ၿပီး ပထုန္တာနီ ေဒသနားရွိ လယ္ကြင္းနားမွာ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ပထုန္တာနီ ရဲစခန္းမွ တာဝန္ရွိသူမ်ား၊ ဆရာဝန္မ်ား နဲ႔ ကယ္ဆယ္ေရးအဖြဲ႕ဝင္ေတြဟာ အသက္ ၄၇ ႏွစ္အ႐ြယ္ရွိ ျမန္မာႏိုင္ငံသား၏အသက္ကို ကယ္တင္ႏိုင္ဖို႔ ႀကိဳးပမ္း ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူးလို႔ သိရပါတယ္။
ကိုဝင္းၫႊန္ဟာ ဘယ္ဖက္ေျခေထာက္က်ိဳးတဲ့ ဒဏ္ရာ၊ နံ႐ိုးက်ိဳးဒဏ္ရာ၊ မ်က္လုံး၊ ႏွာေခါင္း နဲ ပါးစပ္တို႔မွ ေသြးမ်ား စီးက်ကာ ေသဆုံးခဲ့သလို ၎စီးနင္းတဲ့ 303cc paramotor ယာဥ္လည္း ပ်က္က်မႈေၾကာင့္ ပ်က္စီးသြားခဲ့တယ္လို႔ ထိုင္းရဲတပ္ဖြဲ႕က ေျပာပါတယ္။ ကိုဝင္းၫႊန္ဟာ ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ေနတဲ့ ေဆာက္လုပ္ေရး ကန္ထ႐ိုက္ တစ္ဦးျဖစ္ၿပီး Paramotor စက္တပ္ယာဥ္ကို ဝါသနာအရ စီးနင္းျခင္းျဖစ္ေၾကာင္း၊ အဆိုပါယာဥ္ပ်က္က်ခ်ိန္မွာ အနားမွာ ရွိခဲ့ၿပီး။ ကူညီကယ္ဆယ္ဖို႔ႀကိဳးပမ္းခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူးလို႔ ၎ရဲ႕ ဇနီးျဖစ္သူ မာရီယာက ေျပာပါ တယ္။
ကိုဝင္းၫႊန႔္ဟာ Paramotor စက္တပ္ယာဥ္ကို အသစ္ဝယ္ယူထားၿပီးျဖစ္ကာ ေလးႀကိမ္ေျမာက္ စီးနင္းရာမွာ ပ်က္က်ခဲ့ျခင္းျဖစ္ၿပီး ပ်က္က်ရတဲ့အေၾကာင္းအရင္းကို အတိအက်မသိေသးေၾကာင္း၊ ဇနီးျဖစ္သူ မာရီယာ က ေျပာပါတယ္။ ကိုဝင္းၫႊန္ဟာ ဝါသနာအရ Paramotor ယာဥ္ကို စီးနင္းျခင္းျဖစ္ၿပီး ၂ ႏွစ္ေက်ာ္ၾကာၿပီျဖစ္ ေၾကာင္း၊ Paramotor ယာဥ္ကို ေနာက္ဆုံးအႀကိမ္ စီးနင္းခ်ိန္မွ အျမင့္မီတာ ၃ဝ အထိ ပ်ံသန္းေမာင္းႏွင္ေနခဲ့ၿပီး သတိေပးခ်က္မရွိဘဲ ေျမျပင္ကို ထိုးစိုက္ပ်က္က်ခဲ့ျခင္းျဖစ္ေၾကာင္း၊ ေသဆုံးသူ ကိုဝင္းၫႊန္ရဲ႕သူငယ္ခ်င္းျဖစ္သူ Nathee Kamchan က ေျပာပါတယ္။
ေလတိုက္ႏႈန္း (သို႔မဟုတ္) အင္ဂ်င္ ခ်ိဳ႕ယြင္းခ်က္မ်ားေၾကာင့္ Paramotor ယာဥ္ပ်က္က်ဖို႔ အလားလာမ်ားေန ေၾကာင္း၊ ကိုဝင္းၫႊန္ရဲ႕သူငယ္ခ်င္းျဖစ္သူ Nathee Kamchan က ေျပာပါတယ္။ ထိုင္းႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလတုန္းကလည္း ႏိုင္ငံျခားသူမိန္းကေလးတစ္ဦး နဲ႔ ထိုင္း Paramotor သင္ၾကားေပးသူတစ္ဦးဟာ စီးနင္း ခ်ိန္အတြင္း Electric Shock ျဖစ္ကာ ပ်က္က်ခဲ့ၿပီးေနာက္ ဆိုး႐ြားတဲ့ဒဏ္ရာေတြ ရခဲ့ဖူးတယ္လို႔ မ်က္ျမင္သက္ေသ မ်ားက ေျပာပါတယ္။