နစကကို အထီးကျန်ဖြစ်အောင် မလုပ်သင့်ဘဲ အစည်းအဝေးတက်ရန် ဖိတ်ကြားသင့်ကြောင်း အင်ဒို နိုင်ငံခြားရေးဝန်ကြီးဟောင်း တိုက်တွန်း
1108
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၅
အာဆီယံအနေဖြင့် မြန်မာနိုင်ငံကို အထီးကျန်နိုင်ငံဖြစ်စေရန် မလုပ်ဆောင်သင့်ကြောင်းနှင့် ယင်းအချက်မှာ စစ်တပ်အတွက် အကျိုးကျေးဇူးများသာ ပိုမိုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း၊
အင်ဒိုနိးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း Marty Natalegawa (မာတီ နာတာလီဂါဝါ) က ထုတ်ဖော်ပြောဆိုလိုက်သည်။
အာဆီယံအစည်းအဝေးများမှ မြန်မာနိုင်ငံကို ဖယ်ထုတ်ထားခြင်းသည် မြန်မာစစ်တပ်အား ၎င်းတို့ ဆောင်ရွက်လိုသောအရာများကို သက်တောင်သက်သာဖြင့်လုပ်ခွင့် ပိုမိုပေးသကဲ့သို့ဖြစ်စေကြောင်း၊ အင်ဒိုနိးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းက ပြောသည်။ " လက်ရှိအချိန်အထိ အာဆီယံထိပ်သီးအစည်းဝေးတွေမှာ နစကကို ဖိတ်ခေါ်တာမျိုး မရှိဘူး။ ကျွန်တော်အမြင်ကတော့ နစကကို အာဆီယံအစည်းဝေးတွေတက်ဖို့ ဖိတ်ခေါ်ဖို့လိုတယ်လို့ထင်မိတယ်။ နစကကို ဖိတ်ခေါ်မှု မရှိခြင်းကြောင့် တာဝန်ယူခြင်းတာဝန်ခံခြင်းမျိုးတွေ မရှိတော့ဘူး။ နစကကို ဝိုင်းပယ်ထားမယ်ဆိုရင် သူတို့လုပ်လိုတဲ့အရာတွေကို အလွယ်တကူ လုပ်ခွင့်ရသွားပြီး ပိုပြီး အဆင်ပြေမှုတွေဖြစ်လာစေမယ် " ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းက ဆိုသည်။ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဟောင်းသည် ပြီးခဲ့သောရက်ပိုင်းက ကျင်းပခဲ့သော အာဆီယံ-ဂျပန်နှစ် ၅၀ ပြည့် အထိမ်းမှတ်ပွဲတွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားအခြေစိုက် ANTARA သတင်းဌာနက ဖော်ပြထားသည်။
ကုလသမဂ္ဂဆိုင်ရာ အင်ဒိုနိးရှားသံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသော နာတာလီဂါဝါက အာဆီယံအနေဖြင့် အာဆီယံသဘောတူညီချက်ငါးချက်ကို နစကဘက်မှ အကောင်ထည်ဖော်လာစေရန်အတွက် အခြားကြိုးပမ်းမှုများလည်း လုပ်ဆောင်ရန် လိုအပ်ကြောင်း အကြံပြုပြောဆိုထားသည်။ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက် အာဆီယံခေါင်းဆောင်များက ၂၀၂၁ ခုနှစ် ဧပြီလအတွင်း နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးပြီး အာဆီယံသဘာတူညီ ချက်ငါးချက်ရယူခဲ့သော်လည်း အာဆီယံသဘာတူညီချက်များမှာ တိုးတက်မှုများမရှိဘဲ ဖြစ်နေကြောင်း ဝေဖန်မှုများ ရှိနေသည်။ အာဆီယံသဘောတူချက်များ တိုးတက်မှုမရှိသည့်အတွက် နစကကို အာဆီယံအစည်းအဝေးများ တက်ရောက်ခြင်းမှ အာဆီယံအဖွဲ့ဘက်က ချန်လှပ်ထားသည်ဟုလည်း ဆိုနိုင်သည်။
အာဆီယံအဖွဲ့အနေဖြင့် နစက၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ရန်အတွက် မြန်မာနိုင်ငံကို အဖွဲ့တစ်ဖွဲ့စေလွတ်သင့်ပြီး စောင့်ကြည့်ရေးအဖွဲ့၏ ရလဒ်များကို ကြေညာသင့်ကြောင်း အာဆီယံအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ဒီမိုကရေစီအရေးလိုလားသောအဖွဲ့စည်းများနှင့် ပွင့်လင်းစွာ ဆက်သွယ်ဆွေးနွေးမှုများကို ရဲရင့်စွာလုပ်ကိုင်သင့်ကြောင်း ပြောဆိုထားသည်။
Zawgyi Version
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၅
အာဆီယံအေနျဖင့္ ျမန္မာႏိုင္ငံကို အထီးက်န္ႏိုင္ငံျဖစ္ေစရန္ မလုပ္ေဆာင္သင့္ေၾကာင္းႏွင့္ ယင္းအခ်က္မွာ စစ္တပ္အတြက္ အက်ိဳးေက်းဇူးမ်ားသာ ပိုမိုျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း၊
အင္ဒိုနိးရွားႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Marty Natalegawa (မာတီ နာတာလီဂါဝါ) က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
အာဆီယံအစည္းအေဝးမ်ားမွ ျမန္မာႏိုင္ငံကို ဖယ္ထုတ္ထားျခင္းသည္ ျမန္မာစစ္တပ္အား ၎တို႔ ေဆာင္႐ြက္လိုေသာအရာမ်ားကို သက္ေတာင္သက္သာျဖင့္လုပ္ခြင့္ ပိုမိုေပးသကဲ့သို႔ျဖစ္ေစေၾကာင္း၊ အင္ဒိုနိးရွားႏိုင္ငံျခားေရးဝန္ႀကီးေဟာင္းက ေျပာသည္။ " လက္ရွိအခ်ိန္အထိ အာဆီယံထိပ္သီးအစည္းေဝးေတြမွာ နစကကို ဖိတ္ေခၚတာမ်ိဳး မရွိဘူး။ ကြၽန္ေတာ္အျမင္ကေတာ့ နစကကို အာဆီယံအစည္းေဝးေတြတက္ဖို႔ ဖိတ္ေခၚဖို႔လိုတယ္လို႔ထင္မိတယ္။ နစကကို ဖိတ္ေခၚမႈ မရွိျခင္းေၾကာင့္ တာဝန္ယူျခင္းတာဝန္ခံျခင္းမ်ိဳးေတြ မရွိေတာ့ဘူး။ နစကကို ဝိုင္းပယ္ထားမယ္ဆိုရင္ သူတို႔လုပ္လိုတဲ့အရာေတြကို အလြယ္တကူ လုပ္ခြင့္ရသြားၿပီး ပိုၿပီး အဆင္ေျပမႈေတြျဖစ္လာေစမယ္ " ဟု အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးေဟာင္းက ဆိုသည္။ အင္ဒိုနီးရွားႏိုင္ငံျခားေရး ဝန္ႀကီးေဟာင္းသည္ ၿပီးခဲ့ေသာရက္ပိုင္းက က်င္းပခဲ့ေသာ အာဆီယံ-ဂ်ပန္ႏွစ္ ၅၀ ျပည့္ အထိမ္းမွတ္ပြဲတြင္ ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း အင္ဒိုနီးရွားအေျခစိုက္ ANTARA သတင္းဌာနက ေဖာ္ျပထားသည္။
ကုလသမဂၢဆိုင္ရာ အင္ဒိုနိးရွားသံအမတ္ႀကီးအျဖစ္ တာဝန္ယူခဲ့ဖူးေသာ နာတာလီဂါဝါက အာဆီယံအေနျဖင့္ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို နစကဘက္မွ အေကာင္ထည္ေဖာ္လာေစရန္အတြက္ အျခားႀကိဳးပမ္းမႈမ်ားလည္း လုပ္ေဆာင္ရန္ လိုအပ္ေၾကာင္း အႀကံျပဳေျပာဆိုထားသည္။ ျမန္မာႏိုင္ငံတြင္ စစ္တပ္က အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ အာဆီယံေခါင္းေဆာင္မ်ားက ၂၀၂၁ ခုႏွစ္ ဧၿပီလအတြင္း နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ေတြ႕ဆုံေဆြးေႏြးၿပီး အာဆီယံသဘာတူညီ ခ်က္ငါးခ်က္ရယူခဲ့ေသာ္လည္း အာဆီယံသဘာတူညီခ်က္မ်ားမွာ တိုးတက္မႈမ်ားမရွိဘဲ ျဖစ္ေနေၾကာင္း ေဝဖန္မႈမ်ား ရွိေနသည္။ အာဆီယံသေဘာတူခ်က္မ်ား တိုးတက္မႈမရွိသည့္အတြက္ နစကကို အာဆီယံအစည္းအေဝးမ်ား တက္ေရာက္ျခင္းမွ အာဆီယံအဖြဲ႕ဘက္က ခ်န္လွပ္ထားသည္ဟုလည္း ဆိုႏိုင္သည္။
အာဆီယံအဖြဲ႕အေနျဖင့္ နစက၏ လုပ္ေဆာင္ခ်က္မ်ားကို ေစာင့္ၾကည့္ရန္အတြက္ ျမန္မာႏိုင္ငံကို အဖြဲ႕တစ္ဖြဲ႕ေစလြတ္သင့္ၿပီး ေစာင့္ၾကည့္ေရးအဖြဲ႕၏ ရလဒ္မ်ားကို ေၾကညာသင့္ေၾကာင္း အာဆီယံအေနျဖင့္ ျမန္မာႏိုင္ငံအတြင္းရွိ ဒီမိုကေရစီအေရးလိုလားေသာအဖြဲ႕စည္းမ်ားႏွင့္ ပြင့္လင္းစြာ ဆက္သြယ္ေဆြးေႏြးမႈမ်ားကို ရဲရင့္စြာလုပ္ကိုင္သင့္ေၾကာင္း ေျပာဆိုထားသည္။