တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ(၂၀)ရက်နေ့၌ စတင်ထုတ်ယူနိုင်ကြောင်း ကြေညာ

756

ယွန်း (NP News) - ဖေဖော်ဝါရီ ၁၆
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်သူများအနေဖြင့် စာဖြေခွင့်ကတ်များကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် စတင်ထုတ်ယူနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဖေဖော်ဝါရီ(၁၅)ရက်နေ့တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
တိုင်းနှင့်ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ(၂၀)ရက်နေ့ တနင်္လာနေ့မှစ၍ ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
အခြေခံပညာအထက်တန်းကျောင်း အပါအဝင် ကျောင်းခွဲနှင့် တွဲဖက်အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသားများအနေဖြင့် စာဖြေခွင့်ကတ်အား ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူနိုင်ကြောင်း အသိပေးထားသည်။
အလားတူ ပြင်ပမှ ဖြေဆိုသူများသည် စာဖြေကတ်အား မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံတွင် ထုတ်ယူရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဆိုထားသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ မတ်လ(၁၈)ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ပြီး ဖြေဆိုချိန်မှာ နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စာမေးပွဲတွင် ဖြေဆိုသူစုစုပေါင်း(၂၈၁၇၅၁)ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်းမှာ (၄၆ ဒသမ ၈၈) ရာခိုင်နှုန်းဖြင့် အောင်မြင်သူ(၁၃၁၀၇၇)ဦး ရှိခဲ့သည်။
ယခုကျင်းပမည့် စာမေးပွဲသည် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုး ကြောင့် ဝင်ရောက်ဖြေဆိုခွင့်မရခဲ့သူများအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်းဖြင့် နောက်ဆုံးအကြိမ် စစ်ဆေးမည့် တက္ကသိုလ်ဝင် စာမေးပွဲလည်းဖြစ်သည်။

Zawgyi Version
တကၠသိုလ္ဝင္စာေမးပြဲ စာေျဖခြင့္ကတ္ျပားမ်ားကို ေဖေဖာ္ဝါရီ(၂၀)ရက္ေန႔၌ စတင္ထုတ္ယူႏိုင္ေၾကာင္း ေၾကညာ
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁၆
တကၠသိုလ္ဝင္တန္းစာေမးပြဲ ေျဖဆိုမည့္သူမ်ားအေနျဖင့္ စာေျဖခြင့္ကတ္မ်ားကို ေဖေဖာ္ဝါရီလ(၂၀)ရက္ေန႔တြင္ စတင္ထုတ္ယူႏိုင္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ေဖေဖာ္ဝါရီ(၁၅)ရက္ေန႔တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
တိုင္းႏွင့္ျပည္နယ္အသီးသီးရွိ စာစစ္ဌာနမ်ားတြင္ ခုံအမွတ္စဥ္ပါေသာ စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ားကို ေဖေဖာ္ဝါရီ(၂၀)ရက္ေန႔ တနလၤာေန႔မွစ၍ ထုတ္ယူရမည္ျဖစ္ေၾကာင္း သိရသည္။
အေျခခံပညာအထက္တန္းေက်ာင္း အပါအဝင္ ေက်ာင္းခြဲႏွင့္ တြဲဖက္အေျခခံပညာ အထက္တန္းေက်ာင္း၊ ကိုယ္ပိုင္အထက္တန္းေက်ာင္းမ်ားမွ ေက်ာင္းသားမ်ားအေနျဖင့္ စာေျဖခြင့္ကတ္အား ေက်ာင္းအုပ္ႀကီးမ်ားထံတြင္ ထုတ္ယူႏိုင္ေၾကာင္း အသိေပးထားသည္။
အလားတူ ျပင္ပမွ ေျဖဆိုသူမ်ားသည္ စာေျဖကတ္အား မိမိတို႔ေျဖဆိုရမည့္ စာစစ္ဌာနႀကီးၾကပ္ေရးမႉးမ်ားထံတြင္ ထုတ္ယူရမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ဆိုထားသည္။
၂၀၂၃ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို မတ္လ(၈)ရက္ေန႔မွ မတ္လ(၁၈)ရက္ေန႔ အထိ က်င္းပသြားမည္ျဖစ္ၿပီး ေျဖဆိုခ်ိန္မွာ နံနက္(၉)နာရီမွ ေန႔လည္(၁၂)နာရီအထိ ျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္ စာေမးပြဲတြင္ ေျဖဆိုသူစုစုေပါင္း(၂၈၁၇၅၁)ဦးရွိခဲ့ၿပီး တစ္ႏိုင္ငံလုံးေအာင္ခ်က္ရာခိုင္ႏႈန္းမွာ (၄၆ ဒသမ ၈၈) ရာခိုင္ႏႈန္းျဖင့္ ေအာင္ျမင္သူ(၁၃၁၀၇၇)ဦး ရွိခဲ့သည္။
ယခုက်င္းပမည့္ စာေမးပြဲသည္ ၂၀၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ၌ က်ရႈံးသူမ်ားႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္ ဝင္ေရာက္ေျဖဆိုခြင့္မရခဲ့သူမ်ားအတြက္ စနစ္ေဟာင္း၊ သင္႐ိုးေဟာင္းျဖင့္ ေနာက္ဆုံးအႀကိမ္ စစ္ေဆးမည့္ တကၠသိုလ္ဝင္ စာေမးပြဲလည္းျဖစ္သည္။