လှိုင်းဘွဲ့မြို့နယ်တွင် Drop Bomb များပစ်ချဖောက်ခွဲမှုကြောင့် အရပ်သား(၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

787

Pearl (NP News) - ဖေဖော်ဝါရီ ၂၃
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် KNLA အဖွဲ့နှင့် PDF များက Drop Bomb များပစ်ချဖောက်ခွဲမှုကြောင့် အရပ်သား(၅)ဦး ထပ်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ ဖေဖော်ဝါရီလ(၂၂)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၂၂)ရက်၊ ညနေ(၅)နာရီအချိန်ခန့်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရွှေဂွန်းကျေးရွာသို့ KNLA အဖွဲ့နှင့် PDF များက Drone ယာဉ်တစ်စင်းဖြင့် Bomb (၂)လုံး ပစ်ချခဲ့ပြီး နောက်ထပ် (၁ဝ)မိနစ်ခန့်အကြာတွင် Bomb (၂)လုံး ထပ်မံပစ်ချဖောက်ခွဲခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ချဖောက်ခွဲမှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်ခြံဝန်းများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၄)ဦးတို့ ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး ဘားအံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ကျူးလွန်သူများအား ဥပေဒနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များမှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
zawgyi version