ကျောင်းသားများစာဖြေနေစဥ် အကြမ်းဖက်များက ကျောင်းအား လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှု ရေစကြိုမြို့တွင်ဖြစ်ပွား

1021
NP News - ဖေဖော်ဝါရီ ၂၃
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းအား အကြမ်းဖက်များက လက်နက် ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
နစကမှ ဖေဖော်ဝါရီလ (၂၂)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဖြစ်စဥ်မှာ ဖေဖော်ဝါရီလ(၂၂)ရက်၊ နံနက်(၁ဝ)နာရီခွဲအချိန်တွင် ရေစကြိုမြို့နယ်၊ ပခန်းငယ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ပခန်းငယ်)တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါအထက်တန်းကျောင်းတွင် စာမေးပွဲဖြေဆိုနေသည့် ကျောင်းသားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ပေးနေစဥ် PDF များက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နစကမှ ဆိုထားသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များသည် ကျေးရွာ၏မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သူများအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version
ေက်ာင္းသားမ်ားစာေျဖေနစဥ္ အၾကမ္းဖက္မ်ားက ေက်ာင္းအား လက္နက္ငယ္မ်ားျဖင့္ လာေရာက္ပစ္ခတ္တိုက္ခိုက္မႈ ေရစႀကိဳၿမိဳ႕တြင္ျဖစ္ပြား
NP News - ေဖေဖာ္ဝါရီ ၂၃
မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္တြင္ အေျခခံပညာအထက္တန္းေက်ာင္းအား အၾကမ္းဖက္မ်ားက လက္နက္ ငယ္မ်ားျဖင့္ လာေရာက္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သတင္းရရွိသည္။
နစကမွ ေဖေဖာ္ဝါရီလ (၂၂)ရက္ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီလ(၂၂)ရက္၊ နံနက္(၁ဝ)နာရီခြဲအခ်ိန္တြင္ ေရစႀကိဳၿမိဳ႕နယ္၊ ပခန္းငယ္ေက်း႐ြာရွိ အေျခခံပညာအထက္တန္းေက်ာင္း(ပခန္းငယ္)တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါအထက္တန္းေက်ာင္းတြင္ စာေမးပြဲေျဖဆိုေနသည့္ ေက်ာင္းသားမ်ားအား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လုံၿခဳံေရးေဆာင္႐ြက္ေပးေနစဥ္ PDF မ်ားက လက္နက္ငယ္မ်ားျဖင့္ လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ ဆိုထားသည္။
ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ပစ္ခတ္ခဲ့ရာ အၾကမ္းဖက္မ်ားသည္ ေက်း႐ြာ၏ေျမာက္ဘက္သို႔ ဆုတ္ခြာထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ အၾကမ္းဖက္မႈမ်ား က်ဴးလြန္ခဲ့သူမ်ားအား တရားဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။