မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ သန်း ၆ဝ ကျော် ထပ်မံကူညီပေးမယ် လို့ ဂျပန်အစိုးရ ပြော

 544

ဂျန်ဇက် (NP News) - မတ် ၂

ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၆ဝ ဒသမ ၃ သန်း ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ပြည်တွင်းနိုင်ငံရေးအခြေအနေတွေ ကောင်းမွန်မှုမရှိဘဲဖြစ်ခဲ့ရာ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ လိုအပ်ချက်များ တိုးမြင့်လာခဲ့တယ်လို့ သိရပါတယ်။ ထို့အတွက်ကြောင့် ဂျပန်နိုင်ငံဟာ မြန်မာ နိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာသန်း ၆ဝ ကျော် ထပ်မံကူညီပေးသွားမှာ ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဂျပန်အစိုးရဟာ အဆိုပါအကူအညီများကို NHCR၊ UNICEF၊ WFP၊ နဲ့ AHA Centre တို့ကတဆင့် ပေးအပ်ကူညီ လှူဒါန်းသွားမှာဖြစ်ကြောင်း သိရပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက "ဂျပန်အစိုးရဟာ မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာ အကူအညီလိုအပ်နေတဲ့ သူ တွေကို အစားစာ၊ ဆေးဝါး၊ အမိုးအကာ၊ အာာဟာရပိုမိုကောင်းမွန်စေဖို့နဲ့ ပညာသင်ကြားခွင့် စတာတွေ ရရှိအောင် ကူညီထောက်ပံ့ပေးသွားမှာပါ။ မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်နေတဲ့အတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်ချက်တွေ တိုးလာနေတယ်" လို့ပြောပါတယ်။

မြန်မာနိုင်ငံရှိ လူဦးရေအားလုံးရဲ့ ၁၇ ဒသမ ၆ သန်းဟာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ လိုအပ်နေတယ် လို့ မကြာသေးမီက ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်အစိုးရဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း နိုင်ငံတကာ အဖွဲ့အစည်းများ၊ အမ်ဂျီအိုအဖွဲ့အစည်းများကတဆင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၄၇ သန်း ကူညီထောက်ပံ့ပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးလုပ်ငန်းများအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမှာဖြစ်သလို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးခြင်းများကို ဟန့်တားခြင်း မရှိဘဲ ခွင့်ပြုပေးစေလိုကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီအျဖစ္ အေမရိကန္ေဒၚလာ သန္း ၆ဝ ေက်ာ္ ထပ္မံကူညီေပး မယ္ လို႔ ဂ်ပန္အစိုးရ ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂

ဂ်ပန္အစိုးရအေနနဲ႔ ျမန္မာႏိုင္ငံကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီအျဖစ္ အေမရိကန္ေဒၚလာ ၆ဝ ဒသမ ၃ သန္း ကူညီေထာက္ပံ့ေပးသြားမွာျဖစ္ေၾကာင္း ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန က ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္က ျပည္တြင္းႏိုင္ငံေရးအေျခအေနေတြ ေကာင္းမြန္မႈမရွိဘဲျဖစ္ခဲ့ရာ လူသားခ်င္းဆိုင္ရာ စာနာမႈအကူအညီ လိုအပ္ခ်က္မ်ား တိုးျမင့္လာခဲ့တယ္လို႔ သိရပါတယ္။ ထို႔အတြက္ေၾကာင့္ ဂ်ပန္ႏိုင္ငံဟာ ျမန္မာ ႏိုင္ငံကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီအျဖစ္ အေမရိကန္ေဒၚလာသန္း ၆ဝ ေက်ာ္ ထပ္မံကူညီေပးသြားမွာ ျဖစ္ေၾကာင္း ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုပါတယ္။

ဂ်ပန္အစိုးရဟာ အဆိုပါအကူအညီမ်ားကို NHCR၊ UNICEF၊ WFP၊ နဲ႔ AHA Centre တို႔ကတဆင့္ ေပးအပ္ကူညီ လႉဒါန္းသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက "ဂ်ပန္အစိုးရဟာ ျမန္မာႏိုင္ငံရွိ လူသားခ်င္းဆိုင္ရာ အကူအညီလိုအပ္ေနတဲ့ သူ ေတြကို အစားစာ၊ ေဆးဝါး၊ အမိုးအကာ၊ အာာဟာရပိုမိုေကာင္းမြန္ေစဖို႔နဲ႔ ပညာသင္ၾကားခြင့္ စတာေတြ ရရွိေအာင္ ကူညီေထာက္ပံ့ေပးသြားမွာပါ။ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္တိုက္ခိုက္မႈေတြ ဆက္လက္ျဖစ္ေနတဲ့အတြက္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီလိုအပ္ခ်က္ေတြ တိုးလာေနတယ္" လို႔ေျပာပါတယ္။

ျမန္မာႏိုင္ငံရွိ လူဦးေရအားလုံးရဲ႕ ၁၇ ဒသမ ၆ သန္းဟာ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြ လိုအပ္ေနတယ္ လို႔ မၾကာေသးမီက ကုလသမဂၢက သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဂ်ပန္အစိုးရဟာ ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္း ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ား၊ အမ္ဂ်ီအိုအဖြဲ႕အစည္းမ်ားကတဆင့္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီအျဖစ္ အေမရိကန္ ေဒၚလာ ၄၇ သန္း ကူညီေထာက္ပံ့ေပးထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ဂ်ပန္အစိုးရအေနနဲ႔ ျမန္မာႏိုင္ငံအေပၚ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရးလုပ္ငန္းမ်ားအတြက္ တက္ႂကြစြာ ပါဝင္ေဆာင္႐ြက္သြားမွာျဖစ္သလို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးျခင္းမ်ားကို ဟန႔္တားျခင္း မရွိဘဲ ခြင့္ျပဳေပးေစလိုေၾကာင္း ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

Related news

© 2021. All rights reserved.