အွန်လိုင်းလောင်းကစားဂိမ်းများမှ ရရှိသည့် ငွေကြေးနှင့်အကျိုးအမြတ်များကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် စိစစ်အရေးယူမည်

 2160

မျိုးကြီး (NP News) - မတ် ၃

အွန်လိုင်းလောင်းကစားဂိမ်းများမှ ရရှိသည့် ငွေကြေးနှင့် အကျိုးအမြတ်များကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း နစကမှ သတိပေးကြေညာထားသည်။

လက်ရှိတွင် အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်ခြင်း၊ လောင်ကစားခြင်းကို ဗန်းပြကာ ငွေကြေးလိမ်လည်မှု ကျူးလွန်ခြင်းများကြောင့် ပြည်သူများအနေဖြင့် ငွေကြေးနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေလျက်ရှိသည်။

ထိုသို့ ပြစ်မှုကျူးလွန်သူများသည် နိုင်ငံသားစိစစ်ရေးကတ်များကို (၁)ကတ်လျှင် တစ်သောင်းကျပ်ဖြင့် ငှားရမ်းပြီး အွန်လိုင်း လောင်းကစားလုပ်ငန်းများ၊ အွန်လိုင်းလိမ်လည်မှုများ၊ တရားမဝင်ချေးငွေလုပ်ငန်းများတွင် အသုံးပြုရန် ဘဏ်အကောင့်များ ဖွင့်လှစ်ကာ လုပ်ကိုင်နေသည်ကို တွေ့ရှိရကြောင်း နစကမှ အသိပေးပြောဆိုထားသည်။

ထို့ကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ငှားရမ်းသူများအနေဖြင့်လည်း ဥပဒေအရ အရေးယူခံရနိုင်ကြောင်း လည်း သတိပေးထားသည်။

ထို့ပြင် အွန်လိုင်းအသုံးပြုကာ လောင်းကစားခြင်း၊ ကံစမ်းမဲဖောက်ခြင်း၊ ချေးငွေလုပ်ငန်း လုပ်ကိုင်ခြင်းများတွင် ပါဝင် လုပ်ကိုင်ပါကလည်း တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဘက်က သတိပေးထားသည်။

အဆိုပါလုပ်ငန်းများမှ ရရှိသောငွေကြေးနှင့် အကျိုးအမြတ်များကိုလည်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ စိစစ်ပြီး အရေးယူခံရမည်ဖြစ်သည့်အတွက် ၎င်းလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခြင်း မပြုလုပ်ကြရန် သတိပေး တိုက်တွန်းထားသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ အွန်လိုင်းလောင်းကစားဂိမ်းလုပ်ငန်းများ ပိုမိုများပြားလာသည်ကို လူမှုကွန် ယက်စာမျက်နှာများတွင် တွေ့ရှိနေရပြီး ၎င်းဂိမ်းများအား ဆော့ကစားမှုကြောင့် ငွေကျပ်သိန်းနှင့်ချီကာ နစ်နာ ဆုံးရှုံးခဲ့သည့် ပြည်သူများရှိနေကြောင်း သိရှိရသည်။

အွန်လိုင်းအသုံးပြုကာ လောင်းကစားလုပ်ငန်း၊ ကံစမ်းမဲဖောက်လုပ်ငန်း၊ တရားမဝင်ချေးငွေလုပ်ငန်း လုပ်ကိုင်သည့် TTbet Online Game လုပ်ငန်း၊ Golden Gift Online ကံစမ်းမဲဖောက်လုပ်ငန်း၊ Money Bag Application ၊ Cash Now Application ၊ Cola Kyat Application နှင့် U Loan Application တို့မှ ပြစ်မှုကျူးလွန်သူ (၇၁) ဦးကို ရဲတပ်ဖွဲ့မှ ဖော်ထုတ်ကာ ဖမ်းဆီးရေးအယူထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းလောင်းကစားဂိမ်းများနှင့်ပတ်သက်၍လည်း ထိထိရောက်ရောက် အရေးယူပေးရန် တောင်းဆိုမှုများလည်း ရှိနေသည်။

Zawgyi Version;
အြန္လိုင္းေလာင္းကစားဂိမ္းမ်ားမွ ရရွိသည့္ ေငြေၾကးႏွင့္အက်ိဳးအျမတ္မ်ားကို ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ စိစစ္အေရးယူမည္
မ်ိဳးႀကီး (NP News) - မတ္ ၃

အြန္လိုင္းေလာင္းကစားဂိမ္းမ်ားမွ ရရွိသည့္ ေငြေၾကးႏွင့္ အက်ိဳးအျမတ္မ်ားကို ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရး ဥပေဒျဖင့္ စိစစ္အေရးယူသြားမည္ျဖစ္ေၾကာင္း နစကမွ သတိေပးေၾကညာထားသည္။

လက္ရွိတြင္ အြန္လိုင္းမွတစ္ဆင့္ လိမ္လည္မႈက်ဴးလြန္ျခင္း၊ ေလာင္ကစားျခင္းကို ဗန္းျပကာ ေငြေၾကးလိမ္လည္မႈ က်ဴးလြန္ျခင္းမ်ားေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ေငြေၾကးနစ္နာဆုံးရႈံးမႈမ်ား ျဖစ္ေပၚေနလ်က္ရွိသည္။

ထိုသို႔ ျပစ္မႈက်ဴးလြန္သူမ်ားသည္ ႏိုင္ငံသားစိစစ္ေရးကတ္မ်ားကို (၁)ကတ္လွ်င္ တစ္ေသာင္းက်ပ္ျဖင့္ ငွားရမ္းၿပီး အြန္လိုင္း ေလာင္းကစားလုပ္ငန္းမ်ား၊ အြန္လိုင္းလိမ္လည္မႈမ်ား၊ တရားမဝင္ေခ်းေငြလုပ္ငန္းမ်ားတြင္ အသုံးျပဳရန္ ဘဏ္အေကာင့္မ်ား ဖြင့္လွစ္ကာ လုပ္ကိုင္ေနသည္ကို ေတြ႕ရွိရေၾကာင္း နစကမွ အသိေပးေျပာဆိုထားသည္။

ထို႔ေၾကာင့္ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမ်ားကို ငွားရမ္းသူမ်ားအေနျဖင့္လည္း ဥပေဒအရ အေရးယူခံရႏိုင္ေၾကာင္း လည္း သတိေပးထားသည္။

ထို႔ျပင္ အြန္လိုင္းအသုံးျပဳကာ ေလာင္းကစားျခင္း၊ ကံစမ္းမဲေဖာက္ျခင္း၊ ေခ်းေငြလုပ္ငန္း လုပ္ကိုင္ျခင္းမ်ားတြင္ ပါဝင္ လုပ္ကိုင္ပါကလည္း တည္ဆဲဥပေဒမ်ားအရ အေရးယူခံရမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဘက္က သတိေပးထားသည္။

အဆိုပါလုပ္ငန္းမ်ားမွ ရရွိေသာေငြေၾကးႏွင့္ အက်ိဳးအျမတ္မ်ားကိုလည္း ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒအရ စိစစ္ၿပီး အေရးယူခံရမည္ျဖစ္သည့္အတြက္ ၎လုပ္ငန္းမ်ားတြင္ ပါဝင္လုပ္ကိုင္ျခင္း မျပဳလုပ္ၾကရန္ သတိေပး တိုက္တြန္းထားသည္။

လက္ရွိအေျခအေနတြင္ ျမန္မာႏိုင္ငံ၌ အြန္လိုင္းေလာင္းကစားဂိမ္းလုပ္ငန္းမ်ား ပိုမိုမ်ားျပားလာသည္ကို လူမႈကြန္ ယက္စာမ်က္ႏွာမ်ားတြင္ ေတြ႕ရွိေနရၿပီး ၎ဂိမ္းမ်ားအား ေဆာ့ကစားမႈေၾကာင့္ ေငြက်ပ္သိန္းႏွင့္ခ်ီကာ နစ္နာ ဆုံးရႈံးခဲ့သည့္ ျပည္သူမ်ားရွိေနေၾကာင္း သိရွိရသည္။

အြန္လိုင္းအသုံးျပဳကာ ေလာင္းကစားလုပ္ငန္း၊ ကံစမ္းမဲေဖာက္လုပ္ငန္း၊ တရားမဝင္ေခ်းေငြလုပ္ငန္း လုပ္ကိုင္သည့္ TTbet Online Game လုပ္ငန္း၊ Golden Gift Online ကံစမ္းမဲေဖာက္လုပ္ငန္း၊ Money Bag Application ၊ Cash Now Application ၊ Cola Kyat Application ႏွင့္ U Loan Application တို႔မွ ျပစ္မႈက်ဴးလြန္သူ (၇၁) ဦးကို ရဲတပ္ဖြဲ႕မွ ေဖာ္ထုတ္ကာ ဖမ္းဆီးေရးအယူထားသည္။

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံအတြင္းရွိ အြန္လိုင္းေလာင္းကစားဂိမ္းမ်ားႏွင့္ပတ္သက္၍လည္း ထိထိေရာက္ေရာက္ အေရးယူေပးရန္ ေတာင္းဆိုမႈမ်ားလည္း ရွိေနသည္။

Related news

© 2021. All rights reserved.