ပြည်ပနိုင်ငံပေါင်း(၄ဝ)ကျော်သို့ ငါး၊ ပုဇွန် ရေထွက်ကုန်တင်ပို့မှ အမေရိကန်ဒေါ်လာသန်း (၆ဝဝ)ကျော် ရရှိထား

625

မျိုးကြီး (NP News) - မတ် ၃
ပြည်ပနိုင်ငံပေါင်း(၄ဝ)ကျော်သို့ ငါး၊ ပုဇွန်၊ ရေထွက်ကုန်တင်ပို့မှ အမေရိကန်ဒေါ်လာသန်း (၆ဝဝ) ကျော် ရရှိထား ကြောင်း နစက၏သတင်းအချက်အလက်များအရ သိရသည်။
၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ် ဇန်နဝါရီလအထိ ငါးပုဇွန် မွေးမြူခြင်း၊ ဖမ်းဆီးခြင်းတို့မှ မက်ထရစ်တန်ထောင်ပေါင်း (၄၅၂၈ ဒသမ ၅၁) တန် ထုတ်လုပ်ခဲ့ပြီး ၎င်းတို့အနက်မှ ရေထွက်ကုန်ပစ္စည်းအမျိုးအစား(၃ဝဝ)ခန့် မက်ထရစ် တန်ချိန် (၄)သိန်းကျော်ကို ပြည်ပသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
ထိုသို့ တင်ပို့မှ အမေရိကန်ဒေါ်လာ (၆၃၁ ဒသမ ၂၄၂) သန်း ရရှိခဲ့ကြောင်း နစက၏သတင်းအချက်အလက်များက ဆိုထားသည်။
လက်ရှိတွင် မြန်မာ့ရေထွက်ကုန်ပစ္စည်းများကို ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံပေါင်း(၄ဝ)ကျော်သို့ တင်ပို့လျက်ရှိပြီး ရေထွက်ကုန်ပစ္စည်းများ အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် နိုင်ငံတကာမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ တင်ပို့နိုင်ရေးကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မြန်မာ့ရေထွက်ကုန်များထဲမှ ငါးလုပ်ငန်းကဏ္ဍအနေဖြင့် ဖမ်းဆီး၊ မွေးမြူ၊ ပြုပြင်ထုတ်လုပ်သူများနှင့် ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်တွင် ငါးလုပ်ငန်းနှင့်ပတ်သက်သည့် ပါဝင်ဆက်စပ်သူအားလုံး စုစုပေါင်း (၂)သန်းကျော်ရှိကြောင်း လည်း နစက၏အချက်အလက်များတွင် ဖော်ပြထားသည်။

Zawgyi Version;
ျပည္ပႏိုင္ငံေပါင္း(၄ဝ)ေက်ာ္သို႔ ငါး၊ ပုဇြန္ ေရထြက္ကုန္တင္ပို႔မွ အေမရိကန္ေဒၚလာသန္း (၆ဝဝ)ေက်ာ္ ရရွိထား
မ်ိဳးႀကီး (NP News) - မတ္ ၃
ျပည္ပႏိုင္ငံေပါင္း(၄ဝ)ေက်ာ္သို႔ ငါး၊ ပုဇြန္၊ ေရထြက္ကုန္တင္ပို႔မွ အေမရိကန္ေဒၚလာသန္း (၆ဝဝ) ေက်ာ္ ရရွိထား ေၾကာင္း နစက၏သတင္းအခ်က္အလက္မ်ားအရ သိရသည္။
၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္ ဇန္နဝါရီလအထိ ငါးပုဇြန္ ေမြးျမဴျခင္း၊ ဖမ္းဆီးျခင္းတို႔မွ မက္ထရစ္တန္ေထာင္ေပါင္း (၄၅၂၈ ဒသမ ၅၁) တန္ ထုတ္လုပ္ခဲ့ၿပီး ၎တို႔အနက္မွ ေရထြက္ကုန္ပစၥည္းအမ်ိဳးအစား(၃ဝဝ)ခန႔္ မက္ထရစ္ တန္ခ်ိန္ (၄)သိန္းေက်ာ္ကို ျပည္ပသို႔ တင္ပို႔ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ တင္ပို႔မွ အေမရိကန္ေဒၚလာ (၆၃၁ ဒသမ ၂၄၂) သန္း ရရွိခဲ့ေၾကာင္း နစက၏သတင္းအခ်က္အလက္မ်ားက ဆိုထားသည္။
လက္ရွိတြင္ ျမန္မာ့ေရထြက္ကုန္ပစၥည္းမ်ားကို ထိုင္း၊ တ႐ုတ္၊ ဘဂၤလားေဒ့ရွ္အပါအဝင္ ႏိုင္ငံေပါင္း(၄ဝ)ေက်ာ္သို႔ တင္ပို႔လ်က္ရွိၿပီး ေရထြက္ကုန္ပစၥည္းမ်ား အစားအစာေဘးအႏၲရာယ္ကင္းရွင္းေစေရးအတြက္ ႏိုင္ငံတကာမွ သတ္မွတ္ထားသည့္ စံခ်ိန္စံၫႊန္းမ်ားႏွင့္အညီ တင္ပို႔ႏိုင္ေရးကို စစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ျမန္မာ့ေရထြက္ကုန္မ်ားထဲမွ ငါးလုပ္ငန္းက႑အေနျဖင့္ ဖမ္းဆီး၊ ေမြးျမဴ၊ ျပဳျပင္ထုတ္လုပ္သူမ်ားႏွင့္ ထုတ္လုပ္မႈ ကြင္းဆက္တစ္ေလွ်ာက္တြင္ ငါးလုပ္ငန္းႏွင့္ပတ္သက္သည့္ ပါဝင္ဆက္စပ္သူအားလုံး စုစုေပါင္း (၂)သန္းေက်ာ္ရွိေၾကာင္း လည္း နစက၏အခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။