ရတနာပုံတံတားပေါ်မှ ခုန်ချသွားခဲ့သော သံဃာတော်၏ ရုပ်အလောင်းအား (၃)ရက်အကြာတွင် ပြန်လည်တွေ့ရှိ

 783

Pearl (NP News) - မတ် ၈

စစ်ကိုင်းမြို့ရှိ ဧရာဝတီမြစ်ကူးတံတားဖြစ်သော ဧရာဝတီတံတား (ရတနာပုံ)ပေါ်မှ ခုန်ချသွားခဲ့သော သံဃာတော်၏ ရုပ်အလောင်းအား (၃)ရက်အကြာတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ သံဃာတော်သည် ပြီးခဲ့သည့် မတ်လ(၅)ရက်၊ ညနေ(၄)နာရီခွဲအချိန်ခန့်တွင် ဧရာဝတီတံတား (ရတနာပုံ) စစ်ကိုင်းဘက်ခြမ်းတွင် ခုန်ချသွားခဲ့ခြင်းဖြစ်သည်။

သံဃာတော်၏ရုပ်အလောင်းကို ယနေ့ (မတ်လ ၈ ရက်)၊ နံနက် (၈)နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတားနှင့် (၅)မိုင်ခန့်အကွာရှိ ဧရာဝတီမြစ်ရေလယ်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်းထံမှ သတင်းရရှိသည်။

"ဧရာဝတီမြစ်ရေလယ်မှာ ကျွန်းလေးရှိတယ်။ ကျွန်တော်တို့ ရှာနေတဲ့အချိန် အဲဒီမှာပြန်တွေ့တာ။ သက်တော်၊ ဝါတော်တွေလည်း မသိရသေးဘူး၊ ဘယ်ကျောင်းကလဲဆိုတာ စုံစမ်းနေတုန်းပါ" ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့( စစ်ကိုင်း)မှ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။

လက်ရှိတွင် ရုပ်အလောင်းအား သုခကာရီ နာရေးယာဥ်ဖြင့် စစ်ကိုင်းဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အခြားအချက်အလက်များကို သက်ဆိုင်ရာမှ စုံစမ်းလျက်ရှိကြောင်း သိရသည်။

zawgyi version
ရတနာပုံတံတားေပၚမွ ခုန္ခ်သြားခဲ့ေသာ သံဃာေတာ္၏ ႐ုပ္အေလာင္းအား (၃)ရက္အၾကာတြင္ ျပန္လည္ေတြ႕ရွိ

Pearl (NP News) - မတ္ ၈

စစ္ကိုင္းၿမိဳ႕ရွိ ဧရာဝတီျမစ္ကူးတံတားျဖစ္ေသာ ဧရာဝတီတံတား (ရတနာပုံ)ေပၚမွ ခုန္ခ်သြားခဲ့ေသာ သံဃာေတာ္၏ ႐ုပ္အေလာင္းအား (၃)ရက္အၾကာတြင္ ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါ သံဃာေတာ္သည္ ၿပီးခဲ့သည့္ မတ္လ(၅)ရက္၊ ညေန(၄)နာရီခြဲအခ်ိန္ခန႔္တြင္ ဧရာဝတီတံတား (ရတနာပုံ) စစ္ကိုင္းဘက္ျခမ္းတြင္ ခုန္ခ်သြားခဲ့ျခင္းျဖစ္သည္။

သံဃာေတာ္၏႐ုပ္အေလာင္းကို ယေန႔ (မတ္လ ၈ ရက္)၊ နံနက္ (၈)နာရီခြဲအခ်ိန္ခန႔္တြင္ စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕၊ ရတနာပုံတံတားႏွင့္ (၅)မိုင္ခန႔္အကြာရွိ ဧရာဝတီျမစ္ေရလယ္တြင္ ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ စစ္ကိုင္းထံမွ သတင္းရရွိသည္။

"ဧရာဝတီျမစ္ေရလယ္မွာ ကြၽန္းေလးရွိတယ္။ ကြၽန္ေတာ္တို႔ ရွာေနတဲ့အခ်ိန္ အဲဒီမွာျပန္ေတြ႕တာ။ သက္ေတာ္၊ ဝါေတာ္ေတြလည္း မသိရေသးဘူး၊ ဘယ္ေက်ာင္းကလဲဆိုတာ စုံစမ္းေနတုန္းပါ" ဟု အေရးေပၚကယ္ဆယ္ေရးအဖြဲ႕( စစ္ကိုင္း)မွ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။

လက္ရွိတြင္ ႐ုပ္အေလာင္းအား သုခကာရီ နာေရးယာဥ္ျဖင့္ စစ္ကိုင္းေဆး႐ုံႀကီး ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး အျခားအခ်က္အလက္မ်ားကို သက္ဆိုင္ရာမွ စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.