'Avatar: The Way of Water' မှာ တိုက်တန်းနစ်ကြယ်ပွင့် ကိတ်ဝင်းစလက် ကို ရေနေဂြိုလ်သားအဖြစ် မြင်တွေ့ရတော့မယ်

1041

ရောင်နီ (NP News) - မတ် ၉
ပရိသတ်တွေ ကာလကြာရှည် စောင့်မျှော်ခဲ့ရတဲ့ Avatar ဇာတ်လမ်းအသစ် "The Way of Water" မှာ တိုက်တန်းနစ် ရုပ်ရှင်ကြယ်ပွင့် ကမ္ဘာကျော်မင်းသမီးကြီး ကိတ်ဝင်းစလက်ကို ရေနေဂြိုဟ်သား အမျိုးသမီးတစ်ဦးအဖြစ် မြင်တွေ့ရတော့မှာဖြစ်ပါတယ်။
ကိတ် ဟာ တိုက်တန်းနစ်ရုပ်ရှင်ကားကြီးကို ဖြတ်ကျော်ပြီး နိုင်ငံတကာမှာ တတိယမြောက် ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်လာနိုင်မယ့် "The Way of Water" မှာ ရေနေဂြိုဟ်သား နာဗီ အကြီးအကဲရဲ့ ဇနီး ရော်နယ် အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
"The Way of Water" နဲ့ ပတ်သက်ပြီး Avatar ရဲ့ visual effects အထူးပြုလုပ်ချက်ဆိုင်ရာ အကြီးအကဲ အဲရစ်ဆိုင်ဒန် က Avator 2 ဟာ Avator 1 နဲ့ ကွဲပြားမယ်လို့ ယူဆရပါတယ် လို့ ပြောကြားခဲ့ပါတယ်။
"ကိတ်မှာ ဆံပင်နဲ့ မျက်နှာ စသဖြင့် ထူးခြားတဲ့၊ ဇာတ်ကောင်စရိုက်နဲ့ တူတဲ့အရာတွေ အများကြီးရှိပါတယ်။ သူမရဲ့အပေါ်သွားတွေနဲ့ နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် ဖိကပ်ထားပုံတွေဟာ ပထမဆုံးအကြိမ်ကြည့်ရင် သတိမထားမိနိုင်ပေမယ့် ဇာတ်ကားကို တကယ်နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သူမရဲ့ဇာတ်ကောင်ကို အသက်ဝင်စေမယ့် ပရိယာယ်တွေကို သင်တကယ်တွေ့မြင်ရမှာပါ" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
၂ဝဝ၉ ခုနှစ်က ထွက်ရှိတဲ့ Avator 1 ဟာ နိုင်ငံများစွာမှ ပရိသတ်များရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိခဲ့ပြီး၊ အော်စကာဆု ၃ ဆုထိ ရရှိခဲ့ပါတယ်။

Zawgyi Version;
'Avatar: The Way of Water' မွာ တိုက္တန္းနစ္ၾကယ္ပြင့္ ကိတ္ဝင္းစလက္ ကို ေရေနၿဂိဳလ္သားအျဖစ္ ျမင္ေတြ႕ရေတာ့မယ္
ေရာင္နီ (NP News) - မတ္ ၉
ပရိသတ္ေတြ ကာလၾကာရွည္ ေစာင့္ေမွ်ာ္ခဲ့ရတဲ့ Avatar ဇာတ္လမ္းအသစ္ "The Way of Water" မွာ တိုက္တန္းနစ္ ႐ုပ္ရွင္ၾကယ္ပြင့္ ကမာၻေက်ာ္မင္းသမီးႀကီး ကိတ္ဝင္းစလက္ကို ေရေနၿဂိဳဟ္သား အမ်ိဳးသမီးတစ္ဦးအျဖစ္ ျမင္ေတြ႕ရေတာ့မွာျဖစ္ပါတယ္။
ကိတ္ ဟာ တိုက္တန္းနစ္႐ုပ္ရွင္ကားႀကီးကို ျဖတ္ေက်ာ္ၿပီး ႏိုင္ငံတကာမွာ တတိယေျမာက္ ဝင္ေငြအေကာင္းဆုံးဇာတ္ကားျဖစ္လာႏိုင္မယ့္ "The Way of Water" မွာ ေရေနၿဂိဳဟ္သား နာဗီ အႀကီးအကဲရဲ႕ ဇနီး ေရာ္နယ္ အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။
"The Way of Water" နဲ႔ ပတ္သက္ၿပီး Avatar ရဲ႕ visual effects အထူးျပဳလုပ္ခ်က္ဆိုင္ရာ အႀကီးအကဲ အဲရစ္ဆိုင္ဒန္ က Avator 2 ဟာ Avator 1 နဲ႔ ကြဲျပားမယ္လို႔ ယူဆရပါတယ္ လို႔ ေျပာၾကားခဲ့ပါတယ္။
"ကိတ္မွာ ဆံပင္နဲ႔ မ်က္ႏွာ စသျဖင့္ ထူးျခားတဲ့၊ ဇာတ္ေကာင္စ႐ိုက္နဲ႔ တူတဲ့အရာေတြ အမ်ားႀကီးရွိပါတယ္။ သူမရဲ႕အေပၚသြားေတြနဲ႔ ႏႈတ္ခမ္းကို တင္းတင္းက်ပ္က်ပ္ ဖိကပ္ထားပုံေတြဟာ ပထမဆုံးအႀကိမ္ၾကည့္ရင္ သတိမထားမိႏိုင္ေပမယ့္ ဇာတ္ကားကို တကယ္ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ သူမရဲ႕ဇာတ္ေကာင္ကို အသက္ဝင္ေစမယ့္ ပရိယာယ္ေတြကို သင္တကယ္ေတြ႕ျမင္ရမွာပါ" လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။
၂ဝဝ၉ ခုႏွစ္က ထြက္ရွိတဲ့ Avator 1 ဟာ ႏိုင္ငံမ်ားစြာမွ ပရိသတ္မ်ားရဲ႕ တစ္ခဲနက္ အားေပးမႈကို ရရွိခဲ့ၿပီး၊ ေအာ္စကာဆု ၃ ဆုထိ ရရွိခဲ့ပါတယ္။