ရက်ပေါင်း(၉ဝ)အတွင်း မှတ်ပုံတင်ခြင်းမရှိသော ဆင်းကတ်များကို အပြီးပိတ်သိမ်းသွားမည်ဟု ကြေညာ

 810

ယွန်း (NP News) - မတ် ၁၄

ရက်ပေါင်း(၉ဝ)အတွင်း အချက်အလက်အမှန်ဖြင့် မှတ်ပုံတင်ခြင်းမရှိသော ဆင်းကတ်များကို အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာထားသည်။

ဆင်းကတ်မှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့် အမည် နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်စသည့် အချက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင်ရှိသော အချက်အလက်များနှင့် တိုက် ဆိုင်စစ်‌ဆေးမှုများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထိုသို့ စစ်ဆေးပြီး အချက်အလက်မမှန်သော နိုင်ငံသားစိစစ်ရေးကတ်များဖြင့် မှတ်ပုံတင်ထားသည့် ဆင်းကတ်သုံးစွဲသူများထံသို့ ရက်ပေါင်း(၃ဝ)အတွင်း မှန်ကန်စွာပြန်လည်မှတ်ပုံတင်ရန် အသိပေးစာတို(SMS) များ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ SMS များရရှိပါက ရက်ပေါင်း(၃ဝ)အတွင်း နိုင်ငံသားစိစစ်ရေးကတ်အမှန်ဖြင့် ပြန်လည်မှတ်ပုံ တင်ရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပြန်လည်မှတ်ပုံတင်ခြင်းမရှိသော ဆင်းကတ်များအား One Way Block (အထွက်ခေါ်ဆိုမှု၊ အထွက်စာတိုပေးပို့မှုနှင့် ဒေတာအသုံးပြုမှု ရပ်ဆိုင်းခြင်း)တို့ကို စတင်ဆောင်ရွက်သွားမည်ဟု သိရသည်။

ထိုသို့ One Way Block ဆောင်ရွက်ထားသည့် အချိန်မှစ၍ ရက်ပေါင်း(၉ဝ)အတွင်း နိုင်ငံသားစိစစ်ရေးကတ်အမှန်ဖြင့် လာရောက်ပြင်ဆင်မှတ်ပုံတင်ခြင်းမရှိသော ဆင်းကတ်များကို အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

zawgyi version
ရက္ေပါင္း(၉ဝ)အတြင္း မွတ္ပုံတင္ျခင္းမရွိေသာ ဆင္းကတ္မ်ားကို အၿပီးပိတ္သိမ္းသြားမည္ဟု ေၾကညာ

ယြန္း (NP News) - မတ္ ၁၄

ရက္ေပါင္း(၉ဝ)အတြင္း အခ်က္အလက္အမွန္ျဖင့္ မွတ္ပုံတင္ျခင္းမရွိေသာ ဆင္းကတ္မ်ားကို အၿပီးပိတ္သိမ္းသြားမည္ျဖစ္ေၾကာင္း ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနက အသိေပးေၾကညာထားသည္။

ဆင္းကတ္မွတ္ပုံတင္ရာတြင္ ျဖည့္စြက္ရသည့္ အမည္ ႏွင့္ ႏိုင္ငံသားစိစစ္ေရးကတ္အမွတ္စသည့္ အခ်က္မ်ားကို လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနတြင္ရွိေသာ အခ်က္အလက္မ်ားႏွင့္ တိုက္ ဆိုင္စစ္‌ေဆးမႈမ်ားကို လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔ စစ္ေဆးၿပီး အခ်က္အလက္မမွန္ေသာ ႏိုင္ငံသားစိစစ္ေရးကတ္မ်ားျဖင့္ မွတ္ပုံတင္ထားသည့္ ဆင္းကတ္သုံးစြဲသူမ်ားထံသို႔ ရက္ေပါင္း(၃ဝ)အတြင္း မွန္ကန္စြာျပန္လည္မွတ္ပုံတင္ရန္ အသိေပးစာတို(SMS) မ်ား ေပးပို႔သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ SMS မ်ားရရွိပါက ရက္ေပါင္း(၃ဝ)အတြင္း ႏိုင္ငံသားစိစစ္ေရးကတ္အမွန္ျဖင့္ ျပန္လည္မွတ္ပုံ တင္ရန္ ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားသည္။

ျပန္လည္မွတ္ပုံတင္ျခင္းမရွိေသာ ဆင္းကတ္မ်ားအား One Way Block (အထြက္ေခၚဆိုမႈ၊ အထြက္စာတိုေပးပို႔မႈႏွင့္ ေဒတာအသုံးျပဳမႈ ရပ္ဆိုင္းျခင္း)တို႔ကို စတင္ေဆာင္႐ြက္သြားမည္ဟု သိရသည္။

ထိုသို႔ One Way Block ေဆာင္႐ြက္ထားသည့္ အခ်ိန္မွစ၍ ရက္ေပါင္း(၉ဝ)အတြင္း ႏိုင္ငံသားစိစစ္ေရးကတ္အမွန္ျဖင့္ လာေရာက္ျပင္ဆင္မွတ္ပုံတင္ျခင္းမရွိေသာ ဆင္းကတ္မ်ားကို အၿပီးပိတ္သိမ္းသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.