နေပြည်တော်၌ ကျင်းပမည့် “လမ်းလျှောက်သင်္ကြန်”ကို အဆင့်မီသင်္ကြန်ဖြစ်စေရန် ဆောင်ရွက်သွားမည်ဟုဆို

 490

ယွန်း (NP News) - မတ် ၁၄

နေပြည်တော်တွင် ပထမဆုံးအဖြစ် ကျင်းပသွားမည့် “လမ်းလျှောက်သင်္ကြန်”ကို အဆင့်မီသင်္ကြန် ဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မတ်လ(၁၃)ရက်တွင် နေပြည် တော်ရှိ ဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။

၂ဝ၂၃ ခုနှစ်တွင် ကျင်းပမည့် မဟာသင်္ကြန်ပွဲတော်တွင် နေပြည်တော်၌ ပထမဆုံးအကြိမ်အဖြစ် “လမ်း လျှောက်သင်္ကြန်” ပါထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“၂ဝ၂၃ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ကာလအတွင်း နေပြည်တော်မှာ လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ သင်္ကြန်ပွဲတော်ပိုမိုစည်ကားများပြားမည်ဟု ယုံကြည်ကြောင်း” ပြည်ထောင်စုဝန်ကြီးက ပြောသည်။

အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို နေပြည်တော်ရှိ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ပြည်သူများ၊ လူကြီးလူငယ် မရွေးပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန် ထည့်သွင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။

ထို့ကြောင့် မြန်မာတို့၏ ရိုးရာသင်္ကြန်ပွဲတော်ကို ပေါ်လွင်အောင် ဆင်နွှဲကာ လမ်းလျှောက်သင်္ကြန်ကိုလည်းပျော်ရွှင်ပြီး အဆင့်မီသော သင်္ကြန်တစ်ခုဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ေနျပည္ေတာ္၌ က်င္းပမည့္ “လမ္းေလွ်ာက္သၾကၤန္” ကို အဆင့္မီသၾကၤန္ျဖစ္ေစရန္ ေဆာင္႐ြက္သြားမည္ ဟုဆို

ယြန္း (NP News) - မတ္ ၁၄

ေနျပည္ေတာ္တြင္ ပထမဆုံးအျဖစ္ က်င္းပသြားမည့္ “လမ္းေလွ်ာက္သၾကၤန္”ကို အဆင့္မီသၾကၤန္ ျဖစ္ေစရန္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက မတ္လ(၁၃)ရက္တြင္ ေနျပည္ ေတာ္ရွိ ဝန္ႀကီးဌာန၏ အစည္းအေဝးခန္းမ၌ က်င္းပခဲ့သည့္ ေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ ျခင္းျဖစ္သည္။

၂ဝ၂၃ ခုႏွစ္တြင္ က်င္းပမည့္ မဟာသၾကၤန္ပြဲေတာ္တြင္ ေနျပည္ေတာ္၌ ပထမဆုံးအႀကိမ္အျဖစ္ “လမ္း ေလွ်ာက္သၾကၤန္” ပါထည့္သြင္း က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

“၂ဝ၂၃ ခုႏွစ္ ျမန္မာ့႐ိုးရာသၾကၤန္ပြဲေတာ္ ကာလအတြင္း ေနျပည္ေတာ္မွာ လမ္းေလွ်ာက္သၾကၤန္ကို ထည့္သြင္းက်င္းပသြားမည္ျဖစ္ရာ သၾကၤန္ပြဲေတာ္ပိုမိုစည္ကားမ်ားျပားမည္ဟု ယုံၾကည္ေၾကာင္း” ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

အဆိုပါ လမ္းေလွ်ာက္သၾကၤန္ပြဲေတာ္ကို ေနျပည္ေတာ္ရွိ ဝန္ထမ္းမ်ား၊ ဝန္ထမ္းမိသားစုဝင္မ်ားႏွင့္ ျပည္သူမ်ား၊ လူႀကီးလူငယ္ မေ႐ြးေပ်ာ္႐ႊင္စြာ ဆင္ႏႊဲႏိုင္ရန္ ထည့္သြင္းေဆာင္႐ြက္ရျခင္းျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။

ထို႔ေၾကာင့္ ျမန္မာတို႔၏ ႐ိုးရာသၾကၤန္ပြဲေတာ္ကို ေပၚလြင္ေအာင္ ဆင္ႏႊဲကာ လမ္းေလွ်ာက္သၾကၤန္ကိုလည္းေပ်ာ္႐ႊင္ၿပီး အဆင့္မီေသာ သၾကၤန္တစ္ခုျဖစ္ေစရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.