ဘုရားမုခ်ဦးကို မြေသယ်ကားဖြင့်တိုက်မိ၍ မုခ်ဦးပြိုကျရာမှ ယာဉ်မောင်းအမျိုးသားတစ်ဦးသေဆုံး

 768

Pearl (NP News) - မတ် ၁၄

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် ဘုရားမုခ်ဦးကို မြေသယ်ကားဖြင့်တိုက်မိသောကြောင့် ကားပေါ်သို့ မုခ်ဦးပြိုကျကာ ယာဉ်မောင်းအမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ဖြူစင်မေတ္တာ ပရဟိတလူငယ်များအသင်းထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၁၄ ရက်)၊ ညနေ (၄)နာရီအချိန်ခန့်တွင် မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့နယ်၊ ကတ်တလူကျေးရွာတွင် နေထိုင်သော ကိုချမ်းငြိမ်းအောင် (၂၅)နှစ်သည် ကျောက်ဖျာကျေးရွာရှိ ရှင်ကဇိန်ဘုရားဝင်းအတွင်း ကျောင်းလမ်းခင်းရန်အတွက် မြေသယ်ကားဖြင့် မြေချပြီး ပြန် လည်ထွက်ခွာစဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ ဒေသခေါ် မြေသယ်ကားနဲ့ပေါ့ဗျာ။ ကျောင်းလမ်းခင်းဖို့အတွက် မြေလာချတယ်၊ မြေချပြီးတော့ မြေသယ်ကားနောက်က Body ကို ပြန်မချဘဲ မောင်းတော့ မုခ်ဦးပေါက်ဝကို နောက်က ကား Body နဲ့ချိတ်ပြီး မုခ်ဦးက ကားပေါ်ကို ပြိုကျတာပါ။ ယာဉ်မောင်းက နေရာမှာပဲ ဆုံးသွားတယ်" ဟု ဖြူစင်မေတ္တာ ပရဟိတလူငယ်များအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားသောကြောင့် ဘုရားမုခ်ဦးပြိုကျခဲ့ပြီး ယာဉ်မောင်းအမျိုးသားမှာ လည်ပင်းထိခိုက်ဒဏ်ရာ နှင့် ပေါင်ကျိုးပဲ့ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူရုပ်အလောင်းအား ဖြူစင်မေတ္တာ ပရဟိတလူငယ်များအသင်းမှ မြိတ်မြို့ရှိ စစ်ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ပြီးနောက် ၎င်း၏နေရပ်သို့ ပြန်လည်သယ်ဆောင်သွားကြောင်း သိရသည်။

zawgyi version
ဘုရားမုခ္ဦးကို ေျမသယ္ကားျဖင့္တိုက္မိ၍ မုခ္ဦးၿပိဳက်ရာမွ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးေသဆုံး

Pearl (NP News) - မတ္ ၁၄

တနသၤာရီတိုင္း၊ ၿမိတ္ၿမိဳ႕နယ္တြင္ ဘုရားမုခ္ဦးကို ေျမသယ္ကားျဖင့္တိုက္မိေသာေၾကာင့္ ကားေပၚသို႔ မုခ္ဦးၿပိဳက်ကာ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးေသဆုံးခဲ့ေၾကာင္း ျဖဴစင္ေမတၱာ ပရဟိတလူငယ္မ်ားအသင္းထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၁၄ ရက္)၊ ညေန (၄)နာရီအခ်ိန္ခန႔္တြင္ ၿမိတ္ၿမိဳ႕နယ္၊ ေက်ာက္ဖ်ာေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ကြၽန္းစုၿမိဳ႕နယ္၊ ကတ္တလူေက်း႐ြာတြင္ ေနထိုင္ေသာ ကိုခ်မ္းၿငိမ္းေအာင္ (၂၅)ႏွစ္သည္ ေက်ာက္ဖ်ာေက်း႐ြာရွိ ရွင္ကဇိန္ဘုရားဝင္းအတြင္း ေက်ာင္းလမ္းခင္းရန္အတြက္ ေျမသယ္ကားျဖင့္ ေျမခ်ၿပီး ျပန္ လည္ထြက္ခြာစဥ္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔ ေဒသေခၚ ေျမသယ္ကားနဲ႔ေပါ့ဗ်ာ။ ေက်ာင္းလမ္းခင္းဖို႔အတြက္ ေျမလာခ်တယ္၊ ေျမခ်ၿပီးေတာ့ ေျမသယ္ကားေနာက္က Body ကို ျပန္မခ်ဘဲ ေမာင္းေတာ့ မုခ္ဦးေပါက္ဝကို ေနာက္က ကား Body နဲ႔ခ်ိတ္ၿပီး မုခ္ဦးက ကားေပၚကို ၿပိဳက်တာပါ။ ယာဥ္ေမာင္းက ေနရာမွာပဲ ဆုံးသြားတယ္" ဟု ျဖဴစင္ေမတၱာ ပရဟိတလူငယ္မ်ားအသင္း၏ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။

အဆိုပါ ယာဥ္တိုက္မႈျဖစ္ပြားေသာေၾကာင့္ ဘုရားမုခ္ဦးၿပိဳက်ခဲ့ၿပီး ယာဥ္ေမာင္းအမ်ိဳးသားမွာ လည္ပင္းထိခိုက္ဒဏ္ရာ ႏွင့္ ေပါင္က်ိဳးပဲ့ဒဏ္ရာရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ေသဆုံးသူ႐ုပ္အေလာင္းအား ျဖဴစင္ေမတၱာ ပရဟိတလူငယ္မ်ားအသင္းမွ ၿမိတ္ၿမိဳ႕ရွိ စစ္ေဆး႐ုံ ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ေပးခဲ့ၿပီးေနာက္ ၎၏ေနရပ္သို႔ ျပန္လည္သယ္ေဆာင္သြားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.