တရားစွဲဆိုခံထားရသူများ၏ အခွင့်အရေးများ မဆုံးရှုံးစေရန် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ဦးဆောင်သည့် တရားစီရင်ရေးအထောက်အကူပြုအဖွဲ့ကို နစကဖွဲ့စည်း

 855

မျိုးကြီး (NP News) - မတ် ၁၄

တရားစွဲဆိုခံထားရသူများ၏ အခွင့်အရေးများ မဆုံးရှုံးရေးအတွက် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ဦးဆောင်သည့် တရားစီရင်ရေးအထောက်အကူပြုအဖွဲ့ကို နစကမှ ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

တရားရုံးများ၌ စစ်ဆေးဆဲပြစ်မှုဆိုင်ရာမှုခင်းများကို မှန်ကန်မြန်ဆန်စွာဖြင့် တရားမျှတစွာစစ်ဆေးဆောင်ရွက်နိုင်ရေးနှင့် တရားစွဲဆိုခံထားရသူများ၏ အခွင့်အရေးမဆုံးရှုံးစေရေးအတွက် “တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာမှုခင်းများ တရားစီရင်ရေး အထောက်အကူပြုအဖွဲ့”ကို နစကမှ ဖွဲ့စည်းထားခြင်းဖြစ်သည်။

၎င်းအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ၎င်းအပါအဝင်(၉)ဦးဖြင့် ဖွဲ့စည်းထားကြောင်း နစက၏သတင်းအချက်အလက်များအရ သိရသည်။

အဆိုပါအဖွဲ့သည် တရားရုံးများတွင် စစ်ဆေးဆဲဖြစ်သည့် ပြစ်မှုဆိုင်ရာမှုခင်းများကို တရားမျှတမှုရှိစွာဖြင့် မှန်ကန်မြန်ဆန်စွာဆောင်ရွက်နိုင်ရေး ၎င်းတို့၏ကဏ္ဍအလိုက် အလေးထားဆောင်ရွက်ရန်နှင့် အဖွဲ့ဝင်အချင်းချင်းချိတ်ဆက်ကာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှုခင်းများ မှန်ကန်မြန်ဆန်စွာပြီးပြတ်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်းအဖွဲ့အနေဖြင့် တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်သည့်သဘော သက်ရောက်သည့် ဆောင်ရွက်မှုမျိုးမရှိစေရေး သတိပြုဆောင်ရွက်ရန်နှင့် တရားရုံး၏ စစ်ဆေးစီရင်ခြင်းကို မထိခိုက်စေဘဲ တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများတွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်လည်း နစကမှ တာဝန်ပေးထား သည်။

တရားရုံးက ထုတ်ဆင့်သည့် လူဖမ်းဝရမ်းများ၊ ပစ္စည်းရှာဝရမ်းများ၊ ပစ္စည်းသိမ်းဝရမ်းများကို စနစ်တကျအတည်ပြုပြီး သတ်မှတ်ရက်တွင် တရားရုံးသို့တင်ပို့ရန် ကြပ်မတ်ခြင်းတို့ကို ဆောင်ရွက်ရန်လည်း အဆိုပါအဖွဲ့အား နစကမှ တာဝန်ပေးထားကြောင်း သိရသည်။

တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာမှုခင်းများ တရားစီရင်ရေး အထောက်အကူပြုအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအပါအဝင် ဥပဒေရေးရာဝန်ကြီးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူများကိုလည်း ထည့်သွင်းဖွဲ့စည်းထားသည်ကို တွေ့ရှိရသည်။

zawgyi version
တရားစြဲဆိုခံထားရသူမ်ား၏ အခြင့္အေရးမ်ား မဆုံးရႈံးေစရန္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ ဦးေဆာင္သည့္ တရားစီရင္ေရးအေထာက္အကူျပဳအဖြဲ႕ကို နစကဖြဲ႕စည္း

မ်ိဳးႀကီး (NP News) - မတ္ ၁၄

တရားစြဲဆိုခံထားရသူမ်ား၏ အခြင့္အေရးမ်ား မဆုံးရႈံးေရးအတြက္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ ဦးေဆာင္သည့္ တရားစီရင္ေရးအေထာက္အကူျပဳအဖြဲ႕ကို နစကမွ ျပင္ဆင္ဖြဲ႕စည္းလိုက္ေၾကာင္း သတင္းရရွိသည္။

တရား႐ုံးမ်ား၌ စစ္ေဆးဆဲျပစ္မႈဆိုင္ရာမႈခင္းမ်ားကို မွန္ကန္ျမန္ဆန္စြာျဖင့္ တရားမွ်တစြာစစ္ေဆးေဆာင္႐ြက္ႏိုင္ေရးႏွင့္ တရားစြဲဆိုခံထားရသူမ်ား၏ အခြင့္အေရးမဆုံးရႈံးေစေရးအတြက္ “တရား႐ုံးစစ္ေဆးဆဲျပစ္မႈဆိုင္ရာမႈခင္းမ်ား တရားစီရင္ေရး အေထာက္အကူျပဳအဖြဲ႕”ကို နစကမွ ဖြဲ႕စည္းထားျခင္းျဖစ္သည္။

၎အဖြဲ႕တြင္ ျပည္ထဲေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္က ဥကၠ႒အျဖစ္ တာဝန္ယူမည္ျဖစ္ၿပီး ၎အပါအဝင္(၉)ဦးျဖင့္ ဖြဲ႕စည္းထားေၾကာင္း နစက၏သတင္းအခ်က္အလက္မ်ားအရ သိရသည္။

အဆိုပါအဖြဲ႕သည္ တရား႐ုံးမ်ားတြင္ စစ္ေဆးဆဲျဖစ္သည့္ ျပစ္မႈဆိုင္ရာမႈခင္းမ်ားကို တရားမွ်တမႈရွိစြာျဖင့္ မွန္ကန္ျမန္ဆန္စြာေဆာင္႐ြက္ႏိုင္ေရး ၎တို႔၏က႑အလိုက္ အေလးထားေဆာင္႐ြက္ရန္ႏွင့္ အဖြဲ႕ဝင္အခ်င္းခ်င္းခ်ိတ္ဆက္ကာ ဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ မႈခင္းမ်ား မွန္ကန္ျမန္ဆန္စြာၿပီးျပတ္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ၎အဖြဲ႕အေနျဖင့္ တရားစီရင္ေရးကို ဝင္ေရာက္စြက္ဖက္သည့္သေဘာ သက္ေရာက္သည့္ ေဆာင္႐ြက္မႈမ်ိဳးမရွိေစေရး သတိျပဳေဆာင္႐ြက္ရန္ႏွင့္ တရား႐ုံး၏ စစ္ေဆးစီရင္ျခင္းကို မထိခိုက္ေစဘဲ တရားစီရင္ေရးဆိုင္ရာလုပ္ငန္းမ်ားတြင္ ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ရန္လည္း နစကမွ တာဝန္ေပးထား သည္။

တရား႐ုံးက ထုတ္ဆင့္သည့္ လူဖမ္းဝရမ္းမ်ား၊ ပစၥည္းရွာဝရမ္းမ်ား၊ ပစၥည္းသိမ္းဝရမ္းမ်ားကို စနစ္တက်အတည္ျပဳၿပီး သတ္မွတ္ရက္တြင္ တရား႐ုံးသို႔တင္ပို႔ရန္ ၾကပ္မတ္ျခင္းတို႔ကို ေဆာင္႐ြက္ရန္လည္း အဆိုပါအဖြဲ႕အား နစကမွ တာဝန္ေပးထားေၾကာင္း သိရသည္။

တရား႐ုံးစစ္ေဆးဆဲျပစ္မႈဆိုင္ရာမႈခင္းမ်ား တရားစီရင္ေရး အေထာက္အကူျပဳအဖြဲ႕တြင္ ျပည္ထဲေရးဝန္ႀကီးအပါအဝင္ ဥပေဒေရးရာဝန္ႀကီးႏွင့္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္မွ တာဝန္ရွိသူမ်ားကိုလည္း ထည့္သြင္းဖြဲ႕စည္းထားသည္ကို ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.