ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးအား သူခိုးမှ ဓားဖြင့်ခုတ်သတ်ခံမှု ချမ်းမြသာစည်မြို့နယ်တွင် ဖြစ်ပွား

 1066

Pearl (NP News) - မတ် ၁၄

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ကုန်စုံဆိုင်ပိုင်ရှင်အား သူခိုးမှဓားဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့(မတ်လ ၁၄ ရက်)၊ နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၄၉ လမ်း၊ ၁၁၄(ဘီ)နဲ့ ၁၁၄(စီ)ကြားရှိ ရွှေလရောင်ကုန်စုံဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယနေ့ နံနက်(၇)နာရီအချိန်ခန့်တွင် အဆိုပါရွှေလရောင်ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးအား နေအိမ်ကုန်စုံဆိုင်၌ ဓားဒဏ်ရာများဖြင့် တွေ့ရှိခဲ့ကြောင်း သိရသည်။

"အဲဒီအန်တီက မနက်(၅)နာရီလောက်ဆို လမ်းလျှောက်ထွက်နေကျ။ နေတာကလည်း တစ်ယာက်တည်းနေတာ။ လမ်းလျှောက်ထွက်နေတဲ့အချိန် သူခိုးက ဝင်ခိုးတယ်။ အဲဒီအန်တီ ပြန်ရောက်တဲ့အချိန်မှာ သူခိုးနဲ့ တိုးပြီး ဓားနဲ့ ခုတ်သွားတယ်လို့ သုံးသပ်ရပါတယ်၊ စျေးရောင်းတဲ့နေရာမှာလည်း မွှေထားတယ်" ဟုဒေသခံတစ်ဦးက NP News ကိုအတည်ပြုပြောဆိုထားသည်။

အဆိုပါ ဆိုင်ပိုင်ရှင် အမျိုးသမီးအား သူခိုးမှ ဓားမဖြင့်ခုတ်သွားခဲ့ခြင်းဖြစ်ပြီး မျက်နှာဘယ်ဘက်ခြမ်းတွင် ဓားခုတ်ဒဏ်ရာ (၃)ချက်၊ ညာဘက်မေးရိုးနားတွင် ဒဏ်ရာ (၁)ချက်နှင့် ဝမ်းဗိုက်တွင် ထိုးသွင်း ဒဏ်ရာ (၂)ချက်ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရုပ်အလောင်းအား မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်းကားဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးထားပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ သံသယရှိသူအား တာဝန်ရှိသူများမှ ဖော်ထုတ်၍ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ကုန္စုံဆိုင္ပိုင္ရွင္အမ်ိဳးသမီးအား သူခိုးမွ ဓားျဖင့္ခုတ္သတ္ခံမႈ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ ျဖစ္ပြား

Pearl (NP News) - မတ္ ၁၄

မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ ကုန္စုံဆိုင္ပိုင္ရွင္အား သူခိုးမွဓားျဖင့္ ခုတ္သတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔(မတ္လ ၁၄ ရက္)၊ နံနက္ပိုင္းတြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ျမရည္နႏၵာရပ္ကြက္၊ ၄၉ လမ္း၊ ၁၁၄(ဘီ)နဲ႔ ၁၁၄(စီ)ၾကားရွိ ေ႐ႊလေရာင္ကုန္စုံဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ယေန႔ နံနက္(၇)နာရီအခ်ိန္ခန႔္တြင္ အဆိုပါေ႐ႊလေရာင္ကုန္စုံဆိုင္ပိုင္ရွင္ အမ်ိဳးသမီးအား ေနအိမ္ကုန္စုံဆိုင္၌ ဓားဒဏ္ရာမ်ားျဖင့္ ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

"အဲဒီအန္တီက မနက္(၅)နာရီေလာက္ဆို လမ္းေလွ်ာက္ထြက္ေနက်။ ေနတာကလည္း တစ္ယာက္တည္းေနတာ။ လမ္းေလွ်ာက္ထြက္ေနတဲ့အခ်ိန္ သူခိုးက ဝင္ခိုးတယ္။ အဲဒီအန္တီ ျပန္ေရာက္တဲ့အခ်ိန္မွာ သူခိုးနဲ႔ တိုးၿပီး ဓားနဲ႔ ခုတ္သြားတယ္လို႔ သုံးသပ္ရပါတယ္၊ ေစ်းေရာင္းတဲ့ေနရာမွာလည္း ေမႊထားတယ္" ဟုေဒသခံတစ္ဦးက NP News ကိုအတည္ျပဳေျပာဆိုထားသည္။

အဆိုပါ ဆိုင္ပိုင္ရွင္ အမ်ိဳးသမီးအား သူခိုးမွ ဓားမျဖင့္ခုတ္သြားခဲ့ျခင္းျဖစ္ၿပီး မ်က္ႏွာဘယ္ဘက္ျခမ္းတြင္ ဓားခုတ္ဒဏ္ရာ (၃)ခ်က္၊ ညာဘက္ေမး႐ိုးနားတြင္ ဒဏ္ရာ (၁)ခ်က္ႏွင့္ ဝမ္းဗိုက္တြင္ ထိုးသြင္း ဒဏ္ရာ (၂)ခ်က္ရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ႐ုပ္အေလာင္းအား ျမရည္နႏၵာလူမႈကယ္ဆယ္ေရးအသင္းကားျဖင့္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ေပးထားၿပီး ျဖစ္စဥ္ႏွင့္ပတ္သက္၍ သံသယရွိသူအား တာဝန္ရွိသူမ်ားမွ ေဖာ္ထုတ္၍ အေရးယူႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.