ကျောက်မျက်ရတနာပြပွဲ၌ ကျောက်စိမ်းအတွဲပေါင်း (၂ဝဝဝ)ကျော်အတွက် ကြမ်းခင်းစျေးကို ယူရိုငွေဖြင့်သတ်မှတ်ရောင်းချ

1092

ယွန်း (NP News) - မတ် ၁၈
နေပြည်တော်တွင် ကျင်းပနေသည့် (၅၈)ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲ၌ ကျောက်စိမ်းအတွဲပေါင်း (၂ဝဝဝ)ကျော်ကို ထည့်သွင်း ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
(၅၈)ကြိမ်မြာက် ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် မတ် လ(၁၇)ရက်မှ မတ်လ(၂၃)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း(၂၉၅)တွဲ၊ ကျောက်မျက်အတွဲပေါင်း(၁၂ဝ)နှင့် ကျောက် စိမ်းအတွဲပေါင်း (၂၁၅ဝ)တို့ကို ပြည်တွင်း၊ ပြည်ပရှိ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပုလဲအတွဲများ ရောင်းချရာတွင် ကြမ်းခင်းစျေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားပြီး ပြည်ပရတ နာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေများဖြင့် ပေးချေနိုင်ကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်းရတနာကုန်သည်များကလည်း စျေးကွက်ပေါက်စျေးနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် ပေးချေဝယ်ယူနိုင်ကြောင်း သိရသည်။
အလားတူ ကျောက်မျက်၊ ကျောက်စိမ်းများအတွက် ကြမ်းခင်းစျေးကို ယူရိုငွေဖြင့် သတ်မှတ်ထားပြီး ပြည်တွင်းရတနာကုန်သည်များအနေဖြင့် ယူရိုငွေဖြင့်ညီမျှသော မြန်မာငွေဖြင့် ပေးချေရမည်ဖြစ်သည်။
ထို့ပြင် ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ေက်ာက္မ်က္ရတနာျပပြဲ၌ ေက်ာက္စိမ္းအတြဲေပါင္း (၂ဝဝဝ)ေက်ာ္အတြက္ ၾကမ္းခင္းေစ်းကို ယူ႐ိုေငြျဖင့္သတ္မွတ္ေရာင္းခ်
ယြန္း (NP News) - မတ္ ၁၈
ေနျပည္ေတာ္တြင္ က်င္းပေနသည့္ (၅၈)ႀကိမ္ေျမာက္ ေက်ာက္မ်က္ရတနာျပပြဲ၌ ေက်ာက္စိမ္းအတြဲေပါင္း (၂ဝဝဝ)ေက်ာ္ကို ထည့္သြင္း ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
(၅၈)ႀကိမ္ျမာက္ ေက်ာက္မ်က္ရတနာျပပြဲကို ေနျပည္ေတာ္ရွိ မဏိရတနာေက်ာက္စိမ္းခန္းမတြင္ မတ္ လ(၁၇)ရက္မွ မတ္လ(၂၃)ရက္အထိ က်င္းပသြားမည္ျဖစ္ေၾကာင္း ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲ ဗဟိုေကာ္မတီက ထုတ္ျပန္ခဲ့ၿပီး ျဖစ္သည္။
ေက်ာက္မ်က္ရတနာျပပြဲတြင္ ပုလဲအတြဲေပါင္း(၂၉၅)တြဲ၊ ေက်ာက္မ်က္အတြဲေပါင္း(၁၂ဝ)ႏွင့္ ေက်ာက္ စိမ္းအတြဲေပါင္း (၂၁၅ဝ)တို႔ကို ျပည္တြင္း၊ ျပည္ပရွိ ရတနာကုန္သည္မ်ားအား အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ပုလဲအတြဲမ်ား ေရာင္းခ်ရာတြင္ ၾကမ္းခင္းေစ်းကို အေမရိကန္ေဒၚလာျဖင့္ သတ္မွတ္ထားၿပီး ျပည္ပရတ နာကုန္သည္မ်ားက အေမရိကန္ေဒၚလာ၊ ယူ႐ို၊ ယြမ္ေငြ၊ ထိုင္းဘတ္ေငြမ်ားျဖင့္ ေပးေခ်ႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ျပည္တြင္းရတနာကုန္သည္မ်ားကလည္း ေစ်းကြက္ေပါက္ေစ်းႏွင့္ညီမွ်ေသာ ျမန္မာက်ပ္ေငြျဖင့္ ေပးေခ်ဝယ္ယူႏိုင္ေၾကာင္း သိရသည္။
အလားတူ ေက်ာက္မ်က္၊ ေက်ာက္စိမ္းမ်ားအတြက္ ၾကမ္းခင္းေစ်းကို ယူ႐ိုေငြျဖင့္ သတ္မွတ္ထားၿပီး ျပည္တြင္းရတနာကုန္သည္မ်ားအေနျဖင့္ ယူ႐ိုေငြျဖင့္ညီမွ်ေသာ ျမန္မာေငြျဖင့္ ေပးေခ်ရမည္ျဖစ္သည္။
ထို႔ျပင္ ျပည္ပရတနာကုန္သည္မ်ားက အေမရိကန္ေဒၚလာ၊ ယူ႐ို၊ ယြမ္ေငြ၊ ထိုင္းဘတ္ေငြတို႔ျဖင့္ ေပးေခ်ရမည္ျဖစ္ေၾကာင္း သိရသည္။