ယူကရိန်းနဲ့ ပင်လယ်နက် စပါးတင်ပို့မှု သဘောတူညီချက်ကို သက်တမ်းတိုးလိုက်ကြောင်း ကုလသမဂ္ဂနဲ့ တူရကီ ပြောကြား

 520

ရောင်နီ (NP News) - မတ် ၁၉

မတ်လ ၁၈ ရက်၊ စနေနေ့က သက်တမ်းကုန်ဆုံးခဲ့တဲ့ ပင်လယ်နက်မှာ ယူကရိန်းရဲ့ စပါးတင်ပို့ခွင့် သဘောတူညီ ချက်ကို သက်တမ်းတိုးလိုက်ကြောင်း တူရကီသမ္မတ ရီဆက်ပ်တေယစ်အာဒိုဂန် နဲ့ ကုလသမဂ္ဂက ကြေညာခဲ့ပါ တယ်။

ရုရှားနဲ့ ယူကရိန်းအရေးအတွက် ဆွေးနွေးပြီးနောက် သဘောတူညီချက်ကို အာဒိုဂန်က မတ်လ ၁၈ ရက်၊ စနေနေ့ က အနောက်ပိုင်း ကာနက်ခ်ကာလဲမြို့မှာ ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပေမယ့် သက်တမ်းတိုး မယ့်အချိန်ကိုတော့ မဖော်ပြခဲ့ပါဘူး။

ရက်ပေါင်း ၆ဝ သက်တမ်းတိုးဖို့ ရုရှားက သဘောတူညီခဲ့ပြီးနောက် ယူကရိန်း အခြေခံအဆောက်အအုံဝန်ကြီး က သဘောတူညီချက်ကို ရက်ပေါင်း ၁၂ဝ ထိ သက်တမ်းတိုးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ တူရကီနဲ့ ကုလသမဂ္ဂတို့ ဇူလိုင်လက ကြားဝင်စေ့စပ်ထားတဲ့ စစ်ပွဲနှစ်ဘက်ကြား သဘောတူညီချက်အရ စပါး တန်ချိန် ၄ ဒသမ ၅ သန်းနဲ့ ဂျုံတန်ချိန် ၃ ဒသမ ၂ သန်း အပါအဝင် ယူကရိန်းပင်လယ်နက် ဆိပ်ကမ်းသုံးခုမှ လယ်ယာထွက်ကုန် တန်ချိန် ၁၁ သန်းကျော် တင်ပို့ခဲ့ပါတယ်။

"ဒီသဘောတူညီချက်ဟာ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာထောက်ပံ့မှုအတွက် အရေးကြီးပါတယ်” လို့ အာဒိုဂန်က ရုပ်မြင်သံကြားမှတ်ချက်များမှာ ပြောကြားခဲ့ပါတယ်။ ရုရှားနဲ့စစ်မဖြစ်မီက ယူကရိန်းဟာ ကမ္ဘာ့ထိပ်တန်း လယ်ယာ စိုက်ပျိုးထုတ်လုပ်သူများထဲမှ တစ်ခုဖြစ်ခဲ့ပြီး Black Sea Grain Initiative (ခေါ်) ပဋိပက္ခကြောင့် ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို သက်သာစေခဲ့ပါတယ်။ ယူကရိန်းဟာ ကမ္ဘာ့အကြီးဆုံး နေကြာဆီ၊ ဂျုံနဲ့ စပါး တင်ပို့တဲ့ နိုင်ငံဖြစ်ပါတယ်။

ဒါကြောင့် ယူကရိန်းရဲ့ ပို့ကုန်တွေဟာ ကမ္ဘာတဝှမ်းက အစားအသောက်ဈေးနှုန်းတွေအပေါ် တိုက်ရိုက် သက်ရောက်မှုရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ ရုရှားရဲ့ လုံးလုံးလျားလျားကျူးကျော်မှုဟာ ယူကရိန်းရဲ့ ပင်လယ်နက်ဆိပ်ကမ်းများကို စစ်သင်္ဘောများနဲ့ ပိတ်ဆို့သွားစေခဲ့ပါတယ်။ သို့ပေမယ့် စပါးသဘော တူညီချက်နဲ့အတူ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကိုတိုက်ဖျက်ဖို့အတွက် အရေးကြီးသော စပါးထောက်ပံ့မှု တင်ပို့မှုကို ဘေးကင်းစွာ နဲ့ တင်ပို့နိုင်စေခဲ့ပါတယ်။ ကနဦးသဘောတူညီချက်ကို နိုဝင်ဘာလက ရက်ပေါင်း ၁၂ဝ သက်တမ်းတိုးခဲ့ပါတယ်။ အန်ကာရာဟာ ရုရှားက ရက် ၆ဝ သက်တမ်းတိုးမှုကိုသာ ထောက်ခံခဲ့ပေမယ့်လည်း ရက် ပေါင်း ၁၂ဝ သက်တမ်းတိုးလိုကြောင်း ယခင်ကတည်းက ပြောကြားထားခဲ့ပါတယ်။

ယူကရိန်းအခြေခံအဆောက်အအုံ ဝန်ကြီး အိုလက်ဆန်ဒါ ကူဘရာကော့ဗ် က စပါးသဘောတူညီချက်ပါ သဘော တူညီချက်များကို လိုက်နာတဲ့အတွက် ကုလသမဂ္ဂနဲ့ တူရကီကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ယူကရိန္းနဲ႔ ပင္လယ္နက္ စပါးတင္ပို႔မႈ သေဘာတူညီခ်က္ကို သက္တမ္းတိုးလိုက္ေၾကာင္း ကုလသမဂၢနဲ႔ တူရကီ ေျပာၾကား
ေရာင္နီ (NP News) - မတ္ ၁၉

မတ္လ ၁၈ ရက္၊ စေနေန႔က သက္တမ္းကုန္ဆုံးခဲ့တဲ့ ပင္လယ္နက္မွာ ယူကရိန္းရဲ႕ စပါးတင္ပို႔ခြင့္ သေဘာတူညီ ခ်က္ကို သက္တမ္းတိုးလိုက္ေၾကာင္း တူရကီသမၼတ ရီဆက္ပ္ေတယစ္အာဒိုဂန္ နဲ႔ ကုလသမဂၢက ေၾကညာခဲ့ပါ တယ္။

႐ုရွားနဲ႔ ယူကရိန္းအေရးအတြက္ ေဆြးေႏြးၿပီးေနာက္ သေဘာတူညီခ်က္ကို အာဒိုဂန္က မတ္လ ၁၈ ရက္၊ စေနေန႔ က အေနာက္ပိုင္း ကာနက္ခ္ကာလဲၿမိဳ႕မွာ ေျပာၾကားတဲ့မိန႔္ခြန္းမွာ ထည့္သြင္းေျပာၾကားခဲ့ေပမယ့္ သက္တမ္းတိုး မယ့္အခ်ိန္ကိုေတာ့ မေဖာ္ျပခဲ့ပါဘူး။

ရက္ေပါင္း ၆ဝ သက္တမ္းတိုးဖို႔ ႐ုရွားက သေဘာတူညီခဲ့ၿပီးေနာက္ ယူကရိန္း အေျခခံအေဆာက္အအုံဝန္ႀကီး က သေဘာတူညီခ်က္ကို ရက္ေပါင္း ၁၂ဝ ထိ သက္တမ္းတိုးခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ တူရကီနဲ႔ ကုလသမဂၢတို႔ ဇူလိုင္လက ၾကားဝင္ေစ့စပ္ထားတဲ့ စစ္ပြဲႏွစ္ဘက္ၾကား သေဘာတူညီခ်က္အရ စပါး တန္ခ်ိန္ ၄ ဒသမ ၅ သန္းနဲ႔ ဂ်ဳံတန္ခ်ိန္ ၃ ဒသမ ၂ သန္း အပါအဝင္ ယူကရိန္းပင္လယ္နက္ ဆိပ္ကမ္းသုံးခုမွ လယ္ယာထြက္ကုန္ တန္ခ်ိန္ ၁၁ သန္းေက်ာ္ တင္ပို႔ခဲ့ပါတယ္။

"ဒီသေဘာတူညီခ်က္ဟာ ကမာၻလုံးဆိုင္ရာ စားနပ္ရိကၡာေထာက္ပံ့မႈအတြက္ အေရးႀကီးပါတယ္” လို႔ အာဒိုဂန္က ႐ုပ္ျမင္သံၾကားမွတ္ခ်က္မ်ားမွာ ေျပာၾကားခဲ့ပါတယ္။ ႐ုရွားနဲ႔စစ္မျဖစ္မီက ယူကရိန္းဟာ ကမာၻ႔ထိပ္တန္း လယ္ယာ စိုက္ပ်ိဳးထုတ္လုပ္သူမ်ားထဲမွ တစ္ခုျဖစ္ခဲ့ၿပီး Black Sea Grain Initiative (ေခၚ) ပဋိပကၡေၾကာင့္ ျဖစ္ပြားခဲ့တဲ့ ကမာၻ႔စားနပ္ရိကၡာအက်ပ္အတည္းကို သက္သာေစခဲ့ပါတယ္။ ယူကရိန္းဟာ ကမာၻ႔အႀကီးဆုံး ေနၾကာဆီ၊ ဂ်ဳံနဲ႔ စပါး တင္ပို႔တဲ့ ႏိုင္ငံျဖစ္ပါတယ္။

ဒါေၾကာင့္ ယူကရိန္းရဲ႕ ပို႔ကုန္ေတြဟာ ကမာၻတဝွမ္းက အစားအေသာက္ေဈးႏႈန္းေတြအေပၚ တိုက္႐ိုက္ သက္ေရာက္မႈရွိပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလက စတင္ခဲ့တဲ့ ႐ုရွားရဲ႕ လုံးလုံးလ်ားလ်ားက်ဴးေက်ာ္မႈဟာ ယူကရိန္းရဲ႕ ပင္လယ္နက္ဆိပ္ကမ္းမ်ားကို စစ္သေဘၤာမ်ားနဲ႔ ပိတ္ဆို႔သြားေစခဲ့ပါတယ္။ သို႔ေပမယ့္ စပါးသေဘာ တူညီခ်က္နဲ႔အတူ ကမာၻ႔စားနပ္ရိကၡာအက်ပ္အတည္းကိုတိုက္ဖ်က္ဖို႔အတြက္ အေရးႀကီးေသာ စပါးေထာက္ပံ့မႈ တင္ပို႔မႈကို ေဘးကင္းစြာ နဲ႔ တင္ပို႔ႏိုင္ေစခဲ့ပါတယ္။ ကနဦးသေဘာတူညီခ်က္ကို ႏိုဝင္ဘာလက ရက္ေပါင္း ၁၂ဝ သက္တမ္းတိုးခဲ့ပါတယ္။ အန္ကာရာဟာ ႐ုရွားက ရက္ ၆ဝ သက္တမ္းတိုးမႈကိုသာ ေထာက္ခံခဲ့ေပမယ့္လည္း ရက္ ေပါင္း ၁၂ဝ သက္တမ္းတိုးလိုေၾကာင္း ယခင္ကတည္းက ေျပာၾကားထားခဲ့ပါတယ္။

ယူကရိန္းအေျခခံအေဆာက္အအုံ ဝန္ႀကီး အိုလက္ဆန္ဒါ ကူဘရာေကာ့ဗ္ က စပါးသေဘာတူညီခ်က္ပါ သေဘာ တူညီခ်က္မ်ားကို လိုက္နာတဲ့အတြက္ ကုလသမဂၢနဲ႔ တူရကီကို ေက်းဇူးတင္ရွိေၾကာင္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

Picture

L Mone

19/03/2023 19:46

အစကတည်းက ပင်လယ်ကမ်းစပ်က ပြည်နယ်တွေနဲ့ ရုရှားအားပေးသူအများစုရှိရာနေရာတွေကို သိမ်းပိုက်မဲ့အစီအစဥ်ကြီးကို သိကြလျက်နဲ့ဗျာ..။ရုရှားက အခုအထိကို ယူကရိန်းကို မနိုင်သေးပါဘူးတဲ့ ရုရှားတွေ စစ်ရှူံးနေကြပါတယ်တဲ့ 🤣🤣🤣 ငိုးမ BBC VOA RFA နဲ့ ခွေးအ တစ်သိုက်မီဒီယာတွေ။လိမ်တာလည်း ကြည့်လိမ်ကြ အတော်ကြာ ရုရှားနိုင်ငံကြီးကို ယူကရိန်းက ပြန်သိမ်းပိုက်နေပါတယ်လို့ ယောင်ပြီး အော်နေကြအုံးမယ်။ပင်လယ်ပေါက်ကို ပြန်မပေးချင်လို့ စစ်တိုက်ပေးနေတာကို ကျူးကျော်စစ် ရှူံးနေတယ်တဲ့။အခုတော့ ယူကရိန်းခမျာ..UN နဲ့ တူရကီ တာ မကယ်ရင် သေဖွယ်ပါ့ပဲ။

Related news

© 2021. All rights reserved.