ရွှေလက်ဝတ်ရတနာများဝတ်ဆင်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ နာမည်ကြီးနေသည့် သံဃာတစ်ပါးကို ခေါ်ယူသတိပေးပြီး ဝန်ခံကတိထိုးခိုင်း

 12683

ယွန်း (NP News) - မတ် ၂ဝ

ရွှေလက်ဝတ်ရတနာများ ဝတ်ဆင်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် နာမည်ကြီးနေသည့် သံဃာ တော်အား မြို့နယ်သံဃနာယကမှခေါ်ယူသတိပေးခဲ့ပြီး ဝန်ခံကတိထိုးခိုင်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက တပ်ကုန်းမြို့ရှိ ကျေးရွာတစ်ရွာတွင် ကျင်းပခဲ့သည့် အလှူပွဲတစ်ခုတွင် ရွှေလက်ဝတ်ရတနာများကို ဝတ်ဆင်ထားသည့် သံဃာတော်၏ ပုံများလူမှုကွန် ရက်စာမျက်နှာများပေါ်တွင် တွေ့ရှိခဲ့ရသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ရဟန်းကျင့်ဝတ်နှင့်မညီသည့် အပြုအမူများကို ဆောင် ရွက်ခဲ့သည့် အဆိုပါ သံဃာတော်အား ယနေ့(မတ်လ ၂ဝ ရက်)တွင် တပ်ကုန်းမြို့နယ်သံဃနာယကမှ ခေါ်ယူ၍သတိပေးခဲ့ကြောင်း သိရသည်။

“ဟုတ်ပါတယ်။ ခေါ်ယူသတိပေးခဲ့ပါတယ်။ သံဃာကိစ္စ သံဃာ‌ဖြေရှင်းရမယ်ဆိုတဲ့ ဂိုဏ်ပေါင်းစုံမူဝါဒအရ မြို့နယ်သံဃနာယက က ဒီနေ့ မနက်ပိုင်းမှာပဲ ခေါ်ပြီးတော့ ဝန်ခံကတိထိုးခိုင်းခဲ့ပါတယ်။ ဆရာတော်ကတော့ တပ်ကုန်းကပါ” ဟု သာသနာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက NP News ကို အတည်ပြုပြောဆိုထားသည်။

အဆိုပါ သံဃာတော်သည် နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ကျေးရွာတစ်ခုမှဖြစ်ပြီး ၎င်းအား မြို့နယ်သံဃနာယကမှ ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း သံဃာတော်များ၊ သီလရှင်များသ်ည Tik Tok အပါအဝင် လူမှုကွန်ရက်စာမျက်နှာများတွင် သီဆိုကခုန်ခြင်းများ မပြုရန် နိုင်ငံတော်သံဃမဟာနာယကမှ ညွှန်ကြားထားခဲ့သည်။

ထို့ပြင် လတ်တလော၌ လူမှုကွန်ရက်၌ “မြလေးရုံ” အကောင့်နာမည်ဖြင့် သာသနာတော်နှင့်မကိုက်ညီသည့် ပုံများတင်နေသော သီလရှင်တစ်ပါးအား အရေးယူသတိပေးမှုများဆောင်ရွက်ရန်အတွက် လူမှုကွန်ရက်အသုံးပြုသူများက တောင်းဆိုလျက်ရှိသည်ကို တွေ့ရသည်။

zawgyi version
ေ႐ႊလက္ဝတ္ရတနာမ်ားဝတ္ဆင္ကာ လူမႈကြန္ရက္စာမ်က္ႏွာေပၚ၌ နာမည္ႀကီးေနသည့္ သံဃာတစ္ပါးကို ေခၚယူသတိေပးၿပီး ဝန္ခံကတိထိုးခိုင္း

ယြန္း (NP News) - မတ္ ၂ဝ

ေ႐ႊလက္ဝတ္ရတနာမ်ား ဝတ္ဆင္ကာ လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ နာမည္ႀကီးေနသည့္ သံဃာ ေတာ္အား ၿမိဳ႕နယ္သံဃနာယကမွေခၚယူသတိေပးခဲ့ၿပီး ဝန္ခံကတိထိုးခိုင္းခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းက တပ္ကုန္းၿမိဳ႕ရွိ ေက်း႐ြာတစ္႐ြာတြင္ က်င္းပခဲ့သည့္ အလႉပြဲတစ္ခုတြင္ ေ႐ႊလက္ဝတ္ရတနာမ်ားကို ဝတ္ဆင္ထားသည့္ သံဃာေတာ္၏ ပုံမ်ားလူမႈကြန္ ရက္စာမ်က္ႏွာမ်ားေပၚတြင္ ေတြ႕ရွိခဲ့ရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ရဟန္းက်င့္ဝတ္ႏွင့္မညီသည့္ အျပဳအမူမ်ားကို ေဆာင္႐ြက္ခဲ့သည့္ အဆိုပါ သံဃာေတာ္အား ယေန႔(မတ္လ ၂ဝ ရက္)တြင္ တပ္ကုန္းၿမိဳ႕နယ္သံဃနာယကမွ ေခၚယူ၍သတိေပးခဲ့ေၾကာင္း သိရသည္။

“ဟုတ္ပါတယ္။ ေခၚယူသတိေပးခဲ့ပါတယ္။ သံဃာကိစၥ သံဃာ‌ေျဖရွင္းရမယ္ဆိုတဲ့ ဂိုဏ္ေပါင္းစုံမူဝါဒအရ ၿမိဳ႕နယ္သံဃနာယက က ဒီေန႔ မနက္ပိုင္းမွာပဲ ေခၚၿပီးေတာ့ ဝန္ခံကတိထိုးခိုင္းခဲ့ပါတယ္။ ဆရာေတာ္ကေတာ့ တပ္ကုန္းကပါ” ဟု သာသနာေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉး ဦးေအာင္ဆန္းဝင္းက NP News ကို အတည္ျပဳေျပာဆိုထားသည္။

အဆိုပါ သံဃာေတာ္သည္ ေနျပည္ေတာ္၊ တပ္ကုန္းၿမိဳ႕နယ္ရွိ ေက်း႐ြာတစ္ခုမွျဖစ္ၿပီး ၎အား ၿမိဳ႕နယ္သံဃနာယကမွ ဝန္ခံကတိလက္မွတ္ေရးထိုးခိုင္းခဲ့ေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း သံဃာေတာ္မ်ား၊ သီလရွင္မ်ားသ္ည Tik Tok အပါအဝင္ လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ သီဆိုကခုန္ျခင္းမ်ား မျပဳရန္ ႏိုင္ငံေတာ္သံဃမဟာနာယကမွ ၫႊန္ၾကားထားခဲ့သည္။

ထို႔ျပင္ လတ္တေလာ၌ လူမႈကြန္ရက္၌ “ျမေလး႐ုံ” အေကာင့္နာမည္ျဖင့္ သာသနာေတာ္ႏွင့္မကိုက္ညီသည့္ ပုံမ်ားတင္ေနေသာ သီလရွင္တစ္ပါးအား အေရးယူသတိေပးမႈမ်ားေဆာင္႐ြက္ရန္အတြက္ လူမႈကြန္ရက္အသုံးျပဳသူမ်ားက ေတာင္းဆိုလ်က္ရွိသည္ကို ေတြ႕ရသည္။

Picture

L Mone

20/03/2023 22:25

သတိပေးရုံပဲလား

Related news

© 2021. All rights reserved.