ပြီးခဲ့သည့် ပညာသင်နှစ်၌ စစ်ကိုင်းတိုင်းသည် ကျောင်းဖွင့်လှစ်မှုနှင့် ကျောင်းတက်ရောက်မှု ရာခိုင်နှုန်းအနည်းဆုံးဖြစ်

 751

NP News - မတ် ၂၁

ပြီးခဲ့သည့် ပညာသင်နှစ်၌ စစ်ကိုင်းတိုင်းသည် ကျောင်းဖွင့်လှစ်မှုနှင့် ကျောင်းတက်ရောက်မှု ရာခိုင်နှုန်းအနည်းဆုံးဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းက မတ်လ ၂ဝ ရက်တွင် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံး၌ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် နစကအစိုးရအနေဖြင့် ပြည်တွင်းစီးပွားရေး နှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးမြှင့်တင်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့်လူသားအရင်းအမြစ်များရရှိစေရေး ခရိုင် (၅ဝ)၌ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအခြေခံသင်တန်းကျောင်းများဖွင့်လှစ်လျက်ရှိသည့်အပြင် သိပ္ပံကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးနေကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

ပြီးခဲ့သည့် ပညာသင်နှစ်တွင် စစ်ကိုင်းတိုင်းသည် ကျောင်းဖွင့်လှစ်မှုနှင့် ကျောင်းတက်ရောက်မှု ရာခိုင်နှုန်းအနည်းဆုံးဖြစ်ပြီး ပညာရည်မြှင့်တင်ရေးအတွက် ဝိုင်းဝန်းအားပေးဆောင်ရွက်ကြရန်လည်း တပ်ချုပ်က တိုက်တွန်းပြောဆိုထားသည်။

ပြီးခဲ့သော ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်တွင် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၉၇) ကျောင်းတွင် အများစုသည် ကျောင်းဖွင့်လှစ်သင်ကြားပေးနိုင်ခြင်းမရှိခဲ့ကြောင်း ဒေသခံဆရာများက NP News ကို ပြောဆိုထားကြသည်။

၎င်းဗန်းမောက်မြို့နယ်အတွင်း၌ NUG ဘက်မှ သင်ကြားပေးနေသည့် စာသင်ကျောင်းအချို့ရှိကြောင်း သိရပြီး CDM မလုပ်သည့် ဆရာ၊ ဆရာမများကို ခြိမ်းခြောက်မှုများရှိသည့်အတွက် ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများသည် ထွက်ပြေးတိမ်းရှောင်နေရမှုများလည်းရှိကြောင်း ဒေသခံဆရာများက ပြောဆိုထားသည်။

zawgyi version
ၿပီးခဲ့သည့္ ပညာသင္ႏွစ္၌ စစ္ကိုင္းတိုင္းသည္ ေက်ာင္းဖြင့္လွစ္မႈႏွင့္ ေက်ာင္းတက္ေရာက္မႈ ရာခိုင္ႏႈန္းအနည္းဆုံးျဖစ္

NP News - မတ္ ၂၁

ၿပီးခဲ့သည့္ ပညာသင္ႏွစ္၌ စစ္ကိုင္းတိုင္းသည္ ေက်ာင္းဖြင့္လွစ္မႈႏွင့္ ေက်ာင္းတက္ေရာက္မႈ ရာခိုင္ႏႈန္းအနည္းဆုံးျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

၎က မတ္လ ၂ဝ ရက္တြင္ စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕႐ုံး၌ တာဝန္ရွိသူမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ေတြ႕ဆုံရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ နစကအစိုးရအေနျဖင့္ ျပည္တြင္းစီးပြားေရး ႏွင့္ ျပည္တြင္းကုန္ထုတ္လုပ္မႈကို အားေပးျမႇင့္တင္လ်က္ရွိေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။

စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားအတြက္ လိုအပ္သည့္လူသားအရင္းအျမစ္မ်ားရရွိေစေရး ခ႐ိုင္ (၅ဝ)၌ စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ စက္မႈအေျခခံသင္တန္းေက်ာင္းမ်ားဖြင့္လွစ္လ်က္ရွိသည့္အျပင္ သိပၸံေက်ာင္းမ်ားကိုလည္း ဖြင့္လွစ္သင္ၾကားေပးေနေၾကာင္း နစကဥကၠ႒က ဆိုသည္။

ၿပီးခဲ့သည့္ ပညာသင္ႏွစ္တြင္ စစ္ကိုင္းတိုင္းသည္ ေက်ာင္းဖြင့္လွစ္မႈႏွင့္ ေက်ာင္းတက္ေရာက္မႈ ရာခိုင္ႏႈန္းအနည္းဆုံးျဖစ္ၿပီး ပညာရည္ျမႇင့္တင္ေရးအတြက္ ဝိုင္းဝန္းအားေပးေဆာင္႐ြက္ၾကရန္လည္း တပ္ခ်ဳပ္က တိုက္တြန္းေျပာဆိုထားသည္။

ၿပီးခဲ့ေသာ ၂ဝ၂၂-၂ဝ၂၃ ပညာသင္ႏွစ္တြင္ စစ္ကိုင္းတိုင္း၊ ဗန္းေမာက္ၿမိဳ႕နယ္အတြင္းရွိ အေျခခံပညာေက်ာင္း(၁၉၇) ေက်ာင္းတြင္ အမ်ားစုသည္ ေက်ာင္းဖြင့္လွစ္သင္ၾကားေပးႏိုင္ျခင္းမရွိခဲ့ေၾကာင္း ေဒသခံဆရာမ်ားက NP News ကို ေျပာဆိုထားၾကသည္။

၎ဗန္းေမာက္ၿမိဳ႕နယ္အတြင္း၌ NUG ဘက္မွ သင္ၾကားေပးေနသည့္ စာသင္ေက်ာင္းအခ်ိဳ႕ရွိေၾကာင္း သိရၿပီး CDM မလုပ္သည့္ ဆရာ၊ ဆရာမမ်ားကို ၿခိမ္းေျခာက္မႈမ်ားရွိသည့္အတြက္ ပညာေရးဝန္ထမ္းဆရာ၊ ဆရာမမ်ားသည္ ထြက္ေျပးတိမ္းေရွာင္ေနရမႈမ်ားလည္းရွိေၾကာင္း ေဒသခံဆရာမ်ားက ေျပာဆိုထား သည္။

Related news

© 2021. All rights reserved.